ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Sunday, April 15, 2012

ဘယ်နိုင်ငံရောက်ရောက်မြန်မာပါပဲ...

မင်္ဂလာရှိသောနှစ်သစ်မှာ ကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ.. မြန်မာပြည်မှာတော့ သင်္ကြန်အတက်နေ့ ဖြစ်နေပြီပေါ့.. လမင်းတို့ ဆီမှာတော့(၁၅) ရက်ပေါ့ အခုနေတဲ့နေရာမှာ ဘုန်းကြီးကျောင်းသစ် ဖွင့်ပွဲနဲ့ သင်္ကြန်ပွဲလေး  ရောလုပ်ဖြစ်ပါတယ်။။ တကယ်တော့လမင်းတို့ ဆီမှာသင်္ကြန်က( မေ ) လလောက်မှာပါ အခုချိန်ဆို  အေးသေးတော့ မလုပ်ကြပါဘူးး ဒီနှစ်ကိုကရာသီဥတု နွေးလာတယ်ဆိုပါတော့ ချယ်ရီလည်း စောပွင့်တယ်။။ ပူတာစောလို့ပါ။။ ဒီနေ့လည်း အရမ်းပူပါတယ်။။ နောက်ရက်တော့ ပြန်အေးပါမယ်။။ ဘာပဲဖြစ်ဖြစ်ပါ သင်္ကြန်အလွမ်းပြေနဲ့ ကုသိုလ်လေးတော့ ရလိုက်ပါတယ်။။ ပထမဆုံးလမင်းတို့ရဲ့ မြတ်စွာဘုရားကို  ရည်ညွန်းထားတဲ့  ဆင်းတုတော်ကို  ရှီခိုးအာရုံပြုကြရအောင်နော်။။ 


 အနှောက်က ရိုက်ပါတယ်။ ရိုက်တဲ့သူကလည်းနော်  အရှေ့ကရိုက်ရင်  လန့်ကုန်မှာ စိုးတာကြောင့် ထင်ပါတယ်.. :D







ဆွမ်းခံစိမ်းကြွကြတာပါ
ဆရာတော်အရှင်ဆန္ဒဓိကလည်းကြွရောက်ခဲ့ပါတယ်.. ဆရာတော်တွေတော့များတယ်..ဘယ်နှစ်ပါးပါလည်း သိဘူး.. :)

လက်ထဲကင်မရာများ နေလို့လိုရင်မရောက်ဘူး ဖြစ်နေတာ ဆရာတော်တွေ အများကြီးကို ရိုက်ချင်တာ အခုတော့  တာဝန်ရှိသူတွေနဲ့ ဒီနိုင်ငံကို ဗုဒ္ဓဘာသာထွန်းကားလာအောင် မဟာစည် ဆရာတော်ကြီးရဲ့ လမ်းညွန်မူနဲ့စတင်တည်ထောင် ခဲ့တာနှစ်ပေါင်း(၃၀) ပြည့်ပါပြီတဲ့ ဒီကျောင်းကတော့ အသစ်ပါ။။ ဖဲကြိုးဖြတ်ပါတော့မယ်။။ 





ဖြတ်လိုက်ပါပြီလက်မအားတာနဲ့ အမှီလိုက်တာဘယ်ရမလည်း မှီတာပေါ့ :)
ဆရာတော်ရှင်ဆန္ဒဓိက ဆွမ်းဘုဉ်းပေးနေစဉ် ဆရာတော်က ဆွမ်းဘုဉ်းပေးရင် ဓာတ်ပုံရိုက်တာ မရိုက်ဘူးလို့ သိထားရပါတယ်။။ လမင်းရိုက်တာတော့ သိလိုက်သလိုပဲ :) ဆရာတော်က သက်သတ်လွတ် စားတာကြောင့်လမင်း အသက်လွတ်ဟင်းလေးမျိုး ကပ်ခွင့်ရလိုက်ပါတယ်။။ သာဓုခေါ်ကြပါ :)
ဆွမ်းခံစိမ်းတုန်းက မမှီလိုက်လို မကျေပွဲပါ. ကြည်နူးမိ ပါတယ်။။
ဆရာတော်များပြီတော့  ကိုယ့်အလှည့်ပေါ့ ဟင်းများရှာနေပါပြီ.
တွေ့ ပါပြီ ထန်လျက် မရတာနဲ့ အုန်းသီးမရတာနဲ့ လုပ်မစားဖြစ်တဲ့ သူပေါ့ အ၀စားခဲ့တယ်။။ ထမင်းမစားနိုင်တော့ပါ။
ကျောင်းထဲမှာ သက်ကြီးရွယ်အိုများကို  စားသောက်ဖို့ လုပ်ပေးနေတုန်း အပြင်မှာရွှေမိုးငွေမိုးရွာတယ်ဆိုလို့ ထွက်ကြည့်တာ (1) ဒေါ်လာ ကျော်ကျော်ရပါတယ်။။ ထီထိုးပါမယ်..:D


နာမည်ကြီးတယ်လို့ ပြောလို့  စားခဲ့ပါသေးတယ်။။ လမင်းချက်သလောက်  မကောင်းပါဘူး :P
ကျောင်းထဲကနေ 
သင်္ကြန်သီချင်းသံကြားတော့  ကောင်းလှကြီးလာလို့  ပြောတော့  ကောင်းမှာပေါ့တဲ့  အဆိုတော် ကိုယ်တိုင်ဆိုနေတာကိုတဲ့ ကောင်းရော ။ အပြင်နေပူတာနဲ့  ကျောင်းပေါ်ကရိုက်ချက်ပါ ။ မီမီဝင်းဖေပါ လမင်းနဲ့  အတူတူရောက်တယ်ပြောရမယ်။။ ဟီး 


