ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts
Saturday, December 22, 2012
ဖတ်မိတော့ကြိုက်မိပါတယ်....
သင့်
ခန္ဓာ
ကိုယ်ကို သင်ချစ်ချင် ချစ် မုန်းချင် မုန်းလိမ့်မည်..
သိုသော် ကမ္ဘာပေါ်မှာ သင် အသက်ရှင်နေသရွေ့ 
ကာလပတ်လုံး သင့်ခန ကိုယ်ကို သင်ပိုင်ဆိုင်ရလိမ့်မည်။။
ချစ်ခြင်းဆိုတာ သင်ရယူမျှော်လင့်ထားတာနဲ့  ဘာမှမဆိုင်ပါ။။
ချစ်ခြင်းဆိုတာ သင်ကပေးမယ်လို့ ရည်မှန်းထားတာပါပဲ။။
အလုံးစုံဆိုပါတော့..။။။
ကောင်းတဲ့အလုပ် အားလုံးကို လုပ်နိုင်သမျှလုပ်ပါ။။
ဘယ်နည်းနဲ့ ဖြစ်ဖြစ် သင်လုပ်နိုင်သမျှလုပ်ပါ။။
အားလုံးသောနည်းလမ်းများနဲ့ သင်လုပ်နိုင်သမျှလုပ်ပါ။။
နေရာအားလုံးမှာ သင်လုပ်နိုင်သမျှလုပ်ပါ။။
အချိန်ကာလ အားလုံးမှာ သင်လုပ်နိုင်သမျှလုပ်ပါ။။
အားလုံးလူတွေအတွက် သင်လုပ်သမျှလုပ်ပါ။။
သင်ဟာဘာပဲဖြစ်ဖြစ် စင်ကြယ်တဲ့သူဖြစ်ပါစေ။။
အကူအညီလိုအပ်နေတဲ့သူတွေကို သင်ကူညီလိုက်တာဟာ
ဒီနေ့သင်က ကောင်းတဲ့လုပ်ဆောင်ချက်နဲ့ ကူညီပေးတဲ့အတွက်.
တစ်နေ့ ကျရင် သင်လည်း တူညီတဲ့အကျိုးကို ခံစားရပါလိမ့်မယ်..
ဒါဟာ လူ့ လောကမှာ လှည့်လည်နေတဲ့ စက်ဝိုင်းလေးပဲဖြစ်တယ်။။
ကမ္ဘာကြီးက ပျားအုံတစ်ခုပါပဲ။။
ကျွန်ုပ်တို့ အားလုံး တံခါးတစ်ပေါက်တည်းက၀င်ကြတယ်။။
အခက်အခဲဆိုတာ စိတ်ဓာတ်ကျအောင် လုပ်ရမှာ မဟုတ်ဘဲ..
စိတ်ဓာတ်နိုးကြားတက်ကြွအောင် စေ့ဆော်ရမှာဖြစ်တယ်။။
လူတစ်ယောက်ရဲ့ စစ်မှန်တဲ့ကြွယ်ဝချမ်းသာမှုဆိုတာ
လောကကြီးအတွက်းမှာ ဘယ်လိုကောင်းတာတွေ
သူပြုလုပ်ခဲ့ သလဲဆိုတာပေါ်မှာ ဆုံးဖြတ်ပါတယ်။။
နေ့သစ်တိုင်းဟာ ကိုယ်ပိုင်လက်ဆောင်တွေကိုပေးကမ်းနေတယ်။။
သင့်ဘာပြောလိုက်သလဲ ဆိုတာကို သူတို့ က
မေ့ချင်မေ့လိမ့်မယ် ။။ ဒါပေမဲ့  သင်က သူတို့ကို ဘယ်လို
ခံစားစေသလဲဆိုတာကတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။။
ဘ၀ရဲ့ အကြောင်းရင်းက ပျော်ရွှင်ဖို့ မဟုတ်ဘူး။။
ဒါပေမဲ့ အဓိကကျတာက အကျိုးပြုနိုင်ဖို့ ၊ အသုံးကျဖို့ ၊ သင် အသက်ရှင် နေထိုင်ရစဉ်မှာ
ပြောင်းလဲမှု တချို့ ကို လုပ်ဆောင်နိုင်ဖို့ ဖြစ်တယ်။။
မိမိကိုယ်ကိုမိမိ တွေ့ ရှိအောင်ရှာဖွေနေတဲ့အခါ မိမိက ကမ္ဘာပေါ်မှာ.
အလင်းရောင်ကို နောက်ဆုံးတွေ့ တဲ့ လူဆိုတာတောင်
ဘယ်တော့မှမေ့လိုရမှာ မဟုတ်ပါဘူး။။
အမှားတစ်ခုအပေါ်မှာ ဘယ်လို ရှုမြင်သုံးသပ်သလဲဆိုနဲ့ အပေါ်မှာ ကွဲပြားခြားနားပါတယ်။။
 ပိုစ့်သစ် မတင်ဖြစ်တာနဲ့ ကြိုက်မိတာလေးတင်ပေးလိုက်ပါတယ်ရှင်........
ဘ၀က ကစားနည်းတစ်မျိုးဆိုလျှင် စာအုပ်မှ.....
Tuesday, October 16, 2012
မိန်းကလေးတို့ ဆင်ခြင်ဖို့ 
ဆရာအတ္တကျော်ရှင့်
သမီးက ဆရာ့ပရိတ်သတ်ပါ။ သမီးနာမည်က နှင်းဝင့်ဖြူပါဆရာ။ မိတ္ထီလာမြို့မှာ
နေပါတယ်။ အသက်က ၂၀ ပါ။
သမီးရင်ထဲမှာ မခံမရပ်နိုင်ဖြစ်လွန်းလို့ ဆရာ့ကိုပဲ ရင်ဖွင့်ပါရစေ။
သမီးလူတွေကို ပြောလည်းပြောချင်တယ်။ အရှက်ကွဲမှာလည်း အရမ်းကြောက်နေလို့ပါ။
သမီးမှာချစ်သူ တစ်ယောက်ရှိပါတယ်။ ဘာမှ လွန်လွန်ကြူးကြူး ဖြစ်မထားပါဘူး။
တစ်နေ့ သမီးတို့နှစ်ယောက်မှာ ပြဿနာတွေ နည်းနည်း ရှိလာတယ်။ အဲ့ဒါသမီးလည်း
စိတ်ညစ်ညစ်နဲ့ သူငယ်ချင်းတွေနဲ့အတူ ဗေဒင် သွားကြည့်ဖြစ်ပါတယ်။
အဲ့ဒီ့ဗေဒင်ဆရာအကြောင်းကို သေချာပြောပြပါရစေ။ သူက မိန်းမ နှစ်ယောက်
ယူခဲ့ဖူးပြီး နှစ်ယောက်စလုံး သေဆုံးခဲ့ပါတယ်။ သူ့မှာ သားတစ်ယောက်တော့
ရှိပါတယ်။ အခု သူ ယူထားတဲ့ မိန်းမက ဘဏ်တစ်ခုမှာ အလုပ်လုပ်ပြီး သူ့ထက်
အရမ်းငယ်ပါတယ်။ ပိုက်ဆံတွေ ပုံပြီး တင်တောင်းထားတာပါ။ အားလုံးရဲ့ရှေ့မှာ
သူဟာ လူကြီး လူကောင်း ပုံစံနဲ့ နေပါတယ်။ တစ်ခုတော့ ရှိတယ်ဆရာ။ သူက ဒုတိယ
မိန်းမ သေပြီး မကြာဘူး၊ နောက်တစ်ယောက်ကို ယူလိုက်တာပါ။ အဲ့ဒီ့ ဗေဒင်ဆရာက
သမီးတို့မြို့မှာ လူကြီးလူကောင်းတွေ၊ ရာထူးကြီးကြီးလူတွေကအစ
ကိုးကွယ်တဲ့ဆရာပါ။ သမီးလည်း အရမ်း သိက္ခာရှိတဲ့ ဗေဒင်ဆရာလို့
ထင်ခဲ့မိပါတယ်။
သမီးတို့တွေ ဗေဒင်ခန်းထဲကို တစ်ယောက်ပြီး တစ်ယောက်ပဲ ၀င်ခွင့်ရခဲ့ပါတယ်။
သမီးအလှည့် ရောက်တော့ သူက ပြောပါတယ်။ သူ ဟောသမျှကို ဘယ်သူ့ကိုမှ
မပြောရဘူးလို့ သစ္စာ ဆိုခိုင်းပါတယ်။ နောက်ပြီး သမီးနဲ့သမီးချစ်သူ
ကိစ္စတွေကို အတွင်းကျကျ ဟောပါတယ်။ ဟုတ်တာလည်း ပါတယ်။ မဟုတ်တာလည်း ပါတယ်
ဆရာ။ ဒါပေမယ့် သမီးကတော့ အားနာပြီး ဟုတ်ကဲ့ပဲ ပြောနေလိုက်မိတယ် ဆရာရယ်။
သူက ပြောပါတယ်။ သမီးစိတ်က ယောက်ျားတစ်ယောက်နဲ့ အတူတူ နေချင်နေတာတဲ့။
အဲ့ဒါသမီးက ကိုယ်ဝန်ရမှာ၊ ရောဂါကူးမှာတွေ ကြောက်နေတာတဲ့။ အဲ့ဒါ
အဲ့ဒီ့လိုတွေ မဖြစ်အောင် သူ သင်ပေးမယ်တဲ့ဆရာ။ ဒါပေမယ့် သူ ပြောတာတွေကို
ဘယ်သူ့မှ မပြောရဘူးတဲ့။ သူ ဒီလိုပြောတာတွေက တဏှာစိတ်ကြောင့် မဟုတ်ဘူးတဲ့
ဆရာ။ သမီးဘ၀ တိုးတက် ကောင်းမွန်အောင်၊ မိဘက ချစ်အောင်၊ သမီးချစ်သူက
သမီးကို တန်တန်းစွဲ ဖြစ်နေအောင်လို့တဲ့။ နောက်ပြီး
