ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Wednesday, July 11, 2012

ချစ်သူသိစေ..........



ချစ်သူ နင်ရဲ့ ဥပေက္ခာပြုမှုတွေကို
ငါအချစ်တွေနဲ့ ရှေ့ ဆက်သွားမယ်..

နင်အစားထိုးထားတဲ့ အချစ်တွေကို
ငါမေတ္တာတွေနဲ့ ဖြည့်ဆည်းနေပါမယ်

နင်မှာငါအတွက် မရှိတဲ့ အချစ်တွေကို
နင်ကိုလိုအပ်နေတဲ့ ငါနှလုံးသားက
နားလည်ပေးနေပါမယ်.။။

နင်ရဲ့ အလေးအနက်မရှိမှုတွေကို
ငါ့ရဲ့ သစ္စာတွေနဲ့ ဖြတ်သန်းသွားပါမယ်။။

ဒါပေမဲ့ နင်သိထားပေးပါ။။
မိန်းကလေးတစ်ယောက်က
သူကိုဂရုစိုက်လို့ သူ့ချစ်သူကို
ချစ်တာမဟုတ်ပေမဲ့ 
ချစ်သူရဲ့ ဂရုစိုက်မှုလေးတော့
လိုချင်ကြပါတယ်။။

သူမမွေးနေ့ ကို မှတ်မိလို့ ချစ်တာမဟုတ်ပေမဲ့ 
သူကိုအလေးအနက်ထားတာမျိုးတော့
ခံစားချင်ကြပါတယ်......



အခုတလောဘာရယ်မှမယ်မယ်ရရ မရှိဘူးဖြစ်နေတယ် ။။
မှတ်ချက် ကဗျာတော့မဟုတ်ဘူးနော်..ရင်ထဲကထွက်ကျလာတာချရေးထားတာ ..:D

16 comments:

  1. လမင်းရေ .....ခံစားချက်လေးကို

    ကိုယ်ချင်းစာစိတ်နဲ့ ဖတ်သွားပါတယ်

    ချစ်သူနဲ့ အမြန်ဆုံးနီးစပ်လို့ 

    အခြားသူတွေပြောပြောနေတဲ့

    အပျိုကြီးဘ၀ ကလဲ မြန်မြန်ကျွတ်လွတ်ပါစေ...

    ခင်တဲ့
    မိုးသူ(တောင်ကြီး)

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. ချစ်ကံကောင်းနိုင်ပါစေနော်

    ReplyDelete
  4. ဆရာလေး ချစ်သူရဲ့ ဂရုစိုက်မှု့ကို ရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်

    ReplyDelete
  5. ချစ်သူ နင်ရဲ့ ဥပေက္ခာပြုမှုတွေကို
    ငါအချစ်တွေနဲ့ ရှေ့ ဆက်သွားမယ်---------------ဆိုတဲ့ခံယူချက်လေးကတော့
    ချစ်သူကို ချစ်တတ်သူတွေပဲပေါ့

    ReplyDelete
  6. ခံစားချက်လေးတွေ မိုက်တယ်..ရင်ထဲက ထွက်ကျလာလို့နေမှာ

    ReplyDelete
  7. ရင်ထဲကထွက်ကျလာတာက အလန်းပဲဗျာ

    ReplyDelete
  8. အဟမ်း...အဟမ်း.... သီလရှင်ရေ မကြီးလွမ်းတော့ ဘာမှပြောတော့ဘူးနော်.
    ချစ်သူနဲ့ နီးပါစေလည်း မပြောဘူး... ဝေးပါစေလည်း မပြောဘူး။
    ဒါပေမဲ့ တစ်နေ့ အိမ်ထောင်ကျရင် အိမ်ထောင်ကျ ကံကောင်းပါစေလို့ဘဲ
    ဆုတောင်းပေးနေမယ်နော်.
    မိကျောင်းမင်းကို ရေခင်းမပြချင်တော့တာမို့။


    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  9. ခံစားချက်လေးတွေ ဖွင့်ချပြထားတာပေါ့လေမမ..:):)
    ကဗျာမပီ စာမပီ.ရင်တွင်းခံစားချက်သာ မူတည်သည်...:D

    အားပေးလျှက်ပါမမရေ...

    ReplyDelete
  10. ဂရုစိုက်မှု ခံချင်ကြတာတော့ မိန်းကလေးတိုင်းပါပဲ :D

    ReplyDelete
  11. ရင်ထဲက အကုန်ထုတ်သုံးကုန်ပြီ
    ထွက်ကျလာတဲ့ သံစဉ်တွေက
    ပြင်းရှလှချည်လား
    နားထောင်လို့တော့ အကောင်းသား

    ReplyDelete
  12. အမလမင်းချစ်သူ..အမလမင်းရဲ့ခံစားချက်တွေကိုနားလည်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်....

    ReplyDelete
  13. ခံစားသွားပါတယ်ဗျာ...
    ခံစားလို့ ကောင်းပါတယ်ဗျ....:-)

    ReplyDelete
  14. ကိုယ်ချစ်ဖြစ်ရတာ မောလွန်းတယ်။
    ကိုယ့်ရဲ့အချစ်တွေ သူသိနိုင်ကောင်းပါရဲ့။

    ReplyDelete
  15. သူမမွေးနေ့ ကို မှတ်မိလို့ ချစ်တာမဟုတ်ပေမဲ့ 
    သူကိုအလေးအနက်ထားတာမျိုးတော့
    ခံစားချင်ကြပါတယ်......

    ReplyDelete
  16. စိတ်ဓာတ်မကျပါနဲ့တနေ့ဖြစ်လာမှာပေါ့။

    ReplyDelete