ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
Showing posts with label ဓာတ်ပုံများ. Show all posts
Showing posts with label ဓာတ်ပုံများ. Show all posts

Tuesday, November 13, 2012

စိတ်ပြေရာပြေကြောင်း......

လမင်းစိတ်ရှုပ်တာဖြစ်ဖြစ် စိတ်မကြည်တာမျိုးတွေဖြစ်လာရင်ခြံထဲဆင်အပင်လေးတွေရေလောင်း
ဓာတ်ပုံရိုက်တာမျိုးလုပ်တတ်တယ်။။ အိမ်မှာအမေဆူရင်လည်းခြံထဲသွားနေတတ်တယ်...အမေကတော့
ဘွဲ့ ပေးထားတယ် ။။ ခံမပြောနားမထောင်တဲ့.. အခုလည်းပြောချင်တာပြောကြပါတော့လေဥပေက္ခာပြုထား
လိုက်ပြီး.. စိတ်ပြေရာပြေကြောင်းလမင်းရိုက်ထားတဲ့ပုံလေးတွေပြန်ကြည့်မိတယ်။။
ဘလော့မောင်နှတွေအတွက်တင်ပေးလိုက်ပါတယ်..။။အားပေးဝေဖန်ပေးကြတဲ့မောင်နှမများအားလုံးကို
ကျေးဇူးတင်ပါတယ်ရှင်.. လမင်းအတွက်မပူကြပါနဲ့ စိတ်ညစ်လည်းခဏပဲ.. ဘယ်အရာမှကြာကြာစိတ်ထဲ
မထားတတ်ဘူး.. :)စိတ်ပျိုမှကိုယ်နုမှာ စိတ်ကြည်မှ အလုပ်လုပ်ရတာအဆင်ပြေတာမလား..။။
ဒီတော့ဓာတ်ပုံလေးများသာရှုစားတော်မှုကြပါလော.................:)




အခန်းကနေလှမ်းရိုက်လိုက်တာ...အိမ်ရှေ့လမ်းလေးပေါ့.......


အိမ်ဘေးက သစ်ရွက်တွေအရောင်ပြောင်းလာရင် လမင်းပျော်တယ်.. ဒါပေမဲ့လည်းခဏပဲ...အခုတော့အရိုး
တန်တွေပဲကျန်ခဲ့တော့တယ် ဒီနေ့ မိုးရွာလို့ ဓာတ်ပုံရိုက်ရတာအဆင်မပြေဘူးဖြစ်နေတယ်..:(

ကောင်ကင်းကြီးနဲ့ အပြိုင်လှခိုင်းလိုက်တယ်...

သစ်ရွက်တွေရဲ့ အရောင်က အနီရောင် အ၀ါရောင် အ၀ါနုရောင်တွေပြောင်းတတ်တယ်..
လမင်းတော့အနီရောင်လေးတွေကိုပိုကြိုက်တယ်။။

အိမ်ပေါ်ထပ်ကနေရိုက်ချက်......
လမင်းစိုက်ထားတဲ့ခ၀ဲသီး..

အိမ်ဘေးကအမျိုးသမီးစိုက်ထားတာ လှလို့ ဓာတ်ပုံရိုက်ခွင့်တောင်းလိုက်လိုက်တယ်..
အမျိုးသမီးက ပြုံးနေတာပဲ သူ့ ပန်းပင်တွေကိုဓာတ်ပုံရိုက်လို့ ထင်ပါ့ပန်းနာမည်က ဒေလီယာတဲ့
တစ်ပင်တည်းကိုနှစ်ရောင်နဲ့ အရမ်းလှတယ်..
အိမ်ဘေးကအမျိုးသမီးအိမ်ဘက်ကနေ ကိုယ်နေတဲ့အိမ်ကိုလှမ်းရိုက်လိုက်တာ..

လမ်းလျှောက်ရင်းရှဉ့် မဲလေးဆော့ကစားနေတာလေးသဘောကျလိုက်ရိုက်လိုက်တာ..

လမ်းထိပ်မှာ အများကြီးပဲယုန်သေကိုဝိုင်းစားနေကြတာ တခါမှမမြင်ဖူးဘူး..အန်တီကပြောတော့
လဒတဲ့ မဟုတ်ဘူးထင်တာပဲ..သိဘူး။။

ကဲအခုတော့သစ်၇ွက်တွေအခုလိုဖြစ်သွားပါပြီ မမြဲခြင်းသဘောပေါ့နော်...

ဓာတ်ပုံလေးတွေကြည့်ပြီခဏတာစိတ်ကြည်လင်တယ်ဆို ၀မ်းသာမိမှာပါ..
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ..

