ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Thursday, October 18, 2012

သူမဟာ.. အမေ.....




အလင်းရောင်မလာခင် မနက်တိုင်း အမျိုးသမီးတစ်ယောက် ဈေးတောင်ခေါင်းပေါ်ရွက်ကာ လူမမယ်ကလေးနှစ်ယောက်ကိုရိုးသားစွာဈေးရောင်ကျွေးခဲ့တယ်..
သူမဟာ အနိုင်းမဲ့မေတ္တာတွေးနဲ့ ကျွန်မတို့ ညီမနှစ်ယောက်ကိုပေးနိုင်စွမ်း
ခဲ့တဲ့ ကျေးဇူးရှင် အမေပါ..သမီးကြီး အမေဈေးသွားရောင်းတော့မယ်.. မုန့် စားဖို့ ထားခဲ့တယ် ..ညီမလေးနိုးလာရင်သေချာကျွေးလိုက်နော်...ရောင်းနေတဲ့ ကောက်ညှင်ထုပ် ..မုန့်ဖက်ထုပ်များကို ကိုယ်တိုင်းတော့အငက်ခံကာ ကျွန်မတို့ ညီမနှစ်ယောက်အတွက်တော့..မနက်တိုင်းချန်ထားနေကြ..
နေပူ မရှောင် မိုးရွာမရှောင် တစ်ရွာဝင် တစ်ရွာထွက် ဈေးတောင် ကိုခေါင်းပူပူရွက်ရင်းးး ကျွန်မတို့ ကို ကျွေးမွေးပြုစုခဲ့တာ... အမေပါ.. ပညာသင်ချိန်ရောက်လို့ ကျောင်းတက်ရတော့မယ်ဆိုတဲ့အမေရဲ့ အသိ
စိတ် အရင်ကထက် ပိုပင်ပန်းလာခဲ့ရရှားတယ်.. ငါသမီးလေးတွေ လူ့ အောက်မကျအောင် မျက်နာ မငယ်ရအောင် .. သူများသားသမီးတွေလို ပညာသင်ခွင့်ရအောင်.. အမေအလုပ်ကိုကြိုးစားခဲ့ရပြန်တယ်..
အသက်လေးရလာတော့ပင်ပန်းဒဏ်ကိုအံတုရင် ငါ့သမီးတွေအတွက်ဆိုတဲ့ဇောနဲ့ နေ့ မနား ညမနား လောကဓံကို မိန်းမသားတစ်ယောက်တည်း အားအင်အပြည့်ရုန်းကန်ရင်..သမီးတွေ ပညာတတ်ကြီးဖြစ်တာအမေ
မြင်ရရင် သေပျော်ပါပြီး ... သမီးတို့ ရယ် ဆိုတဲ့ ..အမေစကားသံ.. မျှော်လင့်ချက်ပေါင်းများစွာနဲ့ ..မညည်းမငြူ ဘ၀ ကို အရှုံးမပေး.. ဘယ်လိုစိတ်ဓာတ်အင်အားတွေနဲ့ ဖြစ်မလည်း...မိခင်ဆိုတဲ့ အားအင်တွေကလွဲ
အခြားတွေးစရာမရှိနိုင်..ငါဈေးသည် ..ဖြစ်လို့ ငါသမီးတွေဘယ်တော့မှဈေးသည် မဖြစ်ရဘူးဆိုတဲ့ ကြွေးကြော်သံ..........ှ..........အမေ ဒီနေ့ နေမကောင်းဘူး မလား ..သမီးဈေးရောင်းထွက်မယ်လို့ ပြောလိုက်တာနဲ့ .
အမေ ဘာမှမဖြစ်ဘူး.. သမီး.. ညီမလေးကို ထိန်းရင်းစာကျက်နော်.. အမေဈေးရောင်းထွက်လိုက်အုံးမယ်.....နိုင်းယှဉ်လို့ မရတဲ့အမေ့ မေတ္တာ..သားသမီးတွေအရွယ်ရောက်လို့ ပညာစုံ .ကြင်ယာပါစုံတော့ အိုမင်းမစွမ်းသာတဲ့
အမေအို ပီတိဆေးတွေစား.. သားသမီးတွေအတွက်ဆုတွေ မနားတမ်းပေးနေလိုက်တာ..ခန္ဓာမစွမ်းနိုင်တော့ပေမဲ့ မေတ္တာတရားတွေကစွမ်းနေသေးတာကို..သားသမီးတွေဆိုးသမျှကို ...မေတ္တာမပျက်..
အချစ်မလျော့ပဲ.. ပေးစွမ်းနိုင်တဲ့ အမေ...နောက်ဆုံး အိမ်အိုကြီးမှာ အမေအိုတစ်ယောက်တည်း.. အထီးကျန်နေချိန်တွေမှာတောင် ငါ့သားသမီးတွေ အဆင်မှပြေရဲ့ လား... နေထိုင်ကောင်းကြရဲ့ လာ...
အလုပ်အကိုင်တွေရော ကောင်းကြရဲ့ လား..ဆိုတဲ့ မေးခွန်းတွေကြား.. စိုးရိမ်စိတ်တွေနဲ့ မေတ္တာတွေမကုန်နိုင်...သံယောဇဉ်တွေမကုန်နိုင်မခန်းနိုင်..သူမဟာ အမေပါ..





