ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
Friday, June 29, 2012
ဗုဒ္ဓဘာသာဆိုတာ...
မင်္ဂလာပါရှင် ပိုစ့်အဟောင်းလေးကိုပဲတင်လိုက်ပါတယ်..အဟောင်းဆိုပေမဲ့ လမင်းဘလော့ထဲတော့
မတင်ဖူးသေးပါဘူး။။  ခါးနာကလည်းမပျောက်သေးတော့ ကဗျာလည်းထွက်မလာဘူး ပိုစ့်မတင်တော့လည်းလာလည်တဲ့သူတွေကိုအားနာလို့ သိသလောက်လေးရေးထားတဲ့ပိုစ့်လေးတင်ပေးလိုက်
ပါတယ်..    ဗုဒ္ဓဘာသာ အကြောင်းနဲ့ ပတ်သက်ပြီးအမေးခံထားရတာရယ်....အရင်မေးခွန်းလေးတွေကို
မဖြေရသေးတာရယ်ပေါင်းပြီး သတိရတာနဲ့ တင်ပေးလိုက်ပါတယ်။။
 မေးခွန်းတို့ ရဲ့ အဆက်....
  မေးခွန်း (၆)  မလမင်း ဗုဒ္ဓဘာသာဖြစ်ရခြင်းကို ဘယ်လိုသဘောရလဲ..??????
  လမင်းကို  မေးတဲ့ ကလေးက အသက် (၂၀ )တဲ့ ခရစ်ယာန် ဘာသာကို ကိုးကွယ်တယ်လို့ သူပြောပါတယ်.။
ပြောဖြစ်တဲ့စကား  အဲ မေးခွန်းကို ဘာလို့ မေးတာလဲ လို့ လမင်းပြန်မေးလိုက်ပါတယ်...
အမတို့  ဗုဒ္ဓဘာသာ တွေက ရုပ်တု ကို ထိုင်ကန်တော့ကြတယ်။။  အဲဒါကို သူသိချင်ပါတယ်.. ဘာကြောင့် အရုပ်ကို
အားကိုးနေရတာလဲ.....??? ထိုင်ရှိခိုးနေရတာလဲ  ..သူတို့  ကိုးကွယ်တဲ့ ဘုရားသခင်က သူတို့ ကိုစောင့်ရှောက်တယ်.. သူတို့ ကိုဖန်ဆင်းတယ်..
 အမတို့ ဘုရားကရောအဲလိုပဲလား.. ???  ကလေးတစ်ယောက်လို့ မေးလာခဲ့ပါတယ်။။
အသက် ၂၀ ဆိုတာ  သက်တမ်းအရ မငယ်တော့ပေမဲ့ ဒီကလေး ဗဟုသုတ အနေနဲ့ တော့ငယ်သေးပုံပဲ..
