ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Tuesday, October 2, 2012

သစ္စာ.......

ဝေးကွာခြင်းဆိုတာ
 ငါတို့ နှစ်ယောက်ကြားမှာမဆန်တော့ပေမဲ့

နှလုံးသားတွေနီးနေသမျှ
 ဝေးခြင်း နီးခြင်းဆိုတာကို
 ငါဥပေက္ခာပြုထားလို့ ရတယ်ချစ်သူ..

တစ်ခါတလေ ဘ၀မှာနေသာဖို့ အတွက်
ချစ်ခြင်းမေတ္တာတွေလမ်းခင်းထားရတတ်တယ်....

ဘယ်လိုအကြောင်းအရာတွေကြောင့်မှ
ငါချစ်ခြင်းမေတ္တာတွေလျော့မသွားစေရဘူးဆိုတာ
ယုံကြည်ပေးပါ ချစ်သူ..

ငါခန္ဓာမြဲနေသမျှ...
မီးစာကုန်ဆီခန်း
တစ်သက် မမုန်းတဲ့ ချစ်ခြင်းမျိုးနဲ့ 
ငါဆက်ချစ်သွားမယ် ယုံ...

19 comments:

  1. 'သစ္စာသည်သာအားထားရာ' ပေါ့နော်။
    ကဗျာလေးအားပေးသွားတယ် လမင်းလေးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ငါခန္ဓာမြဲနေသမျှ...
    မီးစာကုန်ဆီခန်း
    တစ်သက် မမုန်းတဲ့ ချစ်ခြင်းမျိုးနဲ့ 
    ငါဆက်ချစ်သွားမယ် ယုံ...
    ကြိုက်တယ် မမ :)

    ReplyDelete
  3. ယုံကြည်မှာပါ။ အစ်မလမင်းရဲ့ သစ္စာကိုသူတစ်နေ့သိလာမှာ။ယုံကြည်လာမှာပါ။

    ReplyDelete
  4. သစ္စာ ဆိုပါလားခေါင်းစဉ်လေးက
    ကဗျာလေးကို ရေးသားထားတာကတော့ ကောင်းမှကောင်း
    ကဗျာကောင်းလေးတစ်ပုဒ်ကိုခံစားသွားတယ်နော်
    ပျော်ရွှင်နိုင်ပါစေ
    ခင်တဲ့(အိမ်မက်ကောင်းကင်)

    ReplyDelete
  5. အဲဒီသူ အိမ်ထောင်ပြုသွားရင်ရော ၊ ဆက်မချစ်သင့်တော့ဘူးမလား။
    ဘာရယ်ဟုတ်ပါဘူး။ ရင်ထဲရှိတာလေးမေးကြည့်တာ။း))

    ReplyDelete
  6. ဘယ်သူယုံယုံ မယုံယုံ
    ဂျက်ကတော့ယုံပါတယ်လမင်းရေ-----
    ကဗျာလေးတွေများများရေးနော် နောင် အကျင့်ဖြစ်သွားတာပေါ့

    ReplyDelete
  7. ယုံပါတယ်တဲ့ မနေ့ကသူလာပြောသွားတယ် ဟိ

    ReplyDelete
  8. တားလည်း ကိုယ့်အစ်မကိုယ် ယုံပါတယ်..။ ဟိဟိ..(ကြောက်ရတယ်..။ )

    ReplyDelete
  9. ကဗျာလေးကို ခံစားသွားပါတယ်..

    ReplyDelete
  10. ငါခန္ဓာမြဲနေသမျှ...
    မီးစာကုန်ဆီခန်း
    တစ်သက် မမုန်းတဲ့ ချစ်ခြင်းမျိုးနဲ့ 
    ငါဆက်ချစ်သွားမယ် ယုံ...
    ကဗျားလေးခံစားသွားပါတယ်

    ReplyDelete
  11. ကဗျာလေးကိုအားပေးသွားပါတယ်ကွယ်
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  12. သီလရှင်လေးရေ
    မကြီးလွမ်း သီချင်းဆိုသွားတယ်။
    မောင်ရေ အဲသလောက်တောင်ချစ်ရတီ...(မေခလာတော့ဟုတ်ဖူး အလွမ်းမြို့)
    အားပေးသွားတယ်။ အချစ် အလွမ်း အနမ်း သစ္စာ မေတ္တာ ဂရုဏာတွေ
    လွမ်းခြုံထားနိုင်ပါစေ


    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  13. ယုံပါတယ်ကွယ်..

    ReplyDelete
  14. ယုံလိုက်မယ်နော်.. :P

    ReplyDelete
  15. ယုံပါတယ်ကွယ် ...

    ReplyDelete
  16. ချစ်ပြီး ပြန်မုန်းဖို့ ဆိုတာကလဲ ခက်သားလားလေ...

    ReplyDelete
  17. မကြီးရေ
    ကဗျာလေး လာဖတ်သွားတယ်နော်
    အရမ်းကောင်းတာပဲ

    ငါခန္ဓာမြဲနေသမျှ...
    မီးစာကုန်ဆီခန်း
    တစ်သက် မမုန်းတဲ့ ချစ်ခြင်းမျိုးနဲ့ 
    ငါဆက်ချစ်သွားမယ် ယုံ...

    အားပေးလျက်
    မင်းအရိပ်

    ReplyDelete
  18. ငါခန္ဓာမြဲနေသမျှ...
    မီးစာကုန်ဆီခန်း
    တစ်သက် မမုန်းတဲ့ ချစ်ခြင်းမျိုးနဲ့ 
    ငါဆက်ချစ်သွားမယ် ယုံ...

    ယုံပြီးသားဗျ...စတာနော်မမ...
    ခင်မင်နေတဲ့...မိုးနတ်

    ReplyDelete