ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
Showing posts with label အမှတ်တရများ. Show all posts
Showing posts with label အမှတ်တရများ. Show all posts
Saturday, February 9, 2013
ပဲပြားသက်သတ်လွတ်ဟင်းများ....
မင်္ဂလာပါရှင်...စာရေးနည်းနေသော ဒေါ်လမင်း ဘလော့ကို ယောင်လည်လည်ရောက်လာခဲ့ပါတယ်။။:)
အကြောင်းက  ညီမလေးရိုးမြေကျက စာရေးနည်းနေတယ် ဆိုတာကတစ်ကြောင်း.. ညီမလေး  May thinn
လေးက ဘလော့ဆီကိုဆွဲခေါ်သလို ဖြစ်နေတာရယ်.။။ မနေ့ က ပဲပြားသက်သတ်လွတ်ဟင်းချက်စားဖြစ်တော့
တင်မိလေတော့... ဘလော့မှာတင်ပေးပါဆိုလာတယ်။ ဒါနဲ့ ဖေ့ဘုတ်မှာ ပဲပြောမယ်လုပ်တော့ သူမနာမည်ကို ရှာမရဖြစ်နေတာနဲ့ ဒီကိုရောက်လာခဲ့တယ်။။။ စာတွေလည်းရေးနေတာပါပဲ။။။
တစ်ခုမှပြီတာမရှိ.. အိပ်တော့မယ်ဆို ခေါင်းထဲရောက်လာတယ်။။ စဉ်းစားထားပြီ မနက်အားတော့ရေးမယ်လုပ်တယ်.. ဘယ်ကစရေးရမလည်းဖြစ်သွားတယ်။။ ဒါနဲ့ အိပ်ယာဘေး စာအုပ်
ဘော့(လ်)ပင် ထားအိပ်တော့လည်း ဟို တစ်စ ဒီတစ် ၀က်နဲ့ .. အပျင်းကြီးနေတာလည်းပါတယ်။။
ပြန်ရတော့မယ် ဆိုတော့ ဟိုသွားချင် ဒီဟာဝယ်ချင်နဲ့ စိတ်မတည်ငြိမ်တာလည်းပါတော့ စာဘက်မလှည့်နိုင်ပြန်ဘူး.. ။။ ဘလော့ မောင်နှမတွေကိုလည်း သတိရပါကြောင်း အားရင်အားသလိုလည်းလည်ဖြစ်ပါတယ်နော်။။။ စကားနည်းနည်းရှည်နေတာက ပဲပြားချက်နည်းလေးကလွယ်တာကြောင့် ကိုယ်ပြောချင်တာလေထည့်ရေးမိတာပါ...:D
အခုတလောလည်း ၀ိတ်ချတယ်မပြောချင်တော့ပါဘူးလေ.. ၀ိတ်မတက်အောင်ပဲပြောတော့မယ်။။ အသီးအရွက် နို့  ပဲ ၊  ပဲပြား ဒါတွေပို စားဖြစ်တယ်.. အသားတွေလည်း မစားချင်တော့ဘူး။။။
မှတ်ချက် မြန်မာပြည် ပြန်မှာဆိုတော့ အကျင့်ရအောင် ..:P  မြန်မာပြည်ကလူတွေပြောကြတယ်။။
အသား ၊ ငါး ဈေးတွေအရမ်းကြီးတာတဲ့ တော်ယုံလူတွေ မစားနိင်ကြဘူးတဲ့.. ဒါကြောင့်ပါ။။ :D
အသီး အရွက်တွေပဲကြတော့လည်းခန္ဓာကိုယ် က မလုံလောက်ပြန်ဘူး ထိုကြောင့် ပဲ၊ ပဲပြား နို့ တွေနဲ့ 
တွဲဘက်စားသောက်နေပါကြောင်းနှင့် ၀ိတ်ချသူ သို့ မဟုတ် ၀ိတ်မတက်စေချင်သူ....:)
ပဲပြား ဟင်း အတွက် လိုအပ်သော ပစ္စည်း
ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ဖြူ ၊ ပဲငံပြာရည် ၊ မန်ကျီရည် ၊ နံနံပင် ဆား ၊ နနွင်း ၊ရသာမှုန့် ဒါဆို
လုံလောက်ပြီး။။
ကြက်သွန်နီ ဖြူ ဆီသတ် ရောင်လေလှလာပြီဆို အရောင်တင်မှုန့် ငရုပ်သီးမှုန့် ပေါ့နော်..
သင့်တော်သလိုထည့်  နနွင်းထည့် ပဲငံပြာရည်က ငါးပြာရည် အစားသုံးတာပါ.. ဆားထည့်
ရသာမှုန့်  မန်ကျီရည်လေး နည်းနည်းထည့်  မထည့်ချင်လည်းရပါသည်..။။ ၃ မိနစ်လောက် ဆီဆက်သတ်ပြီ ပဲပြားတုံးလေးတွေထည့်မွှေ ပြီ ခဏထားပြီနံနံပင် အုပ်လိုက် ဒါဆိုရပါပြီ...။။
လွယ်တယ်နော်... လမင်းတို့ က ဟင်းကို အချိန် အကြာကြီးချက်နေရတာမျိုးလုံးဝ မကြိုက်ပါ..
အတတ်နိုင်ဆုံး ဘယ်လိုမြန်မအောင်ချက်ရမလည်းဆိုတာ အမြဲစဉ်းစားတယ်။။
ဘာလို့ လည်း သိလား ဟင်းချက်ပြီ မီးဖိုချောင်ထဲ အချိန်ကုန်နေတာကို လုံးဝမကြိုက်ပါ။။။
ချက်ရတာလွယ်ပြီ အရသာရှိတဲ့ ပဲပြားသက်သတ်လွတ်ဟင်းပါ။။။
နောက်တစ်နည်းပါ တင်ပေးလိုက်ပါတယ်။။။ အမျိုးမျိုးချက်စားပေါ့နော်....:)
လိုအပ်သော ပစ္စည်း..
ပဲပြား ပဲငါပိ ပဲငံပြာရည် ကြက်သွန်မြိတ်.. ခရမ်းချဉ်သီး အသေးလေးတွေ.. ကြက်သွန်နီ ဖြူ  ဆား  ရသာမှုန့် ပေါ့နော်..
 ချက်နည်းကတော့.. ကြက်သွန်ဖြူကို ဆီသတ်  အရောင်လေးဝါလာရင် ပဲငါပိနည်းနည်းထည့် မွှေခဏထား  ခရမ်းချဉ်သီးထည့် ကြက်သွန်နီထည့် ကြက်သွန်နီက ကြိုက်သလိုလှီးနိုင်ပါတယ်.. အတုံး မဟုတ်လည်း အ၀ိုင်းလေးပေါ့... ခဏထား အရသာမြည်း ပဲငံပြာရည်ထည့်  ပဲပြားထည့် ၃ မိနစ်လောက်ထားပြီ ကြက်သွန်မြိတ် အုပ်လိုက်..
သူလည်း အရသာတစ်မျိုးနဲ့ စားလို့ ကောင်းပါသည်...။။။ အချိုချက်ပေါ့.. မြန်မာတွေ အနေနဲ့ တော့
အပေါ်ကနည်းက ပို ကောင်းမယ်ထင်တယ်။။ ကြိုက်နှစ်သက်သလိုချက်စားနိင်ပါသည်။။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ......................
Tuesday, September 25, 2012
သူနှင့်ကျွန်မ...
အခုအချိန်တွေသူနဲ့ အခုလိုပဲတွေ့ ရပါတယ်...
  မင်္ဂလာပါရှင်.... ဒီတစ်ခါတော့ လမင်းတို့ ချစ်သူနှစ်ယောက်အကြောင်းလေးရေးချင်ပါတယ်.. . ဒီနေ့ လေးက လမင်းတို့ နှစ်ယောက်ရဲ့ အမှတ်တရနေ့ လေးပါ။။ သတိထားမိလားတော့မသိဘူး။။ (၂၅)ရက် ရောက်ရင် လမင်းကဗျာရေးတင်တတ်တယ်။။ သူနဲ့ ပတ်သက်တာလေးပေါ့။။ မတင်ဖြစ်တဲ့ရက်ဆို စိတ်ကောက်ထားလို့ ပါ..:D လမင်းရေးချင်တာက ဘယ်လောက်ချစ်ကြလည်း ဘယ်လို ဂရုစိုက်ကြလည်းဆိုတာထက်.. ချစ်သူတွေကြား ဖြစ်တတ်တာလေး နဲ့ 
Tuesday, September 18, 2012
ကိုယ့်အကြောင်း...
ပုံသဏ္ဌာန်က အေးစက်စက်
မျိုသိပ် နိုင်လွန်သူ..
စိတ်ဆတ်ပြီး သည်းခံမှု
အားနည်းတတ်သူ..
စိတ်ကောက် တတ်၍
သံသယ များသူ
ရွဲ့ တတ်ပြီး
ထင်ရာစိုင်း
လျှောက်သောလမ်း
မှားမှား မှန်မှန်
ရဲရင့်စွာ လျှောက်လှမ်းတတ်သူ
ကိုယ်ပေါ် နည်းနည်းကောင်းရင်
များများပြန်ကောင်းတတ်သူ
အများပြောသမျှ ကောင်းဆိုးကို
အပြုံးမပျက် နားမလည်းသလို
နေတတ်ပြီး..
ပြဿနာ အသေးအမွှားကို
ကြီးမားစွာတွေးတတ်သူ..
အတိတ်ကို မေ့ထားနိုင်ပေမဲ့
အနာဂတ်ကို ကြိုတွေးပူပန်တတ်သူ
မကောင်းမှန်းသိပေမဲ့ လုပ်ချင်ရင်
စွတ်လုပ်တတ်ပြီး
ကောင်းမှန်းသိနေပေမဲ့ မလုပ်ချင်ရင်
နတ်သကြားတွေလုပ်ခိုင်းတောင်
ခေါင်းရှောင်နေတတ်သူ..
အကြောင်အရာတိုင်းကို
ကိုယ်ပြဿနာလိုခံယူတတ်ပြီး
နည်းနည်းပေးရင် များများပြန်ပေးတတ်သလို
နည်းနည်းဆိုးရင် များများပြန်ဆိုးတတ်သူ
ချစ်ခြင်းမေတ္တာ
သံယောဇဉ် ကြီးတတ်လွန်လို့ 
အပျိုကြီးဘ၀နဲ့ အရိုးထုပ်မဲ့သူ..:D
ရေးထားတာကျန်သေးလားမသိဘူး..:D ကောင်းတာရေးထားတော့ဆိုးတာတွေလည်းရေးသင့်တယ်လေ..:)
တကယ်တော့ ပိုစ့်ရှည်ရေးမလို့ ပါ.. ကိုယ့်အကြောင်းဆိုတော့ စာဖတ်သူတွေအချိန်ကို သိပ်မယူချင်တာနဲ့ 
စာတိုလေးပဲရေးလိုက်တာပါ.. အားလုံးကျန်းမာပျော်ရွှင်ကြပါစေ..
Monday, August 13, 2012
စိတ်ကူးရှိရာလေးများ.....
ဒီတစ်ခါတော့လမင်းကလိထားတာလေးတွေတင်ပေးလိုက်ပါတယ်။။။   
ပြောရအုံးမယ်..လမင်းရေးသမျှတွေက လမင်းခံစားနေရတယ်လို့ မထင်ကြပါနဲ့ နော်..ပတ်ဝန်းကျင်က
ကြားနေရတာတွေ တစ်ယောက်ယောက်ရဲ့ ရင်ထဲကို ခဏ၀င်ကြည့်လိုက်တာမျိုးတွေပါ..
လမင်းခံစားပြီးရေးတတ်တာတွေက လမင်းတို့ ချစ်သူနှစ်ယောက်အကြောင်းလောက်ပဲမှန်ပါတယ်။။
အခုတလောလမင်းကိုလာလာမေးနေကြတယ်..အဆင်မပြေဘူးလား။။ အရမ်းခံစားနေရလား။။
အသည်းကွဲနေတာလား လို့ ထင်နေကြတယ်။။
လမင်းဘာမှမဖြစ်ပါဘူး။။။ အားလုံးအဆင်ပြေပါကြောင်း.....:P
ဒါလေးက ညီမလေးတစ်ယောက်အတွက်ရေး
လိုက်တာ..
ဒါလေးက ချစ်သူကိုစိတ်ကောက်တုန်းကရေးထားတာ..:)
ဒီပုံလေးကအရူးထထားတာ..မပြောပြဘူး။။။ ဘိုးဘိုးနဲ့ ဖွားဖွားလမ်းလျှောက်နေတာနော်..:P
ဒီပုံလေးက ဌက်လေးတစ်ကောင်ပေါ့..
ကြည့်လိုက်ရင် အထီးကျန်နေသလိုပဲနော်။။။
ဒါဘယ်သူလို့ ထင်လည်း...:P
ဒါလေးကတော့ချစ်သူအတွက်ရေးထားတာပါ..:P
ပန်းလေးကိုကြည့်ပြီးအတွေးတစ်ခုရလိုက်တာနဲ့ 
ရေးလိုက်တာ...:)
ဒါလေးကိုတော့မနေ့ ကရေးတာ..
ချစ်သူကမေးတယ် ဘာသဘောလည်းရှင်းပြပါတဲ့
လမင်းရေးတဲ့စာတွေမှာရှင်းပြချက်မရှိပါ...:D
ဒါလေးကမနက်က ချစ်သူကို မေတ္တာပို့လိုက်တာ:)
Friday, August 10, 2012
မေ့မရတဲ့နေ့ ...............