ဒါမှမဟုတ် တစ်ယူသန်နေတာလည်းဖြစ်နိုင်ပါတယ်။။သူနဲ့ ငြင်းကြတယ်မဟုတ်ပေမဲ့ သူမေးသမျှကိုဖြေရင် စကားတော့ရှည်မယ်.. လိုရင်းကိုပဲ လမင်းဒီမှာရေးပါမယ်။။
၁.။။။။   သူတို့ ဘုရားသခင်က လူသားအားလုံးကိုဖန်ဆင်းတယ်..ကြည်
့ရှူစောင်မတယ်.. ထာဝရ ကောင်းကင်မှာ
အမြဲတည်ရှိနေတယ်.သူတို့ တွေ ရဲ့ နောက်ဆုံးသွားရမဲ့လမ်းက ကောင်းကင်ဘုံ ပဲလို့ သူပြောသွားပါတယ်။။
လမင်းတို့ ပြောဖြစ်တာက ..   မောင်လေးမှာ အားကိုးယုံကြည်လေးစားရတဲ့ ဆရာ ဆိုတာရှိလား..။
ရှိတာပေါ့ မမရ.....  သူတို့ ကို မောင်လေးကတွေ့ တော့ ဘယ်လိုဆက်ဆံလဲ  .. ကိုယ့်ဆရာလည်းဖြစ်တယ် လေးစားတယ်ဆိုတော့ ရိုသေစွာပဲဆက်ဆံတယ် ... မောင်လေး ဘ၀မှာ အဲဆ၇ာကို
မေ့နိုင်မယ်လို့ ထင်လား။။ ကိုယ်ယုံကြည်လေးစား၇တဲ့ဆရာ ဆိုတော့ဘယ်မေ့နိုင်မလဲ...  မမကဘာလို့အဲလိုမေးတာလဲ  ကျတော်မေးတဲ့ မေးခွန်းနဲ့ လည်းမဆိုင်သလိုပဲနော်။။ အမ အခုပြောနေတာ မောင်လေးမေးခွန်းကိုဖြေမလို့ လေ... ကျတော်နားမလည်ဘူး  ..မမ. ရှင်းရှင်းပြောပါ။။
မောင်လေးတို့  အိမ်မှာ ဘယ်သူဓာတ်ပုံတွေရှိလဲ.. အဘိုး အဘွား ပုံတွေရှိတယ် အဖေ နဲ့ အမေပုံတွေလည်းရှိတယ်။။
ဟုတ်ပြီး  .. အဲပုံတွေကို ဘာလို့ အိမ်မှာထားတာလဲ  .... အမှတ်တရပေါ့ မမရယ် .အဘိုးအဖွား ပုံတွေရှိတော့ကျတော်တို့ မြင်ရသိရတာပေါ့။။။
လူအချင်းချင်း ဘာလို့ ဓာတ်ပုံရိုက်ပြီ အမှတ်တရဆို ပြီး အိမ်မှာချိတ်ထားရတာလဲ မောင်လေးသိလား။။
အမေကပြောတယ် အဘိုးက အရမ်းတော်တယ် သူတို့ ဘ၀အခုလိုနေနိုင်တာ အဘိုးရဲ့ ကူညီမှုတွေ ထက်မြတ်မှုတွေ
ကြောင့် မင်းတို့ တွေ အခုလို ဘ၀မျိုးနေနိုင်တာလို့ တော့ခဏခဏပြောပါတယ်။။
မောင်လေးပြောသွားတဲ့စကားတွေအားလုံး ဟာ အဖြေတွေပါပဲ .. ဗျာ ကျတော်မရှင်းဘူး။။
  မောင်လေး အဘိုးကြောင့် မောင်လေးတို့ တွေက အခုလို နေနိုင်လို့ မောင်လေးအမေကကျေးဇူးရှင်တစ်ယောက်လို သဘောထားပြီး ဓာတ်ပုံကို ခဏခဏပြတယ်။။
ဟုတ်တယ်နော်။။။ ဟုတ် .....  အမတို့ ကို ဗုဒ္ဓက ဘာမှမလုပ်ပေးခဲ့ဘူး ကိုယ်လုပ်မှကိုယ်ရမယ် ဆိုပြီး လမ်းပြပေးခဲ့တယ်။။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။။ ကိုယ်လုပ်တာကိုယ်ခံစားခွင့်ရှိတယ်။။
ကောင်းကင်ဘုံရယ်လို့ မဟုတ်ဘူး။။။။ ကိုယ်လုပ်တဲ့အလုပ်ပေါ်မှုတည်ပြီးသွားရမယ်။။ ဒီလမ်းကတော့အမှန်ပဲ ဒါတော့မှားတယ်လို့ လမ်းမှန်ကိုညွှန်ပြပေးခဲ့တယ်။။ကိုယ်တိုင်လုပ်ကြည့်  သိလာတဲ့သဘောတရားကအမှန်တရားပဲလို့ ဆုံးမခဲ့တယ်။။ သံသရာတစ်လျှောက်လုံး အတွက်အမှန်တရားကိုရှာဖွေတွေ့ ရှိပြီ လမ်းညွန်ပြသပေးတဲ့ ဗုဒ္ဓကို လေးစားယုံကြည်လို့  ပုံတူ သို့  ရုပ်တု ကို ရည်မှန်းပြီ ကန်တော့တာပါ။။
ရုပ်တုကြီးကို ထိုင်ရှိခိုးနေတာမဟုတ်ဘူး။။ ဆရာတစ်ဆူ ကို ရည်မှန်းပြီ ကန်တော့တာပါ။။ နောက်တစ်ခုက မမတို့ ဗုဒ္ဓက လမ်းကိုပဲပြခဲ့တယ်။။ လျှောက်တာမလျှောက်တာက မမတို့ အလုပ်ပဲ..
