ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Tuesday, April 17, 2012

နှစ်သစ်မှာ

မြန်မာနှစ်ဆန်း(၁) ရက်နေ့နှာ အားလုံးကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ မေတ္တာလွှမ်းခြုံပြီးနှုတ်ခွန်းဆက်သလိုက်ပါတယ်။ နှစ်သစ်ကိုကူးပြောင်းလာပြီဆိုတော့ အသက်လည်းတစ်နှစ်ကြီးသွားပါပြီပေါ့။။ အားလုံးကျန်းမာချမ်းသာလိုအင်ဆန္ဒတွေပြည့်ပြီသာသနာ့အကျိုးသယ်ပိုးပြီ နှစ်စဉ်နှစ်တိုင်း စိတ်ဆင်းရဲခြင်း ကင်းကြပါစေလို့ မေတ္တာပို့သရင်းး လမင်းသင်္ကြန်ရက်က မုန့်မလုပ်ကျွေးဖြစ်လို့ နှစ်ဆန်မှာ အုန်းဆန်ပြုတ်ဘုရား ဆွမ်းကပ်ရင် သူငယ်ချင်းတို့အတွက် သာဂူပါ လုပ်ကျွေးချင်စိတ်လေးဖြစ်တာနဲ့ မထူးပါဘူး သာဂူပါကျိုလိုက်မယ် စိတ်ကူးလေးရတာနဲ့ ကျိုဖြစ်တယ်.. အ၀သာစားသွားကြပါ အားမနာနဲ့ လမင်းတစ်ယောက်ထဲစားရမှာ ဟီး အများကြီးပဲ အိမ်ပါယူသွားလို့ရတယ်နော် :P
လမင်းအိမ်ကဘုရာစင်ပါ သစ်သီးဆွမ်းနဲ့ အုန်းနို့ဆန်ပြုတ် ထမင်းဆွမ်းကပ်ပြီ ကုသိုလ်ယူထားပါတယ်။။ သူငယ်ချင်းတို့ကိုလည်းအမျှပေးပါတယ် ယူတော်မူကြပါလော့ :)
ဘုန်းကြီးကျောင်းက ဗုဒ္ဓရုပ်ပွားတော် ဖူးမြော်ကြပါကုန်လော့
ဒါကတော့ကိုယ်တိုင်မလုပ်ဖြစ်လို့ဘုန်းကြီးကမှာသူများကုသိုလ်ယူထားတဲ့မုန့်လုံးရေပေါ်ပါရှင်.. အ၀စားကြပါ :P
အေးဆေးစားကြပါ အများကြီနော် အိမ်လည်းထည့်သွားလို့ရပါတယ်.. :)
ဒါကတော့လမင်းကျိုနေပါပြီ ရပါတော့မယ် ခဏပဲစောင့်ပါ ..:P
ရပါပြီ ပူပူလေးသောက်ကြပါ :D
အုန်းနို့ ဆန်ပြုတ်နဲ့ သာဂူပါ ကြိုက်တာဆွဲသွားကြပါ :)
လမင်း မုန့်လုပ်ကျွေးတယ်နော် ဘာမှမလုပ်ကျွေးဘူးလို့ မပြောကြနဲ့နော် တတ်နိုင်သလောက်လေးကျွေးပါတယ်နော်။။။ နှစ်သစ်မှာကောင်မူကုသိုလ်များစွာပြုလုပ်နိုင်ကြပါစေ.... ယောဆရာတော်ကြီးရဲ့ နှစ်သစ်လက်ဆောင်လေးပေးလိုက်ပါတယ်။။ ဖြစ်လာပြီက၊ တားမရ မုချနှုတ်နေသည်။ လိုအပ်ပါမူ ဥာဏ်ကိုကူ ဆွဲယူနှုတ်ရသည်။ မလိုအပ်ငြား ပိုလျှံသွား ဖယ်ရှားနှုတ်ရသည်။ အနှုတ် ၃ဖြာ ကုန်သွားပါ ကောင်းတာဆက်ရမည်။ ဈေးရောင်သူမှာ ဥစ္စာပျောက်က ပူလောင်ရ ဒုက္ခအပူ ပွားတတ်သည်။ ဈေးရောင်သူမှာ ဥစ္စရောင်းက အမြတ်ရအေးမြပျော်ရွှင်သည်။ အနှုတ် ၃ ဖြာ ကောင်းတာဆက်က အမြတ်ရ အေးမြပျော်ရွှင်သည်။ သတိဥာဏ်ကူ အပူနှုတ်ကာ အေးတာကိုဆက် ရှေ့တိုတက် အနှုတ်ဆက်သူတွေ စိတ်အေးသည်။။ နှစ်ကူးဓမ္မလက်ဆောင်စာအုပ်ငယ်မှာ ဖော်ပြပေးလိုက်ပါတယ်။။။

