ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
Thursday, July 5, 2012
အသုပ်စုံ..:P
အသုပ်စုံဆိုလို့ ဘာသုပ်လည်းပေါ့ဟီး  ပိုစ့်တွေမတင်ဖြစ်လို့ ကင်မရာထဲရှိတာရယ်ရေးထားတာတွေရယ်
ပေါင်းပြီးတင်လိုက်လို့ Title ပေးလိုက်တာ အခုရက်တွေဟင်းလည်းမချက်စားဖြစ်ဘူး ကဗျာလည်းထွက်မလာဘူး။ အပြင်စာတွေပဲစားနေတော့ လူတောင်ဝိတ်တက်လာတယ် ထင်ပါ့ : ချစ်သူပစ်သွားရင်ဆိုတဲ့စိတ်နဲ့ 
အသည်းကွဲနေနည်းပါတွဲတင်ပေးလိုက်တယ်.. လေ့ကျင့်ထားတယ်လို့  အပျိုကြီးတွေကြိုမြင်တာ :P
ဆွမ်းကပ်ကုသိုလ်ယူ ဆရာတော်ဦးကောဝိဒ ၀ါရှင်တန်ကိုကြွတုန်းအမိအရ ဆွမ်းကပ်လှူဒါန်း
ဆရာတော်လည်းကျေနပ်ပီတိ..
ကိုယ်ချစ်တဲ့သူနဲ့ကွေကွင်းရတဲ့အခါ ရင်ထဲမှာ နာကျင်တဲ့ ဝေဒနာကအချိန်အတော်ကြာ
တဲ့အထိ စွဲကပ်နေတတ်ပါတယ်၊ အဲလိုအသည်းကွဲဝေဒနာခံစားရတဲ့အခါ အချို့ဇာတ်လမ်းတွေ
ထဲကလိုရူးရူးမိုက်မိုက်လျှောက်မလုပ်သင့်ပါဘူး။ အသည်းကွဲဝေဒနာကိုအချိန်ကကောင်းကောင်း.
နည်းကောင်းလေးပေးမယ်....
(၁) အလုပ်တစ်ခုခုကိုအမြဲရှာပြီးလုပ်ပါ....
အိပ်ယာထဲမှာ လှဲပြီးပူဆွေးနေဒါကြောင့် နာကျင်မူကိုပိုပြီးခံစားရတတ်ပါ
ဒါကြောင့်အိမ်မူကိစ္စ အလုပ်တွေ ဘ၀တက်လမ်းအတွက်ပြင်ဆင်စရာရှိတာတွေကိုလုပ်ဆောင်းပေးလိုက်ပါ။
အလုပ်နဲ့လက်နဲ့မပြတ်အောင်နေလိုက်ရင် ၀မ်းနည်းကြွေကွဲနေဖို့ အချိန်တောင်ရှိတော့မှာမဟုက်တော့ပါဘူး။
(၂)အသက်ကိုပြင်းပြင်း ရှူသွင်းပါ....
အတိတ်ကသတိရစရာ အကြောင်းတွေပေါ်လာတိုင်း နာကျင်မူကို မခံစားရခင်မှာ စိတ်ခံစားမူကို ထိန်းချုပ်
နိုင်အောင် အသက်ပြင်းပြင်းရှူသွင်း ရှူထုတ် လုပ်ပေးလိုက်ပါ..ဒီနည်းဟာစိတ်ကိုအေးချမ်းစေပါတယ်။
(၃) ရင်ဖွင့်ဖော်သူငယ်ချင်းရှာပါ..ရင်ထဲရှိတာဖွင့်ပြောပါ....
တကယ်လို့ သင့်အနေနဲ့ တစ်စုံတစ်ယောက်ကို လွမ်းဆွတ် သတိရနေရင် သင်ယုံကြည်ရသူ
တစ်ဦးကို ရင်ဖွင့်ပြောဆိုလိုက်ပါ။ သင်ဝေဒနာတွေသက်သာ လျော့ပါးသွားမှာပါ...