အစောက မောင်လေးပြောခဲ့တယ်နော်.. မောင်လေးတို့ အဘိုးကြောင့် အခုလိုဘ၀မျိုးနေရတယ်ဆိုတော့ ..
မောင်လေး အဘိုးကတော်လို့  ပေါ့နော်.. .. ဘုရားသခင်ကဖန်ဆင်းပေးတာမဟုတ်ဘူးလား။။
ဘုရားသခင်လည်းကြည့်ရှုစောင်မတာပါတာပေါ့ ဗျာ.. မောင်လေးတို့ ဘုရားသခင်က အမြဲတမ်းစောက်ရှောက်တာလား။။ ဟုတ်တယ်မမ.. ကျတော်ပြောပြမယ်။။ ကျတော် ဆယ်တန်းတုန်းက စာလုံးဝမရဘူး.. ကျုရှင်လည်းမယူဘူး .. ကျတော်ဘုရားကျောင်းတော့နေ့တိုင်းသွားတယ်... ဘုရားသခင်ထံဆုတောင်းတယ်။။ မမ ယုံမလားတော့မသိဘူး။။ ကျတော်လုံးဝမဖြေနိုင်ဘူး ဗျာ။။ ဒါပေမဲ့ အောင်စာရင်းထွက်လာတော့ ကျတော်အောင်တယ်။။ ဒါ ဘုရားသခင်းစောက်ရှောက်တာပေါ့ဗျာ...
တစ်ခုခုတော့လွဲနေပြီး မောင်လေး စာမေးပွဲက ဖြေနိုင်ရင်အောင်မယ် မဖြေနိုင်ရင်ကျမယ်။။ မဖြေနိုင်ပဲတော့ မအောင်နိုင်ဘူး။။ မဖြေနိုင်ပဲအောင်တယ်ဆိုတာတော့ဘယ်လိုမှမဖြစ်နိုင်ဘူး။။ ကျတော်ပြောရင် မမ မယုံဘူးနော်.....
ကျတော်ကတော့ယုံတယ် အခု ကျတော်အလုပ်ရှာနေတယ်။။ ဘုရာသခင်ကြောင့်အလုပ်ရတော့မယ်။
မနက်အင်တာဗျုးရှိတယ်။။ ဒါဆို မောင်လေးက အရည်အချင်းမရှိတဲ့သူပေါ့ ဘုရားသခင်ကပဲ ကြည့်ရှူပေးနေရတာပေါ့.. အဲလိုလဲမဟုတ်ဘူးလေ.. ကျတော်လည်းကြိုးစားရတာပေါ့။။ ကိုယ်ကြိုးစားတာကို ဘာလို့မမြင်ရတာလဲ.. ဘာလို့ ဘုရားသခင်လို ပဲပြောနေရတာလဲ..ဒါဆို ခရစ်ယာန်တွေက အရည်အချင်းမရှိသလိုဖြစ်တော့မှာပေါ့...မောင်လေးစဉ်းစားလို့ ရအောင် မမပြောမယ်။။။ ကျောင်းတက်ရင်းစာကျက်ရမှာ မောင်လေး အလုပ် ..အလုပ်လုပ်လို့ အောင်မြင်လာရင် မောင်လေးတော်လို့  ကိုယ်ကြိုးစားရင်ကိုယ်ပဲခံစားရမယ်။။။ ဒါကို မောင်လေး
အရင်လက်ခံကြည့် ပြီတော့မှာ ဘုရားသခင်ကိုစဉ်းစားနော်။။
နောက်ဆုံး အမ မေးချင်တာက ဘုရားသခင်ကို ဘယ်သူက ဖန်ဆင်းတာလဲ... ????