သမီး ခန္ဓာကိုယ်ကို သူ့ကို လှူလိုက်ပါတဲ့။ သူ့လို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်က
သမီး ခန္ဓာကိုယ်ကို ယူထားမယ်ဆိုရင် တခြား ဘယ်သူမှ သမီးကို
မစော်ကားရဲတော့ဘဲ
ယောက်ျားတွေက အောက်ကျို့လာစေရမယ်တဲ့ဆရာ။
သမီးကလည်း ဒီလောက်တောင် ကိုးကွယ်သူတွေ ပေါများနေတဲ့ အဲ့ဒီ့ဆရာ
ပြောသမျှကို ယုံမိပါတယ်။ သမီး အသုံးမကျတာပါဆရာ။ သမီးက
ဆရာအတ္တကျော်လိုမျိုး စေတနာနဲ့ လမ်းပြပေးမယ့်သူလို့လည်း တွေးခဲ့မိပါတယ်။
အဲ့ဒါ သူက သမီးကို ယတြာချေဖို့ ချိန်းပါတယ်။ အဲ့ဒီ့မှာ သူက ပြောတယ်ဆရာ။
သမီးဆီက အရည် လိုချင်တယ်တဲ့။ အဲ့ဒါ သူ့ကို ပေးဖို့ တောင်းပါတယ်။
သမီးအရည်ကို သူမျိုချရဲတယ်တဲ့။ အဲ့ဒါနဲ့ သူ့အခန်းထဲကို ခေါ်ပြီး သမီးကို
အ၀တ်အစား ချွတ်ခိုင်းပါတယ်။ နောက်ပြီး သမီးအောက်ပိုင်းကို
နမ်းတော့တာပဲဆရာ။
သမီး ကြောက်လည်း ကြောက်။ ရှက်လည်း ရှက်ပါတယ်။ သူက ပြောပါတယ်။
ဘယ်ယောက်ျားမှ သူ့လို အောက်ကျခံပြီး ဒီလို နမ်းမှာ မဟုတ်ဘူးတဲ့။ အဲ့ဒါ
သူ့လိုလူကတောင် နမ်းတယ်ဆိုရင် ယောက်ျားတွေကို သမီး နိုင်ပြီတဲ့။
ဒါပေမယ့်ဆရာ သူက အဲ့ဒီ့လောက်နဲ့တင် မပြီးဘူး။ သမီးကိုလည်း
သူ့ရဲ့လိင်တံကို စုပ်ခိုင်းပါတယ်။ သမီးက မလုပ်ချင်ဘူးဆိုတော့ သူက
“ဟဲ့…ငါက အကြောင်းရှိလို့” ဆိုပြီး ဇွတ်လုပ်ခိုင်းပါတယ်။ သမီးလည်း
မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ သူ လုပ်ခိုင်းသလို လုပ်ခဲ့ရတယ်။ သမီးလုံးဝကို
မသတီဘူး ဆရာ။ အရမ်း ရွံတာပါပဲ။ ဒါပေမယ့် အားလုံးက လေးစားရတဲ့
ပုဂ္ဂိုလ်ကအကြောင်း မရှိဘဲနဲ့တော့ သမီးကို လုပ်ခိုင်းတာ မဟုတ်ဘူးဆိုပြီး
ထင်ခဲ့မိတယ်။
နောက်တော့ သူ သမီးကို စော်ကားလိုက်တာပါပဲ ဆရာရယ်။ သမီး အရမ်းလည်း
ရှက်ပါတယ်။ သူ ပြောတာက ယောက်ျားခန္ဓာကိုယ်က ထွက်တဲ့အရည်ကို ပြချင်လို့
ဆိုပြီးတော့ပါ။ အဲ့ဒါ ထွက်လာတဲ့ သုတ်ရည်ကို ပြပါတယ်။ အဲ့ဒီ့အရည် မ၀င်ရင်
ကိုယ်ဝန်မရနိုင်ဘူးလို့ ပြောပါတယ်။ အခုချိန်ကစပြီး သမီးချစ်သူကလည်း
သမီးကို
တန်းတန်းစွဲဖြစ်ပြီး ယောက်ျားတွေကိုလည်း နိုင်တော့မယ်လို့ ပြောပါတယ်။
သူ့ကို မယုံဘူးလားတဲ့။ သူက အားလုံးက လေးစားရတဲ့ ဆရာတဲ့။ အဲ့ဒါကြောင့်
အခုလို သမာဓိရှိရှိ ရပ်တည်နိုင်တာတဲ့။ သမီးကိုလည်း သူ့ဇနီးမယားအဖြစ်
မွေးစားလိုက်ပြီလို့ပြောတယ်။ သမီးကို ကောင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့တဲ့။
အပျိုရည်လည်း မပျက်ဘူးတဲ့။ အမြှေးပါးလည်းပျက်စီးသွားတာ မဟုတ်ဘူးလို့
ပြောတယ် ဆရာရယ်။
သမီးလည်း ဘာမှ မသိတော့ဘဲ ပြန်လာခဲ့မိပါတယ်။ သမီး ဘယ်သူ့ကိုမှလည်း
မပြောဖူးပါဘူး။ နောက်တစ်နေ့ သူငယ်ချင်းတွေ ဆုံတဲ့အခါ သူတို့တွေက
ပြောပြကြပါတယ်။ ဗေဒင်ဆရာက စိတ်အခြေအနေ ဟောတာတော့ မှန်ပါတယ်တဲ့။ ဒါပေမယ့်
မကောင်းဘူးလို့ သူတို့က ပြောပါတယ်။
အဲ့ဒါနဲ့ သမီးလည်းသူ့တို့ကို မေးကြည့်ပါတယ်။ သမီးတို့တွေချင်းတော့
ပွင့်ပွင့်လင်းလင်းပဲ ပြောကြပါတယ်။ အဲ့ဒီ့ဗေဒင်ဆရာက
သမီးသူငယ်ချင်းတွေကိုလည်း
ဘယ်သူ့ကိုမှ မပြောရဘူးလို့ ပြောထားတာတဲ့။ သူငယ်ချင်းတစ်ယာက်ကိုကျတော့
သူရဲ့အောက်ပိုင်းမှာ မှဲ့ရှိတယ်ဆိုပြီး ပြခိုင်းပါတယ်။ သူက လိုအပ်လို့
ကြည့်တာ ဆိုပြီးတော့လေ။ နောက်ပြီး ဘုရားခန်းကြီးထဲမှာ ဆရာ။
နောက်ပြီး သမီးကို ပြောသလိုပဲ လျှောက်ပြောတယ်တဲ့။ သမီးသူငယ်ချင်းကလည်း
သမီးလိုပဲ ဒီလိုမျိုး သိက္ခာရှိတဲ့ ဗေဒင်ဆရာက  မကောင်းတာတော့
မလုပ်လောက်ဘူးဆိုပြီး ပြလိုက်တယ်တဲ့ ဆရာရယ်။ နောက်တစ်ယောက်ကျတော့
ရင်ဘတ်မှာ မှဲ့ရှိတယ်ဆိုပြီး ပြခိုင်းတယ်တဲ့။ သူလည်း အဲ့ဒီ့လိုပဲ
လုပ်မိပြန်တယ်။
သမီး အရမ်းကိုလန့်သွားမိပါတယ်။ သမီး ဘာဖြစ်တယ်ဆိုတာတော့ သူတို့ကို
မပြောပြရဲဘူး ဆရာ။ နောက်တစ်ခု ပြောရအုံးမယ် ဆရာ။ သူက သူ့တံတွေးကိုလည်း
မျိုခိုင်းသေးတယ်။ သမီးကိုရော။ သမီးသူငယ်ချင်းတွေကိုရော။
သမီး အရမ်းစိတ်ညစ်တယ်ဆရာ။ သမီး အပျိုမစစ်တော့ဘူးပေါ့နော်။ သမီး ရောဂါတွေ
ဘာတွေ ရမှာလည်း ကြောက်တယ် ဆရာ။ အခု နေရင်းထိုင်ရင်းတောင် HIV
ပိုးများ ၀င်နေသလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် လန့်နေမိတယ်။
သုတ်ရည်မ၀င်ပေမယ့် oral sex လုပ်ရင်လည်း ရောဂါကူးတယ် မဟုတ်လား ဆရာ။ သမီး
သွေးလည်း သွားစစ်ချင်တယ်ဆရာ။
သမီး ဘာတွေ လုပ်ဖို့ လိုအပ်သလဲ ဆရာ။ အခုဆိုရင် စိတ်ဆင်းရဲလွန်းလို့
အိမ်ထဲက အိမ်ပြင်တောင် မထွက်ချင်တော့ပါဘူး။ ကိုယ့်အဖေအရွယ် လူတစ်ယောက်ရဲ့
စော်ကားမှုကို ခံရတာပါဆရာရယ်။ သမီးချစ်သူအပေါ်လည်း အပြစ်လုပ်မိသလို ခံစားရတယ်။
သမီးချစ်သူက အလွန်ထိန်းချုပ်နိုင်တဲ့သူပါ။ သမီးကိုလည်း  ဘာမှ
အမှားအယွင်းမရှိအောင် နေတတ်သူပါ။ အခုတော့ သမီးမှာ တစ်ခြားမိန်းကလေးတွေနဲ့
တန်းတူ မဖြစ်သလို ခံစားနေရပါပြီ။ သမီး အသုံးမကျလို့ ဖြစ်မှန်းသိပါတယ်။
ဒါပေမယ့် အားလုံးက လေးစားရတဲ့ နာမည်ကြီး ဆရာတစ်ဆူက အဲ့ဒီ့လို
မကောင်းတဲ့စိတ်နဲ့
မလုပ်လောက်ဘူးလို့ ထင်ခဲ့မိတာပါ။
