ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
Tuesday, May 15, 2012
ဝက်သားချဉ်ချက်စားကြမယ်..
အခုတလော ဟင်းချက်နည်းမတင်တာကြာလို့ တင်ပေးလိုက်ပါတယ်။။ ကိုယ်ကြိုက်တာကိုယ်တင်ထားတာနော်.. ဘာဖြစ်နေမှန်းကို မသိဘူး ငယ်ငယ်က ၀က်သားမစားဘူး .. ၀က်သားလို့ချက်တယ်ပြောတာနဲ့ ခေါင်းမူးလာတာ..အိမ်က ၀က်သားချက်ရင် လမင်းအတွက် အခြားချက်ပေးရတယ်။။ အခုများတော့ ၀က်သား ၀က်သားနဲ့ လူလည်းဝက်ရုပ်လေးပေါက်နေပြီ ဟီး ၀ိတ်ချမယ် ၀က်သားမစားတော့ဘူးလို့တင်းထားပေမယ့် ဆိုင်ရောက်လို့ သုံးထပ်သားလေးများမြင်လို့ကတော့ အလိုလိုခြင်းထဲရောက်နေတတ်တာ ၀က်သားပါ.။။ အခု ချက်နည်းကလည်း ငယ်ငယ်က အဖေချက်ရင် ကြံကြံဖန်ဖန် လူတွေများ ထမင်းသိုးနဲ့လုပ်စားကြတယ်ပြောတတ်တာလေ ၀က်သားချဉ်ချက်စားလို့တော့ အဖွားအိမ်ပြေးတာပဲ တွေ့ နာနဲ့ကို မစားချင်တာ.. အခုများတော့ အဲအရသာကို ကြိုက်နေပြန်ရော လူတွေ လူတွေ ပြောင်းလိုက်တတ်ကြပုံပြောပါတယ်။။ ကဲပါ စကားရှည်နေတာ လိုအပ်တာ က ၀က်သား ထမင်း ဆား နနွင်း အသားမှုန့် အရောင်တင်မှုန့် ဆီ အနည်းငယ်ပါ။။
ပထမ ၀က်သားကို အနေတော်တုံးထားပြီ ဆား နနွင်း အသားမှုန့် အခု အချိုမှုန့်မသုံးတော့ဘူး ထမင်း နဲ့နယ်တော့မယ်။။
နယ်ပြီသားလေးကို ဗူးတခုနဲ့ထည့်ထားပါ အချဉ် အရမ်းကြိုက်ရင် (၃)ရက်ထားပါ .. လမင်း (၂) ရက်ထားပါတယ်။။
ဒါကတော့ ချက်လို့ရပြီပေါ့ အချဉ်တည် ထားတဲ့ဝက်သားကို အရောင်တင်မှုန့် ဆီ ကြက်သွန်နီ ဖြူ ရောနယ်ပြီ ရေနဲနဲနဲ့ ဆီသတ်ပါမယ်။။
သေချာတော့ စောင့်ကြည့်ရပါတယ် ထမင်းပါတော့ အိုကပ်နိုင်ပါတယ်.. ဆီပြန်လာ၇င် အသားအုပ်အောင် ရေထည့်လိုက်ပါ.. မီးသေးသေးနဲ့ ချက်ထားပါ မကြာခဏမွှေးပေးပါ..ဆီပြန်လာလို့ အသားနူးလာရင်စားလို့ရပါပြီ။။
အသင့်စားလို့ရပါပြီ အိမ်မှာတော့ အဆင်ပြေသလိုထည့်စားတာ ဓာတ်ပုံရိုက်လို့ ပန်းကန်ထဲထည့်ထားတာပါ ..:D
12 comments:
  1. တမျိုးလေးပါလား..။
    ကျမတို့ တော့ဝက်သားတောက်တောက်စင်းပြီး။
    ထမင်းနဲ့ နှယ်၊
    ဌက်ပျောရွက်နဲ့ ကျစ်ကျစ်ထုတ်၊
    ၃ရက်လောက်ထားပြီး၊ပေါင်းလိုက်တော့
    ဒီလိုတော့တခါမှချက်စားဖူးဘူး။
    နဲနဲပေးပါ...:))
    ReplyDelete
  2. ညီမရေ ဟင်းတွေပဲ ချက်ပြမနေနဲ့ဟ ။
    ဗိုက်ဆာလာပြီနော် ။
    ReplyDelete
  3. အင်းကောင်းမှာပဲ..တခါမှမစားဖူးဘူးမမ.. အားတဲ့နေ့ချက်စားကြည့်ရမယ်.. ချက်စားဖြစ်ရင် ဒီပို့စ်ကို ဖွင့်ထားပြီး ချက်မှပဲ ရမှာ :)
    ReplyDelete
  4. ချတ်တော့ချတ်နေတာပဲ...
