ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Tuesday, October 16, 2012

မိန်းကလေးတို့ ဆင်ခြင်ဖို့ 





ဆရာအတ္တကျော်ရှင့်
သမီးက ဆရာ့ပရိတ်သတ်ပါ။ သမီးနာမည်က နှင်းဝင့်ဖြူပါဆရာ။ မိတ္ထီလာမြို့မှာ
နေပါတယ်။ အသက်က ၂၀ ပါ။
သမီးရင်ထဲမှာ မခံမရပ်နိုင်ဖြစ်လွန်းလို့ ဆရာ့ကိုပဲ ရင်ဖွင့်ပါရစေ။

သမီးလူတွေကို ပြောလည်းပြောချင်တယ်။ အရှက်ကွဲမှာလည်း အရမ်းကြောက်နေလို့ပါ။
သမီးမှာချစ်သူ တစ်ယောက်ရှိပါတယ်။ ဘာမှ လွန်လွန်ကြူးကြူး ဖြစ်မထားပါဘူး။
တစ်နေ့ သမီးတို့နှစ်ယောက်မှာ ပြဿနာတွေ နည်းနည်း ရှိလာတယ်။ အဲ့ဒါသမီးလည်း
စိတ်ညစ်ညစ်နဲ့ သူငယ်ချင်းတွေနဲ့အတူ ဗေဒင် သွားကြည့်ဖြစ်ပါတယ်။
အဲ့ဒီ့ဗေဒင်ဆရာအကြောင်းကို သေချာပြောပြပါရစေ။ သူက မိန်းမ နှစ်ယောက်
ယူခဲ့ဖူးပြီး နှစ်ယောက်စလုံး သေဆုံးခဲ့ပါတယ်။ သူ့မှာ သားတစ်ယောက်တော့
ရှိပါတယ်။ အခု သူ ယူထားတဲ့ မိန်းမက ဘဏ်တစ်ခုမှာ အလုပ်လုပ်ပြီး သူ့ထက်
အရမ်းငယ်ပါတယ်။ ပိုက်ဆံတွေ ပုံပြီး တင်တောင်းထားတာပါ။ အားလုံးရဲ့ရှေ့မှာ
သူဟာ လူကြီး လူကောင်း ပုံစံနဲ့ နေပါတယ်။ တစ်ခုတော့ ရှိတယ်ဆရာ။ သူက ဒုတိယ
မိန်းမ သေပြီး မကြာဘူး၊ နောက်တစ်ယောက်ကို ယူလိုက်တာပါ။ အဲ့ဒီ့ ဗေဒင်ဆရာက
သမီးတို့မြို့မှာ လူကြီးလူကောင်းတွေ၊ ရာထူးကြီးကြီးလူတွေကအစ
ကိုးကွယ်တဲ့ဆရာပါ။ သမီးလည်း အရမ်း သိက္ခာရှိတဲ့ ဗေဒင်ဆရာလို့
ထင်ခဲ့မိပါတယ်။
သမီးတို့တွေ ဗေဒင်ခန်းထဲကို တစ်ယောက်ပြီး တစ်ယောက်ပဲ ၀င်ခွင့်ရခဲ့ပါတယ်။
သမီးအလှည့် ရောက်တော့ သူက ပြောပါတယ်။ သူ ဟောသမျှကို ဘယ်သူ့ကိုမှ
မပြောရဘူးလို့ သစ္စာ ဆိုခိုင်းပါတယ်။ နောက်ပြီး သမီးနဲ့သမီးချစ်သူ
ကိစ္စတွေကို အတွင်းကျကျ ဟောပါတယ်။ ဟုတ်တာလည်း ပါတယ်။ မဟုတ်တာလည်း ပါတယ်
ဆရာ။ ဒါပေမယ့် သမီးကတော့ အားနာပြီး ဟုတ်ကဲ့ပဲ ပြောနေလိုက်မိတယ် ဆရာရယ်။
သူက ပြောပါတယ်။ သမီးစိတ်က ယောက်ျားတစ်ယောက်နဲ့ အတူတူ နေချင်နေတာတဲ့။
အဲ့ဒါသမီးက ကိုယ်ဝန်ရမှာ၊ ရောဂါကူးမှာတွေ ကြောက်နေတာတဲ့။ အဲ့ဒါ