ကျွန်မ ငယ်ငယ်က ဖြစ်ပျက်လေးပါ ဘယ်လို မှမေ့မရသလို အဲ့ ပုံရိပ်တွေက ခုထိ အရိပ်လိုပေါ်လာတတ်မြဲပါ..
ကျွန်မမှာ မကောင်းတဲ့ဥာဉ်ဆိုး တစ်ခုရှိတယ်... စိတ်ကောက်ခြင်းပါ... ကောက်ပြီးဆိုလည်း အနည်းဆုံး (၃)ရက် လောက်တော့ကောက်တတ်တယ်.။။ အကြောင်းအရာပေါ်မူတည်ပြီးကြာတတ်
ပါသေးတယ်။။။
တစ်နေ့ အမေက ကျွန်မကို ကျောင်းစာလုပ်ခိုင်းတယ်.. ကျွန်မက စာလုပ်ရတာကိုမကြိုက်ဘူး.. ၀ါသနာလည်းပါဘူး။
အရမ်းပျင်းတာ မိဘဆိုတော့လည်း ချော့ပြောခြောက်ပြောနဲ့ ပေါ့...ဗီဒီယိုသွားကြည့်ချင်ရင် အိမ်စာကိုပြီးအောင်လုပ်ပါ။။
ပြီးရင် သွားကြည့်ရမယ်လို့ အမေပြောတော့ ကျွန်မ လည်း ကလေးဆိုတော့ကြည့်ချင်တာပေါ့.. သိပ်လည်းမကြည့်ရတော့
အရမ်းပျော်ပြီးစာလုပ်တော့တာပဲ.. အမေတို့ က ရွာကသူတွေနဲ့ ပေါင်းတာမကြိုက်တော့ ဗီဒီယိုတွေလည်းမကြည့်ရပါဘူး။။ အိမ်မှာလည်းမရှိတော့အရမ်းကြည့်ချင်မိတယ်.။။ ကျွန်မစာကိုကြိုးစားလုပ်တာပေါ့။
အားလုံးပြီးတော့ အမေ သမီးပြီးပြီ.. ပြီးရင်ထမင်းလာစားတဲ့ ကျွန်မ ကြားချင်တာအဲဒါမဟုတ်ဘူးလေ... အမေ ဗီဒီယို
သွားကြည့်ရမှာလေ... ထမင်းအရင်လာစားပါ..... ဒါနဲ့ မြန်မြန်ပဲစားလိုက်တယ်   .... အမေပြီးပြီ  သွားတော့မယ်....
ပြနေလောက်ပြီးပြောတော့ မသွားပါနဲ့ သမီးရယ်... အမေပုံပြောပြမယ်... ပြောလိုက်တော့... ဘာဖြစ်သွားလည်းမသိဘူး။။။ ဒေါသထွက်သွားပါလေရော... ကျွန်မ အမေကို စကားမပြောတော့ဘူး။။။ စိတ်ထဲမှာလည်း အမေကို မုန်းမိတာပေါ့... ကတိမတည်ဘူး... ကျွန်မကို ညာတယ်ဆို ပြီး စိတ်မကောင်းလည်းဖြစ်
ဒေါသလည်းထွက်..  အမေကို မကြည့်ချင်တော့တာနဲ့  အဖွားတို့ နေတဲ့ရွာကို သွားမယ်လုပ်နေတုန်း အမေက သိနေတယ်ထင်ပါ့။။. သမီး ဘယ်မှမသွားနဲ့ နော်... ဒီနေ့ မုန်တိုင်းရှိတယ်... မိဘကို စိတ်ကောက်ထားတာ မကြောက်ဘူးလားတဲ့...့ ကျွန်မ စိတ်ကောက်ပြီးဆို စကားမပြောတော့ဘူး။။။ ကျွန်မ ဒေါသက ကျဒေါသဖြစ်နိုင်တယ်။။။ ကျွန်မ ဘာမှပြန်မပြောပဲ... ထွက်လာခဲ့တယ်... ရွာထိပ်အထွက်လောက်မှာ မိုးစရွာလာပါတယ်။။။ အဖွားတို့ ရွာနဲ့ ကျွန်မတို့ ရွာက မိနစ် (၄၀) လောက်တော့သွားရပါတယ်...သုံးပုံ တစ်ပုံလောက်အရောက်မှာတော့ မိုးခြိမ်းလာတယ် လေတိုက်လည်းကြမ်းလာတယ်.။။။ ကျွန်မ ကြောက်သွားမိတယ်။။ ရှေ့ ဆက်သွားရမလား။ ပြန်လှည့်ရမလား .. အကွာ အဝေး ကြည့်မိလိုက်သေးတယ်။။ စိတ်ကကောက်နေတော့ အိမ်လည်းမပြန်ချင်ဘူး.. ဒါနဲ့ ဆက်သွားတော့ လျှပ်စီးတွေ
လေတွေတိုက်ပြီး မှောင်သွားတယ်.။။။ ကျွန်မလည်း ကလေးအင်အားနဲ့ လွင့်မသွားအောင် ရေထဲခုန်ချလိုက်တယ်။။။
ကျွန်မ အရမ်းကြောက်နေပါပြီး လယ်ကွင်းထဲမှာလည်း ဘယ်သူမှမတွေ့ ဘူး။။။ ဘယ်သူကို အကူအညီတောင်းရမလည်း.. ကျွန်မ ရေထဲမှာပဲ ငိုနေတုနုး ခက်လှမ်းလှမ်းကနေ တွေ့ လိုက်ရတာ အမျိုးသမီးတစ်ယောက် ပိန်ကပ်ကပ် ခန္ဓာကိုယ်နဲ့ ပေါ့... ကျွန်မ ပျော်သွားတယ်.. လူတစ်ယောက်လာနေတယ်... အကူအညီတောင်းမယ်ပေါ့... မျက်ရည်ကြားကနေ ပြုံးလာမိတယ်။။။ တဖြည်းဖြည်းနဲ့  ထိုအမျိုးသမီးက လေဒဏ်မိုးဒဏ်ကို သူမရဲ့ ပိန်ကပ်ကပ်ကိုယ်လုံးလေးနဲ့ အံတုလို့ ပေါ့.. ကျွန်မလည်း လေဒဏ်ကြောင့်ထင်တယ် ....လှိုင်းလုံးတွေနဲ့ ရေတွေမွန်းလို့ ပေါ့ ... ကျွန်မ ခံနိုင်ရည်မရှိတော့ဘူး။ ကိုယ့်ကိုကိုယ်လည်းမထိမ်းနိုင်တော့ဘူး။။ ရေဒဏ် လေဒဏ်ကို ခံနေတုန်းမှာပဲ အသံ တစ်ခု ကျွန်မ ကြားလိုက်တယ်.... သမီးရေ.....  သမီး.........
ဒါ အမေ့ အသံဆိုတာ ကျွန်မသိလိုက်တယ် .. ဒါဆို ထို အမျိုးသမီးက ကျွန်မ အမေလား  ကျွန်မ သေချာမမြင်ရတော့ဘူး။။။ အသံလည်းမထွက်တော့ဘူး။။။ အားတင်းပြီး ကျွန်မ ကြည့်လိုက်တယ်။။။ ဟုတ်တယ် .... အမေ..... ပိန်သေးသေးကိုယ်ခန္ဓာလေးနဲ့  ဘယ်လို အင်အားတွေနဲ့  ကျွန်မ နားကိုရောက်လာပါလည်း... အဲ့အချိန်မှာ ကျွန်မ အမေကို အရမ်းသနားပြီး စိတ်ကောက်နေတာတွေလည်းဘယ်ရောက်ကုန်လည်းမသိဘူး။။။။ အမေ တွေ့ သွားပါပြီးး ကျွန်မရဲ့ ကျန်နေသေးတဲ့
အားလေးနဲ့ လက်ပြလိုက်တယ်။။။။ အမေ ကျွန်မကို တွဲခေါ်ပါတယ်။။။ အမေလည်းလမ်းမှာ..
အင်အားတွေကုန်ခမ်းလာပုံပါပဲ...ဒါပေမဲ့ အမေ ဟာကျွန်မကိုရင်ခွင်ထဲကိုရောက်အောင် ဆွဲခေါ်ပြီးကျစ်ကျစ်ပါအောင်ဖက်ထားလိုက်တဲ့ အမေမေတ္တာကို ကျွန်မမြင်လိုက်ရတယ်။။။ ခဏနေတော့ မိုးလည်းတိတ်လေလည်းငြိမ်သွားတော့ ပြန်လာကြတယ်။။။ကျွန်မကုန်ခမ်းနေတဲ့အားတွေက အမေမေတ္တာကြောင့်ပြန်လည်းပြည့်လာခဲ့သလိုပဲ အမေလည်း စိုးရိမ်စိတ်တွေလေဒဏ်တွေကြောင့်အင်အားမဲ့နေတဲ့အမေကကျွန်မလက်ကိုတွဲလို့ ပေါ့။။။ အိမ်ရောက်တော့  အမေက သမီးရယ် အမေကို ချစ်ရင်
စိတ်ကောက်တဲ့အခါ အဝေးကို ထွက်မသွားပါနဲ့ ....သမီး အမေကို စိတ်ကောက်ရင် အမေ စိတ်မကောင်းဖြစ်ရတယ်.။။။။ ကျွန်မ မျက်ရည်ဝဲလာပါတယ်။။။။ ရင်ထဲလည်းနင့်နေအောင်ခံစားရတယ်။။။။
ထိုနေ့ ထိုမြင်ကွင်း ကျွန်မ တစ်သက် မေ့ လို့ မရတဲ့ နေ့ တစ်နေ့ ပေါ့။။။။ ထိုနေ့ ကစ ကျွန်မ စိတ်ကောက်ရင် အဖွားတို့ ရွာကို မသွားတော့ပါ။။။ ခြံထဲမှာပဲ ပန်းပင်စိုက် မြက်ပင်ရှင်း လုပ်နေတတ်ပါတော့တယ်။။။။ တကယ်တော့ကျွန်မ စိတ်မကောက်သင့်တော့တာပါ။။။ ဒါပေမဲ့ဥာဉ်ဆိုတာကဖျောက်ဖျက်ဖို့ ခက်ပါလား။။။။ ကျွန်မ အခုထိလည်းဖျောက်လို့ မရသေးပါဘူး။။။။ အဖေကတော့မှာဖူးတယ်... ကိုယ့်ကို ချစ်တဲ့သူတွေကို စိတ်မကောက်မိပါစေနဲ့ သမီးရယ်။။။။။  ................ကျွန်မ စိတ်ကောက်နေတုန်းပါပဲ. ကိုယ့်ကိုချစ်တဲ့သူတွေကိုပဲကောက်နေတုန်းပါပဲ......................................................
လမင်း အသက် (၉) နှစ်လောက်က ဖြစ်ရက်လေးပါ...  ဘယ်တော့မှမေ့မရတဲ့အမှတ်တရနေ့ လေးပါ။။။
အရာအားလုံးအတွက်ကျေးဇူးတင်ပါတယ်..... အမေ ကျန်းမာ အသက်ရှည်ပြီးလောကကောင်းကျိုးများစွာပြုနိုင်ပါစေ...အမေ...........
Thursday, August 2, 2012
သုံးခဲ့တာလား....ဖြုန်းခဲ့တာလားးးး:P
ပိုက်ဆံဖြုန်းတဲ့ပိုစ့်လေးတင်မယ်ပြောထားတော့ စာရေးပျင်းတဲ့ လမင်းတင်လိုက်ပါ၏..:P
တကယ်တော့လမင်းအနေနဲ့ ပိုက်ဆံဖြုန်းတာလို့ပြောရပေမဲ့ အချို့သူတွေအနေနဲ့တော့ သုံးတာပေါ့..လမင်းက မိသားစု အတွက်ထောက်ပံ့နေရသူပါ.. သူများတွေလိုလည်း မသုံးနိုင်ပါဘူး။။ အမှန်အတိုင်ပြောရရင် ဈေးကြီးတာဆို အနားတောင်မကပ်ဖူးတာ အလိုလိုကြောက်နေ တတ်တာလေ....အ၀တ်အစားဆိုလည်း တစ်နှစ်ပြည့်လို့ တစ်ထည်ဝယ်တာရှားတယ်။။။။ အိမ်မှာနေတုန်းကတော့ အမေ၀ယ်ပေးရင်  ၀တ်လိုက်တာပဲ ... အခုထိလည်း မ၀ယ်တတ်ပါဘူး...
တစ်ခါတလေဈေးဝယ်ထွက်လို့   သူများအတင်းတိုက်တွန်းရင်တော့   ၀ယ်ဖြစ်တယ်.... $ 30 ထက် မကျော်ဘူးး.. :P ကြွားတာ  သုံးတာနဲ့ ဖြုန်းတာကိုလည်းသေချာ လမင်းချိန်းဆရပါတယ်... တစ်ခုခုလုပ်တော့မယ်ဆို ငါသုံးလိုက်တဲ့ငွေက ဘာအကျိုးရှိလည်း ဆိုလည်းတွေးပြီးမှ  လုပ်ရတာမျိုးပါ။။။။ သူများတွေကပြောတယ် လမင်းနင်လည်း ပိုက်ဆံပဲရှာနေတယ်..ကိုယ်အတွက်လည်း သုံးပါအုံး သူများအတွက်ပဲ ရှာနေတော့မှာလား။။။ငါအတွက်သုံးပါတယ်.... ငါလှူခဲ့တာတွေက ငါသုံးတာတွေပဲပေါ့လို့ ..