တကယ်ဆို သမီး သူ့ကို တရားစွဲပစ်ချင်ပါတယ်။ ဒါပေမယ့်ဆရာ။ သမီးပဲ
အရှက်ကွဲမှာလေ။ သမီး ဘာလုပ်ရမှန်းကို မသိတော့ပါဘူးဆရာရယ်။
အခုလိုရေးရင်းနဲ့တောင် သမီလန့်မိတယ်။ သမီးကို အောက်လမ်းနည်းတွေ ဘာတွေ
သုံပြီး မကောင်းကြံမှာ ကြောက်တယ်ဆရာရယ်။
သမီးလေ သူတစ်ပါး သားမယားအပေါ် ကျူးလွန်ရာ ကျနေပြီလားဆရာ။ ကာမေသုမိစ္ဆာစာရကံ
ထိုက်နေပြီလားဟင်။ ဘယ်လို ကျန်းမာရေးစစ်ဆေးမှုတွေ ခံယူရမလဲဟင်။
သမီးချစ်သူကို ဖွင့်ပြောသင့်သလား။ အရမ်းကို သွေးပျက်ချောက်ချားနေလို့ပါ။
စိတ်ဆင်းရဲလွန်းလို့ သမီးဘာဆက်လုပ်ရမယ်ဆိုတာ ဆရာ အမြန်ဆုံးညွှန်ကြားပေးပါနော်။
သမီးရဲ့စာကို နာမည်နဲ့၊ နေရပ်လိပ်စာ မလှီးလွှဲဘဲနဲ့ မဂ္ဂဇင်းတစ်ခုခုမှာ
ဖော်ပြပေးပါ။ နာမည်က သူနဲ့ ပတ်သက်တဲ့ မိန်းမတစ်ယောက် နာမည်မိုလို့ပါ။
မြို့ကို ဖော်ပြထားမှ သမီးတို့မြို့က လူတွေ သိကြမှာဆရာ။ သမီးမှာ
ဆရာ့ကိုပဲ အားကိုးစရာ ရှိပါတော့တယ်။
ထင်ရှားတဲ့ စာအုပ်တချို့က…
    “သားငယ် သမီးငယ်များ ပဲ့ပြင်ထိန်းကျောင်းခြင်းအနုပညာ
    “နေပျော်တဲ့ဘ၀ ကြည်မြတဲ့ ဘ၀င် ရွှင်လန်းတဲ့စိတ် (မောဟပြေ ပုံတိုပတ်စများ ၁) “
    “ထိမ်းမြားပေါင်းဖက် ရန်ဖြစ်လျက်ပင် ချစ်ကြင်နေနည်း”
    “မဖတ်နဲ့နော်”
    “သားငယ်တို့ နားလည်ဖို့”
    “မီးငယ်တို့ အသိကြွယ်ဖို့”
    “ပျူငှာတဲ့ မူရာ”
    “ယောက်ျားသားချင်း ပွင့်ပွင့်လင်း”
    “မိန်းမသားတို့ သိမ်းထားဖို့”
 မူရင်းဆိုဒ်ကိုသွားဖြစ်အောင်သွားပါ - www.nookycontent.wordpress.com
ဒီစာလေးဖတ်ပြီး မိန်းကလေးတွေအကြောင်းကို တွေးမိတယ်.. ဘာကြောင့် အဲလောက် လူတစ်ဘက်သားကိုယုံကြည်ရတာလည်း အယုံလွဲလိုက်တာ အသိဥာဏ်မဲ့လိုက်တာလို့ အပြစ်မပြောချင်ပါဘူး။။ ဘာကြောင့်လည်းဆိုတော့ မိန်းကလေးတွေရဲ့  အားနည်းချက်ကိုက အယုံလွဲတယ် ။။အားကိုးရှာတတ်ကြတယ်.. ဗေဒင်ဆိုတာကလည်း အဲလိုလူတွေအတွက် ပိုပြီလုပ်စားလို့ ရတာပေါ့.. တကယ် ပညာရှင်တွေကို မဆိုလိုပါဘူး...
နေရာတိုင်းမှာ အကောင်းအဆိုးဆိုတာ တွဲနေတတ်တာကိုးး........... လမင်းပြောချင်တာက မိန်းကလေးများ
အယုံမလွဲဖို့  အားကိုးမမှားဖို့ .. တကယ်မေးချင်တယ် ဗေဒင်ကိုယုံကြည်တယ်ဆို.. အဖော်နဲ့ သွားပါ..
ဆင်ခြင်ပြီယုံပါ... တကယ်တော့ ဘယ်လိုအရာတွေကမှ ကိုယ့်ကို ဘာအကြောင်းကြောင့်မှ မလုပ်ပေးနိုင်ကြပါဘူး။။ ကိုယ်တိုင်း ကောင်းတာလုပ် အဆင်မပြေမှုဆိုတာ လူတိုင်းမှာရှိကြပါတယ်။။
မိန်းကလေးအများစုက တစ်ခုခုအဆင်မပြေရင်ဗေဒင်မေးချင်ကြတာကလည်း အစွဲလို့ ဖြစ်နေကြတာလေ..
ကိုယ့်ကိုယ်ကို ယုံကြည်မှုထားပါ.. ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဆိုတာကို မမေ့ပါနဲ့ ....
ကိုယ့်ကို အခြားသူကခြယ်လှယ်လို့ ရတယ်ဆိုတည်းက ကိုယ့်ညံ့လို့ ပါ.. အထက်ပါကိစ္စက ဘယ်သူမှားတယ် မှန်တယ်.။။ဆိုတာ လမင်းမပြောချင်တော့ပါဘူး။။ နောက်ကို ဒီလိုအဖြစ်မျိုးမကြုံရလေအောင် ဆင်ခြင်နိုင်ကြပါစေ.. လမင်းတစ်ခုအကြံပေးချင်တာက ဗေဒင်မေးတော့မယ်ဆို ဘာကြောင့်??  ဘာဖြစ်လို့ ဆိုတာကို အရင်စဉ်းစားပါ။။။ ကံညံ့နေလို့ ဗေဒင်က ဘာမှလုပ်မပေးနိုင်ပါဘူး။။ ဘုရားတရားပိုလုပ်လိုက်ပါ...
အလုပ် အဆင်မပြေလို့ ဗေဒင်က ဘာမှလုပ်လို့ မရပါဘူး။။ အလုပ်ကို ပိုပြီကြိုးစားလုပ်လိုက်ပါ။။။။
ရည်းစားတွေအဆင်မပြေလို့ ဗေဒင်က ဘာမှလုပ်ပေးလို့ မရပါဘူး။။ ကိုယ်တိုင်းညှိယူကြပါ။။ နောက်ဆုံးကွဲသွားရင်လည်း ကံမပါလို့ ပဲသဘောထားလိုက်ပါ။။ မိန်းကလေးအများစုက စိတ်ညစ် စိတ်ရှုပ်ထွေးလာရင် ဘာမှမစဉ်းစား မဆင်ခြင်ပဲ လုပ်တတ်ကြတယ်..ဗေဒင်ဆီပြေးတတ်ကြတယ်။။ .ယောင်္ကျားလေးတွေကတော့ဗေဒင်သိပ့်မယုံကြဘူးထင်တယ်..မိန်းကလေးမှမဟုတ်ပါဘူး လူတိုင်းပေါ့..
မိန်းကလေးတိုင်းလည်းမဟုတ်ပါဘူး.။။။ ဗေဒင်ဆရာမှမဟုတ်ပါဘူး ဘယ်သူကိုမဆို ယုံသင့်မယုံသင့်ကို
သေချာစဉ်းစားပါ။။ ပြဿနာ တစ်ခုခုဖြစ်ရင်လည်းတစ်ယောက်တည်းမဖြေရှင်းပါနဲ့ .. မိဘသို့ မဟုတ် 
သူငယ်ချင်း..တွေနဲ့ တိုင်ပင်ပါ..ဆွေးနွေးကြည့်ပါ... ရင်ဖွင့်ပါ.. ဒီပိုစ့်လေးဖြစ်လာတာက မောင်(စွယ်စုံကျမ်း)
ကမိန်းကလေးတွေကိုဖြန့်ဝေပေးပါတဲ့သူ့ မှာလည်းနေမကောင်းတဲ့ကြားက စေတနာလေးတော့ရှိသားပဲ
ဖတ်စေချင်သိစေချင်လို့ပါတဲ့.. လမင်းတော့ခဏခဏဖတ်ဖူးတယ်.. ဖတ်ပြီးတိုင်းတော့တွေးတယ် အဲလိုမိန်းကလေးတွေအပြင်မှာတကယ်ရှိတာလား.. ဘာလို့ လူတစ်ယောက်ကို အဲလောက်ယုံရတာလည်းပေါ့။။ မကြုံဖူးတော့ မသိဘူးဆိုတာမျိုးပေါ့။ မိန်းကလေးများဆင်ခြင်ကြပါလော့..
လမင်းလည်းအခုတလော ဘာတွေအလုပ်များနေလည်းမသိပါဘူး။။ အင်တာနက်ကလည်းအချိန်နဲ့ ပဲရတော့ ရတဲ့အချိန်လေးလုပ်စရာရှိတာလုပ်ရသေးတော့...ပိုစ့်တွေလည်းမရေးနိုင်ဘူးဖြစ်နေတယ်။။ .ဆရာအတ္တကျော်ဆိုဒ်ထဲလည်းလမင်းမရောက်သေးဘူးရှင်.. စာတွေလည်းဖတ်တာအရမ်းနည်းနေတယ်....ဒါကကြော်ဌာဝင်တာပါ..
အားလုံးကျန်းမာပျော်ရွှင် အသိဥာဏ်တိုးကြပါစေ.. ဆင်ခြင်တုံတရားတိုးပွားကြပါစေ..