ကြီးကျယ် မြင့်မြတ်တဲ့..မေတ္တာတွေနဲ့ ..
နွေးထွေးမှုပေးနိုင်ဆုံးရင်ခွင်ကို..
ပိုင်ဆိုင်ထားသူဟာ..
အမေပါ..သူမဟာ အမေပါ.......

သူမရဲ့  ကြီးကျယ်မြင့်မြတ်တဲ့ နာမည်က အမေ..
သူမရဲ့ အလှဆုံး အချိန်က ရင်သွေးငယ်ကို
ဘေးအန္တရယ်ကင်စွာလွယ်ထားသောအချိန်..
သူများရဲ့ ရဲစွမ်းသတ္တိတွေပြည့်နေချိန်ဟာ..
သူမရင်သွေးကို မွေးဖွားနေစဉ်..
သူမရဲ့ အနှိုင်မဲ့မေတ္တာကြီးမာချိန်ဟာ..
သားသမီးတို့ ဘေးရန်တစ်ခုခုရောက်ရောက်နေချိန်..
လောကဓံကို အံတု သားသမီးလက်ကိုဆွဲ
ဘ၀ကိုရဲရဲလျှောက်ပြီးအင်အားတွေပြည့်ပြီး
သူမမျက်လုံးမှကျလာသော အရည်များသည်..
သားသမီးတွေအတွက်သာ အောင်မြင်မှု
ရှုံးနိမ့်မှုတွေကို..ဝေမျှနေချိန်ဟာ..
သူမမျက်ဝန်ဟာ အလှဆုံး အချိန်နဲ့ 
ဝမ်းနည်းကြေကွဲဆုံး ပျော်ရွှင်ကြည်နူးဆုံးအချိန်ဖြစ်တယ်။။။
သူမဟာ... အမေ.. အနှိုင်မဲ့မေတ္တာတွေကို ပိုင်ဆိုင်ထားသူ..
ကြင်နာနွေးထွေးမှုတွေကို ပေးစွမ်းနိုင်သူ..
လုံခြုံမှုတွေနဲ့အတူ လမ်းကောင်းလမ်းမှန်ကိုညွှန်ပြပေးနိုင်သူ
သူမဟာ.... အမေ...





ပုံလေးတွေကိုဂူဂဲလ်မှာတွေ့ လို့ အမေမေတ္တာရေးဖွဲ့ ချင်စိတ်ဖြစ်လာတာနဲ့ လိုအပ်ချက်ပေါင်းများစွာနဲ့ 
ရေးဖွဲ့ လိုက်ပါသည်..

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ...

17 comments:

  1. ကမ္ဘာမှာရေရွတ်လို့အကောင်းဆုံးနာမည်က အမေပါ။ ဘယ်တော့မှမပြောင်းတဲ့အရောင်နဲ့ ရှုံးနိမ့်ချိန်မှာလဲရှိနေတာလဲ အမေပဲ။

    ReplyDelete
  2. အမေ အမေ ပြောင်းလဲခြင်းများတဲ့ လောကမှာ ပြောင်းလဲခြင်းမရှိတဲ့ မေတ္တာကိုပိုင်ဆိုင်ထားတဲ့ အမေ

    ReplyDelete
  3. အဆုံးတဲ့ မေတ္တာများနှင့် ထာဝရအမေ ပါ

    ReplyDelete
  4. ဖတ်ပြီး ခံစားသွားပါတယ်ညီမလေး...