လမင်းတတ်နိုင်သလောက်တော့လှူပါတယ်.. သူများတွေလိုတော့ အများကြီးမလှူနိုင်ပါဘူး။။။ ကိုယ်သုံးမဲ့ အထဲက လှူတတ်ပါတယ်...........အခုက ပြန်ချိန်လည်းနီးလာတော့ မသွားဖူးတဲ့နေရာလေးတွေ သွားမယ်စိတ်ကူးလေးနဲ့ပေါ့.... မပြန်ခင်တော့ သွားနေအုံးမှာပဲ ဘာဖြစ်လည်း ကိုယ်ရှာတာ ကိုယ်သုံးတာဆိုတဲ့ စိတ်နဲ့ ဥပေက္ခာပြုထားပါတယ်။။။ :D......အမေကလည်းမှာပါတယ်.. သမီးရယ် အိမ်အတွက်ပဲကြည့်မနေပါနဲ့။ ကိုယ့်အတွက်လည်းကိုယ်သုံးပါတဲ့ ....အမေစကား နားထောင်တာပါ....:P စကားရှည်နေပါပြီးကြွားတော့မယ်....  
(၁)  ပထမက  ဒီကွန်ပျုတာလေးဝယ်လိုက်ပါတယ် တကယ်တော့မလိုပါဘူး အခုသုံးနေတဲ့ စက်ကလည်းကောင်းနေပါတယ်... မလိုပဲဝယ်တာဆိုတော့ဖြုန်းတာခေါ်မလား သုံးတာခေါ်မလား။။
ဈေးကြီးတဲ့အထဲမပါပေမဲ့ ကုန်တာတော့ကုန်သွားတာပါပဲ:P..
(၂)  ဒုတိယ မျက်မှန် တကယ်ဝယ်ချင်တာက  $ 180 တန်ပါ.. ၀ယ်ဖြစ်လိုက်တာကaတာ့  $ 99. စိတ်ကိုဒုန်းဒုန်းချပြီး ၀ယ်လိုက်ပါတယ်... ဒါလည်းမလိုဘူး... တစ်ခုရှိတယ်...$30 တန်လေးပေါ့..   ဒါလည်းဖြုန်းလိုက်တာပဲ....:P
ဒါကအသစ် ဟောင်းလေးတော့မထည့်တော့ပါဘူး....
(၃) တတိယ ... နာရီပါ... ဒါလည်းဖြုန်းတာပဲ ဘာလို့လည်းဆိုတော့ လမင်းမှာတစ်ခုရှိတယ် အဲတစ်ခုတောင်
တစ်ခါမှမပတ်ဘူး... လက်ရှုပ်လို့ ဒီမှာကအချိန်ကို ဘယ်ကကြည့်ကြည့်ရတော့ နာရီလိုဘူးလေ..ဒါပေမဲ့ လျှော့ဈေးချနေတာနဲ့ လက်ဆောင်ပေးချင်ပေးလို့ ရအောင်ဝယ်ထားလိုက်တာ...:P
အဲလိုလည်းတွက်တတ်ပါသေးတယ်....:)
(၄) စတုတ္မ္မ္ထကတော့အဆိုးဆုံးပဲ Show ပွဲသွားကြည့်တာ တစ်ခါမှမကြည့်ဖူးဘူး..မြန်မာပြည်မှာလည်းမကြည့်ဖူးပါ... မြန်မာပြည်မှာတော့ ၂သောင်း ၃သောင်းဆိုတော်တော်ကောင်းတဲ့နေရာမှာရတာပေါ့လေ... အဲလိုကုန်မဲ့ပိုက်ဆံ လိုတာသုံးမယ်ဆိုပြီး လုံးဝမကြည့်တတ်ဘူး။။ အခုလည်းဖြစ်ချင်တာဖြစ် ကြုံခဲတယ်လေ အဆိုတော်နှစ်ယောက်လုံးကို လမင်းကြိုက်တာနဲ့ ကဲမထူးဘူးဆိုပြီးသွားကြည့်လိုက်တယ်....EnRque Iglesias & Jennfer lopez အဲနှစ်ယောက်လုံးက အရမ်းတော်တယ်.. အရမ်းလည်းကြိုက်တယ်.. သူတို့မှာလည်း ဇာတ်လမ်းလေးတွေရှိတယ်..
ဒါလေးပြီးရင် နွေလတဂ်လေးရေးပေးပါမယ်....:)
Thursday, June 14, 2012
ကညင်းကုန်းကျေးရွာမီးစက်အလှူရေစက်ချပွဲ ..၁၅ .၆ ၂၀၁၂
မြန်မာ သက္ကရာဇ် ၁၃၇၄ ခုနှစ်၊ နယုန် လပြည့်ကျော် ၁၁ ရက်
၁၅. ၀၆. ၂၀၁၂ ( သောကြာနေ့ ) ယနေ့ မြန်မာစံတော်ချိန် နံနက် ၉း၀၀ နာရီအချိန်တွင် ဧရာဝတီတိုင်း ၊ ကျောင်းကုန်းမြိုနယ်၊ ၀က်ခြံဂယက်ကျေးရွာအုပ်စု၊ ကညင်ကုန်းကျေးရွာလေးအတွက် ၇ရက်သားသမီး စေ တနာရှင်အလှူရှင်များရဲ့ မီးစက်အလှူ နှင့် ပညာရေးဒါနအလှူလေး ကိုအောင်မြင်စွာ ရေစက်သွန်းချ လှူ ဒါန်းခဲ့ပါတယ်။ အလှူရေစက်ချပွဲတွင် ဦးဇင်းအရှင်ဝိမလ၀ံသနှင့် ရဟန်းသံဃာတော်များအား ဆွမ်း ကပ်လှူဒါန်းခြင်း၊ ကြွရောက်လာသော ကျေးရွာသူ/သားများနှင့် ဧည့်ပရိသတ်များအား မုန်းဟင်းခါးများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါတယ်ခင်ဗျာ။ စေတနာ့ရှင် အလှူရှင်များအနေနဲ့ ယခုလိုမိမိတို့ပြုလုပ် ရသောကောင်း မှုကုသိုလ် အစုစုတို့အတွက် သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြစေရန်အသိပေးတင်ပြလိုက် ပါတယ်ရှင်။
ပြည်တွင်းပြည်ပမှစေတနာရှင် အလှူရှင်များနှင့်တကွ အခြားသော (၇)ရက်သားသမီးအပေါင်းတို့အား ယခုပြု ရသော ကုသိုလ်အစုစုတို့  ကို အမျှပေးဝေပါတယ်..။ အားလုံး အမျှ၊ အမျှ၊ အမျှ ယူတော်မူကြပါကုန်သော်.. သာဓု..........သာဓု...........သာဓု
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျမတို့ရဲ့ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ ၀က်ခြံဂယက်ကျေးရွာအုပ်စု၊ ကညင်ကုန်းကျေး ရွာလေး အတွက်မီးပေးနိုင်ရန် မီးစက်အလှူ အလှူငွေကောက်ခံခြင်းကို ( ၁၁. ၀၄. ၂၀၁၂ ) ရက်နေ့တွင်စ တင်ခဲ့ပြီး ( ၁၁. ၀၅. ၂၀၁၂ ) ရက်နေ့တွင် အလှူခံငွေကောက်ခံခြင်းကို အောင်မြင်စွာဖြင့် ပိတ်သိမ်းခဲ့ပါတယ် …။ စေတနာရှင်များရဲ့ ထက်သန်တဲ့စေတနာသဒ္ဓါတရားကြောင့် တစ်လအတွင်းမှာပဲ လိုအပ်တဲ့မီးစက် အလှူအတွက်ကုန်ကျမယ့် အလှူငွေထက် ကျော်လွန်တဲ့အလှူငွေကို ကျမတို့လက်ခံရရှိခဲ့ပါတယ် …။ မီးစက်အတွက်လုံလောက်သွားပြီး ပိုလျှံလာတဲ့အလှူငွေများကို ထိုကျေးရွာလေးရဲ့လိုအပ်နေတဲ့နေ ရာလေးတွေမှာထပ်မံလှူဒါန်းဖို့ ကိုတိုင်ပင်ဆုံးဖြတ်ထားကြတဲ့အတိုင်း ကျေးရွာအခြေခံပညာမူလ တန်းကျောင်းလေးရဲ့လိုအပ်နေတဲ့ ကျောင်းသုံးစာအုပ်များနှင့် စာရေးစားပွဲထိုင်ခုံများကို ပညာရေးဒါနအ လှူလေးအဖြစ် ထပ်မံလှူဒါန်းပေးခဲ့ပါတယ်…။ အလှူရှင်များအနေနဲ့ မီးစက်အလှူအပြင် တခြားအ လှူလေး တစ်ခုပါအပို အဆစ်တိုးလာတာမို့ ကုသိုလ်တွေလည်းတိုးလာသလို ပိုပြီးလည်းဝမ်းသာကြည်နှုး ပီတိ ဖြစ်ကြရမှာပါရှင်..။
အခုလို အလှူလေးအထမြောက်သွားအောင် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် အဖက်ဖက်မှ ပံ့ပိုးကူညီ လှူဒါန်းပေးကြတဲ့ အိန္ဒိယနိုင်ငံ နာလန္ဒာတက္ကသိုလ်မှ အလှူရှင်များဖြစ်ကြသော အရှင်ဝိမလ၀ံသ ( ၀ိရဓမ္မ )၊ အရှင်သုဇာတ၊ အရှင်ဇနက ( မော်လူး )၊ အရှင်သာသန (နတ်မောက်)၊ နေရပ်ဖော်ပြမထားသော ဒေါက်တာ အရှင်သုဇယဥာဏ နှင့် အိန္ဒိယနိုင်ငံ နယူးဒေလီမှ ဒေါ်ခင်မာတင် တို့အား၎င်း။
မြန်မာပြည်မှ စေတနာ့ရှင်အလှူရှင်များဖြစ်ကြသော အရှင်ကောဝိဒ(စစ်ကိုင်းတောင်ရိုးဆွမ်းလောင်း)၊ မလွမ်း (အလွမ်းမြို့)၊ လမင်း(ချစ်စံအိမ်)၊ မတူးတူးမာ(မုံရွာ)၊ မခိုင်စုလှိုင်(ရန်ကုန်)၊ ဦးစောလွင် + ဒေါ်ကြည်စိန်(ပဲခူး တိုင်း- ဖဒို)၊ မခိုင်နှင်းအေး(ရန်ကုန်)၊ မောင်ဝင်းထွဋ်ဦး + မခိုင်ဇာအောင်(ရွှေတောင်မြို့)၊ ကိုဖိုးဇင် + မခင်ဝင်း ၊ ကိုဘိုဘို + မစုစု၊ ထိုက်ထိုက် + ဒိုက်ဒိုက်(မုံရွာ)၊ ဦးကျော်ငြိမ်း + ဒေါ်ရဲမေကြည်(ရန်ကုန်)၊ မစိုးစိုးငြိမ်း(ရန်ကုန်)၊ ကိုအောင်ကြီး + မသန္တာ (သား)မောင်အောင်ကိုကိုဦး၊ (သမီး)မမေမြတ်နိုးအောင် မိသားတစ်စု(ရန်ကုန်)နှင့် မမီမီထွန်း (ရှမ်းပြည်တောင်ပိုင်း မိုးနဲမြို့)တို့အား ၎င်း။ ၁၅
အင်္ဂလန်နိုင်ငံမှ စေတနာ့ရှင်အလှူရှင်များဖြစ်ကြသော မိခင်ကြီးဒေါ်သန်းသန်းကိုအမှူးထား၍ (သမီး)ရဟန်း မယ်တော် ဒေါ်မော်လီစိုး နှင့်(သားများ) မိုးမိုးဇော်စိုး၊ ကျော်ကျော်စိုး၊ သော်သော်စိုး၊ (ညီမ) ဒေါ်သန်းသန်းနု၊ (မောင်) ဦးလှအောင် မိသားတစု တို့အား၎င်း၊ ဒေါ်မီမီညွှန့် ၊ ဒေါက်တာဦးမျိုးညွန့် + ဒေါက်တာဒေါ်ခင်မာမာ သားသမီး မြေးတစ်စုနှင့် ဒေါက်တာမာလာအေး တို့အား၎င်း။ ၎
