ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
Showing posts with label ၀တ္တုတို. Show all posts
Showing posts with label ၀တ္တုတို. Show all posts
Sunday, May 27, 2012
ကလေးတစ်ယောက်ရဲ့ တောင်းတမှု...
ကျွန်မ ငယ်ငယ်ကပေါ့  စိမ်းစိုပြီရိုးသားကြတဲ့တောရွာလေးတစ်ရွာမှာအိမ်အိုစုတ်လေးတစ်လုံးရယ်...
..
အဟာရ မပြည့်စုံတဲ့ ထမင်းဝိုင်းရယ် .... ရိုးသားပြီးလောဘကင်းနေတဲ့ အမေအပြုံးရယ်...နွေးထွေးအေးချမ်းတဲ့.....
မိသားစု ဘ၀လေးကို ကျွန်မ ပိုင်ဆိုင်ခဲ့ဖူးတယ်....။။။။
မနက်မိုးလင်းလာလို့   အဖေနယ်ကျွေးဖူးတဲ့....ပဲပြုတ်ထမင်းစားပြီး..အမေကျောင်းလိုက်ပို့ ပေးတဲ့ဘ၀လေးကို ခံစားခဲ့ဖူးတယ်။။
ဟုတ်တယ်  ... ကျွန်မ အဲဘ၀ကို လျှောက်လှမ်းခဲ့ဖူးတယ်။။။။  အဖေလစာ အနည်းအငယ် မိသားစု လေးယောက် အလျဉ်မမှီနိုင်ခဲ့ပါဘူး။။ လ မကုန်သေးခင်... အမေလက်ထဲ ပိုက်ဆံ ထွက်ပြေးကုန်ပါပြီး.... တစ်လ မှ တစ်ရက် အသားဟင်းမပါတဲ့ ထမင်းဝိုင်း...နေ့ တိုင်း အမေလက်ရာ ငါးပိချက်တို့ စရာ နဲ့ စားခဲ့ရပေမယ့် အမေ မျက်နှာ မှာ
အဖေ ရာထူး ၊ လစာ တိုး ပြီးနယ်မြို့ လေးကို ပြောင်းရဖို့ အကြောင်းဖန်လာပါတော့တယ်။။  ပထမ တစ်နှစ်မှာတော့
  အဖေရုံးက ဦးလေးတစ်ယောက်ရဲ့ အမျိုးသမီး အဒေါ်ကြီးပဲ အိမ်မှာ ဟင်းချက် အ၀တ်လျှော်ပေး ရင်း အိမ်မှာ အဒေါ်ကြီးသာနေရာယူလာခဲ့ပါတော့တယ်။။။။။ကျွန်မတို့ ကျောင်းသွားဖို့ ပြင်ဆင်ပေးတယ်။။။ သမီးတို့  နိုးပြီလား.... ရော့ ပိုက်ဆံ အမေထားခဲ့တာ စားချင်တာသွားစားကြနော် ... အဒေါ် ဟင်းချက်အုံးမယ်.. ပြန်လာရေချိုးကျောင်းသွားရမယ်ဆိုတဲ့ ဒေါ်ကြီး အသံက...
အမေ အသံနေရာကို အစားထိုးလာခဲ့ပါတော့တယ်။။။ ဒေါ်ကြီး .....အမေနဲ့ အဖေရော .... အဖေက ဒေါ်ကြီးအိမ်ရောက်ထဲက မတွေ့ မိဘူး။။
အမေကတော့ အခုပဲ အလုပ်ကိစ္စပေါ်လာလို့ ထွက်သွားတယ်..ဆိုတဲ့ အသံနေ့ တိုင်းလိုလိုကြားနေရဖန်များလာတဲ့ကလေးတစ်ယောက်ရဲ့ ခံစားမှု..............
ညီမလေး လက်ကို တွဲ မုန့် ဟင်းခါး ဆိုင်ဖက် ဦးတည်လျှောက်လှမ်းရင်း..... မနက်ခင်တိုင်းကို ဖြတ်သန်းခဲ့ရပါတော့တယ်။။။ အိမ်ကြီးတစ်လုံးထဲမှာ အမေရဲ့ လက်ရာ ငါးပိချက် အဖေ အပြုံးနဲ့ သာယာပျော်ရွှင်တဲ့ မိသားစု ဘ၀ပျောက်ရှခဲ့တာ ကြာသွားပြီနှောက်.....အဖေနဲ့ အမေလည်း မကြာခဏဆိုသလို စကားများ ရန်ဖြစ်သံကြားလာခဲ့ရပါတော့တယ်...... အဖေ အိမ်ပြန်မအိပ်တဲ့ရက်တွေ များလာခဲ့တာတော့ ကျွန်မသတိထားမိခဲ့တယ် ။ အမေလည်းအိမ်မှာနေရင် ငွေ ..ငွေ.. ဆိုတဲ့ စကားသံတွေပဲကြားနေခဲ့ရတဲ့  ကျွန်မတို့ မိသားစု လေးဟာ ခြောက်သွေ့ လာတာကြာခဲ့ပါပြီ.။။ကျောင်းပို့  ကျောင်းကြို ဆိုက်ကားသမားဦးလေးကြီးတစ်ယောက်ရဲ့ မျက်နှာသာမြင်တွေ့ နေကြတဲ့ ကလေးနှစ်ယောက်ရဲ့ ဘ၀ ဘယ်သူတွေက ကိုယ်ချင်းစားပေးကြမလဲ...  ငွေကို ဟို... အရင်လို့ ချို့ တဲ့စွာ မသုံးခဲ့ရတော့ပေမယ့် အခြားအရာတွေ ချို့ တဲ့နေတာရော ဘယ်သူတွေ သိနိုင်ကြမလဲ...... အဖေ ရာထူးတိုးတာ လစာတိုးတာ အမေစီးပွားရေးလုပ်တာ ကျွန်မတို့ မိသားစု အတွက် ကံကောင်းခြင်းလား......  ကျွန်မတော့ အဲလို မထင်ခဲ့ပါ...
ဟို... အရင် အဖေ..နယ်ကျွေးဖူးတဲ့ ပဲပြုတ်ထမင်းရယ် အမေ ကိုယ်တိုင်ချက်တဲ့ငါးပိချက်ရယ်... ညဘက် အလင်းမဲ့ နေတဲ့အိမ်အို တစ်လုံးရယ်.. နွေးထွေးတဲ့ အမေ့မေတ္တာရယ် ကြင်နာမှုတွေအပြည့်နဲ့ အဖေ မေတ္တာပဲ ကျွန်မလိုချင်တယ်။။ ဂုဏ်တွေ ရာထူးတွေ ငွေတွေ ကျွန်မ  မလိုချင်ဘူး  ။။ မိဘမေတ္တာနဲ့ နွေးထွေးကြင်နာမှုတွေလည်း ၀ယ်လို့  မရတဲ့ ထို အရာတွေကို ကျွန်မ မုန်းတယ်။ ကျွန်မ အရမ်းမုန်းတယ်။။
ညီမလေး လက်ကိုဆွဲပြီ ဈေးကြီးပါတယ်ဆိုတဲ့ အ၀တ် အစား ၀တ်ပြီ အထီးကျန်ခဲ့ရတဲ့ ကလေးနှစ်ရဲ့ ဘ၀ကိုရော အဲ့ ငွေတွေ ဘာလုပ်ပေးနိုင်လို့ လဲ... ကျွန်မ အရင် ဘ၀လေးကိုပဲပြန်သွားချင်တယ်.. အဲဘ၀လေးကိုပဲ ကျွန်မ မြတ်နိုးတယ်.. တောင်းတတယ်...ပြန်လိုချင်တယ်..။   အမေ... သမီးတို့  မိသားစု ထမင်းဝိုင်းလေးမစားရတာကြာနေပြီနော်.....တစ်နေ့ လောက် စားချင်ပါတယ်လို့ တောင်းတနေရတဲ့ ဘ၀ ကို လည်း ကျွန်မ မုန်းတယ်။။။ အကြီးမရေ  အလုပ် လာမရှုပ်စမ်းပါနဲ့ အိမ်မှာ လိုအပ်ချက်မရှိအောင်ထား ထားတယ် အေးဆေးနေပါ....လူကြီးတွေကို မနောက်ယှက်နဲ့ ဆိုတဲ့အမေစကား...  နင့်အဖေ အိမ် မကပ်တာရော သတိထားမိလား.. လူကြီးတွေ စိတ်ညစ်နေရတဲ့ကြားနင်က အလိုက် မသိဘူး။  ဟုတ်ပါတယ် အခုတလော အမေနဲ့ အဖေ မျက်နှာချင်ဆိုင်လိုက်တာနဲ့ စကားများတဲ့ရက်တွေ ပိုများလာခဲ့တာတော့သတိထားမိပါတယ် ။ ကျွန်မ မိသားစု တကွဲတပြားဖြစ်တာမျိုး မလိုချင်ပါဘူး။.....အမေတို့ ရန်ပွဲဟာ အချိန်ကြာလာတာနဲ့ အမျှ ကြီးလာခဲ့ပါတော့တယ်။။
ထို နေ့  အဖေနဲ့ အမေ စကားများရန်ဖြစ်တာ ကွာရှင်းကြမယ်ဆိုတဲ့ အနေအထားရောက်လို့ လာခဲ့တော့။
ကျွန်မ မျက်ရည် နဲ့ တကွ အသံကုန်အောင် အော်ပြောလိုက်မိလိုက်တာက  သမီး အရင်ဘ၀မျိုးပဲနေချင်တယ်။.... အေးချမ်းတဲ့မိသားစုဘ၀လေးကိုပဲပြန်သွားချင်တယ်.. အရင်လိုပဲ ပြန်နေချင်တယ်ဆိုတဲ့ ကျွန်မ အသံ ကျယ်လောင်မှုအောက်မှာ အမေနဲ့ အဖေရန်ပွဲ ရပ်စဲသွားပါတော့တယ်။။။။
Monday, May 21, 2012
စိတ်ဒဏ်ရာ..