အဲ့ဒီ့လိုတွေ မဖြစ်အောင် သူ သင်ပေးမယ်တဲ့ဆရာ။ ဒါပေမယ့် သူ ပြောတာတွေကို
ဘယ်သူ့မှ မပြောရဘူးတဲ့။ သူ ဒီလိုပြောတာတွေက တဏှာစိတ်ကြောင့် မဟုတ်ဘူးတဲ့
ဆရာ။ သမီးဘ၀ တိုးတက် ကောင်းမွန်အောင်၊ မိဘက ချစ်အောင်၊ သမီးချစ်သူက
သမီးကို တန်တန်းစွဲ ဖြစ်နေအောင်လို့တဲ့။ နောက်ပြီး
သမီး ခန္ဓာကိုယ်ကို သူ့ကို လှူလိုက်ပါတဲ့။ သူ့လို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်က
သမီး ခန္ဓာကိုယ်ကို ယူထားမယ်ဆိုရင် တခြား ဘယ်သူမှ သမီးကို
မစော်ကားရဲတော့ဘဲ
ယောက်ျားတွေက အောက်ကျို့လာစေရမယ်တဲ့ဆရာ။
သမီးကလည်း ဒီလောက်တောင် ကိုးကွယ်သူတွေ ပေါများနေတဲ့ အဲ့ဒီ့ဆရာ
ပြောသမျှကို ယုံမိပါတယ်။ သမီး အသုံးမကျတာပါဆရာ။ သမီးက
ဆရာအတ္တကျော်လိုမျိုး စေတနာနဲ့ လမ်းပြပေးမယ့်သူလို့လည်း တွေးခဲ့မိပါတယ်။
အဲ့ဒါ သူက သမီးကို ယတြာချေဖို့ ချိန်းပါတယ်။ အဲ့ဒီ့မှာ သူက ပြောတယ်ဆရာ။
သမီးဆီက အရည် လိုချင်တယ်တဲ့။ အဲ့ဒါ သူ့ကို ပေးဖို့ တောင်းပါတယ်။
သမီးအရည်ကို သူမျိုချရဲတယ်တဲ့။ အဲ့ဒါနဲ့ သူ့အခန်းထဲကို ခေါ်ပြီး သမီးကို
အ၀တ်အစား ချွတ်ခိုင်းပါတယ်။ နောက်ပြီး သမီးအောက်ပိုင်းကို
နမ်းတော့တာပဲဆရာ။
သမီး ကြောက်လည်း ကြောက်။ ရှက်လည်း ရှက်ပါတယ်။ သူက ပြောပါတယ်။
ဘယ်ယောက်ျားမှ သူ့လို အောက်ကျခံပြီး ဒီလို နမ်းမှာ မဟုတ်ဘူးတဲ့။ အဲ့ဒါ
သူ့လိုလူကတောင် နမ်းတယ်ဆိုရင် ယောက်ျားတွေကို သမီး နိုင်ပြီတဲ့။
ဒါပေမယ့်ဆရာ သူက အဲ့ဒီ့လောက်နဲ့တင် မပြီးဘူး။ သမီးကိုလည်း
သူ့ရဲ့လိင်တံကို စုပ်ခိုင်းပါတယ်။ သမီးက မလုပ်ချင်ဘူးဆိုတော့ သူက
“ဟဲ့…ငါက အကြောင်းရှိလို့” ဆိုပြီး ဇွတ်လုပ်ခိုင်းပါတယ်။ သမီးလည်း
မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ သူ လုပ်ခိုင်းသလို လုပ်ခဲ့ရတယ်။ သမီးလုံးဝကို
မသတီဘူး ဆရာ။ အရမ်း ရွံတာပါပဲ။ ဒါပေမယ့် အားလုံးက လေးစားရတဲ့
ပုဂ္ဂိုလ်ကအကြောင်း မရှိဘဲနဲ့တော့ သမီးကို လုပ်ခိုင်းတာ မဟုတ်ဘူးဆိုပြီး
ထင်ခဲ့မိတယ်။