Wednesday, October 10, 2012

Ocean city .သို့ အလည်တစ်ခေါက်..

မင်္ဂလာပါရှင်...... လမင်းအခုတလောဘာစာမှရေးလို့ မရဘူးဖြစ်နေတယ်.. ဘာကြောင့် ဘာကြောင့် ?
ဘာကြောင့်မှန်းကို မသိတော့တာပါ..:P
ပို့ စ် မရေးနိုင်တော့ မနှစ်ကသွားခဲ့တဲ့ Ocean city က ဓာတ်ပုံလေးတွေပဲတင်ပေးလိုက်ပါတယ်...
လမင်းတို့ နေတဲ့နေရာနဲ့  Ocean city ကို ကားနဲ့ (၄) နာရီမောင်းရပါတယ်..
လမ်းတစ်လျှောက် သာယာသလို ကြည့်လို့ ကောင်း ဓာတ်ပုံရိုက်လို့ လည်း ကောင်းပါ၏။။။။
လမ်းဘေးတလျှောက်စိုက်ခင်းတွေဆိုတော့ လမင်းအကြိုက်ပေါ့:)
လမ်းမှာ ခဏနားသည်..
နားတုန်း လမ်းဘေးမှာ အများကြီးပဲ.. ဘူသူမှလည်းရှိဘူး.. ခူးချင်တာ..ဟီး..
ရောက်ပါပြီး...
ကလေးဆိုတော့ကစားကွင်းပဲ အရင်မျက်လုံးထဲတွေ့ တယ်..:)
သဲပုံလေးကိုသေချာကြည့်နော်..မနေ့ ကမုန်တိုင်းလာထားတော့ရေက မပြာဘူးကွယ်..:(
စီးမလား လမင်းတော့ကြောက်တယ်..
ဟိုတယ်တွေဘက်ပေါ့ အဝေးကရိုက်လိုက်တာ..
အရုပ်ကြီးနော်..
ဝါးဟားဟား..............ဟီးဟီးးးးးးးးးး
အဲမှာ စီးကြတဲ့ကားလေး အပျော်ပေါ့ ပိုက်ပိုက်ကုန်တယ်. မစီးပါဘူး..:D
ဈေးကြီးတယ်..

တံတားကအရှည်ကြီးပဲ.. လေအရမ်းတိုက်တယ်.. ဒါပေမဲ့လေသန့် တယ် အသက်ရှူရတာအရမ်းကောင်းတယ်...
သူတို့ တွေလည်းမပါမဖြစ်ပေါ့..
ရေးကအေးတယ် လေတိုက်တယ် လှိုင်းကြောက်လို့ ရေထဲတောင်မဆင်ခဲ့ပါဘူး..တိန်..
စာသောက်ပြီး ဓာတ်ပုံရိုက်ပြီးတော့ပြန်လာကြပါတယ်..
ကစားခဲ့တယ်.. $ 120 နိုင်ခဲ့တယ်.. အထဲမှာဓာတ်ပုံရိုက်ခွင့်မပေးလို့ မရိုက်ရပါဘူး..:(
အဲနေ့ ကပေါ့..
သဲနဲ့ လုပ်တာနော်..တော်လိုက်တာ လမင်းအတိုင်းပဲ..:D
မင်္ဂလာပါ ပင်လယ်ကြီးရေ.. နင်ငိုနေတာလားဟယ်...ငိုပါနဲ့ နော်..
မျက်လှည့် ကြည့်ခဲ့တယ်..
သရဲရထားစီးခဲ့တယ်..$3 မဆိုးဘူးဟီး
လေဟုန်ကိုဆန်အဝေးဆုံးကိုပျံ...:)
စားတော့မယ်.. ကစားတုန်းကနိုင်ထားတော့ လမင်းပဲရှင်းလိုက်တယ်.. ကုန်ရော...:(
ပြန်လာပြီး ဖရဲသီးဝယ်လာခဲ့တယ်..:P
နောက်ဆုံးပုံ ကိုယ့်ပုံမပါအောင်ရွေးရတာ မူးနေတာပဲ.. အားလုံးလန့် ကုန်မှာစိုးလို့ ပါ..
$5 တဲ့ လမ်းလျှောက်တာကျန်းမာရေးနဲ့ ညီတယ်.. ထောက်ခံလား ပရိတ်သတ်ကြီး..:)
အလံစုံနဲ့ နာရီကြီး..
ပြန်တော့မယ် တာ့တာ
ညမအိပ်ဘူး..  ည11 လောက်ပြန်ရောက်တယ်.... ပိုက်ဆံကုန်သက်သာတာပေါ့..:)
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ......

