"" အိမ်လွမ်းစိတ် ""
အိမ်လွမ်းစိတ်နဲ့ 
တိုက်စားခဲ့တဲ့ အချိန်တွေလည်း
နှစ်ချို့ ခဲ့ပြီး။ အမေ........
ပျော်ရွှင်မှုတွေ ပျောက်ရှနေတဲ့
တိုင်းတစ်ပါးမှာ အလွမ်းတွေ
ချနင်းခဲ့တာသက္ကရာဇ်ပြိုခဲ့ပေါင်
အိမ်ဝေးသူ တစ်ယောက်ရဲ့ 
လွမ်းစိတ်ကို ဘယ်သူက
ဖြေသိမ့် ပေးနိုင်မှာလည်း.. အမေ
ပြက္ခဒိန်တွေနဲ့ ရန်ဖြစ်ခဲ့တဲ့
နေ့ ညတွေ ကို ဘယ်သူသိမှာလဲ..
အိမ်ပြန်ချင်တဲ့ သူတစ်ယောက်ရဲ့ 
မျှော်လင့်ချက်က
ဝေးနေဆဲတဲ့လား။ အမေရယ်..
ဘ၀တွေလှဖို့ လွမ်းစိတ်တွေကို
ခဏမေ့ မိသားစု ဆိုတဲ့စိတ်နဲ့ 
ဖြေသာ နေခဲ့ရတယ်။ အမေ..
တစ်နေ့ ဆိုတဲ့ စိတ်နဲ့ 
အမေ့ ရင်ခွင်ငွေ့ ကို ခိုလှုံဖို့ 
အမေ့ အိမ်လေးဆီကို
အရောက်လှမ်းခဲ့မယ်။ အမေ.........
ဒီကဗျာက ပေါက်ကွဲပြီးရေးထားတာ ပြန်ရမဲ့ ရက် မပြန်ရလို့ ဒေါသလည်းပါတယ်။
ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုလည်း တော်တော် နားလည်သွားတယ်။
နောက်ဆုံးတော့ အိမ်ကိုလွမ်း အမေ့ ကို လွမ်းနဲ့ ထွက်ကျလာတဲ့ စာသားတစ်ချို့ ပါ..
21.3.2013
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ...
ညီမလေးရေ...
ReplyDeleteလွမ်းတာချင်းသာ ကွဲရင်ကွဲမယ်။ခံစာချက်တွေကတော့ အတူတူပါဘဲ။
မကြီးက ညီမလေးပြန်ပြီထင်နေတာလေ။ တစ်နေ့ပေါ့ ညီမလေးရေ။
အစစအရာရာ အဆင်ပြေပါစေ. ကျန်းမာရေးလည်း ဂရုစိုက်ပါ။
ချစ်တဲ့
မကြီးလွမ်း
မျှော်လင့်ချက်တွေနဲ့ စောင့်ဆိုင်းခဲ့ရပြီးမှ မပြန်ရတော့ ပေါက်ကွဲမယ်ဆိုတာ သဘာဝကျပါတယ်လေ..၊ ကြားရတာ စိတ်မကောင်းပါဘူး ညီမရေ...၊ အိမ်လွမ်းစိတ်တွေ လျော့ပါး၊ သက်သာပါစေဗျာ....။
ReplyDeleteမမရဲ့အိမ်လွမ်းစိတ်ကို ဘယ်လိုဖြေသိမ့်ပေးရမလည်းတောင် မသိတော့ပါဘူး ... ကဗျာလေးဖတ်ပြီး စိတ်မကောင်းဖြစ်သွားမိတယ် ... မြန်မြန်ပြန်လာရပါစေ မမရေ ... ပြန်လာရင်တွေ့ကြမယ်နော် ... :)
ReplyDeleteဒါလေးဖတ်ပြီး အိမ်ကိုလွမ်းသွားပြီ
ReplyDeleteအင်း ... မကြီးတို့လည်း
ReplyDeleteအိမ်လွမ်းရတာ ဒုက္ခတစ်ခုပဲ
ဘယ်လိုဖြေသိမ့်ပေးလိုက်ရမှန်း မသိတော့ဘူး
ငိုပစ် မကြီး
စိတ်ထဲ ပေါ့သွားလိမ့်မယ်
နွေလ
အဝေးရောက်သူတွေရဲ့ အိမ်လွမ်းမှု ခံစားချက်လေးကို ဖတ်ရှု့သွားပါတယ် အမချစ်စံအိမ် :)
ReplyDeleteပါပီလွန်နှင့်ဘင်ဂို စာအုပ်ထဲမှာ ဖတ်ဖူးတဲ့စာကြောင်းလေးရှိတယ် "နေရမယ့် ရက်ကို ရေတွက်မယ့်အစား၊ နေခဲ့တဲ့ ရက်ကို ရေတွက်တာက ပိုကောင်းပါတယ်တဲ့။" :)
ဘယ်တော့မှ ပြန်ရမှာတဲ့လဲ။
ReplyDeleteလရိပ်က ဘယ်အိမ်ကိုလွမ်းရမလဲမသိ။ လရိပ်မှာ အိမ်မရှိဘူး။ မိသားစု တနေရာစီ ကွဲပြားနေရတဲ့ဘဝကို သိပ်မုန်းတာဘဲ။
ကိုယ်ချင်းစာပြီး ဖတ်သွားတယ်..
ReplyDeleteပြီးတော့
အိမ်ကိုလည်း လွမ်းမိသွားတယ်...အစ်မလမင်း..
လွန်ခဲ့တဲ့ သုံးလလောက်ကသာ သည်ကဗျာကို ဖတ်လိုက်ရရင် မျက်ရည်တွေများ အတောင့်လိုက် ကျကုန်မလား မပြောတတ်ဘူး...အခုတော့ နောက်သုံးရက်ကြာရင် အမေ့အိမ်ကို ပြန်ရတော့မှာမို့ ဖတ်ရင်းနဲ့တောင် ကြည်နူးလိုက်သေးသဗျား...အနှာပြောတာပေါ့ လူများခက်တယ်ဆိုတာ ပေးတာတခြား ယူသွားတာက တလွဲး)
ReplyDeleteတို့လဲ အိမ်ကိုလွမ်းနေတာပဲ လမင်းရေ ဒီသင်္ကြန် အိမ်ပြန်ရမှာကို တွေးပြီးပျော်နေတာ လမင်းလဲ ဆန္ဒတွေ မြန်မြန်ပြည့်ဝပါစေလို့ ဆုတောင်းပေးပါတယ်နော်...
ReplyDeleteအိမ်နဲ့မဝေးပေမယ့်.. ကိုယ်ချင်းစာတတ်ပါတယ်..
ReplyDeleteတစ်ချိန်က ဝေးဖူးခဲ့တယ်လေ..
ညီမလေးရေ အမြန်ပြန်နိုင်ပါစေလို့
ReplyDeleteပြန်ရမယ့်ရက် မပြန်ရ ...... ......... ....... ဟူး ....... ....... ........
ReplyDeleteငါဟာအိမ်ကိုလွမ်းနေသူ
ReplyDeleteIf some one wishes to be updated with most recent technologies therefore he must be visit this site and
ReplyDeletebe up to date every day.
Feel free to visit my web site :: Prosolution
Magnificent beat ! I would like to apprentice while you amend your web site, how could i
ReplyDeletesubscribe for a blog site? The account aided me a acceptable deal.
I had been a little bit acquainted of this your broadcast offered bright
clear idea
Look at my site; Best SAD Light