13 comments:

  1. အုန်းနို့ ဆန်ပြုတ်လေး စားသွားပါတယ် .... ။
    နှစ်သစ်မှာ ပျော်ရွှင်မှု့ တွေနဲ့  ထပ်တူကျ ပါစေဗျာ ... ။

    ReplyDelete
  2. မကြီးလွမ်းလည်း လာစားသွားတယ် ညီမလေး။ ယောဆရာတော်ကြီးရဲ့ နှစ်သစ်လက်ဆောင်ကိုတော့ နှလုံးသွင်းမှတ် သွားတယ်။ ညီမလေးလည်း နှစ်သစ်မှာ လိုရာဆန္ဒပြည့်ဝပါစေ။



    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  3. မကြီးလမင်းရေ ဒီနေ့တော့ သာကူလာဆွဲသွားတယ်....၂ မျိုးလုံးကြိုက်တယ်.....နှစ်သစ်မှာ မကြီးလမင်း လိုရဆန္ဒတစ်လုံးတစ်ဝပြည့်စုံပြီး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းတို့နဲ့ပြည့်စုံပါစေဗျာ......

    ReplyDelete
  4. မမရေ.. အကုန်ကြိုက်တယ်.. မုန့်လုံးရေပေါ်တော့ ဒီနေ့ သူများကျွေးလို့စားလိုက်ရပြီမို့လို့ သာကူနဲ့ အုန်းဆန်ပြုတ်ကို အားပေးသွားပါတယ် :)

    ReplyDelete
  5. အမြင်လေးနဲ့မုန့်တွေငမ်းသွားတယ်မမလမင်းရေ

    ReplyDelete
  6. အုန်းနို့ဆံပြုတ်လေး သောက်သွားတယ် လမင်းရေ ... ကျေးဇူးပါနော် ...

    ReplyDelete
  7. သာကူသောက်သွားတယ်။
    နှစ်သစ်မှာရွှင်လန်းချမ်းမြေ.ပါစေ။

    ReplyDelete
  8. အပေါ်ကပိတ်သတ်က ခုနှစ်ယောက်ကြီးများတောင်ဆိုတော့
    များတို့အတွက် ဘယ်ကျန်တော့ပါ့မလဲနော်း)
    ပြီးတော့ သာကူနဲ့ဆန်ပြုတ်က အုန်းတီးလည်းပါဝူး :P
    နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ခါးညောင်းအဲလေ..ခညောင်းပါစေရှင်..

    ReplyDelete
  9. သာကူလေးသောက်သွားပါတယ်...မမအတွက်လဲ နဲနဲယူပြန်သွားတယ်နော်

    ReplyDelete
  10. ဟဲ လာလဲသောက်ပါတယ်
    ကိုယ်မလုပ်နိုင်တော့ လူတကာအိမ်တွေ လှည့်လည်စားသောက်ပါတယ်

    ReplyDelete
  11. ဒီသင်္ကြန်တော့ တီတင့်အလုပ်များနေလို့ စတုဒီသာမလုပ်ဖြစ်ဘူး။
    ဒီတော့ မုန့်လုပ်တဲ့နေရာတွေပဲ လှည့်ပတ်အားပေးနေတယ် လမင်းလေးရေး))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  12. အစ်မ ချစ်စံအိမ် ရေ လာလည်သွားပါတယ်ဗျို.။ မင်္ဂ်လာရှိသော နှစ်သစ်ဖြစ်ပါစေ။ မုန်.တွေ စားသွားပါတယ်။

    ReplyDelete
  13. မင်္ဂလာရှိသော နှစ်သစ်လေးပါ အမရေ...:)

    ReplyDelete