ဆရာအတ္တကျော်ရဲ့ စာတွေကို ဖေ့ဘွတ်မှာတွေ့ လို့ ဝင်ဖတ်ရင်း အခုလိုအားလုံး
သိအောင် ထပ်ဆင့်မျှဝေပေးတာပါ  မူးရင်းရေးသာသူမဟုတ်ပါ နမူနာစာအဖြစ်
ဖတ်ဖို့ ကူးယူ၍ကြော်ငြာပေးခြင်းဖြစ်ပီး  နောက်ပိုင်းစာတွေကို ဆရာ့ဆီမှာဖတ်
သေချာတယ်.... ရောက်တဲ့လူတွေကတော့ ဆရာ့ဆိုဒ်မှာ ပြန်မှာမဟုတ်ဘူးလို့ 
အာမခံပါတယ် လွန်ခဲ့သော2နှစ်ကြာခဲ့ပါပြီ ။ ခုမှစသိတာတွေ့ တာ နောက်ကျ
လိုက်တာနော..အဲ့လိုမဖြစ်အောင် အခုလိုအားလုံးအကျိုးရှိတဲ့စာ အသုံးတဲ့မယ့်
ဝက်ဆိုဒ်တွေကို ဒီစာဖတ်မိသူတိုင်းကနေ များများ လှုံ့ ဆော်ဖြန့် ဝေပေးပါလို့ 
ထပ်ဆင့်မေတ္တာရပ်ခံပါတယ် ခင်ဗျာ........................
........................။
ဘလော့ဂါအားလုံးနှင့်စာဖတ်သူတို့ အား လေးစားခင်မင်လျှက်-
မောင်(စွယ်စုံကျမ်း)
Saturday, October 13, 2012
လွတ်လပ်မှု
လွတ်လပ်မှုဟာ ငါတို့ ရဲ့ အကောင်းဆုံး မိခင်ဖြစ်တယ်။။ လွတ်လပ်မှုက လူသားတိုင်းအတွက် အကောင်းဆုံးအတွေ့ အကြုံဖြစ်တယ်..
လွတ်လပ်ခြင်းဆိုတဲ့ စကားလုံးဟာ ငါတို့ ရဲ့ ဘာသာစကားမှာ မြတ်နိုးစရာ တန်ဖိုးထားစရာ အကောင်းဆုံး စကားလုံးဖြစ်တယ်။။
  ဒါကြောင့် ဒီစကားလုံးကို ပေါ့ပေါ့တန်တန်နေရာမှာ တလွဲမသုံးသင့်ဘူး။။
လူတစ်ယောက်ပဲဖြစ်ဖြစ် လူမျိုးတစ်မျိုးပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို မထိန်သိမ်းနိုင်ပဲ လွတ်လပ်မှုကို မရနိုင်ဘူး။။
လွတ်လပ်စွာ တွေးခေါ်ခွင့်ရှိနေတာကို မသုံးပဲ လွတ်လပ်စွာ ပြောဆိုခွင့်ကို လိုချင်တာဟာ အဆင့်ကျော်နေပါတယ်..။။
ပေးမှရတဲ့လွတ်လပ်မှုဟာ လွတ်လပ်မှုအစစ်မဟုတ်ဘူး။ ဘယ်သူကမှလွတ်လပ်မှုကိုပေးလို့ မရဘူး။။
မိမိဘာသာဖြစ်အောင်လုပ်ယူမှရတယ်။
လွတ်လပ်မှုကို အလွဲသုံးစားလုပ်တဲ့သူဟာ လွတ်လပ်မှုနဲ့ မတန်ဘူး။။ လွတ်လပ်မှုနဲ့  အပြန်အလှန်လေးစားမှုဟာ လက်တွဲပြီးသွားတယ်။။
လွတ်လပ်မှုက အန္တရယ်များတယ် ဒါပေမဲ့ လွတ်လပ်မှုမရှိတာက ပိုပြီးအန္တရယ်များတယ်။။
ဥာဏ်နုတုန်းမှာ ကောင်းကောင်းစားရဖို့ ကောင်းကောင်းနေရဖို့ မှန်းတယ်။။ ဥာဏ်နည်းနည်းမြင့်လာရင် ပညာတတ်ဖို့ မှန်းတယ်။ အသိဥာဏ်အမြင့်ဆုံးကို
ရောက်ရင်တော့ လွတ်လပ်မှုကို မှန်းတယ်။။ စိတ်ထားနဲ့ အသိဥာဏ်မြင့်သွားလေလေ လွတ်လပ်မှုကို မြတ်နိုးလေပဲ။။
တစ်ကိုယ်ကောင်းဆန်တဲ့သူဟာ လွတ်လပ်မှုမရှိတဲ့သူ လွတ်လပ်မှုကိုနဲ့ မထိုက်တန်တဲ့သူ ဖြစ်တယ်။။
လွတ်လပ်မှုကို အလွဲသုံးစားလုပ်ရင် လွတ်လပ်မှု ပျောက်သွားမယ်။။ ရှိနေတဲ့လွတ်လပ်မှုကို အလွဲသုံးစားလုပ်နေတဲ့သူဟာ ပိုပြီး အဆင့်မြင့်တဲ့လွတ်လပ်
မှုကိုဘယ်လိုနည်းနဲ့ မှမရနိုင်တော့ဘူး။။ ရထားတဲ့လွတ်လပ်မှုကို မသုံးပဲနေသူဟာလည်း ပိုပြီးအဆင့်မြင့်တဲ့လွတ်လပ်မှုကို မရနိုင်ဘူး။။
ရတဲ့လွတ်လပ်မှုကို အပြည့်အ၀ သုံးနေသူပဲ ပိုပြီးလွတ်လပ်လာမယ်။။
မှတ်ချက် ===တွေးမိတိုင်းပျော်တယ်စာအုပ်မှကြိုက်မိတာလေများ.............
ဆရာတော်ဦးဇောတိက...
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ...
Friday, September 14, 2012
လုပ်ဖြစ်နေတဲ့အလေ့အကျင့်ကောင်း (၂)..
မင်္ဂလာပါ.. လမင်းစာတွေတတ်နိုင်သလောက်ပြန်ရေးပါတော့မယ်.. ဖေ့စ်ဘုတ်အပိတ်ခံလိုက်ရလို့ ပါ..:P
အဆိုးထဲက အကောင်းပေါ့.. ဖေ့စ်ဘုတ်ကို ပိတ်လိုက်တဲ့သူကသူတော်ကောင်းလေးပဲဖြစ်မှာပါ..:Dပိတ်လိုက်တာလည်းကောင်းပါတယ်လေ အပိုအလုပ်တစ်ခုလျော့တာပေါ့ ။
အခုပိုစ့်က လမင်း ဘာစာအုပ်တွေဖတ်တတ်လည်း ဘယ်တရားတွေနာဖြစ်လည်း ရေးမယ်ပြောထားတာလေးရှိတော့ရေးလိုက်ပါတယ်။။။။
အများဆုံးဖတ်ဖြစ်တာ ဆရာတော်ဦးဆန္ဒဓိက စာအုပ်တိုင်းလိုလိုဖတ်ပါတယ်။။ ဆရာတော်လည်းဒီကြွရင်ယူလာတတ်ပြီး ဒကာ၊ ဒကာမတွေကို လက်ဆောင်ပေးတတ်တော့ မ၀ယ်ပဲဖတ်ရပါတယ်။
ဒါလည်းကုသိုလ်ကံတစ်မျိုးပေါ့နော်.. ဖတ်ခွင့်ရတယ်။။ ဖတ်နိုင်တဲ့ အသိဥာဏ်ပါတယ်။။။ မျက်လုံးတွေလည်းကောင်းသေးတော့ဖတ်နိုင်တယ်.. ဒါဟာ နည်းတဲ့ကုသိုလ်ကံမဟုတ်ဘူးလေ။။။
ဦးဆန္ဒဓိက စာအုပ်ဖတ်ရကျိုးက စိတ်ထားတတ်လာတယ်.. အကောင်းမြင်တတ်လာတယ်.. အကျိုးအကြောင်းကိုနားလည်လာတယ်...တစ်ယောက်တည်းနေချင်စိတ်တွေပိုများလာတယ်..:) ပြီတော့လမင်းက ဆရာတော်ကို လေးစားကြည်ညိုအားကျတာလည်းပါတယ်။။ ပုဂ္ဂိုလ်စွဲတော့မထားပါဘူး။။ မျက်စိရှေ့ ရောက်လာတဲ့
တရားစာအုပ်မှန်သမျှဖတ်ပါတယ်..။
.နောက်ထပ်ဖတ်တာက ဆရာတော်ဦးဇောတိက စာအုပ်တွေဖတ်ပါတယ်။. ဆရာတော်စာအုပ်ကိုတော့မြန်မာပြည်ကလက်ဆောင်ရတာတို့ ပို့ ပေးတဲ့သူရှိမှဖတ်ရပါတယ်.. ဦးဇောတိက
စာအုပ်တွေလည်းလမင်းကြိုက်ပါတယ်.. ဆရာတော်ရဲ့ ဒဿနတွေ အတွေးအခေါ် စိတ်သဘောထားတွေ အရမ်းမြင့်တယ် ..မှတ်သားစရာတွေအများကြီးပါတယ်.။ လိုက်နာပြီးလုပ်မယ်ဆိုလည်း အကျိုးများစွာရှိပါတယ်..။။
လက်ရှိဖတ်နေတဲ့ဆရာတော်ရဲ့ စာအုပ်က တွေးမိတိုင်းပျော်တယ်။။ ခဏခဏဖတ်တယ်။။ ဖတ်တိုင်းလည်းမရိုးစေရဘူး.။ သေချာဖတ်လေ လေးနက်မှုရှိလေပါ။။အရမ်းကောင်းပြီး လမင်းအရမ်းကြိုက်တဲ့စာအုပ်ပါ..
