ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Monday, August 6, 2012

လက်တလောနှင့် နွေလတဂ်ပိုစ့်...

  အားလုံးမင်္ဂလာပါရှင်....  လမင်းဘလော့နာမည်များကြီးလာသလားမသိဘူး...:P
အဆဲခံထားရတာတွေ့ ကြမယ်ထင်တယ်... အဲလိုလူတွေကိုကြောက်လို့ ကိုယ်သွားနေကြနေရာလေးတွေကိုပဲ
လည်တတ်တဲ့လမင်း ဘယ်ကဘယ်လိုလူတွေရောက်လာကြသလဲ ? မသိတော့ပါဘူး။။။
အကိုတွေအမတွေကတော့ဖျက်ခိုင်းပါတယ်။။ လမင်းကတော့ကိုယ်နဲ့ မဆိုင်ဘူးထင်လို့ ကို မဖျက်ပဲထားတယ်။။။
ဟုတ်တယ်လေ လမင်းမှမသိတာ သူအကျင့်စရိုက်သူလာချပြသွားတာပဲလေ.. ကိုယ့်ဘလော့ထဲလာရေးတာကိုယ်နဲ့ဆိုင်တယ်လို့ 
ပြောရင်ရပေမဲ့ လမင်းရေးတာမဟုတ်လို့ လမင်းနဲ့ မဆိုင်ပါ။။။  ထားပါလေ မပြောတော့ဘူး။။ :) မောင်လေးနွေလတဂ်ပိုစ့်လေး
ရေးတတ်သလိုရေးပေးလိုက်ပါတယ်... စိတ်ရှုပ်ရှုပ်နဲ့ ရေးလိုက်တာပါ... လိုအပ်တာများရှိရင် နားလည်ပေးကြပါ။။။

( ၁) သင့်ဘလော့လေးကို ဘယ်အချိန်ကစပြီး တည်ထောင်ခဲ့ပါသလဲ?… ဘယ်လိုတည်ဆောက်ခဲ့ရသလဲ ?
ချစ်စံအိမ်လေးက ငယ်ပါသေးတယ် ဇန်န၀ါရီ(၂၁) ၂၀၁၂ ကပေါ့..လသားလေးပါ။။။ တည်ဆောက်တာကတော့..ချစ်သူကအကောင်
့ဖောက်
ပေးတယ် နာမည်လည်းသူပဲပေးတယ်..ကျန်တာတော
့ကိုယ်ပဲ
ဟိုမေးဒီမေးနဲ့ ဘလော့လေးဖြစ်လာခဲ့တယ်.. အမှတ်တရတွေတော့အများကြီးရှိပါ
တယ်..ပြောတော့ဘူး။။

 (၂) ဘလော့ကို ဘယ်လိုရည်ရွယ်ချက်ကြောင့် တည်ထောင်ဖြစ်ခဲ့သလဲ ?

ရည်ရွယ်ချက်ကလည်းကြီးကြီးမားမား
မရှိပါဘူး သူများတွေလိုစာရေးကောင်းတဲ့သူမဟုတ်တော့... စိတ်ကူးရတာလေးတွေရေးတတ်တာလောက်ပဲရှိတော့ သိမ်းထားတဲ့နေရာလေးရှိရင်ကောင်းမယ်လို့ တော့တွေးဖူးတယ်။။
ဒီလိုနဲ့ အကိုတစ်ယောက်က ဘလော့လုပ်ပါလား အဲမှာသိမ်းပေါ့..
စာရေးချင်လည်းရေးလို့ ရတာပဲလေ..ဆိုတာနဲ့ ဘလော့လေးဖြစ်လာခဲ့တယ်
ဘာမှမသိခဲ့ဘူး အစတုန်းကတော့ အချိန်အများကြီးပေးပြီးကိုတည်ေ
ဆာက်ခဲ့ရပါတယ်... သိတဲ့သူတိုင်းကိုမေးတာပဲ..:Pသူများဆိုဒ်တွေထဲသွားလေ့လာတယ်
ကြိုက်တာတွေ့ ရင်ယူလာတယ် ..ရည်မှန်းထားတာမရှိပေမဲ့  လမင်းတို့ ချစ်သူ
နှစ်ယောက်ရဲ့ အငွေ့ အသက်လေးတွေတည်ရှိနေတဲ့အိမ်လေး
လို့ တော့
မှတ်ထားတယ်...:)

(၃) သင် သင့်ရဲ့ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိ ရည်မှန်းထားသလဲ … ဘယ်လောက်ထိ မြတ်နိုးတန်ဖိုးထားသလဲ???