နောက်တော့ သူ သမီးကို စော်ကားလိုက်တာပါပဲ ဆရာရယ်။ သမီး အရမ်းလည်း
ရှက်ပါတယ်။ သူ ပြောတာက ယောက်ျားခန္ဓာကိုယ်က ထွက်တဲ့အရည်ကို ပြချင်လို့
ဆိုပြီးတော့ပါ။ အဲ့ဒါ ထွက်လာတဲ့ သုတ်ရည်ကို ပြပါတယ်။ အဲ့ဒီ့အရည် မ၀င်ရင်
ကိုယ်ဝန်မရနိုင်ဘူးလို့ ပြောပါတယ်။ အခုချိန်ကစပြီး သမီးချစ်သူကလည်း
သမီးကို
တန်းတန်းစွဲဖြစ်ပြီး ယောက်ျားတွေကိုလည်း နိုင်တော့မယ်လို့ ပြောပါတယ်။

သူ့ကို မယုံဘူးလားတဲ့။ သူက အားလုံးက လေးစားရတဲ့ ဆရာတဲ့။ အဲ့ဒါကြောင့်
အခုလို သမာဓိရှိရှိ ရပ်တည်နိုင်တာတဲ့။ သမီးကိုလည်း သူ့ဇနီးမယားအဖြစ်
မွေးစားလိုက်ပြီလို့ပြောတယ်။ သမီးကို ကောင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့တဲ့။
အပျိုရည်လည်း မပျက်ဘူးတဲ့။ အမြှေးပါးလည်းပျက်စီးသွားတာ မဟုတ်ဘူးလို့
ပြောတယ် ဆရာရယ်။
သမီးလည်း ဘာမှ မသိတော့ဘဲ ပြန်လာခဲ့မိပါတယ်။ သမီး ဘယ်သူ့ကိုမှလည်း
မပြောဖူးပါဘူး။ နောက်တစ်နေ့ သူငယ်ချင်းတွေ ဆုံတဲ့အခါ သူတို့တွေက
ပြောပြကြပါတယ်။ ဗေဒင်ဆရာက စိတ်အခြေအနေ ဟောတာတော့ မှန်ပါတယ်တဲ့။ ဒါပေမယ့်
မကောင်းဘူးလို့ သူတို့က ပြောပါတယ်။

အဲ့ဒါနဲ့ သမီးလည်းသူ့တို့ကို မေးကြည့်ပါတယ်။ သမီးတို့တွေချင်းတော့
ပွင့်ပွင့်လင်းလင်းပဲ ပြောကြပါတယ်။ အဲ့ဒီ့ဗေဒင်ဆရာက
သမီးသူငယ်ချင်းတွေကိုလည်း
ဘယ်သူ့ကိုမှ မပြောရဘူးလို့ ပြောထားတာတဲ့။ သူငယ်ချင်းတစ်ယာက်ကိုကျတော့
သူရဲ့အောက်ပိုင်းမှာ မှဲ့ရှိတယ်ဆိုပြီး ပြခိုင်းပါတယ်။ သူက လိုအပ်လို့
ကြည့်တာ ဆိုပြီးတော့လေ။ နောက်ပြီး ဘုရားခန်းကြီးထဲမှာ ဆရာ။

နောက်ပြီး သမီးကို ပြောသလိုပဲ လျှောက်ပြောတယ်တဲ့။ သမီးသူငယ်ချင်းကလည်း
သမီးလိုပဲ ဒီလိုမျိုး သိက္ခာရှိတဲ့ ဗေဒင်ဆရာက  မကောင်းတာတော့
မလုပ်လောက်ဘူးဆိုပြီး ပြလိုက်တယ်တဲ့ ဆရာရယ်။ နောက်တစ်ယောက်ကျတော့
ရင်ဘတ်မှာ မှဲ့ရှိတယ်ဆိုပြီး ပြခိုင်းတယ်တဲ့။ သူလည်း အဲ့ဒီ့လိုပဲ
လုပ်မိပြန်တယ်။
သမီး အရမ်းကိုလန့်သွားမိပါတယ်။ သမီး ဘာဖြစ်တယ်ဆိုတာတော့ သူတို့ကို
မပြောပြရဲဘူး ဆရာ။ နောက်တစ်ခု ပြောရအုံးမယ် ဆရာ။ သူက သူ့တံတွေးကိုလည်း
မျိုခိုင်းသေးတယ်။ သမီးကိုရော။ သမီးသူငယ်ချင်းတွေကိုရော။
သမီး အရမ်းစိတ်ညစ်တယ်ဆရာ။ သမီး အပျိုမစစ်တော့ဘူးပေါ့နော်။ သမီး ရောဂါတွေ
ဘာတွေ ရမှာလည်း ကြောက်တယ် ဆရာ။ အခု နေရင်းထိုင်ရင်းတောင် HIV
ပိုးများ ၀င်နေသလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် လန့်နေမိတယ်။
သုတ်ရည်မ၀င်ပေမယ့် oral sex လုပ်ရင်လည်း ရောဂါကူးတယ် မဟုတ်လား ဆရာ။ သမီး
သွေးလည်း သွားစစ်ချင်တယ်ဆရာ။

သမီး ဘာတွေ လုပ်ဖို့ လိုအပ်သလဲ ဆရာ။ အခုဆိုရင် စိတ်ဆင်းရဲလွန်းလို့
အိမ်ထဲက အိမ်ပြင်တောင် မထွက်ချင်တော့ပါဘူး။ ကိုယ့်အဖေအရွယ် လူတစ်ယောက်ရဲ့
စော်ကားမှုကို ခံရတာပါဆရာရယ်။ သမီးချစ်သူအပေါ်လည်း အပြစ်လုပ်မိသလို ခံစားရတယ်။