ဆရာတော်ထွက်ထားသမျှစာအုပ်တွေထဲက အနှစ်ချုပ်တွေလည်းပါတော့ တန်ဖိုးရှိတဲ့စာအုပ်ကောင်းတစ်အုပ်ပါ။။
စာဖတ်သူတွေကိုလည်းဖတ်စေချင်ပါတယ်။။
ဗုဒ္ဓဘာသာ ကို အခြေခံလောက်ပဲသိပြီး သေချာလေ့လာချင်တယ်ဆိုရင်တော့.. မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ စာအုပ်တွေကိုဖတ်စေချင်ပါတယ်.. အခြေခံကအစ ဗုဒ္ဓရဲ့ အဆို အမိန့် အနှစ်ချုပ်အထိကို ဆရာတော်ကြီးကရေးသားထားပါတယ်။။ ဆရာတော်က စာတွေအများကြီးရေးသားခဲ့ပါတယ်။။ကျေးဇူးကြီးမားပါတယ်။။
လမင်းဖတ်ဖူးတဲ့စာအုပ်တွေကတော့ ၁ ဗုဒ္ဓ၀င် အမေးအဖြေ.. ၂ အနာဂတ်သာသနာပြုပြင်ရေးသြ၀ါဒ တရားတော်
၃၊ ရတနာဂုဏ်ရည်.. ၄ . ဗုဒ္ဓဘာသာတိုသိသင့်သောအခြေခံ တို့ များစွာထဲက လမင်းဖတ်ဖူးတာနဲ့ မှတ်မိတာလေပါ လမင်းစာအုပ်တွေနဲ့ ဝေးနေတာကြာနေပြီး။။ ပါဠိတွေသိပ်မဖတ်နိုင်ပါဘူး ဘာသာပြန်တွေပဲဖတ်တာများတယ်။။
နောက်ထပ် ဖတ်လို့ ကောင်းပြီးစိတ်ထဲစွဲစေတာကတိပိဋ္ဋက ယောဆရာတော်အိတ်ဆောင်စာအုပ်လေးတွေပါ ကဗျာလေးတွေလိုရေးစပ်ထားတော့ ဖတ်လို့ ကောင်းသလို လင်္ကာလေးတွေပါတော့မှတ်ရလွယ်ပါတယ် ။။။
လူငယ်တွေအကြိုက်လည်းဖြစ်နိုင်ပါတယ်...ဆရာတော်ဦှးဆန္ဒဓိကနဲ့ ယောဆရာတော်စာအုပ်တွေကိုတော့ မိဘတွေကလည်းသားသမီးတွေအတွက်ဝယ်တာကိုတွေ့ သလို လူကြီးလူငယ်မရွေးကြိုက်ကြပါတယ်။။။
တရားနာဖြစ်တဲ့ဆရာတော်တွေကတော့ သီတဂူဆရာတော်ကြီးရဲ့ တရားတွေနာဖြစ်တယ်။ ဆရာတော်က ဗဟုသုတကြွယ်တော့ စာအုပ်တွေထဲမပါတာတွေမသိတာတွေလည်းသိရပါတယ်။။
ဆရာတော်ဒေါက်နန္ဒမာလာ တရားတွေလည်းလမင်းကြိုက်ပါတယ်။။ တော်တော်များများကို နာဖြစ်ပါတယ်။။
ဥူသုမင်္ဂလ ဒယ်အိုးဆရာတော်လို့လည်းနာမည်ကြီးပါတယ်။။ ဆရာတော်က ဗုဒ္ဓတရားတော်တွေကိုလူဘောင်လူသဘောတွေနဲ့တိုင်းတာပြီဟောလေ့ရှိပါတယ်။။ ဥပမာ လမင်းလို လူပိန်းနားလည်အောင်လည်းဟောနိုင်ပါတယ်။။စကားအသွားအလာတော့နဲနဲကြမ်းပါတယ်။။
ကြမ်းတယ်ဆိုတာကလည်း ဘုန်းကြီးနဲ့ ဒကာ ဒကာမတွေပြောသလိုပြောတာမဟုတ်တော့ နားထဲတစ်မျိုးဖြစ်တာလေးလောက်ပါ။။ ကျုပ် တို့ ခဗျာတို့ သုံးတတ်တာမျိုးကိုပြောတာပါ..:)
အခုမြန်မာပြည်မှာ လူတော်တော်များများကြိုက်တယ်လို့ လည်းသိရပါတယ်။။
ဝိပါဿနာနဲ့ ပတ်သက်ပြီးနာချင်တယ်ဆိုရင်တော့ မဟာစည်ဆရာတော်ကြီးတရားတွေကိုတော့နာဖူးပါတယ်..
လေနက်တော့ ဥာဏ်မမှီဘူးဖြစ်နေတယ်။။ လူကြီးအကြိုက်ပေါ့.. အကြိုက်ချင်မတူကြဘူးလေ..
ကဲဒီလောက်ဆို လမင်း ဘာစာအုပ်ဖတ်လဲ ဘယ်တရားတွေနာလည်းဆိုတာတော့ကုန်ပါပြီး။။
ပြောစရာလေးရှိတာက လမင်း ဘယ်စာရေးဆရာစာအုပ်တွေမှ မဖတ်တတ်ပါဘူး။။ အခုခေတ်နာမည်ကြီးနေတဲ့စာရေးဆရာတွေလည်း နာမည်ကြီးလို့ ကြားဖူးတာပဲရှိတယ် .. မဖတ်ပါဘူ။။
ဝထ္ထုလည်းမဖတ်ဖူးပါဘူး။။ ၀ထ္ထုစာအုပ်ဖတ်လို့ ကုန်သွားမဲ့အချိန်ကို လမင်း တရားစာအုပ်ဖတ်ပါတယ်။။
အကျင့်လိုပဲပြောရမလား ။။ အမေပဲ အကျင့်လုပ်ထားလို့ လာမသိဘူး။။။ ငယ်ငယ်တည်းက ၀ထ္ထုတွေ ကာတွန့် တွေ
မဖတ်ရပါဘူး။။ ကျောင်းစာနဲ့ တရားစာသာ ဖတ်ခွင့်ရခဲ့ပါတယ်..။။။ လမင်းက... အမေ ဗဟုသုတ ရအောင်စာအုပ်အစုံဖတ်သင့်တယ်လို့ ပြောလိုက်ရင်.. တကယ်ဗဟုသုတရချင်တာလားလို့ အမေပြန်မေးတတ်ပါတယ်။။။ ဟုတ်ကဲ့လို့ ဖြေလိုက်အပြီးမှာ တရားစာအုပ်ပဲ.. လမင်းရှေ့ ရောက်လာတတ်ပါတယ်။။ အမေကလည်းတစ်ခါလာလည်းဒါပဲလို့ ပြောရင်..
အဲဒီ တစ်ခါလာလည်းဒါပဲစာအုပ်ထဲက သမီးအလွတ်ရတာ အမေကိုဆိုပြပါအုံးလို့ ပြောလိုက်ရင်လမင်းမဆိုပြ မဖတ်ပြနိုင်ပြန်ဘူး။။။ မှတ်ထားသမီး ဗုဒ္ဓရဲ့ အဆို အမိန့် တွေက ဘယ် သိပ္ပံပညာရှင်တွေ ကမှရှာလို့ မတွေ့ နိုင်တဲ့
အမှန်တရားတွေရှိတယ်။။ အခုခေတ်မှာတောင်ရှာဖွေလို့ မရနိုင်တာတွေကို ဗုဒ္ဓက လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀
လောက်ထဲကရှာဖွေတွေ့ ရှိခဲ့လို့ ရေးသားခဲ့တဲ့ အဆို အမိန့် တွေ သမီး ဗုဒ္ဓရဲ့ တရားတွေ ဆုံးမမှုတွေကိုလေ့လာမှတ်သား ကျင့်သုံးပါ။။ သမီးဘ၀မှာဘယ်တော့မှလူအောက်ကျတာတို့ ခေတ်နောက်ကျကျန်ခဲ့တာတို့ မျိုးမဖြစ်စေရဘူး....အမေဆုံးမဖူးတဲ့စကားပါ။။
လမင်းလည်းပြန်သုံးသပ်ကြည့်ပါတယ်။။ နာမည်ကြီး ကမ္ဘာကျော်တွေပြောတဲ့ဒဿနတွေ သီအိုရီတွေက လွန်ခဲ့သော(၂၅၀၀)ကျော် လောက်ထဲက ဗုဒ္ဓဟောပြောခဲ့တာတွေ တွေ့ ရှိခဲ့တာတွေကို ခေတ်စကားနဲ့ ပြန်လည်းပြောဆိုကြတာမျိုးတွေပါပဲလေ.. အင်တာနက်တက်လို့ မျက်စိရှေ့ ရောက်လာရင်တော့ ကြိုက်နှစ်သက်တာလေဆိုမှတ်သားတတ်ပါတယ်။။။
ဘလော့မောင်နှမတွေတင်ထားတဲ့ပိုစ့်တွေ ကဗျာတွေလောက်ပဲဖတ်ဖြစ်ပါတယ်။။ အမှန်ဝန်ခံရရင် ဘယ်စာရေးဆရာဝထ္ထုတွေ ကဗျာတွေမှမဖတ်ပါဘူး။။ လမင်းရှေ့ ရောက်လာရင်တော့ဖတ်လိုက်တယ် ပြီတော့မေ့သွားပါတယ်။။ ဗမာကားတွေတော့ကြည့်တတ်တယ်။ ၀ထ္ထုဘယ်သူဆိုတာလောက်တော့တွေ့ မိပါတယ်။။
လမင်းအကြောင်းတော့သိကုန်ပါပြီးစာဖတ်အားကောင်းပုံကို ဟီး.. ဒီလောက်ပါပဲရှင်.....