အောင်မြင်ရမယ် လူသိများရမယ်လို့ တော့ မတွေးမိပါဘူး။။ လမင်းကလူကြောက်တတ်တယ်..လက်ရှိသိ

နေတဲ့သူတွေလာအားပေးနေရင်
ပဲကျေနပ်နေတာပါ.. အခြားဆိုဒ်တွေသွားတတ်ပေမဲ့လုံး
ဝခြေရာလက်ရာမထားခဲ့ဘူး။။
လူစုံတော့ပြဿတာများတယ်.. တကယ်စာရေးဆရာမလည်းမဟုတ်တော့ စိတ်ရှုပ်မခံနိုင်ဘူးလေ..ကိုယ်
ခံစားချက်လေးတွေရေးမယ် ကြုံခဲ့တာလေးတွေချရေးမယ်.. ဒီလောက်ပါပဲ..တန်ဖိုးတော့အရမ်းထားတယ် ဘာလို့ လည်းဆိုတော့
သူလေးက လမင်းရဲ့ အရိပ်လေးပါ လမင်းနောက်တစ်ယောက်လို့လည်းပြော
လို့ ရတယ်.. ဘယ်လောက်ပဲ အလုပ်များနေပါစေ တစ်နေ့ ကို နှစ်ခါလောက်တော့
ဝင်ဖြစ်တယ်.. လမင်းတို့ ချစ်သူနှစ်ယောက်ရဲ့ စိတ်တွေနှလုံးသားတွေရှိနေတယ်လု
ိ့ လည်း
ခံစားမိတယ်... လမင်းအရမ်းကိုတန်ဖိုးထားပါတယ်.. လမင်းတန်ဖိုးထားတဲ့အရာတွေထဲမှာ ချစ်စံအိမ်လေးလည်ပါတယ်..:)
(၄) သင့်ဘလော့လေး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ဖူးပါသလား ?
အဲမေးခွန်းဖြေရင်ဒေါသနဲနဲပြန်ထွ
က်တယ်.. အရင်လမင်းငယ်ဘလော့လေးရှိခဲ့ဖူးတယ်.. လမင်းအိမ်လေးကိုလာလည်ကြတဲ့ ဘလော့ဂါဟောင်းတွေသိတယ်..
တစ်နေ့ လမင်းဝင်လို့ မရတော့ဘာဖြစ်တာလည်းပေါ့..အခါခါ
ဝင်ကြည့်တယ်
မရဘူး နောက်တော့သိလိုက်ရတာ Pass ပြောင်းထားတာ...ဟဟဟ
ဆက်မပြောတော့ဘူး..:D
(၅) ပျောက်ဆုံးသွားတဲ့အချိန်တုန်းက သင် ဘယ်လောက်ထိ ခံစားခဲ့ရဖူးလဲ … ?
အသစ်ဖြစ်လို့ ပြန်မတွေးမိတော့တာကြာပြီး..အဲ
တုန်းကလမင်းပုံမြင်ချင်လား
စိတ်နဲ့ မှန်းလို့ ရအောင်ပြောပြမယ် ..ဘီလူးတစ်ကောင် ဒေါသထွက်နေသလိုပဲ ... ဘာလုပ်လို့ လုပ်ရမှန်းမကို မသိတော့ဘူး အားလုံးကိုဟောက်နေတာ.. အဲခံစားချက် အခုပြန်တွေးတော့ရှက်လိုက်တာ....
:P အရင်ဘလော့လေးကသူများလုပ်ပေးတာဆိုတော့ အသစ်ပြန်လုပ်တော့ကိုယ်ပညာရတာပေါ့.. နောက်ပိုင်းငါပညာတိုးတယ်
လို့ ပဲတွေးလိုက်ပါတယ်....:) ...
မောင်နွေလရေ စာရေးမကောင်းတဲ့ အမ ချစ်စံအိမ် ရေးလိုက်ပါပြီး
အခုလိုရေးခွင့်ရအောင်တဂ်ထားပေး
လို့ ကျေးဇူးတင်ပါတယ်..
ကုန်ကြမ်းတွေရှားနေတာလေ.. :P မောင်လေးလည်း လက်ရှိဘလော့လေးမှာပျော်ရွှင်အော
င်မြင်ပြီးစာတွေအများကြီးရေးနိုင်ပါစေကွယ်...


