ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Thursday, August 16, 2012

ခြားနားခြင်းနှင့်မသက်ဆိုင်...

ငါဟာ ခက်ညံ့ညံ့မိန်းမတစ်ယောက်လို့ 
နင်ထင်နေမလားပဲ......
ဒါတွေက နင်ကိုချစ်လို့ လူညံ့ဖြစ်သွားရတာပါ..

နင်အတွေးထဲမှာ ငါကိုချစ်ရတာလွယ်နေမလားတော့မသိဘူး...


ဒါတွေကလည်းနင်ကိုငါချစ်ခဲ့မိလို့ ပါ။။။။

ငါဘ၀ ငါ့အနာဂတ်တွေကိုနင် အပိုင်သိမ်းထားနိုင်ပေမဲ့
နင်ဘ၀ စာမျက်နာတွေမှာ ငါမပါခဲ့ဘူးတဲ့လား ဟာ...

ဆုံစည်းခွင့်မရှိတဲ့ လူနှစ်ယောက်ကို
ကံတရားက ဘာလို့ တွေ့ ဆုံခွင့်ပေးလည်းလို့ 
ငါမညည်းတွားတော့ပါဘူး....

ဆုံရသည်ဖြစ်စေ ဝေးခဲ့ကြသည် ဖြစ်စေ.
ငါနင်ကို ချစ်နေသ၍ ငါရင်ခွင်ထဲ
နင်ရှိနေအုံးမှာပါ...။။

20 comments:

  1. ခံစားချက်ကတော့ ဝမ်းနည်း ကြေကွဲစရာကောင်းတယ် အမရေ...
    ခံစားသွားပါတယ်ဗျာ...

    ReplyDelete
  2. အချစ်ကြောင့်ခွန်အားတွေတိုးပွားလာစေသလို
    အချစ်ကြောင့်အားအင်တွေချိနဲ့သွားတတ်တယ် လမင်းလေးရေ။
    ကဗျာလေးအားပေးသွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ချစ်ခဲ့ဖူးတဲ့အချိန်တွေကို ပြန်စဉ်းစားလိုက်ရင် ကြည်နူးရတာပဲမလား မဆုံနိုင်ခဲ့ပေမယ့်လဲလေ

    ReplyDelete
  4. ဆုံရသည် ဖြစ်စေ ဝေးခဲ့ကြသည် ဖြစ်စေ
    ငါ နင့်ကို ချစ်နေသ၍ ငါရင်ခွင်ထဲ
    နင် ရှိနေအုံးမှာပါ

    အဟား ... မိုက်တယ်

    ReplyDelete
  5. အချစ်ဆိုတာ ဘ၀ အတွက်အားဆေးဖြစ်ပေမယ့်
    ကိုယ့်နဲ့မသင့်လျော်ရင်တော့ဘ၀ တခုလုံးကို စုတ်ပြတ်သတ်သွားအောင်
    သူကလုပ်နိုင်တယ်နှလုံးသာကိုအပိုင်းပိုင်းပြတ်သွားအောင်
    ခုတ်ထစ်သွားတတ်တယ် ဖတ်သွားတယ်လမင်းရေ...

    ReplyDelete
  6. ဆုံရသည်ဖြစ်စေ ဝေးခဲ့ကြသည် ဖြစ်စေ.
    ငါနင်ကို ချစ်နေသ၍ ငါရင်ခွင်ထဲ
    နင်ရှိနေအုံးမှာပါ...။။ ... အဲဒီစာသားလေးတွေ ကြိုက်တယ်

    ReplyDelete
  7. အဟမ်း....အစစ်အမှန်ခံစားမှု့လား ကိုယ်စားဘဲလား..
    တစ်ခုခုတော့ တစ်ခုခုပေါ့နော်...
    ဆုံစည်းခွင့်မရှိတဲ့ လူနှစ်ယောက်ကို
    ကံတရားက ဘာလို့ တွေ့ ဆုံခွင့်ပေးလည်းလို့ 
    ငါမညည်းတွားတော့ပါဘူး....

    ***သိနေသလိုလို ဘဲနော်...***



    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  8. ဟုတ်ပါ့ ဆုံသည်ဖြစ်စေ ဝေးသည်ဖြစ်စေ
    ချစ်နေဖို့ပါပဲကွယ်

    ReplyDelete
  9. "ဆုံစည်းခွင့်မရှိတဲ့ လူနှစ်ယောက်ကို
    ကံတရားက ဘာလို့ တွေ့ ဆုံခွင့်ပေးလည်းလို့ "
    ဟုတ်တယ်နော်။ အဲလိုဖြစ်ရတာ လုံးဝမကောင်းဘူး။ လောကကြီးကဒီလိုပါဘဲ။ မတရားဘူးး။