အပေါ်ကရေးခဲ့တဲ့ဆရာတော်စာအုပ်တွေ တရားတွေတော့ ဖတ်စေချင် နာစေချင်ပါတယ်....
ဒီစာအုပ်တွေဖတ်ပါတယ်..
လမင်းစားပွဲရှင်းနေတာပဲနော်...အဲ့လိုတွေရှင်လို့ ပစ္စည်းလည်းခဏခဏပျောက်ပါတယ်။။ :)
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ....
Wednesday, September 12, 2012
လုပ်ဖြစ်နေတဲ့အလေ့ကျင့်ကောင်းတချို့ ....
မင်္ဂလာပါရှင်....ဒီတစ်ခါတော့စာဖတ်သူတို့ အတွက်အကျိုးရှိစေမဲ့ပိုစ့်လေးရေးချင်ပါတယ်။။။လူတိုင်းလူတိုင်းမှာ ကိုယ်ကြိုက်နှစ်သက်တာလုပ်တတ်တဲ့အကျင့်လေးတွေရှိပါတယ်..။။
အဲလိုပဲ လမင်းမှာလည်းရှိတာပေါ့.. လူတိုင်းအကောင်းအဆိုးဒွန်တွန်ပါတတ်မြဲပါပဲ... လမင်းမှာလည်းကောင်းတာမကောင်းတာလေတွေပါတတ်ပါတယ်...။။ အခုတော့ကောင်းတဲ့အကျင့်လေးတွေပဲအရင်ပြောတော့မယ်.. ပွဲစက မကောင်းတဲ့အကျင့်ရေးရင် သိပ်မကောင်းလောက်ဘူး။။:)
လမင်းရဲ့ တစ်နေ့ တာ လုပ်ဖြစ်တဲ့ ကောင်းတာလေးတွေကို စာဖတ်သူတို့ အတွက်လည်းအကျိုးရှိမယ်ထင်လို့ ရေးလိုက်တာပါ..။။ လမင်းလျှောက်ရေးသမျှလာလာဖတ်နေကြတဲ့သူငယ်ချင်းတွေကို ကျေးဇူးဆပ်တယ်လို့ သဘောထားပေးပါ။။။
အခုရေးမှာတွေက လမင်းနေ့ တိုင်းလုပ်ဖြစ်တဲ့ ကောင်းတဲ့အလုပ်လေးတွေပါ။။။
(၁) ပထမ ဆုံး လမင်း အိပ်ယာက နိုးပြီလို့ သိလိုက်တာနဲ့ .. အိပ်ယာထဲမှာပဲ.. ဒီနေ့ ဘာနေ့ လဲ အရင်စဉ်းစားပါတယ်။။(ဥပမာ)
သောကြာနေ့ ဆိုပါတော့ သောကြာသားသမီး အပေါင်း ကျန်းမာ ချမ်းသာကြပါစေ....၃ခါ မေတ္တာပို့ ပြီးတာနဲ့  မိဘ ဆရာသမားတွေကို မေတ္တာပို့  ...ခုနှစ်ရက်သားသမီးတွေကို မေတ္တာပို့ ပြီးရင်တော့ လမင်းအိပ်ယာက ထပါတယ်... ရေချိုးခန်းဝင်တယ်...:)
(၂) ရေချိုးခန်းဝင် မျက်နာသစ်ရင် .. လမင်းမျက်နာကို ရေနဲ့ သစ်နေချိန်မှာပဲ ငါမျက်နာအေးချမ်းသလို ခုနှစ်ရက်သားသမီးအပေါင်းစိတ်နှလုံးအေးချမ်းကြပါစေ.. ဆိုပြီး မျက်နာသစ်ပြီတဲ့အထိ မေတ္တာပို့ နေတယ်....
(၃) သွားတိုက်နေရင်လည်း စိတ်ထဲဂုဏ်တော် တစ်ခုမဟုတ်တစ်ခုပွားနေလိုက်တယ်။။။
ရေးချိုးခန်းကိစ္စပြီးရင်တော့...
(၄)
ဘုရားသောက်တော်ရေချမ်းကပ်ဆွမ်းကပ် ဘုရားရှိခိုးပြီး.. သမ္ဗဒ္ဓေဂါထာ.. ၃ခေါက်ဂုဏ်တော်၉ပါး ၃ခေါက် .ချစ်သူ ခင်သူ မိတ်ဆွေပါမကျန်အားလုံးကို မေတ္တာပို့ ပါတယ်..။ပြီးရင်တော့ လမင်း မနက်စာ စားပါတယ်.. :)
(၅) စားနေတုန်းလည်း အစားအသောက်နဲ့ ပတ်သက်သူအားလုံးကို စိတ်ထဲကမေတ္တာပို့ လိုက်ပါတယ်..
အားလုံးပြီးပြီဆိုရင်တော့ လမင်း လုပ်စရာရှိတာလုပ်ပါတယ်... အလုပ်သွားရင်သွားမသွားရင် အိမ်မှာလုပ်စရာရှိတာလုပ်ပါတယ်... မှတ်ချက် အခုတော့ ပင်စင်စားနေပါတယ်..:)
(၆)
ညနေဘက်လောက်ဆို ဆီမီး ရေချမ်းကပ်ပြီး အမျှဝေ ပုတီစိပ်...ပြီး အရပ်ဆယ်မျက်နာမေတ္တာပို့ ပါတယ်..
ညဘက်ဆိုရင်တော့ သမ္ဗဒ္ဓေဂါထာ.ကို ၁၁ ခေါက်ရွတ်ပါတယ်.. ဂုဏ်တော်.၉ပါး ၉ခေါက်ရွတ်ပါတယ်..
အားလုံးပြီးသွားပြီးဆို မျက်နာသစ် သွားတိုက် မနက်ကအတိုင်းပဲလုပ်ပြီး.. အိပ်ယာဝင် ဗုဒ္ဓကိုအာရုံပြုပြီး တစ်နေ့တာလမင်းလုပ်ခဲ့သမျှကို ပြန်စဉ်းစားပြီး မိဘကို အရင်စိတ်မှန်းနဲ့ ကန်တော့တယ်.. အဘိုး အဖွား..
အတိတ်ဘ၀က မိဟောင်းဖဟောင်း ဆရာသမား ကျေးဇူးရှင်တွေကို ကန်တော့ပြီးရင်တော့ လမင်းစိတ်ချမ်းသာစွာအိပ်ပျော်သွားပါပြီး...:)
(မှတ်ချက်) လမင်းရေကိုင်နေရင်ဖြစ်ဖြစ်ရေချိုးနေရင်ပဲဖြစ်ဖြစ် မေတ္တာပို့ တတ်ပါတယ်။။ ရေလို အေးချမ်းကြပါစေပေါ့..ကိုယ်ပို့ သချင်သလိုပို့ လို့ရပါတယ်။ ဒါက ယခု လက်ရှိလုပ်နေတဲ့ အလေ့အကျင့်ကောင်းလေးတွေပါ.. အရင်က မလုပ်ဖူးလားလို့ မေးစရာရှိမယ်နော်... အရင်က အခုထက်ပိုလုပ်ပါတယ်... ဘာတွေပိုလုပ်လဲ.. အလုပ်လုပ်ရင် Mp3 နဲ့ တရားနားတယ်... လပြည့် လကွယ် ဥပုသ်စောင့်ဖြစ်တယ်.. တရားထိုင်တယ်.. တရားစာအုပ်တွေဖတ်တယ်..။။
ဥပုသ်စောင့်နဲ့ တရားထိုင်ပျက်တာ ၁နှစ်ကျော်ပါပြီး.. အင်တာနက်စွဲလို့ ထင်တယ်.. အခုအရင်လို သတိထားပြီးပြန်လုပ်နိုင်အောင်ကြိုစားပါမယ်.. လမင်းဘာစာအုပ်တွေဖတ်လဲ ဘယ်တရားတွေနားလည်းဆိုတာ
နောက်တစ်ခေါက် ပို့ စ်မှာတင်ပါမယ်။ လမင်းရဲ့ ကောင်းတဲ့အကျင့်လေးတွေပါ.. ဘာထူးခြားလည်း ဆိုတာ
လမင်းမတွေးပါဘူး။။ လုပ်ချင်လို့ ကို လုပ်ပါတယ်။။။ လုပ်သင့်တာကိုလုပ်ပါတယ်။။မလုပ်ချင်လည်းလုပ်ရပါမယ်။။စာဖတ်သူတို့ လည်း တစ်ခုမဟုတ်တစ်ခုတော့ လုပ်ဖြစ်မယ်ထင်ပါတယ်။။။ တကယ်လို့ မေ့နေတယ်ဆိုလည်း အလေ့အကျင့်လေးရအောင်လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။။။ လူဘ၀ကိုရထားပြီ သာသနာနဲ့လည်းကြုံရပြီမှ
ကောင်းမှုကုသိုလ်လေးတွေ မယူသွားနိုင်ဘူးဆို လူဖြစ်ရှုံးပါလိမ့်မယ်.။။ တစ်ချို့ ကလမင်းကို ဘာသာရေးသမားလို့ ပြောကြပါတယ်။။ လုံးဝ လုံးဝ မဟုတ်ပါဘူး.တတ်နိုင်သလောက်လေးကိုလုပ်တာလောက်ပဲရှိပါတယ်။။ ဗုဒ္ဓတရားတော်တွေလေ့လာလို့ မကုန်နိုင်သလို ဗုဒ္ဓအလိုကျလိုက်မလုပ်နိုင်သေးပါဘူး။။ လုပ်သင့်တာကို လမင်းတတ်နိုင်သလောက်လုပ်တာပါ။။
တရားစာ ဂါထာတွေ အများကြီးလည်းမရပါဘူး။။။ ဒါပေမဲ့ လမင်း ၅ ပါးသီလကို နေ့ တိုင်းလုံအောင်ထိန်းပါတယ်။။။
ဗုဒ္ဓဟောခဲ့တာတွေကို လမင်းတတ်နိုင်သလောက်လုပ်ပါတယ်။။။ တရားစာတွေကို အလွတ်ရအောင်မကျက်ပါဘူး။။
လုပ်နိုင်တာကိုပဲ လုပ်ပါတယ်။။။ .. နောက်ပိုစ့်မှာ ဘယ်ဆရာတော်တွေရဲ့ စာအုပ်ဖတ်လဲ ဘယ်တရားတွေနာဖြစ်လည်းဆိုတာ လမင်းသိသလောက်ရေးပါအုံးမယ်..... အားလုံးကျန်းမာပျော်ရွှင်နိုင်ကြပါစေ..