အားလုံးကျန်းမာပျော်ရွှင်ကြပါစေ.
..:)






17 comments:

  1. မလမင်းက ဘလော့ဂ်ကိုတစ်နေ့၂ခါလောက်ပဲဝင်ကြည့်တာ.. ညီမက ခဏခဏ၀င်ကြည့်မိနေလို့ .အခုဆိုကိုယ့်ဘလော့ဂ်ကို အဲလိုသံယောဇဉ်တွေဖြစ်လို့.. အခုလဲပို့စ်သစ်တက်တာတွေ့တာနဲ့ ပြေးလာဖတ်သွားပါတယ်..။

    ReplyDelete
  2. ချစ်သက်တမ်းလေးရှည်ပါစေ...အယ်မွှားလို့ ဘလော့သက်တန်းလေး ကြာရှည် တည်တံ့ခိုင်မြဲ နိုင်ပါစေ။။


    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  3. လမင်းလေးရေ တဂ်ပို့စ်လေးဖတ်သွားပြီနော်။ လူ့အသိုင်းအဝိုင်းမှာ အသက်ရှူချောင်ဘို့က လမင်းလေးရဲ့ ခံယူချက်အတိုင်း တည့်တည့်မတ်မတ်သာ လျှောက်သွားပါ။ ပတ်ဝန်းကျင်ဆိုတာ လူအမျိုးမျိုးစိတ်အထွေထွေမဟုတ်လား။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. မမတော့ ရေးပြီးပြီ ကန်ဒီလည်း ရေးရဦးမယ်... ဟီး.
    လာဆဲတာတွေအတွက် စိတ်အရှုပ်မခံပါနဲ့.. ကန်ဒီလည်း မမလိုပဲတွေးတယ် :)

    ReplyDelete
  5. ဘာလို့  လူတွေအားအားယားယားဆဲကြလဲတိပူးနော်

    စိတ်ပျက်ပါတယ်ဗျာ....

    ReplyDelete
  6. ကျွန်တော်လည်း ဘလော့ကိုတော်တော်မြတ်နိုးတန်ဖိုးထားပါတယ်
    ပျောက်ဖူးတဲ့သူတွေဘက်က စဉ်းစားကြည့်ရင်လည်းတော်တော်စိတ်မကောင်းစရာပဲနော်

    ReplyDelete
  7. လမင်းရေ စိတ်ရှုပ်စရာတွေခေါင်းထဲထည့်ထားမနေပါနဲ့ ပျော်ရွှင်စွာပဲ စာကိုပုံမှန်ပြန်ရေးပါနော်

    ReplyDelete
  8. လမင်းရေ ရောက်နေတယ်နော်
    ဘလော့လေးပေါ်ထားတဲ့ရိုးရှင်းတဲ့ ရည်ရွယ်ချင်လေးကလဲကောင်းပါတယ်

    ReplyDelete
  9. မမတို့ ချစ်သူ(၂)ယောက်ရဲ့အငွေ့အသက်လေးတွေပါဝင်တဲ့ ဒီ ဆိုဒ်လေးကလည်း ညလေးချစ်ခင်ရတဲ့ အိမ်လေးတွေထဲအပါအ၀င်ဆိုတော့ ညလေးလည်းချစ်မိပါရဲ့ ... :)

    ReplyDelete
  10. တဂ်ပို.လေးဖတ်သွားပါတယ်ခင်ဗျာ။

    ReplyDelete
  11. ညီလေးနွေလရဲ့ တဂ်ပို့စ်လေးကို ဘလော့ဂါတွေကကိုယ့်ရဲ့ခံစားချက်အမြင်လေးတွေနဲ့
    ချပြသွားတာဖတ်လို့တော်တော်ကောင်းပါ... ညီမလေးရဲ့ တဂ်ပို့စ်လေးကိုဖတ်သွားပါတယ်..
    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete
  12. ကြော်ငြာပါတယ်ဟ ဟဟ :P
    အကောင့်ဖောက်ပေးတာ ဘူလေးလဲဟ :P :P

    ReplyDelete
  13. တဂ်ပို့စ်လေးဖတ်သွားပါတယ်ခင်ဗျာ
    ကျွန်တော်နဲ့ သက်တမ်းတူတူပဲဗျ ဘလော့မွေးနေ့လေးတောင်တူသေး ၂၁.၁.၂၀၁၂တဲ့
    :)

    ReplyDelete
  14. မကြီးချစ်စံအိမ်
    ဝမ်းသာစရာသတင်းပါးရဦးမယ်
    ကျွန်တော့်ဘလော့လေး ပြန်ပွင့်နေပြီ
    အရမ်းပျော်နေတယ်ဗျာ

    ReplyDelete
  15. တဂ်ပို့စ်လေးကို လာဖတ်ခဲ့တယ်.. အားလဲ အားပေးနေပါတယ်.. ချစ်စံအိမ်ဆိုတဲ့ အိမ်ကလေး နောက်နှစ်ပေါင်းများစွာတိုင်အောင် တည်တံ့ပါစေသား..

    ReplyDelete
  16. ဖတ်သွားတယ် လမင်းလေး..

    ReplyDelete
  17. ချစ်သူနဲ့ ဘလော့လဲခိုင်းရတဲ့အထိတောင် သဝန်တိုခဲ့ဖူးသူကို သတိရသွားပြီမမ ..:))
    ကဲ ..ဘယ်လိုလုပ်ရမလဲမမ ..ပြောနော် ..:P

    ReplyDelete