    ReplyDelete
  10. ကောင်းလိုက်တဲ့ကဗျာလေးခံစားသွားပါတယ်ကွယ်

    ReplyDelete
  11. ဆုံရသည်ဖြစ်စေ ဝေးခဲ့ကြသည် ဖြစ်စေ.
    ငါနင်ကို ချစ်နေသ၍ ငါရင်ခွင်ထဲ
    နင်ရှိနေအုံးမှာပါ...။။

    ReplyDelete
  12. ဆုံစည်းခွင့်မရှိတဲ့ လူနှစ်ယောက်ကို
    ကံတရားက ဘာလို့ တွေ့ ဆုံခွင့်ပေးလည်းလို့ 
    ငါမညည်းတွားတော့ပါဘူး

    မိုးကုတ်စက်ဝိုင်းကြီးလိုပေါ့...မိုးကောင်းကင်ကြီးနဲ့ မြေပြင်ကျယ်
    မျက်စိတစ်ဆုံးမှာ ထိစပ်နေပေမယ့် ဘယ်တော့မှ နီးစပ်ခွင့်မရသလို
    မျဉ်းပြိုင်တစ်ခုဟာလည်းလိုဘယ်တော့မှ ဆုံနိုင်ခွင့်မရကြတဲ့သဘောပေါ့..
    အဲဒီတော့ ညည်းတွားရင်းအချိန်ကုန်ခံမနေပါနဲ့တော့ ဆရာလေးရေ.....
    ဆုံဆည်းခွင့် မရမယ့် အတူတူတော့ ဒီလိုလေးသာပြောလိုက်ပါတော့ :P


    တွေဝေမှုတွေ အနန္တနဲ့

    မင်းလေးဘ၀ မနစ်မွန်းစေဖို့

    ကိုယ်လေ

    လက်ပြဖို့ အားယူကြည့်ချင်တယ်

    နှောင်ကြိုးတွေ မတင်းခင်

    ကျောခိုင်း ခွင့်ပြုပါ

    လျှောက်လှမ်း ခွင့်ပြုပါတော့

    ကျမျက်ရည် စမ်း

    နှုတ်ဆက် အလွမ်းနဲ့

    ကိုယ် “မယ်သီလရှင်” ၀တ်ပါရစေ...

    ReplyDelete
  13. ကဗျာလေးခံစားသွားတယ်ဗျာ
    အရမ်းကောင်းပါတယ်

    ReplyDelete
  14. ကဗျာလေးက နူးညွံ့လှပါဘိ
    အဓိပ္ပာယ်တွေလေးနက်လွန်းတဲ့ကဗျာလေးတစ်ပုဒ်ပါပဲ
    ဆုံစည်းခွင့်မရှိတဲ့ လူနှစ်ယောက်ကို
    ကံတရားက ဘာလို့ တွေ့ ဆုံခွင့်ပေးလည်းလို့ 
    ငါမညည်းတွားတော့ပါဘူး....

    ဆုံရသည်ဖြစ်စေ ဝေးခဲ့ကြသည် ဖြစ်စေ.
    ငါနင်ကို ချစ်နေသ၍ ငါရင်ခွင်ထဲ
    နင်ရှိနေအုံးမှာပါ...။။
    သည်အပိုဒ်လေးကိုလည်းအရမ်းကြိုက်တယ်

    ReplyDelete
  15. ဆုံစည်းခွင့်မရှိတဲ့လူနှစ်ယောက်ကို
    ကံတရားကဘာလို့တွေ့ဆုံခွင့်ပေးလည်း...

    ခံစားချက်နဲ့တိုက်ဆိုင်လို့ပါ...
    ကဗျာလေးကို အရမ်းကြိုက်တယ် ...

    ReplyDelete
  16. ဆုံရသည်ဖြစ်စေ ဝေးခဲ့ကြသည် ဖြစ်စေ.
    ငါနင်ကို ချစ်နေသ၍ ငါရင်ခွင်ထဲ
    နင်ရှိနေအုံးမှာပါ...အားပေးသွားပါတယ်နော်

    ReplyDelete
  17. ကဗျာလေးကိုအားပေးသွားပါတယ်
    ခံစားချက်တွေအပြည့်ပါတယ်နော်
    ခင်တဲ့အန်တီလေးမေခင်

    ReplyDelete
  18. ဒီကဗျာလေးကို ဖတ်ကြည့်တော့ ရိုးရိုးလေး ရယ်
    ကဗျာလေးဆုံးသွားတော့မှ .... ခေါင်းစဉ်ကို ဖတ်မိတယ် ...
    နောက်တစ်ခေါက်ပြန်ဖတ်တယ် .... ခံစားမှု့  မတူတော့ဘူးရော
    ကဗျာ လေးမှာ မာန် တွေပါနေတယ် ... ။
    ထူးခြားတာက သံစဉ် လှတယ် ... ။
    ကဗျာရှင် ရဲ့ ခံစာချက်ကို ကိုယ်ချင်းစာမိတယ် ....

    အယ် .... ကဗျာလေး ဖတ်မိရင် ခံစားမိတာ တွေ ရေးခဲ့တာပါ ။

    ReplyDelete