မလေးရှားနိုင်ငံမှ စေတန့ာရှင်အလှူရှင်များဖြစ်ကြသော မောင်နေလင်းစိုး၊ မောင်ဇာလင်းဟန် + မမျိုးမျိုး၊ လွင်ပြင် + jasmine (စံပယ်ချို)၊ ဦးညီဖြူ + ဒေါ်မြဝေ မိသားစု၊ ဦးအောင်ခင်ဇံ + ဒေါက်တာဒေါ်သန္တာအောင် (သမီး)မအေးခိုင်ဇံ၊ ဦးစံရီ + ဒေါ်သန်းသန်းအေး မိသားစု၊ ဦးလှမြင့် + ဒ်ါစန်းစန်း မိသားစု၊ ဦးမျိုးဝင်းတင် + ဒေါ်ငြိမ်းငြိမ်းဝေ မိသားစု၊ မောင်စိုင်းလေး၊ ရာဇာထွေး(blogမှတ်စု) နှင့်အလှူခံပိတ်ပြီးတဲ့အချိန်မှာနောက် ဆုံးလာရောက်လှူဒါန်းသွားကြတဲ့ ဦးညီညီအောင်နှင့် ဇနီး၊ ကိုလှိုင်နှင့် ဇနီး၊ ကိုထွန်းဇော်၊ ကိုသစ်ဆန်း၊ ကိုကျော်ကြီး၊ ကိုဇော်ထိုက်၊ မောင်ကျော်နှင့် မနန်းမြတ်ထားခိုင် တို့ အား၎င်း။ ၁၈
ဒိန်းမတ်နိုင်ငံမှ စေတနာ့ရှင်အလှူရှင်များဖြစ်ကြသော ကိုဂျွန်သိန်းမြင့်ဒင်၊ စောဘာတိုးဂေ၊ ကိုလင်းလင်းထွန်း ၊ ကိုဝင်းတင်(ကိုပြောင်ကြီး)နှင့် ကိုအောင်ကျော်ဦး + မသီတာဦး (သား)မောင်ဇေဦး၊ သမီးကြီး - ရွှန်းရွှန်း နှင့် သမီးငယ်- နှင်းနှင်း မိသားတစ်စု တို့အား ၎င်း။ ၅
စင်္ကာပူနိုင်ငံမှ စေတနာ့ရှင်အလှူရှင်များဖြစ်ကြသော မင်းမင်း ၊ စောလင်းဦးခိုင်၊ ခင်သူဇာစိုး၊ မို့မို့မြင့်အောင်၊ ထက်လက်ဝင်း၊ ခွန်အောင်သူရစိုး၊ နော်ကွဲစော၊ မဆွေထူးမား၊ ကို ရင်မြင့်ထွဋ်၊ ကိုထွန်းမြတ်မိုး + မခင်ညိုနု (သား)အောင်ကောင်းကောင်း မိသားစု၊ မတင်ဇာကျော်၊ ဦးခင်မောင်ဝင်း + ဒေါ်ဌေး ၊ မောင်အောင်ကိုသန့် + မနှင်းအိခိုင် ၊ ကိုမျိုးအောင်စန်း + မကျော့ကျော့ခိုင်(သမီး)စောရဒီယာ မိသားစု၊ မသူသူလှိုင်၊ မငြိမ်းငြိမ်းအိ၊ မရင်ရင်စန်း၊ အန်တီတင့်(အန်တီတင့်၏အမှတ်တရလေးများ)၊ PPL နှင့် Jalan Papan , Avery Lodge မှ အမည်နာမ ကဗျည်းမထိုးသောစေတနာရှင်မြန်မာနိုင်ငံသားများအား ၎င်း။ ၁၉
စုပေါင်းအလှူငွေများကို နှိုးဆော်ကောက်ခံပေးပြီး အလှူအတွက်တစ်ဖက်တစ်လမ်းမှ ၀ိုင်းဝန်းပံ့ပိုးကူညီပေး ကြသောစင်္ကာပူမှ အကိုဌေးနိုင်ဝင်း၊ မလေးရှားမှ အမခင်သန်းရီနှင့် မဇူလိုင်မိုး တို့အား၎င်း၊ ကညင်ကုန်းကျေး ရွာလေးမီးလင်းစေရန် မီးစက်အလှူအတွက်စတင် သန္ဓေတည်ဦးဆောင်ပေးခဲ့သော ဦးဇင်း အရှင်ဝိမလ၀ံသ (၀ိရဓမ္မ)၊ ဒီအလှူလေးအတွက်အဖက်ဖက်မှ လစ်ဟင်းမှုမရှိရလေအောင် ထောင့်ပေါင်းစုံကနေပြီး မမောနိုင်၊ မပမ်းနိုင် စိတ်အားထက်သန်စွာဖြင့် အစီစဉ်တကျ စီစဉ်လုပ်ဆောင်ပေးခဲ့တဲ့ အမလွမ်း (အလွမ်းမြို့လေး)၊ အ လှူလေးနဲ့ပတ်သက်၍ စိတ်တူကိုယ်တူဝိုင်းဝန်းကူညီလုပ်ကိုင်ပေးသော ညီမလေး လမင်း(ချစ်စံအိမ်)၊ မအား လပ်တဲ့ အလုပ်တာဝန်တွေကြားထဲမှ အလှူငွေများကိုတာဝန်ယူကောက်ခံပေးကြသော စင်္ကာပူမှတာဝန်ခံ များဖြစ်တဲ့ မနန်းထွေးစန္ဒာ၊ ကိုဇော်ဇော်၊ မြန်မာပြည်မှတာဝန်ခံများဖြစ်ကြသော ဦးဇင်း အရှင်သီရိန္ဒ(တာမွေ) ၊ အမကြီး မကြင်စန်း(သင်္ဃန်းကျွန်း)နှင့် အမ မတူးတူးမာ(မုံရွာ)တို့အား ကညင်ကုန်းကျေးရွာသူ/သားများ ကိုယ် စားအထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ စေတနာရှင်အလှူရှင်များရဲ့ စေတနာ၊ မေတ္တာ၊ ဂရုဏာတွေကို ကျွန်တော်တို့ အလှူဖြစ်မြောက်ရေးအဖွဲ့မှလည်း အမြဲတမ်းကျေးဇူးတင်အမှတ်တရ ရှိနေမှာဖြစ်ကြောင်း ရိုသေလေးစားစွာဖြင့် မှတ်တမ်းတင် ပြောကြားလိုပါတယ် ခင်ဗျာ။
နောက်ထပ်ကျေးဇူးတင်စကားပြောချင်တာကတော့ ကညင်ကုန်းကျေးရွာ မီးစက်အလှူလေးနဲ့ ပတ်သက်တဲ့ ကျွန်တော် တို့ရဲ့ အလှူခံပို့စ်လေးများကို အများသူငါ ဖတ်ရှု့လှူဒါန်းနိုင်စေရန် လက်ဆင့်ကမ်းဖြန့်ဝေပေး ကြသော အိမ်လွမ်းသူ ၊ အပြုံးပန်းဈေး၊ mm-flashsongs နှင့် တေးသီဌက် ဆိုက်တို့မှ တာဝန်ခံ Admin များအားလုံးကိုလည်း ကျွန်တော်တို့ အလှူဖြစ်မြောက်ရေးအဖွဲ့မှ ကျေးဇူးအထူးပင်တင်ရှိပါကြောင်း ရိုသေလေးစားစွာ ဖြင့်ပြောကြား လိုပါတယ် ခင်ဗျာ။
စေတနာရှင် အလှူရှင်များရဲ့ကောင်းမှု တို့ကြောင့်ကညင်ကုန်းကျေးရွာလေးလည်း မီးရရှိခဲ့ပါပြီ…။ ပိုလျှုံလာ တဲ့အလှူငွေလေးတွေနဲ့လည်း ကညင်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းလေး အတွက်လိုအပ်နေ တဲ့ကျောင်းသုံးဗလာစာအုပ်နှင့် ကလေးငယ်များအတွက်စာရေး စားပွဲထိုင်ခုံများကိုလည်း ပညာရေးဒါန အလှူလေးတစ်ခုအဖြစ် ထပ်မံပြီးလှူဒါန်းနိုင်ခဲ့ပါပြီ ခင်ဗျာ…။ ဒါကြောင့်ကျွန်တော်တို့အားလုံးရဲ့ ကညင် ကုန်းကျေးရွာမီးစက် အလှူပွဲလေး နှင့် ပညာရေးဒါန အလှူပွဲလေးဟာလည်းအထမြောက် အောင်မြင်ပြီးဆုံး သွား ပြီဖြစ်ပါကြောင်း သဒ္ဓါကြည်လင် စေတနာရှင် အလှူရှင် (ဂရုဏာလက်ပိုင်ရှင်) အပေါင်းတို့အား မိမိတို့အလှူဒါနအတွက် ၀မ်းမြောက်ဝမ်းသာစွာဖြင့် သာဓုအနုမောဒနာခေါ်ဆိုနိုင်စေရန် လေးစားစွာဖြင့်အ သိပေးနှိုးဆော် အကြောင်း ကြား အပ်ပါသည်ခင်ဗျာ…။
အလှူရှင်များအားလုံး အောက်ပါ မီးလှူရကျိုး ရှစ်ပါး နဲ့ ပြီးပြည့်စုံနိုင် ကြပါစေခင်ဗျာ…
မီးလှူရကျိုးရှစ်ပါး
၁။ လုံခြုံစွာကြီးပွားချမ်းသာခြင်း။
၂။ အမျိုးမြတ်ခြင်း။
၃။ ဥာဏ်ပညာကြီးမားခြင်း။
၎။ အင်္ဂါကြီးငယ်တို့နှင့်ပြည့်စုံခြင်း။
၅။ အဆင်းလှခြင်း။
၆။ ကိုယ်ရောင်ကိုယ်ဝါတောက်ပခြင်း။
၇။ ဘုန်းတန်ခိုးကြီးခြင်း။
၈။ ဘေးအန္တရာယ်ကင်းခြင်း။
ဆောင်။ ။ လုံခြုံစွာ့၊ ကြီးရတဲ့ချမ်းသာ၊ မျိုးမြတ် ဥာဏ်ကြွယ်နှင့်။ အင်ကြီးငယ်ပြည့်စုံရ။ ဆင်းလှရောင်ဝါ၊
ဘုန်းတေဇာ၊ ကြီးစွာပတန်ခိုး၊ ရန်ဘယာ၊ ဘေးကာဆီးတယ်၊ မီး၏အကျိုး။
စေတနာရှင် အလှူရှင်များ နှင့် ညီအကို မောင်နှမတွေအားလုံး ဘ၀အမောတွေပြေကြပါစေခင်ဗျာ..
ရာဇာထွေး
မှတ်ချက်။ ။ အလှူအတွက်ကောက်ခံရရှိငွေများစာရင်း၊ အလှူအတွက်အထွေထွေကုန်ကျငွေအသုံးစာရင်း
များနှင့် အလှူမှတ်တမ်းများကိုမြန်မာပြည်သို့ရောက်နေတဲ့ ဦးဇင်းအရှင်ဝိမလ၀ံသ ထံမှရရှိတဲ့အခါ ကျမတို့ တင်ပြပေးပါမယ်...။ ယခုဦးဇင်းရောက်နေတဲ့ နေရာမှာ အင်တာနက်အသုံးပြုရတာ အဆင် မပြေခြင်း၊ ဖုန်းခေါ်ဆိုဆက်သွယ်ရာတွင် အခက်အခဲရှိနေခြင်းကြောင့် အခုချိန်မှာ တခါထဲ မတင်ပြနိုင်တာမို့ အလှူများအနေနဲ့ ကျွန်တော်တို့ကိုနားလည်ခွင့် လွတ်ပေးပါရန် မေတ္တာရပ်ခံပါတယ် ခင်ဗျာ။
ကိုရာဇာထွေးပိုစ့်လေးကိုပဲလမင်းနည်းနည်းပြင်ပြီ တင်လိုက်ပါတယ် လက်ကနာ ခါးကကြာကြာထိုင်လို့မရတာနှစ်ခုပေါင်းပြီး
လမင်းမရေးနိုင်တာမို့ အဆင်မပြေများဖြစ်ခဲ့ရင်းလမင်းတာဝန်သာဖြစ်ပါတယ်ရှင်..ဝေဒနာခံစားနေရပေမဲ့ အလှူလေးအတွက်
ကြည်နူးပီတိဖြစ်မိတာတော့အမှန်ပါပဲရှင်...
အလှူမှတ်တမ်းများကို ဦးဇင်းနဲ့ ဆက်သွယ်လို့ ရပါက တင်ပေးပါအုံးမယ်။။ ယခု ပြုရကုသိုလ်အပေါင်းတို့ အား အမျှ ပေးဝေပါ၏ အမျှရ၍ သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေရှင်...
Friday, June 1, 2012
မြန်မာပြည်အလွမ်းပြေလေးပါ...
အရမ်းကြည့်လို့ ကောင်းလို့ တင်ပေးလိုက်ပါတယ် ..ဒေါင်းထားတာတော့ကြာနေပါပြီ အခုရက် စာမရေးချင်တာနဲ့ ကွန်ပျုတာထဲရှာတွေ့ တာနဲ့ မျှဝေပေးလိုက်ပါတယ်။။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ...