အရမ်းများတဲ့လူတွေပါ ဒါလူအများဆုံးပွဲပါ ။ဓာတ်ပုံတွေတော့ အများကြီး ရိုက်ခဲ့ပါတယ် အဆင်ပြေသလောက် တင်တာပါ။။


သူတို့လေးတွေ ရဲ့အကနဲ့  ရပ်ထားလိုက်ပါတော့မယ် နေကပူ အစားများတာကြောင့် ထင်တယ် ခေါင်းတွေမူးနေပါပြီ ရေပက်နေကြတဲ့  တွေရှိပါသေးတယ် ရေစိုမှာစိုးတာကြောင့်  မသွားခဲ့ပါဘူး အဆင်ပြေရင်  ထပ်တင်ပေးပါအုံးမယ်လို့  အခုတော့  ဒီမျှလောက်နဲ့  ကျေနပ်ကြပါလိမ့်မယ်လို့  မေ့လို့ (Title )ကို ဘယ်နိုင်ငံရောက်ရောက် မြန်မာပါပဲလို့ ပေးမိတဲ့စိတ်ကူးလေးက ကျောင်းရောက်တော့ မြန်မာတွေ အတော်လေးကို များတာပါ။ အားလုံးက တတ်အားသမျှလှူကြတယ်။ စတုဒိသာကျွေးကြပါတယ်။။ အစားတွေလည်းစုံပါတယ် တတ်အားသ၍ ချက်လာကြပါတယ်။။ ဟင်းတွေ အချိုပွဲတွေ မုန့်တွေကြည့်ပြီ သြော်မြန်မာတွေ ဘယ်ရောက်ရောက်ကိုယ့် ရိုးရာစလေ့တော့မမေ့ ကြပဲကိုးလို့  မြန်မာဟင်းတွေ ဗမာမုန့်တွစုံလို့ပါ။။ ကြည့်နေရင်းနဲ့ ပီတိဖြစ်မိတာကြောင့်ရယ်နဲ့ အမိမြေကို လွမ်းလို့ရယ်ပေါင်းတော့   ဒီ(Title ) ခေါင်းထဲရောက်လာပါတော့တယ်။။   အားလုံးကျန်းမာပျော်ရွှင်ကြပါစေ

9 comments:

  1. ပျော်စရာကြီးနော် မမ..
    မမ အပီတွယ်ခဲ့တယ်မလား ဟိဟိ :P

    ReplyDelete
  2. မီမီဝင်းဖေ အစ်မ။
    သာဓု သာဓု သာဓု။
    Happy New year :)

    ReplyDelete
  3. ဟန်ကြည်April 15, 2012 at 11:03 PM

    မီမီဝင်းဖေပါကွယ်...အသံချိုချိုအေးအေးလေးနဲ့ အင်မတန် နားဝင်ပီယံရှိအောင် ဆိုနိုင်တဲ့ အဆိုတော်ပေါ့...ရွှေပြည်ကပုံတွေကြည့်ပြီး စိတ်ပျက်နေတာ အခုမှပဲ အေးချမ်းသွားတော့တယ်...

    သာဓုခေါ်ပါသဗျား...

    ReplyDelete
  4. မကြီးလွမ်း ဝင်ရောက် ခဲ့တယ်။ အတွင်း ၃၇မင်း အပြင် ၃၇ မင်းနဲ့အတူ။ ညီမလေးပြုခဲ့တဲ့ ကုသိုလ်အစုစု အတွက် သာဓု ၃ကြိမ် ခေါ်ဆိုသွားပါတယ် ညီမလေးရေ။ (နီနီဝင်းရွှေလား...မီမီဝင်းဖေလား) ..မကြီးတော့ သေချာမသိတော့လည်း နီနီဝင်းဖေ လို့ညီမလေးရေးထားသလို ဖတ်သွားလိုက်တယ်နော်။ (စိတ်ထဲမှာတော့ နီနီဝင်းရွှေ+မီမီဝင်းဖေ တွဲပြီးဖက်စပ်ဆိုထားတယ်လို့ ...အဟဲ.....

    ReplyDelete
  5. မုန့်လုံးရေပေါ်တော့ အရမ်းစားချင်တယ်..။ ပြုသမျှ ကုသိုလ်ကောင်းမှုများအတွက် သာဓုခေါ်သွားပါတယ် မမ :)

    ReplyDelete
  6. မမလွမ်းရေ မီမီဝင်းဖေတဲ့ ဟီး လမင်းအဲဒါကြောင့်စဉ်းစားမိတယ် တခုခုလွဲနေပြီလို့ဟီ ၀င်းဖေတော့သိတယ်
    အရှေ့မေ့နေတာ ဟီး ဆရာဟန်ကြည်နဲ့ မြတ်ကြည်ကျေးဇူးတင်ပါတယ်..
    နောက်လည်းတွေ့ ရင်အော်ခဲ့ကြပါရှင်.. :D

    ReplyDelete
  7. ထင်ပါတယ် အပြတ်ကိုတီးခဲ့မှာပဲလို့
    များတို့ကျတော့ဘာမှလဲ စားရဘူး
    သူကဘာမှလဲလုပ်ဘူးတော်ရေ----ခေါ်တော့ဘူး

    ReplyDelete
  8. ၀ပုံက ဘီမတုံးအေ

    ReplyDelete
  9. ဒါကိုကြည့် ပြီး မြန်မာနိုင်ငံကို လွမ်းလိုက်တာ...

    ReplyDelete