အိမ်ရှေ့တံခါးဝမှာ ကလေးငယ် တစ်ယောက် ရဲ့  အားကိုးကြီးစွာ မျှော်လင့်နေတဲ့ပုံလေး ၀တ်ကောင်းစားလှလေးနဲ့ တစ်နေရာကို သွားဖို့ ဟန်လေးနဲ့ တက်ကြွနေတဲ့ သူပုံလေး  ...သမီး... အဖေ မလာသေးဘူးလား။ ဘယ် အချိန်လာမယ်ပြောလို့ လဲ  အိမ်ထဲမှာလာစောင့်နေပါ ခြင်ကိုက်မယ်.. အမေပြောတဲ့အသံ
သူ့အဖေလာရင် တစ်ခါတည်းထွက်လို့ ရအောင် အပြင်ကပဲစောင့်နေတဲ့ပုံရတယ်..
သမီးလည်းနော် အစွဲက ကြီးလိုက်တာ  ခက်ပါပြီ  ..ညဥ့်နက်နေပါပြီ.. ကလေးရဲ့ အဖေ မလာသေးပါ။။
ဘယ် အချိန် အိပ်ပျော်သွားလည်း မသိလိုက်ပေမယ့်  မနက်နိုးလာတော့ အိမ်ယာထဲရောက်နေခဲ့တယ်။။ အမေ ..........
အဖေ ညက ပြန်လာလား။။ လာတယ် သမီးရဲ့  အခုပဲပြန်ထွက်သွားတယ်။။ အလုပ်ရှိလို့ တဲ့ အဖေ ဘာပြောခဲ့လဲ....အမေ သမီးနိုးလာရင်းတောင်းပန်ပေးပါတဲ့.. ကျွန်မ သိတယ် အဖေ မပြောဘူးဆိုတာ..အမေကြားထဲက ၀င်ပြောပေးနေတာပါ။။။ အဖေက ကတိမတည်ဘူး နော်..အမေ.. ည(၇) နာရီပြန်လာပြီ...............
မီးပုံပွဲ လိုက်ပြပေးမယ် လို့ သမီးကိုပြောတယ် (၇) နာရီစောင့်နေပါဆိုလို့ သမီးစောင့်နေတာ ဖေဖေ ကတိမတည်ဘူး။။
ထို နေ့ ညက သီတင်ကျွတ် လပြည့်နေ့ ကျွန်မတို့ နယ်လေမှာ နှစ်တိုင်းလုပ်နေကြ ဆီမီးမျောပွဲရှိတယ်။အရမ်း
စည်းကားတဲ့နေပေါ့။။ ကလေးတစ်ယောက် အနေနဲ့ ဘယ်လောက်သွားချင်နေမလဲ... ဒါပေမဲ့ သူ့အဖေရဲ့  ကတိမတည်
အချိန် မပေးမှုတွေကြောင့် ကလေးငယ် စိတ်မှာဒဏ်ရာစတင်ရခဲ့ပါတော့တယ်။။ နောက်တစ်ချိန် အဖေသမီးတို့ 
ကျောင်း ကြက်တောင်ပြိုင်ပွဲရှိတယ်။  သမီးတို့ အသင်း အနိုင်ရထားတာ အခြားကျောင်းက သူတွေနဲ့ ယှဉ်ရမှာ
အဖေလာအားပေးပါလား ဆိုသော် ကလေးငယ်တစ်ယောက် သူ့ အဖေကို တောင်းခံနေရှားသည့် အသံ အဖေ မအားဘူး ။ သမီး ဆိုသော သူ၏ ဖခင်စကားအဆုံး... နောက် ထပ်စိတ်ဓာတ် ကျခဲ့ရပြန်သည်.. သမီးနိုင်ရင် သူငယ်ချင်းတွေကို
တစ်ခုခုလိုက်ကျွေးလိုက်ပေါ့ ဆိုပြီ ငွေစက္ကူတချို့ နဲ့ နှစ်သိမ့်ခဲ့ပါသည်။။ ထို ပွဲကို တကယ်ပဲ အဖေ ရောက်မလာခဲ့ပါ။။
မိဘတွေနေရာမှာ အမေကို သာအမြဲတမ်းတွေ့ ရသော ကလေးငယ်ရဲ့ စိတ်ထဲမှာ အဖေဆိုတာကို စိမ်းလာခဲ့ပါတော့တယ်။။ အမေ ... အဖေက ဘာလို့ မိသားစု အတွက် အချိန်မရှိတာလည်း .... ဘာလို့ သမီးကို လျစ်လျူရှုထားတာလည်း သမီးနားမလည်ဘူး အမေ.. အဲလို မတွေးပါနဲ့ သမီးရယ်... အဖေလည်း အချိန်ပေးချင်မှာပါ အချိန်မရလို့ ပါ ။ သမီးလေးက နားလည်ပေးရမယ်နော်.. မိဘကို မပြစ်မှားရဘူးကွယ်....ဆိုသော
မေမေ အားပေးစကား.. ဒါပေမဲ့ အဖေက အခြားသူတွေ အတွက်တော့ ဘာလို့ အချိန်ရနေတာလည်းဆိုတာ ကျွန်မ
နားမလည်ခဲ့ဘူး။။။ ကျွန်မမှာ ညီမလေးနှစ်ယောက်ရှိပါတယ်.. သူတို့ အတွက်ဆို အဖေဟာ အမြဲတမ်းအားတယ်။။။
ကျွန်မ စာညံ့လို့ လား မတော်ခဲ့လို့ လား အဖေအတွက် ဂုဏ် မဲ့စေခဲ့လို့ လား။။ ၀န်ခံပါတယ် ကျွန်မဟာ စာအ၇မ်းညံ့ခဲ့ပါတယ်။။ ဒါကြောင့် အဖေရှက်တာလား။။ ကျောင်းကမိဘခေါ်ရင် အဖေ မလာပါ  အမေသာလျှင်
အမြဲတမ်း ကျွန်မနဲ့ အေးတူ ပူမျှ  ခံစားပေးခဲ့တယ်။။ ကျွန်မ စာညံ့ပေမယ့် အားကစားဘက်မှာတော့ ကျွန်မထူးချွန်တာပဲလေ  ...လူတိုင်းဟာ အကုန်တော်တယ်ဆိုတာမှ မရှိတာ.. ဒါကိုအဖေ မနှစ်သက်ခဲ့လို့ လား။။ အဖေဟာ ကျွန်မနဲ့ ပတ်သက်လာရင် အမြဲတမ်း အချိန် မရှိခဲ့သလို ကတိလည်း မတည်ခဲ့ပါဘူး။။။ အချိန်တွေ ကြာလာတာနဲ့ အမျှ ကျွန်မရဲ့ စိတ်ဒဏ်ရာတွေပိုဆိုးလာခဲ့ပါတော့တယ်.။။
အမြဲလိုလို အဖေနဲ့ ဆန့်ကျင်ဘက်သို့ လျှောက်လှမ်းလာခဲ့တော့... အဖေနဲ့  ကျွန်မကြား အမေ အမြဲတမ်း စိတ်ဆင်းရဲ ခဲ့ရပါတော့တယ်။။ ကျွန်မကို လျစ်လျူရှုတာ အချိန် မပေးတာ ကျွန်မ မုန်းတယ်။။ ကျွန်မ ချစ်တဲ့ အဖေကို ကျွန်မ
မမုန်းချင်ပါ။။ ဒါပေမဲ့ အဖေက့ ကျွန်မဆို အထင်မကြီးသလို အချိန်လည်း မပေးခဲ့ပါဘူး။။။ ကျွန်မနားအမြဲရှိနေပေးတာ ကျွန်မ အရမ်းချစ်တဲ့ အမေပါ။။ ကျွန်မ ဘ၀မှာ အမေကိုသာ အချစ်ဆုံးဖြစ်သလို အမေကလည်း ကျွန်မကို အချစ်ဆုံးဖြစ်မှာပါ။။ ကျွန်မရဲ့ စိတ်တွေ အဖေကြောင့် ကြမ်းတမ်းလာခဲ့တယ်  .အရွဲ့ တိုက်တတ်တဲ့ အကျင့်တွေ ရလာခဲ့တယ် .. အလိုမကျမှုတွေနဲ့  ကျွန်မ ဘ၀ကို ဖြတ်သန်းလာခဲ့တယ်။။။
ကျွန်မ ခံစားရသလို အဖေကို ခံစားစေချင်ခဲ့တယ်။။ ကျွန်မ ငရဲကြီးမလား။။ ကျွန်မ မတွေးချင်တော့ဘူး။။
အမေ.. သမီးကျောင်းထွက်ပြီ ရန်ကုန်မှာပဲ နေတော့မယ် .. အဒေါ်တွေအိမ်မှာနေပြီ အလုပ်တစ်ခုခုလုပ်မယ်လို့ ကျွန်မ အမေ့ကို တိုင်ပင်တော့ မဖြစ်နိုင်ပါဘူး သမီးရယ်  ... သမီးအရမ်းငယ်သေးတယ်..