Tuesday, May 8, 2012
ကညင်ကုန်းကျေးရွာ မီးစက်အလှူခံ အောင်မြင်စွာပိတ်သိမ်းခြင်း
ဦးဇင်း အရှင်ဝိမလ၀ံသ မှဦးဆောင်၍ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ ၀က်ခြံဂယက်ကျေးရွာအုပ်စု၊
ကညင်ကုန်းကျေး ရွာလေး အတွက်မီးပေးနိုင်ရန် မီးစက်အလှူကို ( ၁၁. ၀၄. ၂၀၁၂ ) ရက်နေ့တွင်
စတင် ပြီးအလှူငွေများ ကောက်ခံ ခဲ့ပါတယ် ရှင် ။ အလှူရှင်များရဲ့ ထက်သန်တဲ့ စေတနာသဒ္ဓါ
တရားကြောင့် လိုအပ်နေတဲ့မီးစက်အတွက် အလှူငွေများ ကိုအချိန်တိုအတွင်းမှာပဲလက်ခံရ ရှိ ခဲ့ပါတယ်။
 မီးစက်အလှူအတွက် ကုန်ကျမယ့်အလှူငွေ လမင်းတို့ ယခင် ခန့်မှန်း 
ထား တာ ထက် ပိုပြီးကောက်ခံရရှိခဲ့တဲ့ အတွက် အင်မတန်မှ ကိုဝမ်းသာပီတိလည်းဖြစ် မိပါတယ်ရှင်။
လမင်းတို့ အနေနဲ့ ဒီမီးစက်အလှူကို မေလကုန်ပိုင်းမှာ အပြီးသွားရောက်လှူဒါန်းရေ စက်ချမယ်လို့ ယ ခင် ကစီစဉ်ထား ခဲ့ပါတယ်။
 ဒါပေမယ့် ဒီကညင်ကုန်းကျေးရွာ မီးစက် အလှူကို စတင်ပြီးဦးဆောင်ပေးတဲ့ ဦးဇင်း အရှင်ဝိမလ၀ံသ
မှာစာမေးပွဲကြောင့် မေလထဲမှာ မြန်မာနိုင်ငံကိုပြန်လို့မ 
ရတာမို့ အလှူအတွက် အချိန်အနည်းငယ် နောက်သို့ ရွေ့လိုက်ရပါတယ် ရှင်…။ ဦးဇင်း အရှင်ဝိမလ၀ံသ 
လက်ရှိဖြေဆိုနေသော Ph.D ဝင်ခွင့် ရေးဖြေစာမေးပွဲဟာ ပြီးဆုံးသွားပြီ ဖြစ်ပေမယ့် နောက်ထပ် နှုတ်မေး
နှုတ်ဖြေ စာမေးပွဲကတော့ဇွန်လ ၈ရက်နေ့မှသာပြီး မှာဖြစ်ပါတယ် ။ ဒါကြောင့် ဦးဇင်း အနေနဲ့စာ 
မေး ပွဲအပြီး ဇွန်လ ၁၁ ရက်နေ့မှာ မြန် မာ နိုင်ငံသို့ အ ရောက်ပြန်ကြွမှာ ဖြစ်ပြီး မီးစက်အလှူအတွက် ဇွန်လ 
၁၅ ရက်နေ့တွင်ရေစက်ချလှူဒါန်းပေးမှာ ဖြစ် ကြောင်းပါတယ်…။ မီးစက်အလှူအတွက်ပြီးမြောက်၍ ပိုလျှုံ 
လာသောအလှူ ငွေများကိုလည်း ထိုကျေးရွာ လေး မှာပင် ထပ်မံပြီး အလှူအတန်းတခုခု ကိုပြန်လည်ပြု 
လုပ်ပေးမှာ ဖြစ်ကြောင်းလည်း အလှူရှင်များကို ကြို တင်အ သိပေးအကြောင်းကြားအပ်ပါတယ် ရှင်။ 
ကညင်ကုန်းကျေးရွာမီးစက်အလှူအ တွက် အလှူ ငွေကောက်ခံခြင်းကို ( ၁၁. ၀၅. ၂၀၁၂ ) 
ရက်နေ့တွင်ပိတ်သိမ်းမှာဖြစ်ကြောင်း စေတနာရှင် အလှူရှင် များနှင့် တကွ မိတ်ဆွေသူ 
ငယ်ချင်းအားလုံးကိုအသိပေးအကြောင်းကြားအပ်ပါတယ်ရှင်။
ယခု ပြုလုပ်သောကညင်ကုန်းကျေးရွာ မီးစက်အလှူလေးအတွက် အဖက်ဖက်မှ စေတနာသဒ္ဓါတရားထက်
သန် စွာဖြင့် ၀ိုင်းဝန်းလှူဒါန်းပေးကြသော အလှူရှင်များကို ကညင်ကုန်းကျေးရွာသူ/ သားများကိုယ်စာ့း အလှူ ဖြစ်မြောက်ရေးအဖွဲ့မှ ညီအကိုမောင်နှမများက အထူးပင်ကျေးဇူးတင်ရှိပါကြောင်း နှင့် လက်ခံရရှိထားတဲ့ အလှူငွေစာရင်းများ အလှူအတွက်ကုန်ကျငွေစာရင်းများကိုလည်းအလှူပြီတာနဲ့
လမင်းတို့အသိပေးတင်ပြပေးပါမယ်ရှင်။။
လက် ရှိ ကောက်ခံရရှိထားတဲ့ငွေပမာဏမှာ အောက်ပါအတိုင်းဖြစ်ပါတယ်ရှင်…။
၁။ မြန်မာကျပ်ငွေ           ၂.၀၈၃.၀၀၀ိ/  ( ကျပ် )
၂။
စင်္ကာပူဒေါ်လာ                ၁၄၉၈  ( ဒေါ်လာ )
၃။ အမေရိကန်ဒေါ်လာ            ၂၀၀  ( ဒေါ်လာ )
၎။
မလေးရှားရင်းဂစ်              ၁၅၈၀  ( ရင်းဂစ် )
၅။
ဒိန်းမတ်ခရိုနာ                   ၂၇၀၀   ( ခရိုနာ )
၆။
အင်္ဂလန် ပေါင်                   ၂၀၀     ( ပေါင် )
၇။
အိန္ဒိယ ရူပီး                     ၁၀၀၀     ( ရူပီး )
အလှူရှင်အမည် နှင့် စာရင်းများကြည့်ရန်
  လက်တလော ကောက်ခံရရှိထားပါတယ်.။ အသေးစိပ် စာရင်းများကိုတော့ မ
ကြာမီ အချိန်အတွင်းမှာလမင်းတို့ တင်ပြပေးမှာ ဖြစ်ကြောင်း ပြောကြားရင်း နဲ့ ကညင်ကုန်းကျေးရွာ မီး
စက် အလှူအတွက် အလှူငွေ ကောက်ခံခြင်းကို ( ၁၁. ၀၅. ၂၀၁၂ )) ရက်မှာ အောင်မြင်စွာဖြင့် ပိတ်သိမ်း
မှာဖြစ်ကြောင်း ထပ်မံ အသိပေး ကြေငြာ အပ်ပါသည်။
၁။ ဦးဇင်း အရှင်ဝိမလ၀ံသ    ( ၀ိရဓမ္မ )
၂။ မလွမ်း           ( အလွမ်းမြို့လေး )
၃။ လမင်း           ( ချစ်စံအိမ် )
၎။ ရာဇာထွေး      ( blog မှတ်စု )
စေတနာရှင် အလှူရှင်များ နှင့် သူငယ်ချင်း ညီအကိုမောင်နှမတွေ အားလုံး
ဘ၀အမောတွေပြေကြပြီ ကျန်းမာပျော်ရွှင်နိုင်ကြပါစေရှင်............
Friday, May 4, 2012
ကဆုန်လပြည့်နှင့် Happy birthDay!!!!!
မင်္ဂလာပါရှင်.. ဒီနေ့ကလမင်းတို့ ဗုဒ္ဓဘာသာတွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်သလို လမင်းချစ်သူမွေးနေ့လည်းဖြစ်တာကြောင့် ကုသိုလ်ယူရင် မွေးနေ့ဆုတောင်းပိုစ့်လေးရေးဖြစ်ပါတယ်။။။ မနက်စောစောအိပ်ယာထပြီ ဆွမ်းကပ် မေတ္တာပွား ချစ်သူအတွက်ဆုတောင်းမြတ်ဗုဒ္ဓရဲ့ ကောင်းခြင်းများစွာအာရုံပြုရင် ဖြတ်သန်းခဲ့ပါတယ်။။။
ဆွမ်းကပ်ကုသိုလ်ယူထားတာပါ ကုသိုလ်အစုစုတို့ကို အမျှပေးပါတယ် ယူတော်မူကြပါ ..သာဓု သာဓု သာဓု ပါ။။
မနက်စောစောဆိုတော့မီးဖွင့်ရိုက်ထားတာ အလင်းနည်းနေတယ်..
လမင်းအိမ်ကဘုရာစင်ပါ အဝေးကရိုက်လိုက်တာ.. :)
ကုသိုလ်ယူအပြီမှာတော့ ............. ချစ်သူအတွက်မွေးနေ့ဆုတောင်းပေးပါမယ်။။။
 ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ ချစ်သူရေ....... ကဆုန်လပြည့်နေ့မှာမွေးပေးတဲ့ ချစ်သူ ဖေဖေ နဲ့မေမေကို အရင်ဆုံး ကန်တော့လိုက်နော်..
 နေ့ထူးနေ့မြတ်မှာမွေးတဲ့ချစ်သူဟာလည်း ကုသိုလ်ကောင်းမှုတွေများများလုပ်ပါ.. တိုင်းပြည်နဲ့လူမျိုး သာသနာ အကျိုးဆထက်တိုးပြီ သယ်ပိုးနိုင်ပြီ မိဘမွေးရာကျိုးနပ်တဲ့သားကောင်းတရာနာလေးဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။။။။
 ပျော်ရွှင်သောမွေးနေ့ကို စိတ်ချမ်းသာကိုယ်ကျန်းမာလိုရာပြည့်ပြီ ဘ၀မှာဆင်းရဲခြင်းကင်းဝေပြီ သောကဆိုတာမကြားရလေအောင် ဘ၀ကိုအောင်မြင်စွာလျှောက်လှမ်းနိုင်ပါစေ...
 ယောဆရာတော်ကြီးရဲ့မွေးနေ့သံဝေဂ ကဗျာလေး လက်ဆောင်ပေးလိုက်ပါတယ်။။
 တစ်နှစ်တခါ မွေးနေ့ပါ လူမှာခေါ်ရိုးရှိ
 တကယ်ပြောင်းတာရုပ်နာမ်ပါ
ခန္ဓာမမြဲသိ ရုပ်နာမ်ဓမ္မ မမြဲကြ ခဏခဏပြောင်းနေ၏
 သေမင်းမှတ်တိုင် နောက်တစ်တိုင်ရင်ဆိုင်ရောက်လာ၏။။
 မွေးနေ့ဆိုတာအိုပွဲပါ သေချာဥာဏ်နဲ့ကြည့်။
အသက်သိက္ခာ ကြီးစရာလူမှာနှစ်မျိုးရှိ
အသက်ကြီးရုံ အားမစုံ အကုန်ကြောက်ရ၏။။
အသိမကြွယ် အကျင့်ကွယ် အိုပယ်ဖြစ်သွား၏။။
 အကျင့်သိက္ခာ ကြီးမှာသာ မှန်စွာစိတ်အေး၏။။
 ကြီးလေလှလေ အေးမြပေ လူတွေချစ်ကြ၏။။
မွေးနေ့ကိတ်ပြီတော့ လမင်းကိုယ်တိုင်ချက်ထားတဲ့အစားများနဲ့ဘလော့မောင်နှမတွေကို ဧည့်ခံကျွေးမွေးပါမယ်။။:P
ကြာဇံကြော်ကြိုက်သူတွေအတွက်ပါ အ၀စားပါ အိမ်အတွက်ပါယူသွားပါ..:P
ထမင်းကြော် ကြိုက်တာစားပါ။။။
ပလာတာနဲ့အာလူးကြက်သားပါ ချက်နည်းတော့နောက်မှတင်ပေးတော့မယ်...:D
ထမင်းပဲစားချင်သူများအတွက် ပုစွန်ငါးပိချက်လေးပါ...:)
အချိုပွဲအနေနဲ့ StawBerry MilkShake. လေးသုံးဆောင်သွားကြပါအုံး တစ်ယောက်ထဲလုပ်တစ်ယောက်ထဲစားပြီ တစ်ယောက်ထဲ ၀ိတ်တက်တော့မယ်:D
ပျော်ရွှင်သောမွေးနေ့ကိုကောင်းမှုကုသိုလ်များနဲ့ဖြတ်သန်းနိုင်ပါစေ... ချစ်သူ...........