    ReplyDelete
  5. အဆီတုံးလေးထင်းနေတာပဲ...မိုက်တယ်ကွာ
    ဂွီ..ဂွီ..ဂွီ ...ဗိုက်တောင်ဆာလာပြီ..။
    ReplyDelete
  6. ကျွန်တော်လည်း ချက်ကြည့်လိုက်ဦးမယ် အမရေ...:)))
    ReplyDelete
  7. အရင်က၀က်သားချက်ရင် ခေါင်းမူးတယ်..
    စားဖူးတော့ကြိုက်သွားတယ်.. ကြိုက်သွားတော့
    ၀ ပါစေ... ၀က်ရုပ်နဲ့ တူတယ်ပြောလည်းစိတ်မကောင်းမဖြစ်နဲ့
    ပွင့်( ရုပ်ရှင်သရုပ်ဆောင် )တောင် မင်းသမီးဖြစ်သေးတာပဲ....
်အဲတခုပဲ ကျန်းမာရေး ကောင်းတဲ့အချိန်မှာတော့ ဘာမှရှောင်မနေနဲ့
    စားလို့ရတာအကုန်သာ စား... ကျန်းမာရေးမကောင်းရင်ဟိုအစာရှောင်
    ရ၊ ဒီအစာရှောင်ရနဲ့ စားချင်တာမစားရပဲ လူဖြစ်ရှုံးအုန်းမယ်... အသား
    မှာဝက်တဲ့ ... အကိုလည်းကြိုက်တာတောင် ဟိုးဖက်တော်တော်လွန်သေး :P
    အခုလိုတော့ မစားဖူး သေးဘူး... ကြည့်ရင်းစားချင်လာပြီ...
    စားချင်ရင် စားချင်တယ် မှတ်...
    စားချင်ရင် စားချင်တယ် မှတ်...
    အင်း ဒါလည်း ရသာတဏှာ ပဲ... :P
    ခင်မင်စွာဖြင့်
    ရာဇာထွေး
    ReplyDelete
  8. စားချင်လိုက်တာ....အဲ့ဒါမျိုး...
    ReplyDelete
  9. တခါမှ မစားဖူးသေးဘူး လမင်းရေ....
    ကြည့်ရင်းနဲ့ သရေယိုလာဒယ် ဟိဟိ
    စမ်းချက်ကြည့်မယ်
    ခင်တဲ့
    မိုးသူ(တောင်ကြီး)
    ReplyDelete
  10. ရော် ..ချစ်ယောင်းတော့  ..၀က်သားဖြတ်ထားပါတယ်ဆိုမှ ၊သားရေကျအောင် လုပ်ပြီ ..။ဂလု ..ဂွိ ..။
    ReplyDelete
  11. ကျေးဇူးတင်တယ်မကြီးရေအမြဲတမ်းဝက်သားဟင်းကြီးဆိုရိုးနေတာပေါ့ ကိုယ်တိုင်နောက်ချက်ကြည့်လိုက်အုံးမယ်ဗျာ..
    ReplyDelete
  12. သား စာမေးပွဲနီးလို့ မလည်ဖြစ်ပါဘူးဆိုမှ သာကြိုက်တာ ချက်ကျွေးတယ်တဲ့...ရောက်တော့ ကုန်ပြီ....ဒီလိုမျိုလေးတော့မစားဘူးဘူး.....ငှက်ပျောရွက်နဲ့ထုပ်ထားတာဘဲ စားဘူးသေးတယ်....မဟေသီလေးနဲ့သွားစားခဲ့တဲ့ဆိုင်ကိုလွမ်းလာပြီနော်...........
    ReplyDelete