လောကကြီးအကြောင်း လူတွေအကြောင်းနားမလည်နိုင်သေးဘူးလို့ အမေ ပြောလာခဲ့တယ်။။။ သမီး အမေစိတ်ဆင်းရဲနေတာမမြင်ချင်တော့ဘူး ..... သမီးနဲ့ အဖေပြဿနာ ဖြစ်တိုင်း အမေ ငိုနေတာလည်း သမီး မ ဖြစ်ချင်တော့ဘူးးး အဖေကိုလည်း သမီး မမုန်းချင်လို့ ပါ။။ သမီးဒီလမ်းကိုလျှောက်ခွင့်ပေးပါ ။။။ အမေ...
သမီးကို သွားခွင့်ပေးပါ။။ ဒီလိုနဲ့ ကျွန်မ အိမ်နဲ့ ခွဲခဲ့တဲ့
 အချိန် (၅) နှစ်လောက်မှာ  အဖေဆီက ဖုန်းလာခဲ့တယ်။။။ အဖေ သမီးနဲ့ တွေ့  ချင်တယ်ဆိုတဲ့ အသံ ကျွန်မ ရဲ့ 
မသိစိတ်က ပျော်နေပေမဲ့ ကျွန်မရဲ့ သိစိတ်ကလက်မခံခဲ့ ပါ။။ သမီး မအားဘူး အဖေ  အလုပ် တွေအရမ်းများနေတယ်။။ အလုပ်ကိစ္စနဲ့  ခရီးသွားရမယ်.... သမီး အဖေ အတွက် အချိန်မပေးနိုင်တာခွင့်လွတ်ပါလို့  .. ကျွန်မ ပြောလိုက်တော့.. အဖေဘယ်လိုခံစားရမလည်း ကျွန်မ ..မသိပေမယ့်
ကျွန်မ ခံစားခဲ့သလို ခံစားစေချင်တာတော့ အမှန်ပဲ.. ကျွန်မရဲ့ မကောင်းတဲ့ စိတ်ဓာတ်တခု အရိုးစွဲလာခဲ့တာကတော့
လူတိုင်းဟာ ခံစားဖူးမှ ခံစားတတ်မယ်ဆိုတဲ့ ဝေါဟာရ တစ်ခုဟာ ကျွန်မ နှလုံးသားမှာအရိုးစွဲ   လာခဲ့ပါတယ်။။  အလုပ်ထဲမှာလည်း ကျွန်မ ထိုနည်းအတိုင်းပဲကျင့်သုံးလာခဲ့တယ်။။ ဒီအကျင့်ဟာ ကောင်းမကောင်း ကျွန်မ ဝေဖန်စမ်းစစ်တာမျိုးလည်း ဘယ်တော့မှ မလုပ်ခဲ့ပါ။။ ငါခံစားရသလို ပြန်ခံစားရမယ်ဆိုတဲ့ စိတ်နဲ့ ကျွန်မ ဘ၀ကို ပူလောင်စွာလျှောက်လှမ်းခဲ့တယ်။။။  ကျွန်မ ကိုယ်တိုင်လည်း မည်သူကို မှ ထိခိုက် နာကျင်အောင် မလုပ်ခဲ့သလို ကျွန်မကို လုပ်ခဲ့ရင်လည်း ခေါင်းငုံ့ နေတဲ့အစားမျိုး မဟုတ်ခဲ့ပါ။။။
အခု လည်း အဖေခံစားသွားရမှာလားဆိုတဲ့စိတ်မျိုးရှိပေမဲ့  ကျွန်မ ကျေနပ်နေတတ်သေးတာပါ။။။
 နောက်နေ့ အမေဆီက ဖုန်းလာပါတယ်... သမီး အဖေက သမီးကို အရမ်းတွေ့ ချင်နေတယ်.. တွေ့ ခွင့်ပေးလိုက်ပါ ...သမီးရယ် ..ဆိုသော အမေ စကားသံ.  သမီးမတွေ့ ချင်ဘူး အမေ .. သမီး ဘ၀မှာ အဖေ မရှိခဲ့တာ ကြာနေပြီ....
အမေတွေ့ ချင်ရင် လာတွေ့ ပါ သမီးတော့ အိမ်ကို ပြန်မလာချင်သေးဘူး အမေ....သမီးရယ် အငြိုးကြီးလိုက်တာ ဆိုတဲ့ တစ်ဘက်ကအမေညည်းသံ......
ငရဲကြီးတတ်တယ်.. သမီးလေးရယ် လိမ္မာပါတယ်... အိမ်က ထွက်သွားတာလည်းကြာနေပြီ ....စိတ်ကို လျှော့လိုက်ပါတော့လား။။ အမေပဲကြားထဲကနေ တောင်းပန်ပါတယ်။။ အဖေနဲ့ တွေ့ ကြည့်လိုက်ပါ။။
အဖေပြောတာကို သမီးသေချာနားထောင်လိုက်ပါ။။။ သမီးနားမထောင်ချင်ဘူး အမေ... သမီးအတွက် အချိန်မရှိခဲ့တဲ့ အဖေ နဲ့ သမီး စကားမပြောချင်သလို သမီးအချိန်တွေဟာလည်း အဖေ အတွက် မဟုတ်ဘူး။။
အမေ ..အဖေ အကြောင်းပဲပြောနေရင် ဖုန်းချလိုက်တော့မယ်... အမေကို သတိရရင် ဖုန်းဆက်လိုက်မယ်နော်..
ဖုန်းချလိုက်တော့မယ် အမေ..။။။ အမေဘက်က အသံကို ကျွန်မ မကြားတော့ပါ။။။ အမေစိတ်ဆင်းရဲနေမယ်ဆိုတာ ကျွန်မ ကောင်းကောင်းနားလည်ပါတယ်။။ ငယ်ငယ် ထဲက ကျွန်မနဲ့ အဖေကြား အမေ စိတ်ညစ်ခဲ့ရတယ်။။။
 တစ်နေ့ ကျွန်မ အလုပ်ကိစ္စနဲ့ အပြင်သွားရင် အဖေ လုပ်ဖော်ကိုင်ဖက် ဦးလေးကြီးတစ်ယောက်နဲ့ တွေ့ တော့ လှမ်းခေါ်လို့ ကျွန်မစကားပြောရင် နေ့လည်စာကျွေးခဲ့ပါတယ်။။ သမီးကငယ်ငယ်က အေးအေးလေးနေ တတ်တော့အခု လိုစီးပွားရေးလုပ်နေတာ အံ့သြ မိတယ်။။။  သမီးအဖေ က သမီးကို စိတ်မချဘူး အမြဲပြောနေတာလေ  ဦးလေးတို့တောင်ဝိုင်းပြောကြသေးတယ်... သူအလိုလို အဆင်ပြေသွားမှာပါလိုဝိုင်းပြောဖူးကြတယ်..့ ..
အဖေက ကျွန်မ အတွက် စိတ်ပူတယ်တဲ့  (ရယ်) ရီ ချင်မိပါတယ်။။ မဖြစ်နိုင်တာ ဦးလေးရယ်  အဖေက ကျွန်မကို
ဘယ်တော့တုန်းကမှ စိတ်ပူခဲ့တာမဟုတ်ပါဘူး။။ အမြဲတမ်း ဥပေက္ခာပြုထားတာပါ။။ မဖြစ်နိုင်တာ သမီးရယ်....
ဦးလေးတို့ အမြဲတမ်းမေးဖူးတယ် ခင်ဗျာ သမီးသုံးယောက်ထဲမှာ ဘယ်သူကို အချစ်ဆုံးလည်းမေးတိုင်း  ညည်း အဖေဖြေတဲ့ အဖြေဟာ အမြဲတမ်း ပြောင်းလည်းမသွားတတ်တာ တစ်ခုပဲရှိတယ်။။ အဲဒါက ကျွန်တော်သမီးသုံးယောက်ထဲမှာ ကျွန်တော် စိတ်မချဆုံးက သမီးကြီးပဲတဲ့ အေးစက်စက် နဲ့ ရိုးတယ်.. လောကကြီးကို ဘယ်လိုများလျှောက်လှမ်းမလည်းမသိဘူး ပညာရေးလည်း စိတ်မ၀င်စားဘူး။။
ကျွန်တော်သူကိုတော့ အရမ်းစိတ်ပူမိတယ်  အငယ် နှစ်ယောက် အတွက် ကျွန်တော် စိတ်ချရတယ်တဲ့..