သမီးချစ်သူက အလွန်ထိန်းချုပ်နိုင်တဲ့သူပါ။ သမီးကိုလည်း  ဘာမှ
အမှားအယွင်းမရှိအောင် နေတတ်သူပါ။ အခုတော့ သမီးမှာ တစ်ခြားမိန်းကလေးတွေနဲ့
တန်းတူ မဖြစ်သလို ခံစားနေရပါပြီ။ သမီး အသုံးမကျလို့ ဖြစ်မှန်းသိပါတယ်။
ဒါပေမယ့် အားလုံးက လေးစားရတဲ့ နာမည်ကြီး ဆရာတစ်ဆူက အဲ့ဒီ့လို
မကောင်းတဲ့စိတ်နဲ့
မလုပ်လောက်ဘူးလို့ ထင်ခဲ့မိတာပါ။
တကယ်ဆို သမီး သူ့ကို တရားစွဲပစ်ချင်ပါတယ်။ ဒါပေမယ့်ဆရာ။ သမီးပဲ
အရှက်ကွဲမှာလေ။ သမီး ဘာလုပ်ရမှန်းကို မသိတော့ပါဘူးဆရာရယ်။
အခုလိုရေးရင်းနဲ့တောင် သမီလန့်မိတယ်။ သမီးကို အောက်လမ်းနည်းတွေ ဘာတွေ
သုံပြီး မကောင်းကြံမှာ ကြောက်တယ်ဆရာရယ်။
သမီးလေ သူတစ်ပါး သားမယားအပေါ် ကျူးလွန်ရာ ကျနေပြီလားဆရာ။ ကာမေသုမိစ္ဆာစာရကံ
ထိုက်နေပြီလားဟင်။ ဘယ်လို ကျန်းမာရေးစစ်ဆေးမှုတွေ ခံယူရမလဲဟင်။
သမီးချစ်သူကို ဖွင့်ပြောသင့်သလား။ အရမ်းကို သွေးပျက်ချောက်ချားနေလို့ပါ။

စိတ်ဆင်းရဲလွန်းလို့ သမီးဘာဆက်လုပ်ရမယ်ဆိုတာ ဆရာ အမြန်ဆုံးညွှန်ကြားပေးပါနော်။
သမီးရဲ့စာကို နာမည်နဲ့၊ နေရပ်လိပ်စာ မလှီးလွှဲဘဲနဲ့ မဂ္ဂဇင်းတစ်ခုခုမှာ
ဖော်ပြပေးပါ။ နာမည်က သူနဲ့ ပတ်သက်တဲ့ မိန်းမတစ်ယောက် နာမည်မိုလို့ပါ။
မြို့ကို ဖော်ပြထားမှ သမီးတို့မြို့က လူတွေ သိကြမှာဆရာ။ သမီးမှာ
ဆရာ့ကိုပဲ အားကိုးစရာ ရှိပါတော့တယ်။


ထင်ရှားတဲ့ စာအုပ်တချို့က…

    “သားငယ် သမီးငယ်များ ပဲ့ပြင်ထိန်းကျောင်းခြင်းအနုပညာ
    “နေပျော်တဲ့ဘ၀ ကြည်မြတဲ့ ဘ၀င် ရွှင်လန်းတဲ့စိတ် (မောဟပြေ ပုံတိုပတ်စများ ၁) “
    “ထိမ်းမြားပေါင်းဖက် ရန်ဖြစ်လျက်ပင် ချစ်ကြင်နေနည်း”
    “မဖတ်နဲ့နော်”
    “သားငယ်တို့ နားလည်ဖို့”
    “မီးငယ်တို့ အသိကြွယ်ဖို့”
    “ပျူငှာတဲ့ မူရာ”
    “ယောက်ျားသားချင်း ပွင့်ပွင့်လင်း”
    “မိန်းမသားတို့ သိမ်းထားဖို့”