ကဆုန်လပြည့်အကြောင်းလေးပါ ဦးဇင်းဝီရဓမ္မ ဘလော့မှာကူးယူဖော်ပြလိုက်ပါတယ်။။။
 ကဆုန်လ။ ။ ကဆုန်ဟု ယခုအရေးအခေါ် ပြုနေသောလ၏ အမည်ကို ပုဂံခေတ်ထိုး ကျောက်စာတို့တွင် ကုဆုန်ဟု အရေးများသည်။ ပုဂံခေတ်၌ အသုံးတွင်ကျယ်သော ကုဆုန်၊ ကဆုန်ဟူသော အရေးနှစ်မျိုးတွင် ကုဆုန်သည်မူလဖြစ်၍ ယင်းမှ ကဆုန်သို့ ရွေ့လျောသည်ဟု ယူဆရပေသည်။ ကု၊ က၏အနက်သည် ရေဖြစ်၍၊ ဆုန်၏ အနက်မှာ သွန်းလောင်းသည်ဟု ဖြစ်သောကြောင့် ကဆုန်လကို ရေသွန်းလ၊ ရေလောင်းလဟုကောက်ယူရသည်။ ကုဆုန်၊ ကဆုန်ဟူသော လ၏အခေါ်မှာ အလွန်ရှေးကျ သည်ကိုထောက်သော် မြန်မာနိုင်ငံသို့ သာသနာရောက်သည့် အခါမှစ၍ ညောင်ရေသွန်းပွဲတော် ကျင်းပခြင်း အလေ့လည်းတစ်ပြိုင်တည်း ဖြစ်ပေါ်လာသည်ဟု ထင်မှတ်ရလေသည်။
တန်ခူး၊ ကဆုန်စသော ဆယ်နှစ်လတို့တွင် ကဆုန်၊ ဝါဆို၊ ဝါခေါင်၊ သီးတင်းကျွတ်၊တန်ဆောင်မုန်း၊ နတ်တော် ဟူ၍ ခြောက်မျိုးသော အခေါ်တို့မှာ သာသနာရေးကိုးကွယ် ယုံကြည်ရေးနှင့်သက်ဆိုင်လေသည်။ ဤကဆုန်လ ရာသီတွင် နေအရှိန်အပြင်းထန်ဆုံး ဖြစ်သောကြောင့် ရေများပင်ခန်းခြောက်လေ့ရှိရကား၊ မြတ်စွာဘုရား ပွင့်တော်မူရာ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းခြင်းများ ပြုခဲ့ကြသဖြင့် လပြည့်နေ့၌ ကျင်းပသောပွဲတော် အခါကြီးကို ကဆုန် ညောင်ရေသွန်းပွဲတော်ဟုလည်း ခေါ်စမှတ်ပြုခဲ့ကြသည်။ ထိုမျှမက ခန်းခြောက်သော အင်းအိုင် ၊ ရေကန်တို့မှ ငါးများကိုပင် ရေများရာဒေသသို့ ရွှေ့ပြောင်းပေးခြင်းအားဖြင့်လည်း ဇီဝိတဒါန ငါးလွှတ်ပွဲများကို ယခုထက်တိုင် ပြုလုပ်လျက်ရှိကြသည်။ ကဆုန်လသည် မြန်မာ့တစ်ဆယ့်နှစ်လတွင် ဒုတိယလဖြစ်၍ ပြိဿရာသီနှင့်တူညီသည်။ မိုးဦးကျခါနီး ဖြစ်သည့် အလျောက်မိုးသံလေသံများ စတင်ကြားရလေသည်။ ကဆုန်လပြည့်။ ။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓသာသနာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပေသည်။ ထိုနေ့၏ ထူးခြားချက်များကား
 ၁။ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတဗျာဓိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခြင်း။
၂။မဟာသက္ကရာဇ် (၆၈) ကဆုန်လပြည့်နေ့တွင် ဂေါတမြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခြင်း။
 ၃။ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမမြတ်စွာဘုရားအလောင်းတော် သည် သဗ္ဗညုတဥာဏ်တော်ကို ရရှိတော်မူခြင်း။
 ၄။မဟာသက္ကရာဇ် (၁၄၈)ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ဖြစ်သည်။ ထိုကဲ့သို့မြတ်စွာဘုရားရှင်၏ အဖြစ်တော်စဉ်တွင် ထူးခြားမှတ်သားထိုက်သော ဤကဆုန်လပြည့်နေ့အား ဘုရားနေ့(ဗုဒ္ဓနေ့) ဟု ဗုဒ္ဓသာသနာဝင် အပေါင်းတို့က အထွက်အမြတ် ထားကြလျက် မြတ်စွာဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရတော်မူရန် အားထုတ်ရာတွင် အမှီပြုတော်မူသော ဗောဓိပင် အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုကြကုန်သည်။
 ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့သော ဗောဓိပင်ကိုလန်းဆန်းစိုပြည်စေရန်အတွက် ဖြစ်ပေသည်။ ထိုအလေ့အထသည် ဗုဒ္ဓသာသနာဝင်တို့တွင် ပျောက်ကွယ်ခြင်းမရှိဘဲ ယခုထက်တိုင် နှစ်စဉ်အမြဲ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းလောင်းပွဲများပြုလုပ်လျက် ရှိကြလေသည်ဟု (ဗုဒ္ဓနေ့ အမှတ်တရ) အဖြစ် ဓမ္မဒါနပြုလိုက်ရပါသည်။
 ကိုးကား။ ။ မြန်မာ့စွယ်စုံကျမ်း။ စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများပြည့်ဝကြပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
Sunday, April 22, 2012
ကညင်ကုန်ကျေးရွာ မီးစက်အလှူအတွက် ခန့်မှန်းကုန်ကျငွေစာရင်း
သဒ္ဓါကြည်လင် စေတနာရှင် အလှူရှင်အပေါင်းတို့ရှင်.. ဦးဇင်းအရှင်ဝိမလ၀ံသမှ ဦးဆောင်၍ ဧရာဝတီတိုင်း  ကျောင်းကုန်းမြို့နယ်၊ ၀က်ခြံဂယက်ကျေးရွာအုပ်စု၊ ကညင်ကုန်းကျေးရွာလေး အတွက် မီးပေးနိုင်ရန်  မီးစက်အလှူကို ( ၁၁. ၀၄. ၂၀၁၂ ) ရက်နေ့တွင်စတင်ခဲ့ပါတယ်…။ ယခု  မီးစက်အလှူအတွက် ကုန်ကျမယ့် အထွေထွေစာရင်းကို တွက်ချက်ကြည့်ရာတွင် ခန့်မှန်းခြေ ကျပ်သိန်း (၃၀) လောက်ကုန်ကျမှာ ဖြစ်ကြောင်းခန့်မှန်းတွက် ချက်ထားပါတယ် အသုံးပြုမယ့်မီးစက် အမျိုးအစားကတော့  တရုတ်နီစက် အမျိုးအစားဖြစ်ပါတယ်….။ ( မြင်းကောင်ရေ 4 အားနဲ့ 15000 W (15 KW )  မီးအားထုတ်ပေးနိုင်မဲ့   ဒိုင်နမို  အပါအ၀င် မီးစက်တစုံစာအတွက် ) ယနေ့ ရန်ကုန် ပေါက်ဈေး ကျပ် (၁၄ )သိန်း ဖြစ်ပါတယ် ရှင်။ 
လိုအပ်သော မီးချောင်းများ၊ မီးကြိုးများ၊ မီးစက်ထားရန် အမိုးအကာပါသော  မီးစက်အိမ်လေးနှင့် သယ်ယူ ပို့ဆောင်စရိတ် တွေအတွက်ကို ခန့်မှန်းတွက်ချက်ကြည့်ရာတွင်  မီးစက်အပါအဝင်  ကျပ်သိန်း (၃၀) လောက် ကုန်ကျမယ်လို့ တွက်ချက်ထားကြောင်းပါ ရှင်.။ ယခုအသုံးပြုရမယ့် စက်အကြောင်းလေး နည်းနည်း ပြောပြပါမယ်ရှင်…။
ဒီတရုတ်နီစက်ဟာဆိုရင် ဒိုင်နမိုနဲ့  တွဲဖက်အသုံးပြုရပြီး၊ စက်ကိုလက် (စက်ဂေါက် ) နဲ့ လှည့်နှိုးရတဲ့ စက်အမျိုးအစားပါ...။ အသုံးပြုရာတွင် အနည်းငယ်  အသံဆူပါတယ်..။  စက်မောင်းနေတဲ့ အချိန် အင်ဂျင်အပူသက်သာစေရန် ရေတိုင်ကီမှရေကို အမြဲတမ်းလဲပေးနေရပါတယ် ရှင်..။ အခုမီးပေးမဲ့  အိမ်ခြေကို (၁၂၀) လို့ခန့်မှန်းထားပါတယ်..။ တအိမ်ကို မီးနှစ်ပွင့် မီးချောင် ၂ ချောင်းနဲ့ တွက်မယ် ဆိုရင် မီးချောင်းတချောင်းကို 40W မို့ ၂ချောင်း ဆိုရင် 80 W ကျပါမယ်…။ ဒါကြောင့် တအိမ်ကို 100 W နဲ့ပဲ တွက်ကြည့်ရင် အိမ်ခြေ 120 မို့ 12000 W ( 12 KW ) လောက်လိုအပ်ပါမယ် .။ ကိုယ်အသုံးပြူ သွယ် တန်းမယ့် မီးကြိုးအရှည်တွက်ဓါတ်အားပါ ထည့်တွက်ရမှာမို့ 15000W ( 15 KW ) လောက်အသုံးပြု ရင်ပိုပြီးအ ဆင်ပြေနိုင်ပါမယ် …။
ဒါကြောင့် ဈေးလေးလည်းသင့်တင့်သလို အသုံးလည်းတည့်တာမို့   ဒီစက်လေးကို  ရွေးချယ်ထားပါတယ် ရှင်…။ ဘုရင့်နောင်လမ်းမကြီးတလျှောက် ၊ ရွှေပုန်းညှက်အိမ်ရာ (ရေ ကြောင်းသိပ္ပံရှေ့)၊ ဆင်မလိုက်၊ အနော်ရထာလမ်း၊ ပန်းဆိုးတန်း၊ လမ်းမတော်စတဲ့  မီးစက်အရောင်း ဆိုင်တွေမှာတော့ မီးစက်အကောင်းစားတွေလောက်ပဲ ရှိပါတယ်…။ လှူချင်ပေမယ့် ဈေးကြီးတာမို့ မတတ်နိုင်ပါဘူး ရှင်…။  ဈေးအချိုဆုံး မီးစက် 20 KW ထုတ်ပေးနိုင်တဲ့ တရုတ်ဖက်ဆက်စက်တလုံးရဲ့တန်ဖိုးက (၄၁) သိန်း လောက်ရှိနေတာမို့ လက်ခံရရှိထားတဲ့ အလှူငွေပေါ်မူတည်လို့ ကျွန်မတို့ မတတ်နိုင်သေးတာမို့ တရုတ်နီ အမျိုးအစား စက်ကိုသာ့  ရွေးချယ်ထားကြောင်း အသိပေးတင်ပြလိုက်ရပါတယ် ရှင်...။ ကျွန်မတို့ အနေနဲ့ (၁၁. ၀၄. ၂၀၁၂) မှစ၍ ယနေ့အထိ ကောက်ခံရရှိထားသော  အလှူငွေနှုင့် အလှူရှင်စာရင်း များကိုအောက်တွင်  ဖော်ပြပေးထားပေးပါမယ်ရှင် ။ မေလပိုင်း ကုန်တဲ့အထိ အလှူငွေကို ကောက်ခံမှာဖြစ် သလို မီးစက်အလှူအတွက်  ပြီးပြည့်စုံလို့ ပိုလာမဲ့  အလှူငွေကိုလည်း မီးစက်အလှူရှင်များအတွက် ထပ်မံပြီး အလှူအတန်း  တခုခုပြုလုပ်ပေးမှာ ဖြစ်ကြောင်း အသိပေး  အကြောင်းကြားအပ်ပါတယ် ရှင်။
၁၁. ၀၄. ၂၀၁၂ မှစပြီး ယနေ့အထိကောက်ခံရရှိထားသောအလှူငွေစာရင်းမှာ
၁။     ၂၀၈၃၀၀၀ ………………………… ( ကျပ်  )     
၂။             ၁၄၉၈   ………………………   ( စင်္ကာပူဒေါ်လာ )
၃။             ၂၀၀ ……………………….... ( အမေရိကန်ဒေါ်လာ )
၎။             ၁၅၈၀ ………………………….. ( မလေးရှားရင်းဂစ် )
၅။             ၂၇၀၀ …………………………… ( ဒိန်းမတ်ခရိုနာ )
၆။                 ၂၀၀ .......................................(အင်္ဂလန်ပေါင်)
     ၇။ ၁၀၀၀ ....................................(အိန္ဒိယ -ရူဘီး)
အခုလက်ရှိလက်ခံရရှိထားသောအလှူငွေ စာရင်းဖြစ်ပါတယ်ရှင်...
လှူရှင်များနှင့် အလှူငွေ စာရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်ရှင်..
စဉ် အမည်................................... နေရပ် လှူဒါန်းငွေ.............