လုံးဝ မဖြစ်နိုင်တဲ့ စကားကို ကျွန်မ ကြားနေခဲ့ရတယ်။။ မဖြစ်နိုင်တာမပြောပါနဲ့ ဦးလေးရယ်။။ အဖေအကြောင်းပြောလာရင် နားမထောင်ချင်တော့တာ အကျင့်တစ်ခုလိုဖြစ်နေတဲ့ ကျွန်မ က ...အလုပ်လေးရှိသေးလို့ သွားလိုက်ပါအုံးမယ် ဦးလေး ...နောက်ကြုံရင်တွေ့ ကြပါအုံးမယ်..ကျွန်မရှင်းပြီးသားနော် ဦးလေး... သွားလိုက်ပါအုံးမယ်ရှင်.. ကျွန်မ ကျောပေးထွက်ခဲ့လိုက်ပေမယ့်
အတွေးတွေက ကျွန်မ ခေါင်းထဲ ၀င်ရောက်နောက်ယှက်နေပါတော့တယ်... ထိုနေ့ ကျွန်မ ဆိုင်ကနေ အိမ်ကိုစောစောပြန်လာပြီ .. အမေဆီဖုန်းဆက်ခဲ့တယ်.. အဖေ နေမကောင်းဘူးတဲ့  ... ကျွန်မ စိတ်ထဲ တမျိုးဖြစ်သွားတယ်။။ ဘာဖြစ်တာလဲ အမေ .. သမီးကို လွမ်းတာနေမှာပေါ့လို့  အမေပြောတော့ စိတ်ထဲနင့်နေအောင်ခံစားရတယ်။။။  ဟုတ်တယ် သမီး တကယ်ဆို သမီးအဖေက သမီးကို စိတ်မချဆုံးနဲ့ အချစ်ဆုံးပါ။။ ဒါတွေကို သမီးတစ်နေ့နားလည်လာပါလိမ့်မယ်ဆိုတဲ့စိတ်နဲ့  အမေ ဘာမှမပြောခဲ့တာ..
သမီး အဖေလုပ်ခဲ့တာတွေဟာ  သမီးကို လူလောကထဲကျင်လည်အောင် နေတတ်ထိုင်တတ်အောင် လူမကြောက်တတ်အောင် ကိုယ့်အားကိုယ် ကိုးတတ်အောင် သင်ပေးခဲ့တာပါ။။ သမီးအားကစားပြိုင်ပွဲတွေနိုင်တယ်လို့ ကြားတိုင် မျက်ရည်ကျ ဂုဏ်ယူခဲ့တာ  သမီးအမြင်စောင်းနေတဲ့ အဖေပါပဲ .. သမီးမှ မသိခဲ့တာ... ပညာတော်စေချင်တာက သမီးကရိုးတော့ လူတွေနှိမ်တာ မခံရလေအောင် ပညာလေးနဲ့တခုခုလုပ်ကိုင်စားသောက်နိုင်အောင် ပညာတော်စေချင်ခဲ့တာပါ... သမီးရယ်.. အဖေကို အထင်မလွဲပါနဲ့ သမီး ငရဲ ကြီးမှာ အမေစိုးရိမ်လို့ ပါ.. အဖေကို နားလည်ပေးလိုက်ပါ...ဆိုတဲ့အမေ စကားမပြီခင်မှာပဲ ကျွန်မ မျက်ရည် များတားဆီးမရစွာ  ကလေးတစ်ယောက်လို ငိုချလိုက်ပါတော့တယ်..
ဟုတ်ပါတယ် ကျွန်မ ဘ၀ ဟာ အခုလို လူတွေနဲ့ တန်တူ လှုပ်ရှားနေခဲ့တာ အဖေကြောင့်ပါ အဖေကို မခံချင်စိတ်နဲ့ 
ကျွန်မ ကြိုးစားခဲ့တယ် လူကြောက်တတ်ပြီ  နေရာတိုင် အမေ သို့  အဖေပါမှာ သွားရဲ လာရဲ တတ်တဲ့ ကျွန်မဟာ အဖေကို နာကြည်း (ကြီး) စိတ်နဲ့ တစ်ယောက်ထဲနေတတ်အောင် လေ့ကျင့်လာခဲ့တာပါ။။။
အရာရာကို ပျော့ညံ့တတ်တဲ့ ကျွန်မ ဟာ စိတ်ဓာတ်တွေမာကျောလာခဲ့တာလည်း အဖေကြောင့်ပါ။။
အခုလို နေရာကို ရောက်လာခဲ့တာလည်း အဖေကြောင့်ပါ။။။ အမေ ..အမေ . သမီးပြန်လာမယ်.. အခုချက်ချင်
သမီးပြန်လာခဲ့မယ်  .. ... အဖေကို ခွင့်လွတ်ပေးဖို့ တောင်းပန်မယ်.. ကျွန်မ အချိန်တွေ အဖေကိုပေးတော့မယ်။။ သမီးးပြန်လာတော့မယ်... အမေ...
Tuesday, March 13, 2012
ပျောက်ရှနေသော မေတ္တာ>>>>>>
Hello ...Hello ....... အမေ....နေကောင်းလား.... ကောင်းပါတယ် သမီး...သမီးရော...နေကောင်းလား  ......ကောင်းပါတယ်....အမေ ....အိမ်ရောအဆင်ပြေလား။။။
ပြေတော့ပြေပါတယ်...သမီးညီမလေးတွေကျောင်းက အတန်းကြီးလာတော့ စရိတ်စကတွေအရမ်းကုန်လာတယ်..။
ဒါကကျွန်မ အိမ်ကိုဖုန်းဆက်တိုင်းကြားနေရတဲ
့အသံတွေပါ။။။။
ကျမတို့ ဘ၀ထဲအဖေထွက်သွားပြီတဲ့...နှော
က်ပိုင် ကျောင်းထွက်ပြီ အိမ်ထောင်ဦးစီးနေရာကို အလိုလိုရသွားခဲ့ပါတယ်။။။
    ဆင်းရဲစွာ ဘ၀ကိုဖြတ်သန်းခဲ့ပါတယ်။။  အမေက လမင်းကြီးဆို အဖေက လမင်းတို့ ဘ၀အတွက်နေမင်းကြီးမလား။။။
နေမင်းကြီး မရှိတော့တဲ့ နောက် ကျမ တို့ ဘ၀ အားကိုးရာမဲ့ တွယ်တာရာမဲ့ ဘ၀ကို ပင်ပန်းဆင်းရဲစွာရုန်းကန်လာခဲ့
ရတော့
ဆင်းရဲခြင်းကို ကျမ အလိုလိုကြောက်နေမိတယ်။။။ အသက်နဲ့ မမျှဘ၀ကို ဖြတ်သန်းရင်း .......
ရန်ကုန်မြို့ ဆိုတဲ့နေရာ ကျမခြေချမိခဲ့ပါတယ်။။။ အဒေါ်တစ်ယောက်ရဲ့ အဆက်အသွယ်နဲ့ ..ဗိုလ်ချုပ်ဈေးက စိန်ဆိုင်မှာ
အလုပ်ရခဲ့ပါတယ်။။။ ကျမရဲ့ ရိုးသားကြိုးစားမှုကြောင့်နေရာေ
လးတစ်နေရာကို ရထားခဲ့ပါတယ်.။။။။။
သူဌေးရဲ့ ယုံကြည်မှုနဲ့ အားကိုးမှုတွေကို ကျမရရှိပြီ သူဌေးကလည်း ကျောက်နဲ့ပတ်သက်တာကို သိထားသင့်သလောက်
ခဲ့ပါတယ်။။။။ ကျမ မိသားစု အိမ်စရိတ် ညီမတွေကျောင်းစရိတ် ထောက်ပံ့ရင် .......ကျမ ရဲ့ ငယ်ဘ၀ကို ကုန်လွန်စေခဲ့ရပါတယ်။။။။ရင်ခုန်
တတ်တဲ့အရွယ်မှာ
နှလုံးသားကိုအကြိမ်ကြိမ်ညာခဲ့ပြီ......အချစ်နဲ့ ..ဘ၀ ... နှလုံးသားရေးရာနဲ့ 
စီးပွားရေ...  အသက်နဲ့ မမျှ စဉ်းစားခဲ့ရပါတယ်။။။။။။
     အခုဆို ကျမ အသက် (၂၅) ကျော်လို့ (၃၀) နားရောက်နေခဲ့ပြီ .......ကြိုးစားလာခဲ့သမျှတွေ  ကျမ အကျိုးခံစားခွင့်ရခဲ့ပါတယ်။။။။။
 မိုးကုပ် ဆိုတဲ့ကျောက်လောကထဲကို ခြေချခွင့်တော့ရခဲ့ပါတယ်။။။ ကျမ သူဌေးရဲ့ ပံ့ပိုးမှုတွေလည်း အများကြီးပါခဲ့ပါတယ်။။။
ကျမ ရဲ့ မွေးမိခင်က (၁၅)နှစ်ဆိုတဲ့သက်တမ်းကုန်လွန် စေခဲ့သလို အခု ကျမ သူဌေးဆီမှာ ၁၀နှစ်ကျော်ခဲ့ပါပြီ။။။။။။။။
မိခင်တစ်ယောက်လို မေတ္တာမှီမယ်မထင်ပေမဲ့  သားသမီးတစ်ယောက်နှင့်မခြား သနာစွာနဲ့ ဖေးမကူးညီခဲ့ပါတယ်။။။။သူဌေး
မကလည်း ကျမလိုပဲ ဘ၀တူဆိုတော့  ကိုယ်ချင်စားခဲ့ပါတယ်။။။ကျမကို ချစ်သလောက် အားကိုးမှုလည်းရှိပါတယ်။။။ ကျမလည်း ကိုယ့်အလုပ်လိုသဘောထားလုပ်ကိုင်ခဲ့ပါတယ်။။။။
အခု လက်ရှိ ကျောက်လောက ..လူတွေ ကျမကို ပြောတတ်ကြတဲ့စကားပေါ့.. နင်တစ်ယောက်ထဲဒီလောကထဲကိုဝင်လာ
လို့ ရနေတာကို ဘာလို့ ဒေါ်(......) လောင်းရိပ်ကထွက်မလာသေးတာလဲတဲ့..