ဘာလို့ လူတွေကို ဆင်းရဲချမ်းသာ အယုတ် အမြတ် ရုပ်ဆိုး ရုပ်လှ ဘာလို့ အဲလို ဖန်ဆင်းတာလဲ..
အတူတူဖန်ဆင်းတာမဟုတ်ရင်တော့ ဘက်လိုက်တာပေါ့.. အမအဲမေးခွန်းကိုသိချင်တယ်။။။
မမမေးတာမြင့်လို့ ကျတော်ဥာဏ်မမှီဘူး။။။ မောင်လေးပဲ မေးထားလိုက်လေ အဖြေကို အမကို ပြန်ပြောပေါ့..
အဲနောက်ပိုင် အဲကောင်လေးကို အခုထိ လမင်းမတွေ့ တော့ဘူး။။ လမင်း အချိန်ပေးတာ (၇) ရက်ထဲပါ။။
သူပျောက်နေတာ  ရက် (၂၅) ရှိသွားပြီ။။ စောင့်နေပါတယ် :P
လမင်းငယ်ငယ်ကဆို ဘာသာခြားတွေနဲ့ ကြီးပြင်း ခဲ့ရတာပါ.သူတို့အမြဲမေးတဲ့ စကားက
ဗုဒ္ဓဘာသာဆိုတာဘာလဲ အဲလိုမေးတိုင်း မဖြေတတ်ခဲ့ဘူး ငယ်ကလည်းငယ်  ဘာသာရေးကိုလည်း
သိပ့် နားမလည်ခဲ့တာတွေပါတာပေါ့လေ.. နောက်ပိုင် ဘာသာရေးကို စိတ်ဝင်စားလာတယ်။
ငါဟာ မိဘတွေ ဗုဒ္ဓဘာသာမလို့ ငါကဗုဒ္ဓဘာသာ ဖြစ်ရတာလားလို့ စဉ်းစားတတ်လာတယ်။
ဒါမျိုးမဖြစ်သင့်ဖူးလို့လဲ ကိုယ့်ကိုကိုယ် သိလာတယ်..အဲ့တော့  တရားစာဖတ်လာတယ်၊
စိတ်လည်းဝင်စားတယ်.. ဗုဒ္ဓဘာသာဟာလေ့လာလေး ဥာဏ်မမှီ လေးပါ..သိသလောက်ကိုတော့
လမင်းရေးနေအုံးမှာပါ  .လိုအပ်တာများ
ရှိခဲ့ရင် အကြံဥာဏ်များလည်းပေးနိုင်ပါတယ်..ဒီစာလေးကိုသူငယ်ချင်း တစ်ယောက်
ကရေးဖို့အကြံပေးလို့ ရေးတာပါ.မရေးခင်အတော်လေးစဉ်းစားခဲ့ပါတယ်။
ဆရာလုပ်ရာရောက်မလား။။ . ဗုဒ္ဓဘာသာအကြောင်းကိုရေးရင်တော့မကုန်နိုင်ပါဘူး. .