 မူရင်းဆိုဒ်ကိုသွားဖြစ်အောင်သွားပါ - www.nookycontent.wordpress.com
ဒီစာလေးဖတ်ပြီး မိန်းကလေးတွေအကြောင်းကို တွေးမိတယ်.. ဘာကြောင့် အဲလောက် လူတစ်ဘက်သားကိုယုံကြည်ရတာလည်း အယုံလွဲလိုက်တာ အသိဥာဏ်မဲ့လိုက်တာလို့ အပြစ်မပြောချင်ပါဘူး။။ ဘာကြောင့်လည်းဆိုတော့ မိန်းကလေးတွေရဲ့  အားနည်းချက်ကိုက အယုံလွဲတယ် ။။အားကိုးရှာတတ်ကြတယ်.. ဗေဒင်ဆိုတာကလည်း အဲလိုလူတွေအတွက် ပိုပြီလုပ်စားလို့ ရတာပေါ့.. တကယ် ပညာရှင်တွေကို မဆိုလိုပါဘူး...
နေရာတိုင်းမှာ အကောင်းအဆိုးဆိုတာ တွဲနေတတ်တာကိုးး........... လမင်းပြောချင်တာက မိန်းကလေးများ
အယုံမလွဲဖို့  အားကိုးမမှားဖို့ .. တကယ်မေးချင်တယ် ဗေဒင်ကိုယုံကြည်တယ်ဆို.. အဖော်နဲ့ သွားပါ..
ဆင်ခြင်ပြီယုံပါ... တကယ်တော့ ဘယ်လိုအရာတွေကမှ ကိုယ့်ကို ဘာအကြောင်းကြောင့်မှ မလုပ်ပေးနိုင်ကြပါဘူး။။ ကိုယ်တိုင်း ကောင်းတာလုပ် အဆင်မပြေမှုဆိုတာ လူတိုင်းမှာရှိကြပါတယ်။။
မိန်းကလေးအများစုက တစ်ခုခုအဆင်မပြေရင်ဗေဒင်မေးချင်ကြတာကလည်း အစွဲလို့ ဖြစ်နေကြတာလေ..
ကိုယ့်ကိုယ်ကို ယုံကြည်မှုထားပါ.. ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်ဆိုတာကို မမေ့ပါနဲ့ ....
ကိုယ့်ကို အခြားသူကခြယ်လှယ်လို့ ရတယ်ဆိုတည်းက ကိုယ့်ညံ့လို့ ပါ.. အထက်ပါကိစ္စက ဘယ်သူမှားတယ် မှန်တယ်.။။ဆိုတာ လမင်းမပြောချင်တော့ပါဘူး။။ နောက်ကို ဒီလိုအဖြစ်မျိုးမကြုံရလေအောင် ဆင်ခြင်နိုင်ကြပါစေ.. လမင်းတစ်ခုအကြံပေးချင်တာက ဗေဒင်မေးတော့မယ်ဆို ဘာကြောင့်??  ဘာဖြစ်လို့ ဆိုတာကို အရင်စဉ်းစားပါ။။။ ကံညံ့နေလို့ ဗေဒင်က ဘာမှလုပ်မပေးနိုင်ပါဘူး။။ ဘုရားတရားပိုလုပ်လိုက်ပါ...
အလုပ် အဆင်မပြေလို့ ဗေဒင်က ဘာမှလုပ်လို့ မရပါဘူး။။ အလုပ်ကို ပိုပြီကြိုးစားလုပ်လိုက်ပါ။။။။
ရည်းစားတွေအဆင်မပြေလို့ ဗေဒင်က ဘာမှလုပ်ပေးလို့ မရပါဘူး။။ ကိုယ်တိုင်းညှိယူကြပါ။။ နောက်ဆုံးကွဲသွားရင်လည်း ကံမပါလို့ ပဲသဘောထားလိုက်ပါ။။ မိန်းကလေးအများစုက စိတ်ညစ် စိတ်ရှုပ်ထွေးလာရင် ဘာမှမစဉ်းစား မဆင်ခြင်ပဲ လုပ်တတ်ကြတယ်..ဗေဒင်ဆီပြေးတတ်ကြတယ်။။ .ယောင်္ကျားလေးတွေကတော့ဗေဒင်သိပ့်မယုံကြဘူးထင်တယ်..မိန်းကလေးမှမဟုတ်ပါဘူး လူတိုင်းပေါ့..
မိန်းကလေးတိုင်းလည်းမဟုတ်ပါဘူး.။။။ ဗေဒင်ဆရာမှမဟုတ်ပါဘူး ဘယ်သူကိုမဆို ယုံသင့်မယုံသင့်ကို
သေချာစဉ်းစားပါ။။ ပြဿနာ တစ်ခုခုဖြစ်ရင်လည်းတစ်ယောက်တည်းမဖြေရှင်းပါနဲ့ .. မိဘသို့ မဟုတ် 
သူငယ်ချင်း..တွေနဲ့ တိုင်ပင်ပါ..ဆွေးနွေးကြည့်ပါ... ရင်ဖွင့်ပါ.. ဒီပိုစ့်လေးဖြစ်လာတာက မောင်(စွယ်စုံကျမ်း)
ကမိန်းကလေးတွေကိုဖြန့်ဝေပေးပါတဲ့သူ့ မှာလည်းနေမကောင်းတဲ့ကြားက စေတနာလေးတော့ရှိသားပဲ
ဖတ်စေချင်သိစေချင်လို့ပါတဲ့.. လမင်းတော့ခဏခဏဖတ်ဖူးတယ်.. ဖတ်ပြီးတိုင်းတော့တွေးတယ် အဲလိုမိန်းကလေးတွေအပြင်မှာတကယ်ရှိတာလား.. ဘာလို့ လူတစ်ယောက်ကို အဲလောက်ယုံရတာလည်းပေါ့။။ မကြုံဖူးတော့ မသိဘူးဆိုတာမျိုးပေါ့။ မိန်းကလေးများဆင်ခြင်ကြပါလော့..
လမင်းလည်းအခုတလော ဘာတွေအလုပ်များနေလည်းမသိပါဘူး။။ အင်တာနက်ကလည်းအချိန်နဲ့ ပဲရတော့ ရတဲ့အချိန်လေးလုပ်စရာရှိတာလုပ်ရသေးတော့...ပိုစ့်တွေလည်းမရေးနိုင်ဘူးဖြစ်နေတယ်။။ .ဆရာအတ္တကျော်ဆိုဒ်ထဲလည်းလမင်းမရောက်သေးဘူးရှင်.. စာတွေလည်းဖတ်တာအရမ်းနည်းနေတယ်....ဒါကကြော်ဌာဝင်တာပါ..
အားလုံးကျန်းမာပျော်ရွှင် အသိဥာဏ်တိုးကြပါစေ.. ဆင်ခြင်တုံတရားတိုးပွားကြပါစေ..