ကျမ မှာ အဲလိုစိတ်မျိုး ဘယ်တော့မှ မတွေးမိခဲ့ပါ။။။ စိတ်ကူးနဲ့တောင်မစဉ်းစားခဲ့ဘူး
ပါ။။။။ ဘာလို့လဲဆိုတော့ ကျမ ကို
ဆင်းရဲတွင်းထဲကနေ အခုလိုလူရိုသေ ရှင်ရိုသေ ဘ၀ကို ရောက်အောင်ပို့ပေးခဲ့တဲ့ ကျမ ရဲ့ ကျေးဇူးရှင်ပါ။။
ဆွေမျိုးတွေမရှိဘူးလား .... ရှိတာပေါ့ လူဂုဏ်ထည်တွေကြီးပါ ။။။။  ဒါပေမဲ့ မရှိ ခိုးနှိးမလှစုန်းမျိုးဆိုတာမျိုးပါ။။။
သူတို့ အိမ်ရှေ့ ဖြတ်လျှောက်သွားရင်တောင် မသိချင်ယောင်ဆောင်နေတတ်တာမျိုးေ
တွပါ။။။
ကျမ သူတို့ က အပြစ်မပြောချင်ပါဘူး။။။ ဖြစ်တတ်ကြတာပဲလေ အမေ ရော ကျမရော ပစ္စည်းဥစ္စာမရှိပေမဲ့ မာနတော့
ရှိကြပါတယ်။။။။
ငတ်သေရင်သေပါစေ ဘယ်ဆွေမျိုးတွေဆီကိုမှ အကူအညီမတောင်းခဲ့ပါ။။
အခုလို အခြေ အနေမှာ ကျမတို့ ဘ၀ရဲ့ မီးအိမ်ရှင်ဟာ လက်ရှိ ကျမ သူဌေးပဲလေ ....ဘာလို့ ကျမ သူတို့ ကိုထားပြီ.......
ကိုယ်လွတ်ရုန်းရမှာလဲ။။။ အဲလိုသစ္စာမရှိတဲ့အလုပ်မျိုး ကျမဘယ်တော့မှမလုပ်ပါ...အဲလို
စိတ်ကြောင့်ပဲ သူဌေးက အားကိုးမှုအပြည့်နဲ့ .
ကျမကိုအကြွင်းမဲ့ ယုံကြည်ခဲ့တာပါ။။။။
ကျောက်တွေ စိန်တွေ ဆို ကျမကို ဈေးဖြတ် အ၀ယ်လွတ်တာမျိုးတွေအထိကို စိတ်ချလိုရနေခဲ့တာပါ။။။။
အခုဆို အလုပ်သမားနဲ့ အလုပ်ရှင် ဆိုတာထက် အမေ အလုပ်ကို သမီးကို ဆက်လက်လုပ်ကိုင်နေသလို ကိုဖြစ်နေခဲ့ပါပြီ။။။
  တနေ့ သူဌေးဆီက ကျမ မထင်ထားခဲ့တဲ့ စကားကြားခဲ့ပါတယ်။။။။ အရွယ်လေးရှိတုန်း ကိုယ်ကိုနှစ်သက်တဲ့သူ
ရှိတုန်း တွေးဝေမနေပါနဲ့ ..... အချိန်တန်တော့လည်း ဒီလမ်းကိုလျှောက်ရမယ်ဆိုတာ အန်တီ နားလည်တယ်.... သမီး
ဘ၀ အတွက်အကောင်းဆုံးရွေးချယ်ပါ။။။ မိုးကုပ်ကဦး (......) သမီးကို သဘောကျလို အန်တီကို ပြောထားတယ်။။။
သမီး ဘယ်လိုသဘောရလဲ..... အန်တီကတော့သမီးကိုမေးထားပေးမယ်ပြောထားပါတယ်။။။သူဌေးပြောလာမှာပဲ
ကျမရဲ့ နှလုံးသားရေးရာကို ကျမမေ့နေခဲ့တာပါ။။။။ ကျမ..ဆင်းရဲခဲ့တော့ ဆင်းရဲရမှာကိုသေလောက်အောင်ကြောက်နေခဲ့လို့  နှလုံးသားကိစ္စတွေက ကျမကို အနောက်အယှက်ဖြစ်မှာစိုးတာကြောင့်
ခေါင်းထဲမထည့်ချင်ခဲ့တာပါ။။။။။။
သူဌေးပြောမှာ သတိပြန်ဝင်လာခဲ့တော့ ကျမ အသက် (၃၀) ၀န်ကျင်ထဲရောက်နေခဲ့ပါလေရော....
.............
ဒါပေမဲ့ ကျမ သဘောမတူခဲ့ပါ...... ကျမ မိသားစုကို ကျမရဲ့ ချွေးနှဲစာနဲ့ကိုယ်တိုင်လုပ်ကျွေးချင်တာ သူဌေးတစ်ယောက်ယူပြီ မျက်နှာငယ်လေးနဲ့ တောင်းပြီ ထောက်ပံ့မှုမပေးချင်ပါဘူး။။။
နောက်တစ်ခုက ကျမ သူဌေးကို ထားပြီထွက်မသွားချင်ဘူး။။။။ သူဌေးမ ကလည်း အောက်ခြေက တက်လာတော့
ကျမကို ကိုယ်ချင်စားတယ်။။။ ကျမလည်း သူဌေးကို ထားခဲ့ဖို့ လည်း ကျမမှာအင်အားမရှိပါဘူး။
အချစ်တွေ မေတ္တာတွေကိုလည်း ကျမ အယုံ အကြည်မရှိဘူး။။။။
လူတွေပြောနေတဲ့ ဒုတိယ ဘုရားသခင်ဟာငွေ... ငွေ ရှိရင် ဘာမဆို ဖြစ်တယ်ဆိုတဲ့ ... စကား ကျမ ..ပြောလိုက်ချင်ပါတယ်။။။။  အချစ်တွေ မေတ္တာကို ငွေနဲ့ ဝယ်ယူလို့ ရလား။ ရတယ်ဆို ကျမ ၀ယ်ကြည့်ချင်ပါတယ်။။။။ယောင်္ကျားတွေရဲ့ ချစ်တယ် ..ဆိုတဲ့စကားကို ယုံကြည်မှုမရှိခဲ့တာပါ..။။။။ အပျိုကြီးဘ၀ပဲကောင်းပါတယ်။။
သူဌေးရဲ့ ခိုင်းစေချက် အရ  အခုဆို ကျမ တိုင်းတပါးမှာ လူမျိုးခြားတွေနဲ့ ရင်ပေါင်းတန်ပြီ စီးပွားရေးလောကထဲခြေချလို့ 
နေရာ တစ်ခုကို ရနေပေမယ့် ကျမ ရှာနေတဲ့ငွေတွေက ကျမကိုချောက်ချားစေခဲ့ပါတယ်။။။ ကျမနားချဉ်းကပ်လာသမျှတွေက
အတုအရောင်အဆောင်တွေပဲ တွေ့ ခဲ့ရတယ်။။။။။ လူတွေပြောနေတဲ့ ဒုတိယ ဘုရားသခင်က မေတ္တာ စစ်ကိုတော့
ဝယ်ယူလို့ မရပါလားနော်။။။။ တကယ်တော့ ကျမ အတွေးခေါင်နေတာပါ ကျမကို မေတ္တာစစ်တွေ အချစ်စစ်ပေးဖို့
စောင့်နေတဲ့ အမေအို တစ်ယောက်လုံးရှိနေခဲ့တာကို မေ့နေခဲ့တယ်.... ငွေထောက်ပံ့ပေးယုံနဲ့ ပြည့်စုံနေပြီလို့
ထင်ထားခဲ့တယ်...အမေ အရင်လို ဖုန်းဆက်ရင်ငွေလိုကြောင်းမပြောတော့ပဲ....... သမီးဘယ်တော့ပြန်လာမလဲ...