ဗုဒ္ဓဘာသာဆိုတာဘာလဲဆိုတာ .. ဗုဒ္ဓ+မြတ်စွာဘုရား ဘာသာ+အယူဝါဒ အဆုံးအမလို
လဲပြောလို့ရပါတယ်၊ဗုဒ္ဓရဲ့ အဆုံးအမကိုလိုက်နာတဲ့သူကိုဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။။မြတ်စွာ ဘုရားက ဘာတွေ ဆုံးမခဲ့လဲ ဘယ်လို အယူဝါဒ ကိုကြိုက်နှစ်သက်လဲ... ဆိုတာ သိသူရှိသလို မရှိသေးတဲ့ 
ဗုဒ္ဓဘာသာ အမည်ခံထားတဲ့ သူတွေအများကြီးပါ... ဒါပေမဲ့ ဗုဒ္ဓ ရဲ့ အဆုံးအမကိုလိုက်နာကြတဲ့သူတွေတော့
ရှားပါတယ်.။ ဗုဒ္ဓ ကဘာတွေဆုံးမခဲ့လဲ ဆိုတဲ့ အသိတွေလည်း အခုခေတ်မှာအတော်လေးကိုရှားနေပါပြီး
သူထက်ငါသာရမယ် ငါကောင်းဖို့ဆို ဘာမဆို လုပ်မယ်ဆိုတဲ့ သူတွေများနေတဲ့ခေတ်ကြီးထဲမှာ ဗုဒ္ဓဘာသာ
ဟာတစ်ဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားမဲ့ အဖြစ်မျိုးကို အရမ်း စိုးရိမ်နေမိတယ်။
လူငယ်တွေမှာ အများကြီးတာဝန် ရှိပါတယ်. လမင်းတို့ တွေက ရိုသေစွာ လိုက်နာကျင့်သုံးသွားရင်
နောက်လာမဲ့ မျိုးစပ်လေးတွေ အတွက် အကျိုးများပါလိမ့်မယ်..ဗုဒ္ဓမြတ်စွာဘုရားက လူသားအားလုံးကိုညီမျှသော
တရားစကားများကို ၄၅ ၀ါပတ်လုံ ဟောကြားတော်မူခဲ့ပါတယ်..ခံယူတဲ့သူအပေါ်မှာပဲအကျိုး ထူးကွာသွားကြပါတယ်။ဗုဒ္ဓဘာသာခံယူထားရင်တော့အနည်းဆုံး ငါးပါးသီလကိုတော့လိုက်နာကျင့်သုံး
စေချင်ပါတယ်။။။။ ဒါဟာ လမင်းတို့ဗုဒ္ဓဘာသာမှာ အခြေခံ သီလ သို့ မဟုက် စည်းကမ်း လေးကိုတော့လိုက်နာ
နိုင်မှာ ဗုဒ္ဓဘာသာလို့ ခေါ်နိုင်ပါတယ် ။ ဗုဒ္ဓဘာသာ အစစ်အမည်ခံချင်ရင်ပေါ့..။
အခြေခံငါးပါးသီလကိုမှ မလိုက်နာနိုင်တဲ့ ဗုဒ္ဓဘာသာ ဟာမိရိုဖလာ ဗုဒ္ဓဘာသာပဲဖြစ်နိုင်ပါလိမ့်မယ်။။
ဗုဒ္ဓဘာသာအစစ်တော့မဖြစ်နိုင်ပါဘူး ဗုဒ္ဓကို ရိုသေတဲ့ ဗုဒ္ဓဘာသာလူမျိုးဆိုရင် ဗုဒ္ဓရဲ့ အဆုံးအမကိုလိုက်နာကျင့်သုံးကြပါ ဒါမှာပဲ ဗုဒ္ဓ ၄၅၀ါပက်လုံဟောခဲ့ရကျိုးနပ်ပါမယ်..ဗုဒ္ဓဟောခဲ့သောတရား
များစွာရှိပါတယ် ကိုယ်နဲ့ဥာဏ်မှီသလောက်ကိုလေ့လာစေချင်ပါတယ်. ဗုဒ္ဓဟာ ဖန်ဆင်းရှင် မဟုက်ပါဘူး။
