ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Sunday, May 13, 2012

ကျေးဇူးတင်ပါတယ် လောကကြီး..

တချို့က ငါ့ကို ဟားနေကြတယ်...
နင်အရူးပဲတဲ့...

တချို့က ငါ့ကို လှောင်နေကြတယ်..
နင်မိုက်တယ်တဲ့...

တချို့ကငါ့ကို ဂရုဏာအကြည့်နဲ့ကြည့်နေကြတယ်..
သနားလို့တဲ့..

တချို့ က ငါ့ကို မဲ့ပြုံးပြုံးပြကြတယ်...
ကိုယ့်အပြစ်နဲ့ကိုယ်ခံတဲ့။။

တချို့ကပြောကြတယ်...
ကိုယ်ရွေးတဲ့လမ်းဆုံးအောင်လျှောက်တဲ့။။


တချို့ က ငါ့အတွက် ကဗျာရေးကြတယ်...
ငါက ကဗျာဇာတ်ကောင်းတဲ့။။။

တချို့ ကငါ့ကို ဟန်ဆောင်ပြုံးပြကြတယ်..
ငါဟာအူချာချာလူတစ်ယောက်တဲ့။။။။

တချို့ကငါ့ကို တရားချကြတယ်.....
ခံစားနေရင်နှစ်ခါရှုံးတယ်တဲ့။။။ ။။

ဒါပေမယ့်လေ လောကကြီးက ငါကို
မျက်နှာသာပေးခဲ့တယ်။။

ငါလျှောက်ရမဲ့လမ်းကို အကောင်းဆုံးဖြစ်စေခဲ့တယ်။။
ငါကိုယ်တိုင်းလျှောက်ဖို့ ပဲလိုတာပါတဲ့။။

လူတချို့ နဲ့လောကကြီးရေ နင့်တို့ကြောင့်
ငါ့မှာ ရင့်ကျက်မှုတွေထက်တိုးလာခဲ့လို့
ကျေးဇူးကြီးလှပါပေတယ်။။။

လောကကြီးရယ် ကျေးဇူးပဲကွယ်။။။။
လှောင်ရယ် ဟားတိုက် ဟန်ဆောင် 
ပေးခဲ့သော လောက လူသား အားလုံးကို
ကျေးဇူးတင်ပါတယ်။။။

11 comments:

  1. ကောင်းလိုက်တဲ့ ကဗျာ လေးဗျာ
    အမှန်ပဲ ဘယ်သူတွေ ဘာပြောပြော
    ကိုယ်လမ်းကိုယ်တိုင်လျှောက်
    ဖို့ပဲ လိုတာမဟုတ်လား

    (ဒုတိယ)

    ReplyDelete
  2. လောကကြီးဟာ သိပ်ပြီးညီမျှပါတယ်
    သုခတွေ ဒုက္ခတွေဟာ ကိုယ့်ပြုလုပ်တဲ့ ကံပါ

    ReplyDelete
  3. လူအမျိုးမျိုးပေါ့ မမရယ် :)

    ReplyDelete
  4. ညီမလေးရေ...

    လှောင်ရယ်လည်း မနေ
    ရူးတယ်လည်း မပြော
    ကဗျာလည်း မစပ်ခဲ့ပါဘူး။

    မေတ္တာတွေ စစ်ချီထွက်
    ရန်သူမဲ့နေတဲ့ ရပ်ဝန်းမှာ
    လမင်းလေးကို အေးမြစေချင်တာပါ။

    ဘဝဆိုတဲ့ သံသာရာထဲလည်နေ
    ကြုံဖူးတာတွေမျှဝေ
    အချစ်တွေ အဆိပ်မဖြစ်စေဘို့
    ချစ်မေတ္တာတွေ သီကုံး
    ညီမလေးကို ပြုံးပြ ဆုံးမ ဖူးတာပါ။

    ကိုယ့်ဘဝလမ်း ကိုယ်လျှောက်
    ကိုယ့်လမ်းကိုယ်ဖောက်ရမှာ သဘာဝပေဘဲမို့
    ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာလေးတွေရွေးချယ်
    နေ့ရက်တိုင်းမှာ ညီမလေး ပျော်ရွှင်ပါစေကွယ်။


    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  5. ကဗျာလေးကောင်းတယ်မမလမင်း
    လူမျိုးစုံဆိုတော့စိတ်မျိုးစုံပေါ့လေ

    ReplyDelete
  6. အမရေ ခံစားချက်တွေစွန်းထင်းနေတဲ့ ကဗျာကိုဖတ်လိုက်ရတာ ........
    မောလို့ .........း)

    ReplyDelete
  7. ၀ရေးတာ..မှန်တယ်..၀ရေ...

    ReplyDelete
  8. ငါ့မကြီး ကဗျာရေးကောင်းတယ်ဝေ့......ဒီလိုပါဘဲ မကြီးလမင်ရယ်....ဘ၀ဆိုတာ......

    ReplyDelete
  9. မမ ကဗျာအရေးအသားတွေက ရင်ထဲကို တိုက်ရိုက်ထိတယ်.. မိုက်တယ်.. ဆက်ရေးပါမမရေ အားပေးနေပါတယ် :)

    ReplyDelete
  10. လူတိုင်းမှာ ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်ရှိပါတယ်လေ... တကယ်တော့ ကိုယ့်လမ်းကိုယ်လျှောက်တာ အကောင်းဆုံးပါဘဲလေ...

    ReplyDelete