အမေ ...ငွေတွေ မလိုတော့ဘူး... သမီးပဲလိုတယ်ဆိုတဲ့ စကား ခဏခဏကြားနေခဲ့ရပေမယ့်... ငွေနဲ့ နှစ်သိမ့်လို့ 
ရသလောက် နှစ်သိမ့်လာခဲ့တာ ဆယ်စုနှစ်တွေကျော်ခဲ့ပါပြီလေ... ဟုတ်တယ်..... ကျမ ကို မေတ္တာစစ်တွေပေးနေတဲ့
အမေရှိသေးတာကို မေ့နေခဲ့တာပါ။။ ငွေနောက်လိုက်ရင် မေတ္တာတရားတွေ နဲ့ ကင်းကွာနေခဲ့တာကြာခဲ့ပြီကို............
နာရီကြည့်လိုက်တော့ 8.18 am   ဆိုင်သွားရတော့မယ်...။။။
ငွေနောက်လိုက်ရအုံးမယ်လို့ တွေးရင်..... မေတ္တာစစ်ရှိရာ အမေရင်ခွင်ဆီအရောက်ပြန်နိုင်ဖို့ အလုပ်တွေ ခဏမေ့ထားပြီ ....
မသေမချင်လုပ်နေရမယ့်အလုပ်ကို ဖြတ်ထားခဲ့ပြီ ...အမေမေတ္တာခိုလှုံ ဖို့
ကျမ အမိမြေကို ပြန်ပြီ အေးချမ်းတဲ့အမေမေတ္တာရှိရာ အိမ်လေးကိုမျှော်လင့်တောင်းတရင်းးးးးးးးး
......................
Wednesday, February 8, 2012
သူငယ်ချင်းကောင်း သို့ ............
ဖိုးလုံးရေ  ဖိုးလုံး...
ဒီဘက်လာဟ ဒီမှာငါးတွေအများကြီးပဲ. အေပါ.. နေအုံး ဒီဘက်မှာလည်းငါဖမ်းနေတယ်
ဒီဘက်ကပိုများတယ် ဖိုးလုံးရ.. အေးပါ, အေးပါ,  ငါးကျည်းတွေနော် မိဂျက်နင်မဖမ်းနဲ့ ဆူးလိမ့်မယ်။
(မရပါဘူး) ငါဖမ်းချင်တယ် ,မဖမ်းပါနဲ့ ပြောနေတာကို ငါ့စကားကို ဘယ်တော့မှနားမထောင်ဘူး ဆူးမှ အော်မနေနဲ့ နော်။
အာ... ဘာဖြစ်တာလဲ , အာ.... သွေးတွေ ပြစမ်း ဟာ.. အတော်လေးထွက်နေတာပဲ ငါပြောသာပဲမဖမ်းပါနဲ့ လို့ 
မိဂျက် နင်ကတော့လေ အမြဲတမ်းဇွတ်တရွတ်ပဲ  ဘာမပြောညာမပြောနဲ့ ဖိုးလုံး လက်ကိုဆွဲပြီ ပါးစပ်ထဲထည့်လိုက်ပါရော
အဲ့လိုကျတော့လည်း ဖိုးလုံးက ကြင်နာတတ်သားပဲ :)ဟဲ့... မိဂျက်ဘာငေးနေတာလဲ လာပြန်ကြမယ်၊ လက်ကိုပတ်တီးနဲ့ စည်းထားနော် ဒါလေးဖြစ်တာနဲ့ ပတ်တီးစည်းရမယ် ။  ဟီး......ငါအဲလောက်မနွဲ့ ပါဘူးဟာ မိဂျက်, နင်ကလေ ပြောလိုက်ရင် တခါမှ(အေပါ)လို့ မပြောဘူး
ဟုတ်ပါတယ်,  ဖိုးလုံးပြောသလိုပဲ ကျွန်မသူနဲ့ ပတ်သက်ရင် အမြဲအနိုင်ယူနေကြပါ သူကလည်းကျွန်မဆို အမြဲတမ်း
လျှော့ပေးတတ်တဲ့သူငယ်ချင်းကောင်
းပါ။
 မိဂျက် မနက်ဟိုဘက်ရွာမှာအလှူရှိတယ်.. ငါသွားမလို့ နင်လိုက်မလား ဖိုးလုံးနင်ဟာလေအပိုသိပ်ပြောတာ နင်သွားတဲ့နေရာ အကုန်ငါလိုက်တတ်တာပဲဖိုးလုံးနင်ကလေလျှာကို
ရှည်တယ် ဟဲ့မိဂျက် နင့်အိမ်က သွားခိုင်းပါမလား မသွားခိုင်းလည်းလိုက်မယ် ပြောကြည့်မယ်မရရင်ခိုးလိုက်မယ်...
ဘယ်အချိန်သွားမလဲ မနက်စောစော( အေ) ငါလာခဲ့မယ် စောင့်နေနော် မစောင့်ရင် ငါ,နဲ့ တွေ့ မယ် အေးပါ, အေးပါ......
နင်ကလေ ငါ့ကို အရမ်းအနိုင်ယူတာနော် ငါသာရည်းစားရသွားလို့  (ဘာ) ဟဲ့ မိဂျက် လန့်သွားတာပဲ
ဖြည်းဖြည်းအော်ပါ(ဟဲ) ငါ့စကားတောင်မဆုံးသေးဘူး ဆက်မပြောတော့နဲ့ ဖိုးလုံး ငါဒေါသထွက်လာပြီးနော်
အေပါ ,အေပါ .မပြောနဲ့ ဆိုမပြောတော့ဘူး မနက်စောစောငါရွာထိပ်ကစောင့်နေမယ်။ အိပ်ယာထနောက်ကျတတ်တဲ့ ကျွန်မ မနက်စောစောထလို့ အမေက သမီး စောလှကြီးလား ဘာအကြံတွေရှိနေလဲ  အမေ သမီးဟို ဘက်ရွာ အလှူသွားချင်တယ် ဖိုးလုံးနဲ့ ... သွားလို့ မဖြစ်ဘူးထင်တယ် သမီးအဖေဒီနေ့ ပြန်လာမယ်ပြောတယ် ဖိုးလုံးနဲ့ ပေါင်းတာကြိုက်တာမဟုတ်ဘူး မသွားနဲ့ နော် အမေ့ သမီးကလိမ္မာပါတယ် ဘာမှပြန်မပြောတော့ပဲ ခိုးထွက်လာလိုက်ပါတယ်  ဖိုးလုံး ငါခိုးထွက်လာတာ ဒီနေ့အဖေပြန်လာမယ်ပြောတယ် လာ.. မြန်မြန်သွားကြမယ်  ပြောပြောဆိုဆိုနဲ့  အလှူရှိတဲ့ရွာဘက်ရောက်လာကြတယ်။
 အလှူဆိုတော့ နယ်,ဘက်ရော မြို့ ,ဘက်ပါ အများကြီးလာကြတော့လူစည်ကားလိုက်
တာနော် ဖိုးလုံး လူများတော့
ငါကြောက်တယ်(ဟ) နင့်က လူကြောက်တယ်ဟုတ်လား ဟဟဟဟဟ..... ဖိုးလုံးနော် အေးပါ,အေးပါ..
နင်,ကငါ့ပဲ အနိုင်ယူတတ်တာ လူကြောက်တတ်တာငါသိပါတယ် လာခဲ့..ဟိုဘက်သွားစားကြမယ် ဖိုးလုံး ,နေအုံး.....
ဘာလဲဟာ... ဟိုမှာယောင်္ကျားလေးတွေနဲ့ သွားမစားရဲဘူး၊ ဟား ဟား  မိဂျက်, နင်ကရှက်နေသေးတယ်။
 ဟား ဟား ဟား  
မိဂျက်.ရှက်နေတဲ့ပုံက ငါ့အိမ်က နွားမလေးနဲ့တူတယ် (ဘာ )လန့်သွားတာပဲ မိဂျက်ရာ စတာပါ,ဟာ..... အခုမှမြင်ဖူးတော့မယ် ဟီဟီ  မိဂျက်ရှက်တာတယ်ဟေ့ ရုပ်ကိုက စပ်ဖြဲဖြဲနဲ့ လှတာလည်းမဟုတ်ပဲနဲ့ , လာပါ ... ရှက်မနေနဲ့ အလှူပဲ လူတွေများမှာပေါ့ ကျွန်မလက်ကိုဆွဲပြီစားဝိုင်းထဲရောက်သွား
ကြလေရဲ့ ရှေ့ ဝိုင်းက လူတစ်စု ကျွန်မကို ဆိုက်ကြည့်နေလို့ ဖိုးလုံးဒေါသ ထွက်နေတာကို ကျွန်မ မသိချင်ယောင်
ဆောင်နေလိုက်ပြီ ..(ဟဲ့ ..ဖိုးလုံး ,စားလေ ဘာဖြစ်နေတာလဲ တော်ပြီ မိဂျက် မစားတော့ဘူး ပြန်ကြမယ် အရူးကောင်......
စားဖို့ အဝေးကြီးကလာရတာ မစားပဲတော့မပြန်နိုင်ပါဘူး ခဏစောင့် ငါတော့ပြီအောင်စားမယ် ဒါဆိုအမြန်စား
ငါပြောစရာရှိတယ် ၊ သူပြောမဲ့စကားကိုကျွန်မသိပါတယ်၊  ကျွန်မနဲ့ ပတ်သက်ရင် ဖိုးလုံး ,အခုလိုဖြစ်နေကြ ကျွန်မလည်း
သူနဲ့ပတ်သက်ရင် အခုလိုတွေဖြစ်နေကြပါ, ဒါဟာသံယောဇဉ်ကြောင့်လား ကျွန်မ မသိပါ သိလည်းမသိချင်ခဲ့ဘူး.....