ဆရာအတ္တကျော်ရဲ့ စာတွေကို ဖေ့ဘွတ်မှာတွေ့ လို့ ဝင်ဖတ်ရင်း အခုလိုအားလုံး

သိအောင် ထပ်ဆင့်မျှဝေပေးတာပါ  မူးရင်းရေးသာသူမဟုတ်ပါ နမူနာစာအဖြစ်

ဖတ်ဖို့ ကူးယူ၍ကြော်ငြာပေးခြင်းဖြစ်ပီး  နောက်ပိုင်းစာတွေကို ဆရာ့ဆီမှာဖတ်

သေချာတယ်.... ရောက်တဲ့လူတွေကတော့ ဆရာ့ဆိုဒ်မှာ ပြန်မှာမဟုတ်ဘူးလို့ 

အာမခံပါတယ် လွန်ခဲ့သော2နှစ်ကြာခဲ့ပါပြီ ။ ခုမှစသိတာတွေ့ တာ နောက်ကျ

လိုက်တာနော..အဲ့လိုမဖြစ်အောင် အခုလိုအားလုံးအကျိုးရှိတဲ့စာ အသုံးတဲ့မယ့်

ဝက်ဆိုဒ်တွေကို ဒီစာဖတ်မိသူတိုင်းကနေ များများ လှုံ့ ဆော်ဖြန့် ဝေပေးပါလို့ 

ထပ်ဆင့်မေတ္တာရပ်ခံပါတယ် ခင်ဗျာ........................
........................။


ဘလော့ဂါအားလုံးနှင့်စာဖတ်သူတို့ အား လေးစားခင်မင်လျှက်-


မောင်(စွယ်စုံကျမ်း)

20 comments:

  1. တကယ့်ကိုရင်နာစရာ ဆင်ခြင်စရာပါ....ကျေးဇူပါနော်

    ReplyDelete
  2. ဆရာအတ္တကျော်စာတွေက မိန်းကလေးတွေမှတ်သားစရာအစ်မရဲ့။ မိန်းမသားတို့သိမ်းထားဖို့ဆိုတဲ့ စာအုပ်ကတော်တော်ကောင်းတာ။ ဆရာ့စာအုပ်တွေဖတ်လိုက်ရင် မိန်းကလေးတွေအပျိုကြီးလုပ်ဖို့ပဲကောင်းတော့တယ်။ ဆရာက သူ့အကြောင်းတွေပါ မကွယ်မ၀ှက်ရေးပြီး ဆုံးမတာတကယ်မှတ်သားစရာ။အခုအစ်မထပ်တင်လိုက်တာလဲ အင်တာနက်မှာ ဖတ်ခဲ့ဖူးတယ်။ တော်တော်ယုတ်မာတယ်အဲလူ။ အဲလို ရိုးအတဲ့ မိန်းကလေးတွေတကယ်ရှိတယ်နော်။ ဗေဒင်ကို သိပ်ယုံစားတာလဲမကောင်းဘူး။