(၄)စိတ်ကိုသေချာကြည့်ပြီးတရားရှုမှတ်လိုက်ပါ...
နောက်ဆုံးတစ်ခုကတော့ဘုရားကုပေါ့နော်...ငါသည်အတိတ်ဘ၀က၀ဋ်ကြွေးပါလိုအခုဘ၀ခံစားနေရတယ်
ဒီဝဋ်ကြွေးကိုဒီဘ၀မှာပဲထားခဲ့တော့မယ်..ငါဘ၀သံသယာတစ်လျှောက်ကောင်းဖို့ စိတ်ကိုရှုမှတ်
တရားအားထုပ်တော့မယ်လို့ တွေးပြီးစိတ်လေးကိုစောင့်ကြည့်ယုံနဲ့အေးချမ်းစေပါတယ်။
အသည်းကွဲသူများအတွက်ကိုယ်တိုင်ကုခဲ့သော နည်းတွေပါ.:P
 စိတ်ကိုပြောင်းလဲသွားအောင် လွတ်လပ်ရေးနေ့ ကရိုက်ခဲ့တဲ့ မီးပန်းပုံတွေပါတင်ပေးလိုက်ပါတယ်..
ကင်မရာက အိမ်ကမချိန်သွားတော့ ဟိုရောက်တော့ ကမောက်ကမဖြစ်ကုန်တော့တာပဲ
မိုးလည်းချုပ်နေတော့ အဆင်မပြေ ချိန်ထားတာနဲ့ ရိုက်လာခဲ့တာ လွဲချက်တွေပါ..
မီးပန်းအတွက်ရိုက်ဖို့ သီသန့်ရှိတယ်..အိမ်ရောက်မှတွေ့ တယ်။။:P အဲလို  အဲလို အပျိုကြီးတို့ များ..:D
အမိအရရိုက်လိုက်တာပဲ ..
လှတယ်နော်.. :p
တွေ့ ရခဲတယ် လမင်းလေးပါ :P
အပြင်မှာတော့ကြည့်လို့ အရမ်းလှတယ် နှစ်တိုင်းသွားကြည့်ဖြစ်တယ်..:)
ဒါက ၂ရက်နေ့ ကအကြိုရိုက်ထားတာ..
လူတိုင်းကပန်းတွေပဲရိုက်တတ်ကြတယ် နှင်းဆီအညွန့် လေးပါ လှလို့ ..
ဒါက မနေ့ ကလုပ်စားဖြစ်တဲ့ကြက်တောင်ပံကင်ပါ...
ဒါကမရမ်းသီးကို ငါးပိနဲ့ ကြော်ထားတာ အရမ်းကောင်းတယ်..
အနီးကပ်လေး...
ဗီဒီယိုနဲ့ ဆို ပိုကြည့်လို့ ကောင်းလို့ တင်ပေးချင်တာ မရဘူး.:(..
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ...
17 comments:
  1. အမလမင်းရေ..အသဲကွဲနည်းလေးဖတ်သွားတယ်ဗျ
    မီးပန်းပုံလေးတွေလည်းကြည့်သွားပါတယ်...
    မရမ်းသီးကိုငါးပိနဲ့ကျော်ထားတာစားချင်စရာပါ..