    ReplyDelete
  5. မိခင်မေတ္တာကိုဖော်ညွှန်းထားတဲ့ ပို့စ်လေးပါ ညီမလေးရေ...
    မိခင်မေတ္တာအကြောင်းကို ဘယ်လိုဘဲစာတွေ၊ အလင်္ကာတွေ
    ရေးဖွဲ့ကုန်မယ်မထင်ပါဘူး... အချိန်တိုင်းမှာအရာအားလုံးဟာ
    မတည်မြဲပြောင်းလဲတတ်တဲ့သဘောရှိပေမယ့် မိဘမေတ္တာကတော့
    ဘယ်တော့ မှပြောင်းလဲမသွားတတ်ပါဘူး...ပို့စ်ကောင်းလေးပါ
    ညီမလေးရေ... အားပေးသွားပါတယ်...

    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete
  6. မိဘမေတ္တာကစမ်းရေပမာအမြဲကြည်လင်အေးမြနေတာပါ
    သားသမီးတွေဘေးဒုက္ခေ၇ာက်တိုင်းအမြဲ
    ရှေ့ကနေပြီးမားမားမတ်မတ်ရပ်တည်ခဲ့တာလည်းအမေပါပဲ
    မိဘမေတ္တာဆိုတာဆပ်လို့လည်းမကုန်နိုင်ပါဘူး

    ReplyDelete
  7. အစ်မရေ
    အမေအကြောင်းလေး လာဖတ်သွားတယ်နော်
    တကယ်ပါပဲ မိဘမေတ္တာဆိုတာ အနှိုင်းမဲ့ပေါ့

    ReplyDelete
  8. မိဘမေတ္တာ ဖော်ကျူးတဲ့ပိုစ့်ကောင်းလေးကို အားပါးတရ အားပေးသွားတယ် ညလေးရေ။
    သံသရာ စက်ဝန်းထဲ တစ်နေ့ ကိုယ်လည်းဒီနေရာ ရောက်လာမှာဘဲ။
    ကိုယ်လည်းမှတ်သား သင်ခန်းစာယူ ကြိုတင်ပြင်ဆင်ရတာပေါ့။
    ကျန်းမာရေး ဂရုစိုက်ပါ။

    ReplyDelete
  9. အမေ ...ဆိုတာနဲ့ တင် မိုးသူတို့ ရဲ့ ဦးခေါင်းပေါ်မှာပါ

    ReplyDelete
  10. မိဘမေတ္တာဖေါ်ကျုးထားတဲ.ပိုစ်.ကောင်းလေးတစ်ပုဒ်ပါ။
    အားပေးသွားပါတယ်လမင်းလေး။
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  11. ပုံလေးတွေနဲ့ လိုက်ဖက်တဲ့ ဖွဲ့နွဲ့ပုံကို သဘောကျတယ် ညီမရေ...၊ နို့တစ်လုံးဖိုးတောင်မှ မကျေနိုင်တဲ့ အမေ့မေတ္တာကို ခံစားနားလည် ရပါတယ်..။

    ReplyDelete
  12. အမေကို ချစ်တဲ့မေတ္တာကြောင့် မမရေးတာလေးက တစ်ကယ်အသက်ဝင်တယ်

    ReplyDelete
  13. မေ့ကိုတောင် လွမ်းသွားတယ် မမရယ်...

    ReplyDelete
  14. သိပ်ကိုတန်ဘိုးရှိတဲ့ပိုစ့်ပါ လမင်းရေ
    ငါသေချာဖတ်သွားတယ်..

    ReplyDelete
  15. အမေ့မေတ္တာဖွဲ့လေး ကောင်းလိုက်တာ မမရေ ...

    ReplyDelete
  16. အမေ .... ခံစားမှုကောင်းလေးပါ အမချစ်စံအိမ်၊ ထပ်တူထပ်မျှခံစားခဲ့ပါတယ် မိခင် တစ်ယောက်ရဲ့ ချစ်ခြင်းကို

    ReplyDelete
  17. အမေ ဆိုတာ လူတိုင်းတမ်းတ တဲ့ ပုဂ္ဂိုလ်မြင့်မြတ်ခြင်းတွေနဲ့
    အေးမြနွေးထွေးခြင်းတွေရှိတယ်လေ

    ReplyDelete