အရှင်ဝိမလ၀ံသ ( ၀ီရဓမ္မ ) နာလန္ဒာတက္ကသိုလ်အိန္ဒိယနိုင်ငံ ၂၀၀၀၀၀ိ/ ( ကျပ် )
အရှင်သုဇာတ နာလန္ဒာတက္ကသိုလ်အိန္ဒိယနိုင်ငံ ၁၀၀၀၀၀ိ/ ( ကျပ် )
ဒေါက်တာ အရှင်သုဇယဥာဏ
၅၀၀၀၀ိ/ ( ကျပ် )
အရှင်ဇနက နာလန္ဒာတက္ကသိုလ်အိန္ဒိယနိုင်ငံ ၅၀၀၀၀ိ/ ( ကျပ် )
အရှင်သာသန(နတ်မောက်) နာလန္ဒာတက္ကသိုလ်အိန္ဒိယနိုင်ငံ ၁၀၀၀၀၀ိ/ ( ကျပ် )
အရှင်ကောဝိဒ (စစ်ကိုင်းတောင်ရိုးဆွမ်းလောင်း) မြန်မာပြည် ၁၀၀၀၀၀ိ/ ( ကျပ် )
မလွမ်း ( အလွမ်းမြို့) မြန်မာပြည် ၂၀၀၀၀၀ိ/ ( ကျပ် )
လမင်း ( ချစ်စံအိမ် ) မြန်မာပြည် ၂၀၀ (us ဒေါ်လာ)
မတူးတူးမာ မြန်မာပြည် (မုံရွာ) ၃၀၀၀၀ိ/ ( ကျပ် )
၁၀မ ခိုင်စုလှိုင် မြန်မာပြည် (ရန်ကုန်) ၁၀၀၀၀၀ိ/ ( ကျပ် )
၁၁ဦးစောလွင်+ဒေါ်ကြည်စိန် မြန်မာပြည်  (ဖဒို) ၁၀၀၀၀၀ိ/ ( ကျပ် )
၁၂မခိုင်နှင်းအေး မြန်မာပြည် (ရန်ကုန်) ၂၀၀၀၀ိ/ ( ကျပ် )
၁၃ဦးကျော်ငြိမ်း+ ဒေါ်ရဲမေကြည် မြန်မာပြည် (ရန်ကုန်) ၁၀၀၀၀ိ/ ( ကျပ် )
၁၄မစိုးစိုးငြိမ်း မြန်မာပြည် (ရန်ကုန်) ၅၀၀၀ိ/ ( ကျပ် )
၁၅မောင်ဝင်းထွဋ်ဦး+မခိုင်ဇာအောင် (အချစ်ကိုကိုးကွယ်သူလေး) မြန်မာပြည်-(ရွှေတောင်မြို့) ၁၀၀၀၀ိ/ ( ကျပ် )
၁၆ကိုဖိုးဇင် + မခင်ဝင်း မြန်မာပြည် (မုံရွာ) ၂၀၀၀၀ိ/ ( ကျပ် )
၁၇ကိုဘိုဘို + မစုစု မြန်မာပြည် (မုံရွာ) ၅၀၀၀ိ/ ( ကျပ် )
၁၈ထိုက်ထိုက် + ဒိုက်ဒိုက် မြန်မာပြည် (မုံရွာ) ၃၀၀၀ိ/ ( ကျပ် )
၁၉မမီမီထွန်း (ရှမ်းပြည်တောင်ပိုင်း မိုးနဲမြို့) ၁၀၀၀၀၀ိ/ ( ကျပ် )
၁၉ကိုအောင်ကြီး+မသန္တာ(သား)မောင်အောင်ကိုကိုဦး
(သမီး)မမေမြတ်နိုးအောင်
မြန်မာပြည် (ရန်ကုန်)   ၃၀၀၀၀ိ/ ( ကျပ် )
၂၀
မိခင်ကြီးဒေါ်သန်းသန်း၊ (သမီး)ရဟန်းမယ်တော်
ဒေါ်မော်လီစိုး နှင့်(သားများ) မိုးမိုးဇော်စိုး၊ ကျော်
ကျော်စိုး၊ သော်သော်စိုး၊ (ညီမ) ဒေါ်သန်းသန်းနု
(မောင်) ဦးလှအောင် မိသားစု
အင်္ဂလန်
၅၀၀၀၀၀ိ/ ( ကျပ် )
၂၁ဒေါ်မီမီညွှန့် အင်္ဂလန် ၁၀၀ ( အင်္ဂလန်ပေါင် )
၂၂ဒေါက်တာဦးမျိုးညွှန့်+ဒေါက်တာဒေါ်ခင်မာမာ နှင့် သားသမီးမြေးတစ်စု အင်္ဂလန် ၁၀၀ ( အင်္ဂလန်ပေါင် )
၂၃ရာဇာထွေး ( blog မှတ်စု ) မလေးရှား ၃၀၀၀၀၀ိ/ ( ကျပ် )
၂၄မောင် နေလင်းစိုး မလေးရှား ( ကလန်း ) ၂၀၀ (မလေးရှားရင်းဂစ်)
၂၅မောင်ဇာလင်းဟန်+မမျိုးမျိုး မလေးရှား ( ကွာလာလမ်ပူ ) ၃၀၀ (မလေးရှားရင်းဂစ်)
၂၆လွင်ပြင်+ jasmine ( စံပယ်ချို ) မလေးရှား ၁၀၀ (မလေးရှားရင်းဂစ်)
၂၇ဦးညီဖြူ + ဒေါ်မြဝေ မိသားစု မလေးရှာ (ကွာလာလမ်ပူ) ၂၀၀ (မလေးရှားရင်းဂစ်)
၂၈ဦးအောင်ခင်ဇံ + ဒေါက်တာဒေါ်သန္တာအောင် (သမီး)မ အေးခိုင်ဇံ မလေးရှာ (ကွာလာလမ်ပူ) ၂၀၀ (မလေးရှားရင်းဂစ်)
၂၉ဦးစံရီ + ဒေါ်သန်းသန်းအေး မိသားစု မလေးရှား ( ကွာလာလမ်ပူ ) ၂၀၀ (မလေးရှားရင်းဂစ်)
၃၀ဦးလှမြင့် + ဒေါ်စန်းစန်း မိသားစု မလေးရှာ (ကွာလာလမ်ပူ) ၅၀ (မလေးရှားရင်းဂစ်)
၃၁ဦးမျိုးဝင်းတင် + ဒေါ်ငြိမ်းငြိမ်းဝေ ( မိသားစု ) မလေးရှာ (ကွာလာလမ်ပူ) ၁၀ (မလေးရှားရင်းဂစ်)
၃၂မောင်စိုင်းလေး မလေးရှာ (ကွာလာလမ်ပူ) ၁၀၀ (မလေးရှားရင်းဂစ်)
၃၃ဦးညီညီအောင် နှင့် ဇနီး မလေးရှား ( ကွာလာလမ်ပူ ) ၂၀ (မလေးရှားရင်းဂစ်)
၃၄ကိုလှိုင် နှင့် ဇနီး မလေးရှား ( ကွာလာလမ်ပူ ) ၅၀ (မလေးရှားရင်းဂစ်)
၃၅ကိုထွန်းဇော် မလေးရှား ( ကွာလာလမ်ပူ ) ၂၀ (မလေးရှားရင်းဂစ်)
၃၆ကိုသစ်ဆန်း မလေးရှား ( ကွာလာလမ်ပူ ) ၁၀ (မလေးရှားရင်းဂစ်)
၃၇ကိုကျော်ကြီး မလေးရှား ( ကွာလာလမ်ပူ ) ၁၀ (မလေးရှားရင်းဂစ်)
၃၈ကိုဇော်ထိုက် မလေးရှား ( ကွာလာလမ်ပူ ) ၁၀ (မလေးရှားရင်းဂစ်)
၃၉မောင်ကျော် မလေးရှား ( ကွာလာလမ်ပူ ) ၅၀ (မလေးရှားရင်းဂစ်)
၄၀နန်းမြတ်ထားခိုင် မလေးရှား ( ကွာလာလမ်ပူ ) ၅၀ (မလေးရှားရင်းဂစ်)
၄၁ကိုဂျွန်သိန်းမြင့်ဒင် ဒိန်းမတ် ၂၀၀ (ဒိန်းမတ် ခရိုနာ)
၄၂စောဘာတိုးဂေ ဒိန်းမတ် ၅၀၀၀၀ိ/ ( ကျပ် )
၄၃ကိုအောင်ကျော်ဦး+မသီတာဦး (သား) ဇေဦး - (သမီးကြီး)ရွှန်းရွှန်း -(သမီးငယ်)နှင်းနှင်း ဒိန်းမတ် ၅၀၀ ( ဒိန်းမတ်ခရိုနာ )
၄၄ကိုလင်းလင်းထွန်း ဒိန်းမတ် ၁၀၀၀ (ဒိန်းမတ် ခရိုနာ)
၄၅ကိုဝင်းတင်( ကိုပြောင်ကြီး) ဒိန်းမတ် ၁၀၀၀ (ဒိန်းမတ် ခရိုနာ)
၄၆မောင် မင်းမင်း စင်္ကာပူ ၅၀ (စင်္ကာပူ ဒေါ်လာ)
၄၇စောလင်းဦးခိုင် စကာၤပူ ၃၀ (စကာၤပူ ေဒၚလာ)
၄၈ခင္သူဇာစိုး စကာၤပူ ၃၀ (စကာၤပူ ဒေါ်လာ)
၄၉မို့မို့မြင့်အောင် စကာၤပူ ၃၀ (စကာၤပူ ဒေါ်လာ)
၅၀ထက်လက်ဝင်း စကာၤပူ ၁၀ (စကာၤပူ ဒေါ်လာ)
၅၁ခွန်အောင်သူရစိုး စကာၤပူ ၁၀ (စကာၤပူ ဒေါ်လာ)
၅၂နော်ကွဲစော စကာၤပူ ၁၀၀ ( စကာၤပူေဒၚလာ )
၅၃မေဆြထူးမား စကာၤပူ ၂၀၀ ( စကာၤပူေဒၚလာ )
၅၄ကိုထွန်းမြတ်မိုး + မခင်ညိုနု နှင့် သား(အောင်ကောင်းကောင်း) စကာင်္ပူ ၁၀၀ ( စကာင်္ပူဒေါ်လာ )
၅၅မတင်ဇာကျော် စကာင်္ပူ ၃၀ ( စကာင်္ပူဒေါ်လာ )
၅၆ဦးခင်မောင်ဝင်း+ဒေါ်ဌေး စကာင်္ပူ ၁၀ ( စကာင်္ပူဒေါ်လာ )
၅၇အောင်ကိုသန့်+နှင်းအိခိုင် စကာင်္ပူ ၅၀ ( စကာင်္ပူဒေါ်လာ )
၅၈ရင်မြင့်ထွဋ် စကာင်္ပူ ၁၀ ( စကာင်္ပူဒေါ်လာ )
၅၉ကိုမျိုးအောင်စန်း+မကျော့ကျော့ခိုင် (သမီး)စောရဒီယာ စကာင်္ပူ ၅၀ ( စကာင်္ပူဒေါ်လာ )
၆၀သူသူလှိုင် စကာင်္ပူ ၅ ( စကာင်္ပူဒေါ်လာ )
၆၁PPL နှင့်Jalan Papan , Avery Lodge မှ မြန်မာများကောင်းမှု( စင်္ကာပူ ) စကာင်္ပူ ၇၁၀ ( စကာင်္ပူဒေါ်လာ )
၆၂ငြိမ်းငြိမ်းအိ စကာင်္ပူ ၁၀( စကာင်္ပူဒေါ်လာ )
၆၃ရင်ရင်စန်း စကာင်္ပူ ၁၃ ( စကာင်္ပူဒေါ်လာ )
၆၄အန်တီတင့်(အန်တီတင့်၏အမှတ်တရလေးများ) စကာင်္ပူ ၅၀ ( စကာင်္ပူဒေါ်လာ )
၆၅ဒေါ်ခင်မာတင် နယူးဒေလီ ၁၀၀၀ ( အိန္ဒိယ-ရူဘီး )
မှက်ချက်။   ။  ကညင်ကုန်းကျေးရွာ မီးစက်အလှူ အတွက် ကောက်ခံရရှိပြီးသောအလှူငွေ စာရင်း များကို
အောက်ပါ ဘလော့ စာမျက်နှာများပေါ်တွင်လည်း ဖော်ပြထားပါတယ် ရှင်။
ဝိရဓမ္မ
အလွမ်းမြို့လေး
ချစ်စံအိမ်
ရာဇာထွေး blog မှတ်စု
အလှူအတွက် ဆက်သွယ်လှူဒါန်းနိုင်ရန် ။
ဆက်သွယ်ရန် ဖုန်း                = 09- 73036380
.
              အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
ဆက်သွယ်ရန် ဖုန်း                = +918083881812
ဆက်သွယ်ရန် အီးမေးလ်         = ashinwimalawuntha@gmail.com
.
                                   အလွမ်းမြို့လေး
ဆက်သွယ်ရန် အီးမေးလ်         =  alwanmyolay@gmail.com
.
                                မလေးရှား တာဝန်ခံ
                              ရာဇာထွေး ( မလေးရှား )
ဆက်သွယ်ရန် ဖုန်း                = 016 6787843
ဆက်သွယ်ရန် အီးမေးလ်         = yarzar.htwe5@gmail.com
.
                                  စကာၤပူ  တာဝန္ခံ  
                               နန်းထွေးစန္ဒာ (စကာင်္ပူ)
ဆက်သွယ်ရန် ဖုန်း                  = +6593812015
ဆက်သွယ်ရန်မေလ်း                = rainblue2010@gmail.com
                  ဘဏ်အကောင့်ထဲလွှဲချင်သူများအတွက်
Bank Account- OCBC-Bank( Account No. 581-308-608-001)
.
                                    ဇော်ဇော် (စကာင်္ပူ)
ဆက်သွယ်ရန် ဖုန်း                 = +6581422464
.
                                  မြန်မာပြည် တာဝန်ခံ
                           အရှင်သီရိန္ဒ (ရန်ကုန်- တာမွေ)
ဆက်သွယ်ရန်မေလ်း             = thirinda000387@gmail.com
ဆက်သွယ်ရန်ဖုန်း                            .094- 21052618
                         မကြင်စန်း (ရန်ကုန်- သင်္ဃန်းကျွန်း)
                  ဘဏ်အကောင့်ထဲလွှဲချင်သူများအတွက်
Bank Account-( Account No. 027-121-013-4461)
 ( ကမ္ဘောဇဘဏ် - သင်္ဃန်းကျွန်းမြို့နယ် )
.