Friday, October 5, 2012

ပန်းသီးရှိရာအလည်တစ်ခေါက်သို့ မဟုတ် တောဈေး


မင်္ဂလာပါရှင်....................

လမင်းအကြောင်းပြောရအုံးမယ်.. စိတ်တိုလို့  မနေ့က စိတ်ကူးလေးရလို့ ၀ထ္ထုတိုလေးရေးပါတယ်..
ပေါ့လျော့မှုကြောင့် စာလေးပျောက်သွားတယ်.. တကယ်ပဲ.. အချိန်ပေးပြီးရေးထားတာ.. အခုလိုဖြစ်တော့
ညကအိပ်လို့တောင်မပျော်ဘူး... စိတ်တိုလို့ ...:D

အဲတော့ ပိုစ့်မတင်ရမဲ့ အတူတူ ဒီနေ့ သွားဖြစ်တာလေးပဲတင်ပေးလိုက်တာ.. လမင်းက လူတွေများပြီး..
မြို့ ပြတွေထက် တောသဘာဝကိုပိုချစ်တယ်.. အပင်လေးတွေကို ချစ်တော့ ကိုယ်စိတ်အားထက်သန်ရာကိုပဲ  သွားတယ်... သွားမိတော့လည်း ရိုက်မိတယ်.. ရိုက်မိတော့လည်းတင်မိတယ်......
ကားပေါ်ရောက်နေပါပြီ
လမင်းတို့ ဘက်ကအိမ်တွေ ဈေးကြီးတယ် ၀ယ်နိုင်ဘူး
ပန်းသီးခြံသွားရာလမ်းသို့ မဟုတ် တောလမ်းပါ..:P
ရောက်တော့မယ် သာယာလိုက်တာနော် သူတို့ တောက..
စ၀င်ပါပြီ..စိုက်ခင်းထဲသွားတာ၅နာရီဆိုပိတ်ပြီး ဆိုင်ကတော့၆နာရီပိတ်ပါတယ်တဲ့
ပထမဆုံး ရိုက်တဲ့ပုံ ငရုပ်သီးတွေပါ..ကိုယ်ကြိုက်တာကိုယ်အရင်ကြိုက်သည်..
ခရမ်းချဉ်သီးတွေပါ ပန်းသီးဟုတ်သေးဘူး..:)
ရွှေဖရုံသီးအမျိုးမျိုး
ကြိုက်တာယူပါတဲ့..ဈေးကတော့ရေးထားသလိုပါပဲ..:P
Hall0ween ရောက်တော့မယ် ဒီလ ၃၁ ဆို အခုတည်းကရွှေဖရုံသီးကို ၀ယ်နေကြပါပြီ..သူတို့ကအလှထားတယ် ကိုယ်ကချက်စားမယ်..
ပန်းတွေလည်းရှိပါတယ်..
ကြိုက်တာယူပါ ကျသလောက်ရှင်းသွားပါ..
ပန်းတွေကအများကြီးပဲ နည်းနည်းပဲတင်တော့မယ်..
လာပါပြီ အဓိက အသီး သူ့ ကိုဝယ်ဖို့ သွားတာပါ..
အဲပုံရအောင်မနည်းရိုက်ခဲ့ရတယ်....:)
ကဲကြည့်ပါအုံး နှမြောစရာကြီးကွယ်..

တက်ခူးခဲ့တယ်..
လှတယ်နော် အဝေးကရိုက်ချက်..:)
စိုက်ခင်းထဲမှာ တစ်လုံးတည်းသောအသီးလေးပါ..
ကောက်ရိုးပါကွယ်..
ဘဲကိုလည်းရိုက်ခဲ့တယ်..:P
ဆိတ်က သူကိုရိုက်မယ်လုပ်တော့အနားကပ်လာတယ်..
ဒီမှာက မပါမဖြစ်တဲ့အကောင်ပါပဲးး
ကြက်တွေလည်းရှိတယ်..
အပြန်ဆိုင်ဘက်လှည့်ကြည့်တော့သူကဈေးရောင်းမလို့ ထင်တယ်ထွက်လာပါတယ်..
ဆိုင်ရှေ့ မှာစိုက်ထားတဲ့ပန်း
ဟီး ၀ယ်လာတာ... အိမ်ရောက်တော့ဒါပဲပါလာတယ်.. ခီခီ.. ပန်းသီးတွေအ၀စားလာပြီး အခုနှပ်တော့မယ်နော်... ပုံတွေတင်ပြီးသွားတော့အိပ်ချိန်ရောက်ပါပြီးရှင်... အားလုံးကျန်းမာပျော်ရွှင်ကြပါစေ.. ဂွတ်နိုက်ပါ..