သိအောင်လည်းမကြိုးစားခဲ့ပါဘူး ဖိုးလုံးက စာတော်တယ် လက်ရေးလှတယ် ရုပ်ရည်ကလည်းသန့်ပြန့်တယ်
ယောင်္ကျားပီသတဲ့ရုပ်ရည်ကိုပိုင်
ဆိုင်ထားတဲ့သူပါ ..ဖိုးလုံးတို့အိမ်ကတော့နဲနဲချို့ တဲ့တယ် ဆိုပေမဲ့ သူကစာတော်တယ်
ရုပ်ကလည်းချောဆိုတော့ ကျောင်းမှတော့မျက်နှာမငယ်ရပါဘူး.. မိန်းကလေးတိုင်းစိတ်ဝင်စားခံရတဲ
ယောင်္ကျားမျိုးပါ ..ဟဲ့, မိဂျက် ဘာတွေတွေးနေတာလည်းငါတို့ တွေကျောင်းဖွင့်တော့မယ်နော် ......အင်း .ဟုတ်တယ်.....
ဖိုးလုံး ငါကျောင်းမတက်ချင်ဘူး/၊ သိလား ...နင်နဲ့ပဲ ဆော့ချင်တယ် .ဘယ်ဖြစ်မလဲ မိဂျက်, ကျောင်းတော့တက်ရမှာပေါ့...
ငါဆို အိမ်က သိပ့်အဆင်မပြေလို့ နောက်နှစ်တောင်ကျောင်းဆက်တက်ရပါမလားမသိဘူးဟာ  ကဲပါ....ဖိုးလုံးရယ်....စိတ်မကောင်းစရာတွေ
ပြောမနေပါနဲ့ဟာ,  နင်ကျောင်းထွက်ရင် ငါလည်းကျောင်းထွက်မယ် ဒါပဲ, အပိုတွေပြောမနေနဲ့  လာသွားကစားကြမယ်။
              ကျွန်မ ငယ်ငယ်လေးထဲက ဖိုးလုံးနဲ့ပဲသူငယ်ချင်းလုပ်လာ
တာဆိုတော့ ယောင်္ကျားလေးတွေဆော့နည်းပေါင်းစုံကို
ကျွန်မ ကစားတတ်ခဲ့တယ် ။  လူကြီးတွေကတောင် ကျွန်မကို မျောက်လောင်းကျော်တဲ့ ပြောလည်းပြောချင်စရာပါ၊။
ဖိုးလုံး, ဘာဆော့လည်းယောင်္ကျားလေးကစားနည်းအကုန်ကျွန်မဆော့တတ်တယ် သူဘာကြိုက်တတ်လဲ ဆိုတာက အစ,  ကျွန်မစိတ်ဝင်စားတတ်ခဲ့တယ် သူလည်းထိုနည်းတူပါပဲ....
မျောက်လောင်းနှစ်ကောင်းကျောင်း
ဖွင့်တော့မယ်နော် အဆော့ပဲစိတ်မ၀င်စားကြနဲ့  ဒီနေ့ မကစားရတော့ဘူး .......ဖိုးလုံး ,နင်,လည်းမိဂျက်ကို
လာမခေါ်နဲ့ ကြားလား ။
ဖိုးလုံးက အစထဲက ကျွန်မမိသားစုနဲ့ပတ်သက်ရင်အားငယ်နေကြဆိုတော့ ဟုတ်ကဲ့ဆိုသော
စကားမှလွဲ သူမှာပြောစရာစကားမရှိပါ ....
မိဂျက်,အိမ်မှာမုန့်လုပ်စားလို့ ငါလာပို့တာ နင်ကြိုက်တဲ့ ငှက်ပျောသီးမုန့် လေ ငါတောင်မစားရက်ဘူး နင့်ကိုသတိရလို့ 
ပြေးလာတာ အဒေါ်သိရင် ငါကိုပြောနေအုံးမယ် ပြန်တော့မယ်နော် အဲလိုပါပဲ ကျွန်မလည်းဘာပဲစားရပါစေ သူဆီတော့
အမြဲရောက်တတ်ပါတယ် .ကျွန်မအဖေက၀န်တမ်းဆိုတော့တာဝန်
ကျရာ သွားနေတတ်ရတော့ အိမ်မှာအမြဲမရှိပါ
အဖေပြန်လာရင်တော့ ရွာကသူတွေနဲ့ ပေါင်းသင်တာမကြိုက်တဲ့အကြောင်း ဖိုးလုံးဆိုတဲ့ကောင်လေးနဲ့ မပေါင်းခိုင်း
တော့နဲ့ ဆိုတာ ခဏခဏဆိုသလို အမေကိုပြောတတ်ပေမဲ့ ကျွန်မတို့ ရဲ့ သံယောဇဉ်ကိုသိတော့ အမေလည်း
မပြောရက် သတိပေးစကားတော့ မကြာခဏဆိုသလိုပြောတတ်ပါတယ် ကျွန်မတော့ဂရုမစိုက်ပါဘူး ဖိုးလုံး, ကတော့
အားငယ်သူမို့ သတိထားနေတတ်ပါတယ် အဖေမြို့ ကပြန်လာလို့ မုန့် တွေပါလာရင်ဖိုးလုံးအိမ်အပြေးသွားပို့ တတ်တာလည်း ကျွန်မ အကျင့်ပါ တနေ့ ,မျှော်လင့်မထားသော စကားကို အမေဆီကကြားလိုက်ရတော့ ကျွန်မကမ္ဘာ ပြိုလဲသွားသလိုခံစားလိုက်ရပါတယ်... သမီးအဖေက ဒီနှစ်ကျောင်းပြောင်းရမယ်
မြို့ မှာသွားတက်ရမယ်,  အမေတို့ လည်းပြောင်းကြမယ် ,...သမီးအဖေက ရွာမှာနေတာမကြိုက်ဘူး ဖိုးလုံး,နဲ့ ပေါင်းနေတာ
လည်းကြိုက်ပုံမရဘူး ဆင်ခြင်နေပါ သမီးရယ် ။    ဖိုးလုံးနဲ့ သွားမဆော့တော့နဲ့ အရင်က သမီးတို့ ငယ်ကြတုန်းမို့ အမေဘာမှ
မပြောချင်ပေမဲ့ အခုသမီး (၉) တန်းရောက်နေပြီ အရင်လို နေလို့ မရတော့ဘူး အမေပြောတာနားလည်လားသမီး
အမေ ပြောချင်တာတွေပြောနေပေမဲ့ ကျွန်မ ရင်ထဲဆို့ နင့်နေတာမို့ အမေကို အဖြေပြန်မပေးမိပါ
မကြာပါဘူး... ကျွန်မ အရမ်းကိုကြောက်လန့်နေတဲ့ အချိန်ရောက်လာပါတော့တယ် ။ကြိုတွေးထားပေမဲ့အချိန်ကစောနေသလိုခံစားရတယ် သတိရလို့ ဖိုးလုံးကို ကျွန်မရှာနေမိခဲ့တယ် ကျွန်မ ပတ်ဝန်းကျင်မှာ
  ဖိုးလုံး, ..ကိုမတွေ့ မိပါ... အဖေကဘေးနားမှာကျွန်မဘယ်လိုရှာ
ရမလဲ ဖိုးလုံးရယ် လာပါ ။.ငါနင့်ကိုစောင့်နေတယ် အမြန်လာပါတော့ လို့ စိတ်ထဲ အချိန်ချိန် ဆုတောင်းနေမိပေမဲ့ အရိပ်အရောင်တောင် မမြင်မိပါ  ကျွန်မမျက်ရည်များ
တားမရဆီးမရနဲ့ မိဘတွေကတော့ ပစ္စည်းတွေသိမ်းကြဆိုတော့ကျွန်
မကိုသတိထားဟန်မရှိ ခဏနေ မိစုရောက်လာတယ်။.....
စာလေးလက်ကကိုင်လို့ ဖိုးလုံး,ပေးခိုင်းလို့ သူရော.. သူဘယ်, မှာလဲ မိစု ,ငါတွေ့ ချင်တယ် သူမရှိလောက်ဘူး ...မိဂျက်
ဟိုဘက်ရွာ သူ့ အဖေနဲ့ လွှသွားဆွဲတယ်......မသွားခင်ပေးသွားတာ
ပါ နင်ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ ငါသွားတော့မယ်.....