    ReplyDelete
  2. သြော်.. လုပ်တိုင်းကို ဖြစ်နေကျတော့တာပဲဗျာ... ကောင်းတယ် :)
    ReplyDelete
  3. အဟဲ...အသဲကွဲနည်းလေးတောင် ဆရာလေးက သင်ပေးနေပြီကိုး။
    ကျင့်ထုံးလို့ ပြောပေါ့ကွယ်။ ကိုယ်တိုင်အရင်ကျင့်သုံးကြည့် အောင်မြင်ပြီဆိုမှ
    ဆက်လက်ဖြန့်ဝေ။ ထုတ်ကုန်အတွက် အရမ်းစမ်းသံရတယ်လေ။ သေချာပြီ
    ကောင်းပြီ မှန်ပြီဆိုမှ ဝယ်သုံးမဲ့သူတွေ ရလာမှာ...အဟီးးးးးးးးးးးးး
    ချစ်တဲ့
    မကြီးလွမ်း
    ReplyDelete
  4. မရမ်းသီးငပိကြော် စားချင်တယ်မမ ..နည်းနည်းကျွေး..:P:P
    ReplyDelete
  5. အောင်မြတ်လေး လမင်းရေ
    အသုပ်စုံရှာနေမိပြန်တယ်
    သဘောပေါက်လိုက်ပြီ ရောသမမွှေကိုး
    မရမ်းသီးငပိကြော် လေးကိုတော့ပါဆယ်ဆွဲလို့ရရင်ကောင်းသားပဲ
    ReplyDelete
  6. မှတ်ကရော...
    သီလရှင်ကတော့အကုန်လုံးကိုရောသမမွှေထားတာ..
    ဒါကြောင့်အသုတ်စုံလို့ ပေးထားတာကိုး...
    ခင်မင်စွာဖြင့်
    ဗိုက်ပူသူတော်
    အမည်ရင်းကပျောက်သွားပြီ:D
    ReplyDelete
  7. ဆရာလေး..ညနေစာစားလို့မရဘူးနော်
    ဟင်းတွေပြန်ပေးပါး))
    ဓာတ်ပုံလေးတွေ..လှချက်ကတော့
    ကမ်းကုန်ဘဲဗျိုးးးးးးး :D
    ReplyDelete
  8. မရမ်းသီး ငါးပိကြော်စားချင်တယ် :D
    ReplyDelete
  9. မရမ်းသီးငါးပိကြော်လေး အရမ်းကောင်းမယ့်ပုံပဲ... စားချင်လိုက်တာ
    ReplyDelete
  10. photo တွေ အရမ်းလှပါတယ်
    အခုတလော မိုးသူမြင်မြင်နေရတာ
    အွန်လိုင်းပေါ်မှာအသဲကွဲတဲ့သူတွေသိပ်များနေသလိုပဲ ဗျ :P
    ReplyDelete
  11. ဒေါ်ပစ်July 7, 2012 at 9:56 AM
    ငါလာသွားတယ် လမင်းး အသုပ်စုံဆိုတော့
    ထမင်းစားရင်းနဲ့လာတာ...ဟီးးး
    ReplyDelete
  12. မရမ်းသီးငါးပိကြော်လေး မြင်လိုက်မှ အိပ့်ချင်စိတ်ပါ ပျောက်သွားတယ် ...
    အစ်မရေ .... မရောက်ဖြစ်တာလဲ ကြာရောပေါ့ .....။ အလည်လာခဲ့ပါတယ် ... ။
    ခင်မင်စွာဖြင့်
    မောင်ဘုန်း
    ReplyDelete
  13. အာ.. မရမ်းသီးထောင်း စားချင်လိုက်တာ..
    ReplyDelete
  14. အစ်မရေ အလည်လာသွားရင်း မီးပန်းလေးတွေကိုကြည့်သွားတယ်နော် အမှတ်မထင် ကြက်တောင်ပံလေးကိုတွေ့လိုက်ပြီး ဗိုက်တောင်ဆာသွားပါတယ် ^_^
    ReplyDelete
  15. စားချင်စရာတွေအများကြီးပဲ
    ReplyDelete
  16. အသုပ်စုံဆိုလို့ပါးစပ်ပြင်ပြီးလာလိုက်တာ
    လွဲရော့ ဟီးးး ကံကောင်းချင်တော့
    ကြက်တောင်ပံနဲ့ တိုးသွားတယ်
    အေ့် အားပါးပါး ကောင်းမှကောင်း
    သွားကြားထိုးတံရှိဝူးလားဗျို့
    ReplyDelete