ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Saturday, April 28, 2012

ငါးသလောက်ချက်စားကြမယ်...

မင်္ဂလာပါရှင် တခုတလော စိတ်လေးနဲနဲရှုပ်နေတာနဲ့ဘလော့လေးလာလည်ကြတဲ့သူတွေပျင်းနေလောက်ရောပေါ့နော်။။ မပျင်းရလေအောင်ဟင်းချက်ကျွေးမယ်နော်။.. ကြိုက်သလောက်စားပါ အ၀စားပါ။။
ငါးသလောက်ကို ဆား ၊နနွင်း ၊ ငံပြာရည် ၊အချိုမှုန့် နယ်ထားထားပါ။။
ကြက်သွန်နီ ဆီသက်ပါ အရောင်နီလာရင်ငရုပ်သီးမှုန့်ထည့်ပါ ငါးသလောက်ချက်ရင်လမင်းကြက်သွန်ဖြူမသုံးပါ။။။ ကြိုက်ရင်သုံးနိုင်ပါတယ် ဒါဆီသတ်ပြီ ငါးထည့်လိုက်ပါပြီ။။ ပြီရေနဲနဲထည့်ပါ အနံမွှေးလာရင်ငါးဆိုတာကျက်ပါပြီး လမင်းခရမ်းချဉ်သီးသုံးပါတယ်။။ မန်ကျည်းရည်နဲနဲထည့်ပါတယ် ။။ ဟင်းအိုးချတော့မယ်ဆို နံနံပင်အုပ်လိုက်ပါ။။အရမ်းလွယ်ပြီ ချက်ရတာမြန်ပါတယ်။။။
ဒါကတော့အဆင်သင့်စားလို့ရပါပြီ ငါးသဘောက်ကို အများကတော့ပေါင်းစားကြပါတယ် အရိုးကြောက်ကြလို့ပါ လမင်းကတော့အခုလိုလေးချက်စားတာပိုကြိုက်ပါတယ် အရိုးလည်းခဏခဏဆူးပါတယ် :P ဟင်းချက်လည်းမတင်ဖြစ်တာကြာတော့ ရိုက်ထားမိတာလေတင်ပေးလိုက်တာပါ။။ အခုတလောဝိတ်ချနေတာဆိုတော့ ဟင်းသိပ့်ချက်မစားဖြစ်တာလေ ချက်မိရင်စားမိတယ်။။ စားမိတော့ သိတဲ့အတိုင်းပဲ :D

9 comments:

  1. ကြိုက်တယ် စားပြီးအကြောတတ်လို့ မစားတာကြာပေါ့..
    အခုတော့ ပို့စ်လေးဖတ်ရင်း စားချင်လာပြီင်္... ချက်စား
    လိုက်အုန်းမယ်... မတည့်တာဆိုသိပ်ကြိုက်၊ စာပြီးဆေး
    လေးပါသောက်လိုက်ရင် ကေကေသွားမယ်... ဆရာလေး
    ရေ ကျေးကျေးနော်.. :P

    ReplyDelete
  2. ဟုတ်တယ်စားပြီးအကြောတက်လို့မစားတာကြိုက်တယ်
    စားချင်စရာလေးတွေချက်တတ်ပါ့နော်

    ReplyDelete
  3. လမင်းတော့စားတာပဲ အကိုနဲ့ အမရေ ဟီးး အကြောဘယ်ကတက်မှန်းတောင်မသိပါဘူး ဟီး

    ReplyDelete
  4. ငါးသလောက်စားပြီး သွေးတိုး ဇက်ကြောတက်ရင် လမင်း အပြစ်ပဲနော် ဟီးဟီး
    ခင်တဲ့
    မိုးသူ(တောင်ကြီး)

    ReplyDelete
  5. ငါးသလောက်ဟင်းက စားချင်စရာလေးနော်

    ReplyDelete
  6. အရိုးနူးတယ်နော့့်ဟဲဟဲ
    အသားကုန်တွယ်ဖို့လေ

    ReplyDelete
  7. အရိုးကြောက်တယ်။ :D

    ReplyDelete
  8. ငါးမကြိုက်ပေမယ့် ကြည့်ရင်း ဖတ်ရင်းနဲ့ ဗိုက်တော့ ဆာလာတယ်။ :D

    ReplyDelete
  9. ဗိုက်ဆာလာပြီ
    ငါးသလောက်ပေါင်းဆိုအသေကြိုက်..:P

    ReplyDelete