(သတိပေးချက်) ဖေ့ဘုတ် အပိတ်ခံထားရလို့ စာပိုရေးပါမယ်။။။။:)
Wednesday, June 13, 2012
ဖတ်မိတာလေးများ..
(၁) အလုပ်လုပ်လျှင် တစ်ဝက်တစ်ပျက် မလုပ်ပါနဲ့..
(၂)သူကိုကူမှာ သူ့  အကူအညီ ရ၏....
(၃)ဒုက္ခမရောက်မီ ဒုက္ခကို ဒုက္ခခံပြီး တွေးမနေပါနှင့်..
(၄) အမှန်တရားသည် နောက်ဆုံး၌ အောင်မြင်ရမယ်...
(၅)လင်းရောင်ခြည်မလာမိ အချိန်သည် အမှောင်ဆုံးဖြစ်သည်...
(၆).သမ်ုင်းတစ်ကျော့ ပြန်လည်တတ်၏..
(၇)လိုအပ်တဲ့ အခါ ကူညီသူမှ မိတ်ဆွေစစ်ဖြစ်သည်..
(၈)ဘာမျှမရှိသည်ထက်စာလျှင် အနည်းငယ်ရှိသည်က တော်သေး၏..
(၉)အသိ ပညာသည် ခွန်အား..
(၁၀)နေရိပ်ကိုလို နေပူက စောင့်..
(၁၁)ပစ္စည်းကောင်းလျှင်အမွန်းတင်စရာမလို...
(၁၂)မိမိကိုသာ ကိုးကွယ်ပါ..
(၁၃)ကံဆိုတာ အလိုလိုဖြစ်တာမဟုက် အလုပ်...
(၁၄)ပေါင်မုန့်တစ်ချမ်းသည် ပေါင်မုန့် လုံးဝမရှိခြင်းထက် တော်သေး၏..
(၁၅) ရိုးသားခြင်းသည် အကောင်းဆုံးဝါဒဖြစ်၏..
(၁၆)ထိုက်တန်သူကို ဂုဏ်ပြုပါ...
(၁၇)မတရားတဲ့ ငွေ ကြာကြာမနေ...
(၁၈) မေတ္တာရှိလျှင် သ၀န်တို၏...
(၁၉)အမှားနှစ်ခုသည် အမှန်တစ်ခု မဖြစ်နှိင်ပေ..
(၂၀)မခုန်ခင် ရှေ့ ကို အရင်ကြည့်.....
လက်နာနေလို့ အရင်ရေးထားတာလေးပြန်တင်ပေးလိုက်ပါတယ်..
ဒီဘလော့ထဲမှာတော့မတင်ဖူးပါဘူး အသစ်ပေါ့...
ကြိုက်မိတာလေးများကိုမျှဝေခြင်းပါ.. ဘလော့မလည်ဖြစ်တာကိုလည်း တောင်းပန်ပါ၏..:D
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ..
Thursday, March 29, 2012
ဖတ်မိတာလေးများ....
အခုရက် ပိုစ့်အသစ်မရေးနိုင်သေးလို့  ဖတ်မိတာလေးတင်ပေးလိုက်ပါတယ်..
ကဗျာရေးဖို့ လည်းအာရုံမလာနဲ့ အခုတလောသီချင်းပဲဆိုချင်နေတာ.. အဲပိုးကလည်းမသေးဘူး။။
ကြိုက်တဲ့သီချင်းမရလို့ စိတ်တိုတိုနဲ့ စာဖတ်ရင် ကြိုက်မိတာလေးမျှဝေပေးလိုက်ပါတယ်။.:)
(၁)ဂုဏ်ဆိုတာ......
အလုပ်လုပ်ရာ မှာ ဂုဏ်ရှိဖို့ထက် အပြစ်ကင်းဖို့ပို အရေးကြီးပါတယ်၊ အပြစ်ကင်းရင်ဂုဏ်ဆိုတာ အလိုလို ရှိလာတာပါ။
(၂)ရွေးချယ်ပြီး လုပ်ရတယ်....
လုပ်ချင်တာ လုပ်သင့်တာ လုပ်ဖြစ်တာလို့ ကိစ္စ (၃) မျိုး ရှိတယ်။
လုပ်ချင်တာတွေထဲက လုပ်သင့်တာကိုရွေးချယ်ပြီး လုပ်ရတယ်။
လုပ်သင့်တာတွေထဲက လုပ်ဖြစ်တာကိုရွေးချယ် လုပ်ရပါတယ်။
(၃)ပိုမိုအောင်မြင်ဖို့...........
အလုပ်လုပ်လို့ အောင်မြင်လာတာကို ဂုဏ်ယူ ကျေနပ်နေမည့် အစား လုပ်ငန်မှာ ဟာတာကိုဖြည့်
လိုတာကိုစွက် လွဲတာကိုတည့်ပေးရင် ပိုမိုအောင်မြင်ပါတယ်။
(၄)အောင်မြင်လာရင်..............
အလုပ်လုပ်လို့ အောင်မြင်လာရင် စိတ်ဓာတ်ကြွလာတက်တယ်  တက်ကြွပြီးလွတ်လာတက်တယ်...
အပြောကြီးလာတက်တယ်..........
(၅) အလုပ်နဲ့ အကျိုး......
အလုပ်မကြီးရင် အကျိုးမကြီး နိုင်ပါဘူး.....
(၆)အပြောမကြီးဖို့...............
အလုပ်ကြီးပြီး အပြောမကြီးဖို့ သိပ် အရေးကြီးပါတယ်..........
(၇) လူစွမ်းကောင်းဝါဒ ရှောင်ရှားကြ.............
အများအကျိုးရှိရေး ပြုလုပ်ရာမှာ တစ်ကိုယ်ကောင်းစွမ်းရည်ပြ လူစွမ်းကောင်းဝါဒကို
ရှောင်ရှားသင့်ပါတယ်။။။။။
(၈) စကားပြောကောင်းသူ...........
စည်းရုံးရေးကောင်းတဲ့ စကားပြောကောင်းသူတစ်ယောက်ဖြစ်ဖို့ရာ........
မှန်ကန်သောစကားကိုပြောရမယ်။
မိတ်ဖြစ်ရေးစကားကို စေ့စပ်ရေးစကားကိုပြောရမယ်။
ချိုသာယဉ်ကျေးစွာပြောရမယ်။
အဓိပ္ပါယ်ရှိသော စကားကို ပြောဆိုရမယ်။
(၉) ကိုယ်ကသာ သည်ခံ....
ကိုယ်က သူတပါးကို သည်းခံရတယ်၊  ဆိုတာမျိုးတာရှိစေရမယ်....
သူတစ်ပါးကကိုယ့် ကိုသည်းခံရတယ် ဆိုတာမရှိစေရဘူး။
(၁၀) အလုပ်မလုပ်ခင်.............
အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်........
   ၁ ၊အကျိုးရှိ မရှိ စဉ်းစားဝေဖန်းပါ..။
၂ ၊သင့်တော် မတော် သုံးသပ်ပါ ။
အကျိုးလည်းရှိ သင့်လည်း သင့်တော်ရင်လုပ်ပါ။။။။။။။
ပဏိတာရာမရွှေတောင်ကုန်းသာသနာ့ရိပ်သာကျေးဇူးရှင်ဆရာတော်၏ အဆိုအမိန့်များမှမျှဝေခြင်းပါ..
Saturday, January 28, 2012
နတ်ကိုးကွယ်ခြင်းနှင့်ဗုဒ္ဓဘာသာ
မင်္ဂလာပါ ရှင် .........