ကိုယ်လုပ်မှကိုယ်ရမယ်လို့ပဲ ဟောခဲ့ပါတယ် ဗုဒ္ဓဟာ ဆရာတစ်ပါးအနေနဲ့ပဲ ဆုံမတော်မူခဲ့ပါတယ်၊ နည်းပြပေးခဲ့တယ်။
လိုက်နာကျင့်သုံးရမှာက ဗုဒ္ဓဘာသာအားလုံး ရဲ့ တာဝန်ပါ၊ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်လို့ ဗုဒ္ဓ
ဟောကြားခဲ့တာကို သိရဲ့နဲ့  ဘာလို့မလိုက်နာနိုင်ကြတာလဲ၊ကမ္ဘာကြီးဟာ ဆုတ်ကပ် ရောက်နေကြပါပြီး
 မကောင်းသူပယ် ကောင်းသူကယ် ဆိုတဲ့ ခေတ်ကာလကြီးကိုရောက်လာပြီး။။ လမင်း
တို့တွေ ဘာအတွက် အသက်ရှင်ကြတာလဲ နောင်ဘ၀ဆိုတာမမြင်ရလို့ ခုဘ၀မှာပဲ ကောင်းတာလေးတွေ
နဲ့ ဘ၀ကိုဖြတ်သန်ကြမယ် သီလတရားလက်ကိုင်ထားပြီး ရှေ့ဆက်လျှောက်လှမ်းကြမယ်။။
စာကိုချုံ့ ရေးပါသဖြင့် ငါးပါးသီလကို ထည့်မရေးတော့ပါ။
ဗုဒ္ဓဘာသာဝင်တိုင်း ငါးပါးသီလကိုသိရှိကြပါတယ် လမင်းတို့တွေ ၀ိပဿနာ တို့ သတိပဌာန်တို့ကို မကျင့်နိုင်သေးရင်တောင် အနည်းဆုံ ငါးပါးသီလကိုတော့လိုက်နာကျင့်သုံးစေချင်ပါတယ်။
ငါးပါးသီလကိုကျင့်သုံးချင်အားဖြင့် ယခုဘ၀ နောင်သံသရာ အတွက်အကျိုးများပါတယ်.
အခုရေးသွားသောအကြောင်းအရာဟာ ဗုဒ္ဓဘာသာရဲ့ အခြေခံ သဘောမျှသာဖြစ်ပါသည်။
သူငယ်ချင်းတို့ လုပ်နိုင်ရင်လုပ်နိုင်သလောက် အကျိုးများ စွာရှိပါသည်.
အမှားပါရင်ခွင့်လွတ်နိုင်ကြပါစေ..လမင်းတို့ တွေ ဗုဒ္ဓခေါ် သီလ လူအခေါ် စည်းကမ်းလေးတွေကို လိုက်
နာကျင့်သုံးပြီး ဘ၀ကိုအကျိုးရှိစွာဖြတ်သန်ကြပါစို့ ....ကိုယ့်ကိုကိုယ်ဆုံးမပြီးရေးခြင်းဖြစ်ပါတယ်။။
ဘယ်ဘာသာကိုမှစော်ကားလိုခြင်းမရှိပါ ကိုယ်ယုံကြည်ရာကိုးကွယ်ရာဖြစ်တာကြောင့်
ဒီပိုစ့်ကို နားလည်ပေးစေချင်ပါတယ်..
 ပုံ..
ကြောက်ကြောက် ..
15 comments:
  1. စာပြီးဆုံးတိုင်ထိ အောင် စိတ်ပါလက်ပါဖတ် ခဲ့ပါတယ်။ အသိဥာဏ် သတိဥာဏ်လေး တစ်ခုရတဲ့အတွက် ကျေးဇူးပါ :)
    ReplyDelete
  2. ပို့စ်လေးဖတ်သွားပါတယ် ညီမလေးရေ...
    အခုမှ ဘလော့ပေါ်တက်လာနိုင်တာ ဆရာလေးရေ....