    ReplyDelete
  3. အင်း မှတ်သားဆင်ခြင်စရာတွေပဲ

    ReplyDelete
  4. မိန်းခလေးတွေဒီပိုစ့်လေးကိုဖတ်မိပြီး ဆင်ခြင်နိုင်ကြပါစေ

    ReplyDelete
  5. စာဖတ်သွားတယ် အဲလောက်တောင် အသိတရားမရှိတဲ့ မိန်းခလေး တွေ ကို သနားမိတယ်.. ဗေဒင်ဆရာအတုအယောင် ကို တရားစွဲ သင့်တယ် ပြင်းထန်တဲ့ အပြစ်ဒဏ်ချရမယ် ဒီလောက်ဆိုးယုတ်တဲ့လူ

    ချစ်အမကြီး
    ရွှေစင်ဦး

    ReplyDelete
  6. တော်ပါသေးရဲ့ ဗေဒင်တခါမှ မတွက်ဘူးခဲ့လို့
    ဒီလိုလဲ ရှိတတ်တယ်နော်
    ချစ်တဲ့ sis jasmine

    ReplyDelete
  7. ဝေမျှတဲ့အတွက် ကျေးဇူးပါ

    ReplyDelete
  8. ၂၁ ရာစုမှာ ဒီလိုအဖြစ်မျိုးတွေ ရှိနေသေးတာ၊ ရှိနိုင်သေးတာ တခါတခါ မယုံနိုင်စရာပါပဲ..၊ ဒါပေမယ့် ကမ္ဘာ့ဘယ်အရပ် ဒေသမှာမဆို ဗဟုသုတ နည်းပါးရှာတဲ့ မိန်းကလေးငယ်တွေဆီမှာ ဒီလိုအဖြစ်မျိုးတွေ ကျရောက်နိုင်တာ သတိပြု ဆင်ခြင်စရာပါပဲ၊ အခုလို ဝေမျှ၊ ဖော်ထုတ်ခြင်းအားဖြင့်သာ တိုက်ဖျက်နိုင်မှာပါ...။

    ReplyDelete
  9. ပို့စ်လေးဖတ်သွားပါတယ်ညီမလေးရေ..
    အခုလိုမျှဝေပေးလို့ကျေးဇူးတင်ပါတယ် ညီမလေးရေ..

    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete
  10. ဖတ်တွားတယ် ညီမလေး
    မမတို့က မိန်းခလေးဟုတ်တော့ဝူး...မိန်းမကြီးဖြစ်တွာပြီ။အဟီးးးး

    ReplyDelete
  11. မဖြစ်သင့်လိုက်တာနော်.... စိတ်မကောင်းဘူး :(

    ReplyDelete
  12. မိန်းကလေးအများစုရဲ့ ဗေဒင်နဲ့ယတြာတွေအပေါ် ယုံကြည်မှုလွန်ကဲခြင်းတွေရဲ့ ရလဒ်တွေပေါ့....ဦးနှောက်လေးတော့ သုံးကြအုံးပေါ့...