ငါ့တို့ ကို မေ့မသွားပါနဲ့ နော် မိဂျက်, ရွာဘုရားပွဲနှစ်တိုင်းပြန်လာပါေ
နာ် ပြန်လာမှာပေါ့ မိစုရယ် ..ငါရောက်အောင်ပြန်လာခဲ့မယ်စိတ်ချပါ ။
မျက်ရည်သုတ်ရင် သင်္ဘောပေါ်ရောက်ရောက်ချင် စာဖွင့်ဖတ်လိုက်မိတော့
မိဂျက် ....ငါ့ကိုနားလည်ပေးပါ,   ငါနင့်ကိုနှုတ်ဆက်ဖို့ အင်အားမရှိဘူး,ဟာ ရွာကလူတွေပြောနေကြတဲ့စကားမျိုးေ
တွလည်း
ငါမဖြစ်စေချင်ဘူး.... တနေ့ငါတို့ ချစ်သူဖြစ်ရမယ်ဆိုတဲ့လူတွေရဲ့ ထင်မြင်ချက်မျိုးငါနင့်ကို မဖြစ်စေချင်ဘူး.....နင့်အဖေပြောတဲ့
အိုးချင်းထားအိုးချင်းထိဆိုတာမျိုးမဖြစ်စေရဘူး..... ငါနင့်အပေါ်ထားတဲ့သံယောဇဉ်ကို အဲလိုစကားလုံးတွေနဲ့ အဆုံးမသတ်ချင်ဘူး ။..
.... မိဂျက်, နင့်ဘ၀တက်လမ်းအများကြီးရှိ တယ် နင်ကြိုးစားပါ နင်သိထားဖို့က ငါဟာနင့်ရဲ့ ထာဝရ သူငယ်ချင်းဆိုတာမှတ်ထားပါ ....ငါတော့ဒီနှစ်ကျောင်းဆက်မတက်ဖြစ်တော့ဘူးထင်တယ်...
       နင်ငါ့ကိုခင်ရင် စာကြိုးစားပါ ရွာဘုရားပွဲတော့ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ပြန်လာဖြစ်အောင်ပြန်လာပါနော်....
နင့်ကို ခင်တဲ့ ဖိုးလုံး ...............
                  သမီး ဘာစာလဲ ဖိုးလုံး, စာလား.... အဖေမသိစေနဲ့ ရွာကလူတွေအကြောင်းကို မေ့လိုက်တော့သမီး
အဖေမကြိုက်ဘူး.....
(၉)တန်းဖြေပြီ ..ရွာဘုရားပွဲအိမ်ကိုဂျစ်တိုက်ပြီ ကျွန်မ အရောက်သွားခဲ့တယ် ဖိုးလုံး,ပင်ပန်းဆင်းရဲပုံရတယ် မျက်နှာငယ်စွာနဲ့ 
မိဂျက် နင်စာမေးပွဲဖြေနိုင်လား ငါတို့ ကိုရောသတိရရဲ့ လား တကယ်တော့ဒီခရီးကို ကျွန်မ အဖေနဲ့ အပေးအယူလုပ်ပြီ....
လာရတာပါ ( ၉)တန်းမှာ အနည်းဆုံး သုံးဘာသာဂုဏ်ထူး ပါရမယ်ဆိုတဲ့အပေးအယူပါ မပါခဲ့ရင် ရွာနဲ့ ဖိုးလုံးကိုမေ့ပစ်ရမယ် .ဆိုတဲ့ကြီးမာတဲ့ အပေးအယူကို လုပ်ခဲ့ပြီ အမေနဲ့ ပြန်လာခြင်းပါ အမေလည်း
အဖွားတို့ ရှိတော့ပြန်လာချင်ပုံရပါတယ်။    မိဂျက်, ဘာတွေးနေတာလဲ ငါမေးနေတာကြားလား အော်, အေး ကြားပါတယ် ငါဖြေနိုင်ပါတယ်။ နင်ကျောင်းဆက်မတတ်ဖြစ်တာတွေးမိလို့ ဝမ်းနည်းနေတာ နောက်ဆုံးဒီလိုပဲဖြစ်မယ်
ဆိုတာငါသိပြီသားပါ..... မိဂျက်,ရာ ဘာမှဝမ်းနည်းမနေနဲ့ နင်ဖြေနိင်တယ်ဆို ငါဝမ်းသာတယ် သိလား  အေပါ... ဖိုးလုံးရယ် ငါဖြေနိုင်ပါတယ် ဒါပေမဲ့  .. ဒါပေမဲ့
ဘာဖြစ်လဲ မိဂျက်, ဘာမှမဟုတ်ပါဘူး ငါဖြေနိုင်မှာပါ ..... ငါယုံပါတယ် မိဂျက်, မနက်စာ
ငါအိမ်မှာ လာစားလေ အဖေလည်းနင့်ကို မေးနေတယ် မရှိရှိတာတော့ ငါကျွေးနိုင်ပါတယ်နင်တို့  မြို့ လိုတော့ ဟင်းကောင်းမဟုတ်ပေမဲ့ ငါကြက်လေးချက်ကျွေးမယ်လာစားနော
် ငါစောင့်နေမယ်..............
     အေးလာ လာရမှာပေါ့ အဓိက နင့်ဆီလာဖို့ ပဲလေ ........
                အဒေါ်ပါခေါ်ခဲ့ပါလား၊  အမေ အဖွားတို့ ရွာသွားတယ်  ဖိုးလုံး ,ငါပဲလာစားမယ်( အေး)                  ငါစောင့်နေမယ်နော်...........
ထမင်းစားရင်  မိဂျက်,  ငါပြောစရာရှိတယ်... ကျွန်မ ထင်မထားတဲ့စကားပြောလာပါတယ် မိဂျက်နောက်ကို ရွာပြန်မလာတော့နဲ့ ငါနဲ့ မိစုလည်း
ချစ်နေကြပြီ(ဘာ ) မဖြစ်နိုင်တာ ဖိုးလုံး နင်မိစုကို ဘယ်တုန်းကချစ်ခဲ့လို့ လဲ ငါမယုံဘူး ငါကို မညာပါနဲ့ ဖိုးလုံး,ငါကိုညာနေတာမလား...............
   မယုံရင်မိစုကို မေးကြည့်ပါ,,,,  မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး ငါမယုံဘူး ...ဘာရယ်မဟုတ်
မျက်ရည်များဒုတိယအကြိမ် ဖိုးလုံးနဲ့ ပတ်သက်ပြီကျခဲ့ရပြန်ပြီ။....
ကျွန်မ( ၁၀) တန်းနှစ် ရွာမပြန်ခဲ့ဘူး အဖေနဲ့ အပေးအယူကိစ္စ ကျွန်မရှုံးခဲ့လို့ ပါ။
တက္ကသိုလ်ဆိုတဲ့နေရာကိုခြေချမိတဲ့ ဒုတိယနှစ်မှာပဲ .....
ဖိုးလုံးသတင်း ကျွန်မ ကြားလိုက်ပါတယ် မွန်ပြည်နယ်က
အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ကျသွားတယ်ဆိုတဲ့သတင်း အမျိုးသမီးနောက်လိုက်နေခဲ့ကြော
င်း ထို သတင်းကြားတော့
ကျွန်မဘ၀ ဒုတိယ ကမ္ဘာ ပျက်ခဲ့ရပါတယ်... ဖိုးလုံး, မိစု နဲ့ အိမ်ထောင်မကျပဲ ဘာလို့ အခြားသူနဲ့ ..
အိမ်ထောင်ကျသွားလည်းဆိုတာ ကျွန်မအတွက် တွေးစရာများဖြစ်ခဲ့ရပြီ....
ဖိုးလုံး, အိမ်ထောင်ကျသွားတယ်ဆိုတဲ့သတင်းဟာ ကျွန်မ အတွက်တော့ ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ခဲ့ရပါတယ်.
         မျက်ရည်များသုတ်နေတုန်း မမရေ ထမင်းစားလို့ ရပါပြီဆိုသော် ကျွန်မကို အဖော်လုပ်ပေးနေသောမိန်းခလေခေါ်သံကြောင့်................
 ကျွန်မ အတွေးများနယ်ချဲ့ နေခြင်းရပ်ပြီ  အေ , ညီမ လာခဲ့မယ်........ သြော် ဖိုးလုံးရယ် နင်ဟာငါ့ရဲ့ 
ထာဝရ သူငယ်ချင်းကောင်းဆိုတဲ့ စကားကို အမှတ်ရရင် နင့် ကို ကျေးဇူးတင်နေမိပါတယ်...........
အခုတော့ဖိုးလုံးတယောက် သားလေးတောင်နှစ်ယောက်ရနေပြီ....သူ့ မိသားစုအဆင်ပြေပုံမရဘူးလို့ သတင်းကြားပေးမဲ့
ကျွန်မ ဘာမှမတတ်နိုင်ခဲ့ပါ.....  ကျွန်မလည်းအခုထိ တစ်ကိုယ်တည်း အပျိုကြီး
ဖြစ်လို့ စီးပွားရေးလောကထဲ ကျင်လည်ရင် အချစ်ရေးကို ခေါင်းထဲမထားမိတာကြာနေပါပြီ။
ဟုတ်ပါတယ်... ဖိုးလုံးရယ် နင်,ဟာငါ့ရဲ့ ထာဝရ သူငယ်ချင်းကောင်းပါ...........
ဒီပိုစ့်လေးကို ပထမဆုံး ၀တ္တုတိုအနေနဲ့ စရေး စမ်းရေးခြင်းပါ လိုအပ်တာများဝေဖန်ပေးကြပါ
မကောင်းရင်လည်းသည်းခံဖတ်ပေးကြပါလို့ ............ဘော်ဘော်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်