    ReplyDelete
  3. ဗဟုသုတတွေရခဲ့ပါတယ်လမင်းရေ
    ReplyDelete
  4. အင်းကောင်းပါတယ် နောက်လဲတင်ပါဦးဗျာ
    ReplyDelete
  5. ကိုယ် ကိုးကွယ်တဲ့ဘာသာကို
    အကောင်းမွန်ဆုံး ယုံကြည်တာ
    အကောင်းဆုံးလို့ ထင်ပါတယ်
    အရမ်းကောင်းတဲ့ ပို့စ်လေးပါ အစ်မရေ
    ( အစ်မက ဘာသာရေးခွဲခြားပြီး ရေးထားတာ
    မဟုတ်ကြောင်း စာဖတ်သူတွေ သိစေချင်ပါတယ် )
    < ထပ်ဆင့် ထောက်ခံပေးခြင်း >
    ReplyDelete
  6. ပို့စ်လေးဖတ်သွားပါတယ်မမရေ
    ReplyDelete
  7. ညီမလေးလည်း မှတ်သား နာယူသွားပါတယ် မမ...
    ကျေးဇူးပါလို့..
    ReplyDelete
  8. ပို့စ်လေးကိုသေချာဖတ်သွားပါတယ်ခင်ဗျ
    ReplyDelete
  9. ညီမလေးရေ။
    မကြီးလွမ်းလည်း လာရောက်အားပေးခဲ့တယ်။
    ဘာမှ အသေချာမသိတဲ့ မကြီးလွမ်းကတော့
    ဘာသာရေး နိုင်ငံရေး ဆို ဝှောင်ဝှောင်ရှေး
    ဝေးဝေးရှောင်ဘဲ။ ဆရာလေး ဆုံးမတာလေးတွေ
    ဖတ်ပြီး အားပေးသွားတယ်။
    ဒါမျိုးကျတော့ သများတွေကို ဆရားလေး လုပ်တတ်တယ်။
    သူ့ကျတော့ ပြောလိုက်ရတာ အားပေါက် ရေငတ် တယ်။
    ချစ်တဲ့
    မကြီးလွမ်း
    ReplyDelete
  10. အမှားပြင်ဆင်ချက်....
    -ကဗျာလည်းထွက်မလားဘူး(ကဗျာလည်းထွက်မလာဘူး)
    -ထိုင်ရှီခိုးနေရတာလဲ (ထိုင်ရှိခိုးနေရတာလဲ)
    - သူတို့ ကိုဖန်ဆင်တယ်.(သူတို့ကိုဖန်ဆင်းတယ်)
    -.ကြည့်ရှူစောက်မတယ်.. (ကြည့်ရှုစောင်မတယ်)
    - မောင်လေး အဘိုကြောင့်(မောင်လေးအဖိုးကြောင့်)
    - ကိုယ်လုပ်တဲ့အလုပ်ပေါ်မှုတည်ပြီသွားရမယ်(ကိုယ်လုပ်တဲ့အလုပ်ပေါ်မူတည်ပြီးသွားရမယ်)
    - အမြဲတမ်းစောက်ရှောက်တာလား (အမြဲတမ်းစောင့်ရှောက်တာလား)
    - ဘုရာသခင်ကြောင့်အလုပ်ရတော့မယ်။မနက်အင်တာဗျုရှိတယ် (ဘုရားသခင်ကြောင့်အလုပ်ရတော့မယ်။ မနက်အင်တာဗျူးရှိတယ်)
    - ဆင်းရဲချမ်းသာ အယုက် အမြတ် (ဆင်းရဲချမ်းသာ၊ အယုတ်၊ အမြတ်)
    - ဖန်ဆင် (ဖန်ဆင်း)
    - ဗုဒ္ဓ ရဲ့ အဆုံအမ (ဗုဒ္ဓရဲ့အဆုံးအမ)