 လမင်း နတ်ကိုးကွယ်ခြင်းနဲ့ ပတ်သက်၍ ရေးချင်နေလို့ စာအုပ်နည်းနည်းရှာဖတ်နေရလို့ စာမရေးဖြစ်တာပါ။
အတော်လေးကိုများလို့  စာမရှည်အောင်လည်းဘယ်လိုရေးရမလဲ
စဉ်းစားပြီးအကြံအိုက်နေတာ ရေးတတ်သလောက်ရေးကြည့်မယ်နော်။    မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေ နတ်ကိုးကွယ်တာ ဘာကြောင့်လဲ လမင်းငယ်ငယ်ထဲက စဉ်းစားဖူးတယ်။
အကြောင်း ရှာမတွေ့ ဘူးပေါ့ ၊ လမင်းတို့ က (ကရင်) လူမျိုးရှင့် နတ်ကိုးကွယ်တဲ့နေရာမှာတော့ နာမည်ကြီးပဲ သိတဲ့သူတွေသိကြပါတယ်။
     မေမေဆို အရမ်းကိုအစွန်းရောက်နေတာလေ အချိန်တန်လို့ နတ်မတင်ရရင် နေမကောင်းတော့ဘူး နတ်ကိုင်တာ စီးပွားရေးသိပ်မကောင်းရင်လည်း
နတ်ကိုင်တာ ကုန်ကုန်ပြောရရင် အိမ်ပေါ် အုန်းသီးပြုတ်ကျရင်တောင် နတ်တွေက သတိပေးနေတာလို့လုပ်တတ်တာလေ ၊ဒါကလည်း မေ့မေ့ကိုလည်းအပြစ်ပြောလို့တော့မရဘူးပေါ့နော် ငယ်ငယ်ထဲက ခေါင်းထဲရိုက်သွင်းခံထားရတာကို နတ်ဆရာတွေ ဘိုးဖွားတွေ မျိုးရိုးတွေကအစပေါ့။
  လမင်းငယ်ငယ်ကမေမေကိုမေးဖူးတယ်  သမီးဒီနတ်ကိုးကွယ်တာကို မလုပ်ချင်ဘူး မလုပ်လို့ မရဘူးလား။ မလုပ်ရင်ဘာဖြစ်မှာလဲပေါ့။
အမေတို့ မျိုးရိုးကိုက လုပ်ရတယ် မလုပ်လို့ မရဘူးပေါ့ ။
  အဲထဲက လမင်းနတ်ကိုးကွယ်တာကို လေ့လာဖူးပါတယ် လမင်းတို့ နတ်ဆရာတွေကိုလည်းမေးဖူးတယ် ဘာမှသေချာ မပြောနိုင်ကြဘူး ငယ်တော့မကျေနပ်ပေမဲ့ ဘာမှမတတ်နိုင်ဘူးပေါ့ ။   မေမေတို့ ကိုးကွယ်တဲ့ နတ်အကြောင်းကို မေးကြည့်တော့ (ကရင်) မောင်နှမနှစ်ယောက် လယ်ယာလုပ်ကိုင်းစာသောက်ကြတယ် သူတို့လယ်ယာတွေကို
ကြက် ၊ ၀က် တွေ နောက်ယှက်ဖျက်ဆီးလို့ အဲသတ္တ၀ါတွေကို မကျေနပ်ပဲ မိုးမလင်းခင် လှန်နဲ့ထိုးသက်ကြတယ် လူမသိအောင်ပေါ့။
ဒါက လမင်းတို့ ရိုရာ နတ်အကြောင်း အတိုချုပ်ပေါ့နော်။
 စဉ်းစားရမှာက  လမင်းတို့ ဗုဒ္ဓမြတ်ဘုရားက  သူ အသက် မသတ်ရဘူး မခိုးရဘူး ကံငါးပါးက အနိမ့်ဆုံးပေါ့  အခု လမင်းတို့ ကိုးကွယ်နေတဲ့နတ်ဆိုတာက
လူမသိအောင်လဲ သူများ ကြက် ၀က်တွေကို သက်စားကြတယ် ကဲ အဲလူတွေသေတာ နတ်ဖြစ်သွားတာတဲ့ ဗုဒ္ဓဘာသာအနေနဲ့တော့ ငရဲပဲသွားရမှာလေ
  ဘာလို့ နတ်ဖြစ်ရတာလဲ နတ်ဖြစ်ရင်းရော ဘယ်လို နတ်လဲ  လမင်း ဖတ်ဖူးသလောက်တော့ ဘုန်းတန်ခိုးအာနုဘော်နှင့်ပြည့်စုံတဲ့နတ်တွေတော့မဖြစ်နိုင်ပါဘူး အိမ်ကြိုအိမ်ကြား၊ တိုက်ကြိုတိုက်ကြား ၊ကျောင်းကြိုကျောင်းကြားများမှာ ကပ်ရပ်နေကြရသော တန်ခိုးငယ်သော အောက်တန်းစား နတ်သေး နတ်မွှားလေးများသာဖြစ်နိုင်မှာပါ။နောက် တစ်ခုကတော့ပြိတ္တာတွေပဲဖြစ်နိုင်ပါတယ်
           စစ်မှန်သောထေရ၀ါဒဗုဒ္ဓဘာသာထွန်းကားနေသော မြန်မာနိုင်ငံမျိုးမှာ နတ်ကိုးကွယ်ခြင်းကိစ္စက အရမ်းကို ၀မ်းနည်းဖို့ ကောင်းပါတယ်။  ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဖြစ်ပြီးကံ ကံရဲ့ အကျိုး ကိုသိနေပြီတော့ ဘာလို့ လူတွေလောက်မှာ ဘုန်းကံမရှိတဲ့ မကျွတ် မလွတ်တဲ့ နတ်ဆိုတာကို ဘာလို့ 
ကိုးကွယ်ကြတာလဲ အဲလို အောက်တန်းစားနတ်တွေကို ကိုးကွယ်နေကြတော့ တန်ခိုးကြီးတဲ့နတ် သကြားမင်းတို့ ကိုရော ဘယ်သွားထားကြတာလဲ
   နတ်ကိုးကွယ်ခြင်း၏ အခြေခံ အကြောင်းတရား (၅)မျိုးရှိပါတယ်
၁။ ကြောက်၍ ကိုးကွယ်ခြင်း။
၂။လာဘ်ကို ငဲ့၍ ကိုးကွယ်ခြင်း၊
၃။အားကိုး အားထားပြုလို၍ ကိုးကွယ်ဖြင်း၊
၎။မသိနားမလည်ခြင်း၊ အယူလွဲမှားခြင်း
၅။ မိရိုးဖလာဓလေ့ထုံးစံများကိုမစွ
န့်ပယ်ဝံ့၍ ကိုးကွယ်ခြင်းတို့ လို့ ဖတ်မှတ်ဖူးပါတယ်။
  အထက်မှာဖော်ပြထားတဲ့အချက် ၅ ချက်လုံးက အသိဥာဏ်နည်းပါးခြင်းကို အရင်းခံနေတာတွေ့ ရပါတယ်။
လမင်းတို့ မှာဗုဒ္ဓရဲ့ တရားတော်တွေသံဃာတော်မြတ်တွေရှိ
နေပါရက် နဲ့ ဘာတွေကို အားကိုးတစ်ကြီးကိုးကွယ်နေကြတာလဲ အယူမှားခြင်း တွေနဲ့သံသရာ တစ်လျှောက်ဝဋ္ဋ်လည်းနေကြရအုံးမယ်လို့ များ မတွေးမိကြလေသလားပေါ့ ။
တကယ်ကို စိတ်မကောင်းစရာပါ အားကိုးရာအစစ်ကို မအားကိုးပဲ အရက်သောက်လို့ သေတဲ့သူ ဘုရင်ကအမြတ်ထွက်လို့ အရှင်လတ်လတ်အသက်ခံရတဲ့သူတွေ ကံဆိုးလို့ မိကျောင်းအကိုက်ခံရတယ်သူတွေကို ကိုးကွယ်နေကြတာဟာ အခြားဘာသာကြားတွေခြားမှာ မျက်နှာငယ်လှပါတယ် ကိုယ့်လောက်မှ ကံမကောင်းလို့ အမျိုးမျိုးသေကြတဲ့သူတွေကို ကိုးကွယ်နေကြတာဟာ အလွန်ဥာဏ်နည်းရာရောက်မနေဘူးလား ရှင် ။နောက်တစ်ခုစဉ်းစားရမှာက အောက်တန်းစားနတ်ဖြစ်တယ်ပဲထားပါ
အုံး အခုလောက်ဆို ကျွတ်လွတ်ကြလောက်ရောပေါ့ ။ ဗုဒ္ဓဘာသာတွေနတ်ကိုးကွယ်လာတာသမိုင်းအထောက်အထားများကိုအတိအကျဖော်ပြရန်ခဲယှဉ်းလောက်အောင်ကိုကြာခဲ့ပါပြီ
ဘာမှမရေရာတဲ့အရာကို ဘာ့
အတွက်ကြောင့်အားကိုးချင်ကြတာလဲ အသိဥာဏ်လေးနဲ့ စဉ်းစားချင့်ချိန်န်ကြည့်ကြပါ
အုံးနော်။
ရေးမဲ့သာရေးတာပါ အစွဲဆိုတာကဖျောက်ဖျက်ဖို့ ခက်ပါတယ် မေ့မေ့ကိုလည်းလမင်းတတ်နိုင်သလောက်
ပြောပေးနေလို့ နည်းနည်းတော့သဘောပေါက်လာ
သလိုတော့ရှိပါတယ် အရင်လောက်တော့ အစွဲမကြီးတော့ပေမဲ့ မိရိုးဖလာမို့ မစွန့်လွတ်နိုင်သေးဘူးပေါ့ လမင်းတတ်နိုင်သလောက်ပြောသွားမှာ
ပါ။
သူငယ်ချင်းတို့ ရဲ့ မိဘတွေ များလမင်းတို့လို ဖြစ်နေခဲ့ရင်း ဒေါက်တာအရှင်ဓမ္မပိယရဲ့ ဗုဒ္ဓဘာသာဝင်များနှင့် နတ်ကိုးကွယ်မှုရှင်းတမ်းစာအုပ်ေ
လးကိုပေးဖတ်စေချင်ပါတယ် သူငယ်ချင်းတို့ လည်းလေ့လာနိုင်ပါတယ် ဆရာတော်တွေရေးထားတာအများကြီးရှိပါတယ် အဆင်ပြေရာကိုလေ့လာကြပြီး သစ္စာဥာဏ်သိပြီး အသိဥာဏ်မြင့်သော
ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါစေဆိုတဲ
့စေတနာလေးနဲ့ရေးခြင်းပါ လူတိုင်း အမြင်မတူကြလို့ အတွေးလည်းမတူနိုင်ကြပါဘူး လူတိုင်းရဲ့ အကြံဥာဏ်ကို လမင်း
လက်ခံပါတယ် အကြံဥာဏ်ပေးနိုင်ပါတယ် ။
လိုအပ်တာများရှိရင် လမင်းညံ့လို့ပါ အကြောင်းအရာများစွာကို အတိုချုံးရေးခြင်းဖြစ်လို့ နားလည်နိုင်ကြပါစေရှင်.......
.
အမှားသည်းခံဖတ်ပေးပါ  .................အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်.......