                                  တူးတူးမာ (မုံရွာ )
ဆက်သွယ်ရန် (ရုံးဖုန်း)             = 71-23629
ဆက်သွယ်ရန်မေလ်း                = ttchitnyima@gmail.com
Monday, April 16, 2012
ကညင်ကုန်းရွာအတွက်(ဧပြီ ၁၆ ရက်နေ့ထိ ကောက်ခံရရှိသော မီးစက်အလှူရှင်စာရင်း)
ပရဟိတဆိုသည်မှာ ကိုယ်ကျိုးမငဲ့အများအကျိုးအတွက်ဆောင်ရွက်နိုင်ရန်ဖြစ်သည်။ ထိုသို့ပရဟိတ ဆိုသော အရာကို ငွေကြေး၊ ဥစ္စာ၊ ဂုဏ်ဓန၊ ပကာသနတွေရှိမှလုပ်၍ ရသောအရာမဟုတ်ပေ။ လူတစ်ယောက် တွင်ပရဟိတ ဆိုသောစိတ်ဓာတ်ရှိရန်အထူး လိုအပ်ပါသည်။ ပရဟိတဆိုသောစိတ်ဓာတ်သည် အများအားဖြင့် လူသားတိုင်း တွင်ရှိကြပါသည်။
 တစ်ချို့သည် ငွေဥစ္စာမရှိ၍ဟုဆိုကာ ပရဟိတဆိုသော အလုပ်နှင့် စိတ်ဓာတ် ကိုမေ့လျော့နေတတ်ကြသည်။ တစ်ချို့ကြပြန်တော့လည်း ငွေ၊ ဥစ္စာ ကြွယ်ဝလွန်းကာ အပျော်တွေနဲ့လုံးပန်း ဂုဏ်၊ ပကာသနတွေကြားမှာ ထိုပရဟိတ စိတ်ဓာတ် ပရဟိတအလုပ် ကိုမေ့လျော့နေတတ်ပြန်သည်။ ပရဟိတဆိုသော အလုပ်ကို တစ်ဦးတစ်ယောက်ထဲကမှသာ  လုပ်နိုင်မည်မဟုတ်ပါ။ လူသားတိုင်း အားလုံးစုပေါင်းကာ ပရဟိတ ထြိုဖူစင်သောအလုပ်ကို  လုပ်နိုင်ရန်လိုအပ်ပါသည်။ 
 လူတစ်ဦးတစ်ယောက် မိမိကြောင့်ပြုံးပျော် နိုင်ရင်မိမိစိတ်သည်  အလိုလိုပြုံးပျော်နိုင်သည်မှာ မိမိကိုယ်တိုင်ပင်  အသိဆုံးဖြစ်ပါလိမ့်မည်။ မိမိပြုလုပ်ခဲ့သော အလုပ်သည် မည်သူအတွက်လဲ၊ ကိုယ့်အတွက်လား၊ ကိုယ့်မိသားစုအတွက်လား၊ အများသူငါ အတွက်လား စဉ်းစားပါ။  မိမိအတွက် ကိုယ့်မိသားစုအတွက်  ဆိုရင်တော့လောဘနှင့် ပြုလုပ်သော အတ္တဟိတစိတ်ဓာတ် ဖြစ်သည်။ ကိုယ်ပြုလုပ်ခဲ့သော  ထိုအလုပ်သည် ကိုယ်ကျိုးအတွက်မဟုတ်  အများအတွက်ဖြစ်ခဲ့မယ် ဆိုရင်တော့  ဖြူစင်မှုနဲ့ပီတိဖုံးသော ပရဟိတစိတ်ပင်ဖြစ်သည်။ 
ကျွန်တော်တို့လူငယ်တွေသည် အများအားဖြင့် လူငယ်ဆိုသော  အရွယ်တွင်  လွတ်လပ်မှု၊ ပျော်ရွှင်မှု၊ အပျော်အပါးတွေကြားမှာ  မအားလပ်နိုင်အောင်ပင်   ရှုပ်ထွေးလျှက်  ရှိနေတတ်သည်။ လူငယ်များသည် ဖျတ်လတ် တတ်ကြွသော ခွန်အားတွေရှိကြသည်။ ထိုသို့သော ဖျတ်လတ်တတ်ကြွသော စိတ်ဓာတ်ခွန်အားတို့ကို အများအတွက်  အကျိုးရှိသောအလုပ်ကို မိမိတတ်နိုင်သမျှ မိမိပတ်ဝန်းကျင်  အသိုင်းဝိုင်းအတွက် တစ်ထောင့်တစ်နေရာကနေ  လုပ်ကိုင်ပေးနိုင်ခြင်းသည် မိမိအတွက်  အများအတွက် အလွန်ပင်  ကျေနပ်ဖွယ်ကောင်းသာ အကျိုးကျေးဇူး ရလဒ်ဖြစ်သည်။ 
လူငယ်တိုင်းတွင်   ညှာတာစိတ်၊ စာနာစိတ်၊ ကူညီတတ်သောစိတ်များ  ရှိရန်အလွန်လိုအပ်သည်။ စာရေးဆရာမ ဆရာမသန်းမြင့်အောင်က ကိုယ်ချင်းစာစိတ်ဆိုတဲ့ လူသားချင်းစာနာမှုနဲ့ လူတစ်ယောက်ဖြစ်လာရင် လူတစ်ယောက်မှာရှိသင့် ရှိထိုက်တဲ့ လိုအပ်ချက်နဲ့ အခွင့်အရေးတွေ ကိုပြည့်စုံသင့်တယ်ဆိုတဲ့ ခံယူချက်နဲ့ လူသားတိုင်းကိုကူညီပါတယ် ဆိုတဲ့စကားဆိုခဲ့ပါသည်။ 
ကျွန်တော်တို့ လူတစ်ယောက်ဖြစ်လာရင်  လူတစ်ယောက်မှ တစ်ဦးနှင့်တစ်ဦး လူသားအားလုံးတိုင်းမှာ ရသင့်ရထိုက်တဲ့  လူ့အခွင့်အရေးတွေရှိပါတယ်။ လူသားတိုင်းရရှိသင့်သော လိုအပ်ချက်နဲ့ အခွင့်အရေးတွေကို ပေးနိုင်ခြင်းသည် ပရဟိတဆိုသော စိတ်ဓာတ်နှင့် အလုပ်ပင်ဖြစ်သည်။ ကျွန်တော်တို့ လူငယ်တိုင်းတွင် ပရဟိတ လူသာချင်းစာနာသောစိတ်ဓာတ်ရှိရန်အထူးလိုအပ်ပါသည်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးသောသူများ ထိုဆင်းရဲနွမ်းပါးသော  ပတ်ဝန်ကျင်အသိုင်းအ၀ိုင်းမှ ဆင်းသက်ပေါက်ဖွား လာသော ကလေးသူငယ်များသည် အများအားဖြင့် သူတို့အရွယ်နှင့် သူတို့ရရှိသင့်သော အခွင့်အရေးများဆုံးရှုံး နေတတ်ကြသည်မှာ လူတိုင်း  သိသောအချက်ပင်ဖြစ်သည်။ ကလေးသူငယ်များ ရသင့်ရထိုက်သော အခွင့်အရေး များကိုပေးစွမ်းနိုင်ရန် ကျန်ုပ်တို့  လူငယ်များသာမက  အများက  ၀ိုင်းဝန်းကာစုပေါင်း ကူညီခြင်းဖြင့် ကလေးငယ်များကို  ဖြည့်ဆည်းပေးသင့်ပါသည်။ ထိုသို့သော လိုအပ်ချက်များ ရရှိသင့်သော လူ့အခွင့်အရေးများကို လူသား တိုင်းရရှိနိုင်ရန်အရေးမှာ ကျွန်ုပ်တို့ လူသားတိုင်းတွင် တာဝန်ရှိပါသည်။ တစ်ဆက်တည်းမှာ  ကျမတို့  ကညင်ကုန်းရွာ  မီးရရှိရေးအတွက်  ကောက်ခံရရှိသော မီးစက်အလှူရှင်စာရင်းများကို  ဖော်ပြပေးလိုက်ပါတယ်။
အောက်တွင်  အလှူရှင်စာရင်းများကို  ဖော်ပြပေးလိုက်ပါတယ်။ တစ်ဆက်တည်းမှာ  အလှူရှင်သစ်များကိုလည်း  ဆက်လက်ဖိတ်ခေါ်ပါတယ် ....  ရှင်  ....။ 
  စဉ်      အမည်     နေရပ်       လှူဒါန်းငွေ
  ၁အရှင်ဝိမလ၀ံသ  ( ၀ိရဓမ္မ )  နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ      ၂၀၀၀၀၀ိ/           ( ကျပ် )
  ၂အရှင်သုဇာတ နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ      ၁၀၀၀၀၀ိ/           ( ကျပ် )
  ၃
ဒေါက်တာ အရှင်သုဇယဥာဏ
            ၅၀၀၀၀ိ/           ( ကျပ် )
ရာဇာထွေး ( blog မှတ်စု ) မလေးရှား      ၃၀၀၀၀၀ိ/           ( ကျပ် )
မလွမ်း      ( အလွမ်းမြို့) မြန်မာပြည်      ၂၀၀၀၀၀ိ/           ( ကျပ် )
  ၇လမင်း      ( ချစ်စံအိမ် ) မြန်မာပြည်          ၂၀၀         (us ဒေါ်လာ)
  ၈မ ခိုင်စုလှိုင် ရန်ကုန်      ၁၀၀၀၀၀ိ/           ( ကျပ် )
  ၉မ နန်းထွေးစန္ဒာ စင်္ကာပူ      ၁၀၀၀၀၀ိ/           ( ကျပ် )
  ၁၀မောင် နေလင်းစိုး မလေးရှား   ( ကလန်း )         ၂၀၀  (မလေးရှားရင်းဂစ်)
  ၁၁မောင်ဇာလင်းဟန်+မမျိုးမျိုး မလေးရှား   ( ကွာလာလမ်ပူ )          ၃၀၀ (မလေးရှားရင်းဂစ်)
  ၁၂မောင် မင်းမင်း စင်္ကာပူ             ၅၀    (စင်္ကာပူဒေါ်လာ)
  ၁၃စောလင်းဦးခိုင် စကာၤပူ            ၃၀   (စကာၤပူ ေဒၚလာ)
  ၁၄ခင္သူဇာစိုး စကာၤပူ            ၃၀   (စကာၤပူ ဒေါ်လာ)
  ၁၅မို့မို့မြင့်အောင် စကာၤပူ            ၃၀   (စကာၤပူ ဒေါ်လာ)
  ၁၆ထက်လက်ဝင်း စကာၤပူ            ၁၀   (စကာၤပူ ဒေါ်လာ)
  ၁၇ခွန်အောင်သူရစိုး စကာၤပူ            ၁၀   (စကာၤပူ ဒေါ်လာ)
  ၁၈ကိုဂျွန်သိန်းမြင့်ဒင်   ( ဒိန်းမတ် )          ၂၀၀ (ဒိန်းမတ်ခရိုနာ)
  ၁၉စောဘာတိုးဂေ (ဒိန်းမတ်) ၅၀၀၀၀ိ/ (ကျပ်)
  ၂၀တူးတူးမာ (မြန်မာပြည်-မုံရွာ) ၃၀၀၀၀ိ/(ကျပ်)
၂၁လွင်ပြင်+Jasmine-စံပယ်ချို မလေးရှား ၁၀၀(မလေးရှားရင်းဂစ်)
၂၂
     ( မိခင်ကြီးဒေါ်သန်းသန်း၊ (သမီး)
ရဟန်းမယ်တော် ဒေါ်မော်လီစိုး
နှင့်(သားများ) မိုးမိုးဇော်စိုး၊
ကျော်ကျော်စိုး၊သော်သော်စိုး၊
(ညီမ) ဒေါ်သန်းသန်းနု
(မောင်)ဦးလှအောင် မိသားစု)
အင်္ဂလန်      ၅၀၀၀၀၀ိ/         ( ကျပ် )
၂၃
     ( မခိုင်နှင်းအေး) မြန်မာပြည်-ရန်ကုန်      ၂၀၀၀၀ိ/           ( ကျပ် )
၂၂
အလှူတွင်ပါဝင်လှူဒါန်းလိုလျှင် အောက်တွင်ပါရှိသော တာဝန်ခံများထံ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်း  ပါးအပ်ပါတယ်ရှင်။
အလှူအတွက် ဆက်သွယ်လှူဒါန်းနိုင်ရန် ။
              အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
ဆက်သွယ်ရန် ဖုန်း                = +918083881812
ဆက်သွယ်ရန် အီးမေးလ်         = ashinwimalawuntha@gmail.com
.
                                   အလွမ်းမြို့လေး
ဆက်သွယ်ရန် အီးမေးလ်         =  alwanmyolay@gmail.com
.
                                မလေးရှား တာဝန်ခံ
                              ရာဇာထွေး ( မလေးရှား )
ဆက်သွယ်ရန် ဖုန်း                = 016 6787843
ဆက်သွယ်ရန် အီးမေးလ်         = yarzar.htwe5@gmail.com
.
                                  စကာၤပူ  တာဝန္ခံ  
                               နန်းထွေးစန္ဒာ (စကာင်္ပူ)
ဆက်သွယ်ရန် ဖုန်း                  = +6593812015
ဆက်သွယ်ရန်မေလ်း                = rainblue2010@gmail.com
                  ဘဏ်အကောင့်ထဲလွှဲချင်သူများအတွက်
Bank Account- OCBC-Bank( Account No. 581-308-608-001)
.
                                    ဇော်ဇော် (စကာင်္ပူ)
ဆက်သွယ်ရန် ဖုန်း                 = +6581422464
.
                                  မြန်မာပြည် တာဝန်ခံ
                           အရှင်သီရိန္ဒ (ရန်ကုန်- တာမွေ)
ဆက်သွယ်ရန်မေလ်း             = thirinda000387@gmail.com
.
                         မကြင်စန်း (ရန်ကုန်- သင်္ဃန်းကျွန်း)
ဆက်သွယ်ရန် ဖုန်း                = 09  73036380
.
                                  တူးတူးမာ (မုံရွာ )
ဆက်သွယ်ရန် (ရုံးဖုန်း)             = 71-23629
ဆက်သွယ်ရန်မေလ်း                = ttchitnyima@gmail.com