    - ၄၅ ၀ါပက်လုံ (၄၅ ၀ါပတ်လုံး)
    - သတိပဌာန် (သတိပဋ္ဌာန်)
    ဒါလေးတွေကတော့မြင်မိသမျှလေးပါဗျာ...လူတတ်ကြီးလုပ်ပြီး..၀င်ဆရာလုပ်တာလဲမဟုတ်ပါဘူးဗျာ..အိုးသည်ဟာ အိုးကိုနာနာရိုက်တာ.အိုးကွဲစေချင်တဲ့စိတ်နဲ့မဟုတ်ဘူးဆိုတာတော့.မလမင်းငယ်လဲနားလည်မှာပါ။ ကျွန်တော်လဲအမှားမကင်းပါဘူး။ နည်းနိုင်သမျှနည်းအောင်တော့..ကြိုးစားကြတာပေါ့ဗျာ။
    စာကြွင်း။ ဆုံးမဆိုသောနေရာများတွင် ဆုံမ ချည်းပဲဖြစ်တာမို့..မလမင်းလဲ..ဆုံမတာများပြီး.ခါးနာနေပုံရတယ် (ဒါကနောက်တာပါ):P
    ReplyDelete
  11. အားလုံးကိုကျေးဇူးတင်ပါတယ် မမလွမ်းေ၇မမတို့ ဆုံးမတာနှလုံးသားရေးရာနဲ့ ပတ်သက်တော့
    ရှိစေတော့ အမိုက်လေးမို့ တွတ်တွတ်ရေ ကျေးဇူးတင်ပါတယ် လမင်းကပိုစ်တိုင်းကို လက်တန်ရေးတတ်ပါတယ်
    စစ်တာလည်းနည်းပါတယ် မှားတတ်တာလည်းပါတယ် အခုလိုပြောပေးတာကျေးဇူးတင်ပါတယ်..
    ReplyDelete
  12. တားလဲလာဖက်တွားလယ်နော်အမရေ....
    ReplyDelete
  13. မိုးသူထင်မိတာတခုပြောပြချင်တယ်
    ဘယ်ဘာသာတရားမဆို
    မကောင်းတာလုပ်ဖို့ တိုက်တွန်းမှာမဟုတ်ပါဘူး
    အခုလို မိုးသူထင်တာလေးပြောလို့ မိုးသူ ဟာ
    ဘာသာခြားတယောက်မဟုတ်ပါဘူး
    ဗုဒ္ဓဘာသာတယောက်ပါပဲ
    အခုလောလောဆယ်တော့ မိရိုးဖလာ ဗုဒ္ဓဘာသာပဲ ရှိပါသေးတယ်
    ဗုဒ္ဓရဲ့ အဆုံးအမတွေကို နောက်ထပ်နှစ်တွေတော်တော်များများ
    နာယူမှတ်သားရပါအုံးမယ်
    ကျင့်ကြံကျိုးစားဖို့ ဆိုတာ လက်လှမ်းမမှီနိုင်သေးပါဘူး
    အခုပိုစ့်လေးကိုဖတ်ရတာ ဘာသာရေး
    ဗဟုသုတအဖြစ်ရရှိကြောင်း ၀န်ခံပါတယ်
    အဲဒီအတွက်လဲ လမင်းကိုကျေးဇူးဥပကာရတင်ရှိပါတယ်
    ခင်တဲ့
    မိုးသူ(တောင်ကြီး)
    ReplyDelete
  14. ရုပ်တုကြီးကိုတော့ မရှိခိုးချင်ဘူး သူကဘုရားမှမဟုတ်တာ
    ReplyDelete
  15. ကူးကူးလှိုင်September 15, 2012 at 11:46 PM
    အစကနေ အဆုံးထိ ဖတ်သွားပါတယ် အသိတရားတွေ တိုးရပါတယ် ရေးပုံလေး အရမ်းသဘောကျမိတယ်...
    ReplyDelete