    ReplyDelete
  13. အံ့သြစရာပဲ .... ဒီလိုအဖြစ်အပျက်တွေ တစ်ကယ်ရှိနေတာလား ။

    လိမ်သူထက် ယုံသူကိုပဲ ကရုဏာဒေါသောနဲ့ အပြစ်တင်ချင်မိတယ်ဗျာ ။

    ReplyDelete
  14. ဗေဒင်ပညာနဲ့ပတ်သက်လို့..တကယ်တတ်ကျွမ်းတဲ့ဝေဒဆရာတွေတကယ်ကိုရှိခဲ့ပါတယ်။ သိဒ္ဓတ္ထမင်းသားကို ဘုရားဖြစ် ရင်ဖြစ်၊မဖြစ်ရင်စကြာဝတေးမင်းဖြစ်မယ်လို့.ဗေဒင်ပညာရှင်တွေဟောပြောကြပေမယ့်...ကောဏ္ဍည ကတော့ ကိုယ့် ပညာကို ယုံကြည်ပြီး..ဘုရားဧကန်ဖြစ်မယ်လို့.ရဲရဲဝံ့ဝံ့လျှောက်တင်ရုံကမ...ရဟန်းဝတ်နဲ့တောထွက်ပြီး.. ဘုရားရှင်ကို အရင်ကြိုနေခဲ့ပါသေးတယ်။ အခုခေတ်မှာဗေဒင်(၃)ပုံပဲရှိတယ်လို့သိရပေမယ့်..ဘုရားရှင်လက်ထက်မှာ ဗေဒင်(၄)ပုံရှိခဲ့ပါတယ်။ အာထဗ္ဗနဆိုတဲ့ဗေဒင်ကျမ်းကတော့..အောက်လမ်းပညာလိုဖြစ်နေတာကြောင့်..အဲဒီတစ်ကျမ်းကိုကွယ်ပျောက်အောင်လုပ်ပြီး..ဗေဒင်(၃)ကျမ်းသာကျန်ခဲ့ပါတော့တယ်။ ဒါကြောင့်...တကယ်ပညာတတ်ကျွမ်းတဲ့သူတွေရှိသလို...ခုဆောင်းပါးထဲကလို..မတတ်တာကိုတတ်ယောင်ကားလုပ်ပြီး..မသိနားမလည်တဲ့သူတွေကို လိမ်ညာလှည့်စားခဲ့သူတွေလည်း..ခေတ်အဆက်ဆက်ရှိခဲ့ပါတယ်။
    ဒါကြောင့်မို့....အကြောင်းအကျိုး၊အကောင်းအဆိုး၊အမှားအမှန်ကို..ပိုင်းခြားဝေဖန်နိုင်တဲ့.." ဥာဏ် " ရှိဖို့မိမိ ကိုယ်တိုင်ကြိုးစားအားထုတ်သင့်ပါတယ်။ နတ်ကိုးကွယ်မှု၊ ဗေဒင်လက္ခဏာမေးမြန်းမှုတွေဟာ..ယောကျာ်းလေးတွေထက်.အမျိုးသမီးပရိသတ်တွေပိုများပါတယ်။ ဘိုးတော် "မ" လို့ပါသွားပြီဆိုရင်လဲ..သုံးတောင်ဝတ်တွေထိပ်ဆုံးကပါပဲ။
    နောက်ပြီး..လိင် ကိစ္စနဲ့ပတ်သက်လာရင်..မြန်မာလူမျိုးများရဲ့ယဉ်ကျေးမှုဓလေ့ထုံးစံအရ..ပွင့်လင်းမြင်သာမှုမရှိပဲ..သိထားသင့်၊သတိထားသင့်တဲ့အရာတွေကိုကြိုမသိနိုင်တာကြောင့်..ခုလိုကိစ္စတွေဖြစ်ပွားတယ်လို့..ယူဆမိပါတယ်။ သတ္တ၀ါမှန်သမျှ... ကိလေသာရှိတာမို့...သွေးသားဆန္ဓ၊ လိင်မှုကိစ္စတွေဟာ.ဖြစ်ပေါ်စမြဲပါပဲ။
    တကယ်တမ်းသေချာစဉ်းစားမိပြန်တော့လည်း..ဒီလိင်ကိစ္စ ဆိုတာမိနစ်ပိုင်းအတွင်းမှာ..ဖြစ်/ပျက် ပြီးရင်..ပြန်လည်ငြိမ်သက်သွားတယ်ဆိုတာကတော့..အိမ်ထောင်ရှင်များပိုမိုသိနိုင်ပါတယ်။
    ဒီကိစ္စကလည်း.သိမ်မွေ့တာကြောင့်...အကျယ်ချဲ့မပြောရဲပါဘူးဗျာ.......
    မိမိကိုယ်သာကိုးကွယ်ရာ မို့..အရာရာတိုင်း..စဉ်းစားချင့်ချိန်ဝေဖန်သုံးသပ်ပြီးမှ..ဆုံးဖြတ်ချက်ချလုပ်ဆောင်နိုင်ကြပါစေဗျာ......

    ReplyDelete
  15. မိန်းကလေးတွေ သတိပြုဆင်ခြင်နိုင်ပါစေ စာဖတ်ရင်းနဲ့တောင် အဲဒီညီမ အတွက် စိတ်မကောင်းခြင်းများစွာဖြစ်ရပါတယ်..

    ReplyDelete
  16. သြော် တစ်ကယ့်ကို ရင်နင့်စရာ ဖြစ်ရပ်တစ်ခုပဲ နောင်တက်မဲ့ပန်းပွင့်လေးတွေလဲဒီလိုအဖြစ်ဆိုးကြီးနဲ့မကြုံတွေ့ပါစေနဲ့လို့ စိုင်းအမြဲဆုတောင်းနေပေးပါမယ်

    ReplyDelete
  17. ဆင် ဆင် ချင် ချင် နဲ့ ဘဝ ကို တန် ဖိုး ထား တတ် တဲ့ အမျိုး ကောင်း သမီး လေး တွေ ဖြစ် ကျ ပါစေ

    ReplyDelete
  18. ကျေးဇူးဗျာ နောက်ဆို မိန်းကလေးတွေဆင်ခြင်နိုင်တာပေါ့ ခင်ဗျားက သိပ်မွန်မြတ်တာဘဲ

    ReplyDelete
  19. အော် ငါ့နှယ် ခက်လိုက်တာ

    ReplyDelete
  20. စိတ်မကောင်းလိုက်တာဗျာ

    ReplyDelete