ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Friday, April 20, 2012

ရူးနေသူ....

ဝေးကွာဖို့ဦးတည်နေတဲ့....
မင်းရဲ့စကားသံတွေထဲမှာ..
. ကြင်နာခြင်းကိုရှာနေခဲ့မိတာ....  
ငါရူးသွပ်ခဲ့တာပါ ချစ်သူ..
  
ဟန်ဆောင်မှုများနေတဲ့နင့်ရဲ့ ချစ်ခြင်းတွေကို..
. ယုံကြည်နေခဲ့မိတာ ငါရှူးသွပ်ခဲ့တာပါ ချစ်သူ..
 မဖြစ်နိုင်မှန်းသိရက်နဲ့ ရှေ့ဆက်ခဲ့တာ ... ငါရူးသွပ်ခဲ့တာပါ ....
နင် ငါကို မလိုအပ်မှန်းသိပေမယ့်.... 
 ငါနင့်ကို လိုအပ်နေတာ... ငါရူးသွပ်ခဲ့တာပါ ချစ်သူ....

 ငါချစ်သလို မချစ်နိုင်မှန်းသိရက်နဲ့ ..
 ငါနင့်ကို သေမလောက်ချစ်မိတာ... ငါရူးသွပ်ခဲ့တာပါ ချစ်သူ... 
 သက်ရောက်မှုတစ်ခုရဲ့  တန်ပြန်မှုကို..
 တောင်းတနေတာ ငါရူးခဲ့တာပါ ချစ်သူ..
. သေချာတယ် ငါရူးနေပြီ.....................

သူငယ်ချင်းတစ်ယောက်အတွက်ရင်နဲ့ရေးထားပါသည်။။ :P

19 comments:

  1. အဲ့လိုလည်း မဟုတ်ဘူး ထင်တယ် ... ဘယ်လိုပဲ ဖြစ်ပါစေ ချစ်ခွင့်ရနေခြင်းဟာ
    ကိုယ့်အတွက်ကံကောင်းတဲ့ ဆုတစ်ခုလို့  မှတ်လို့ ရပါတယ် ။
    တချို့ ဆို ချစ်ပါလျှက် ချစ်ခွင့် မရတဲ့ အခြေနေတောင်ရှိပါတယ် ... ။
    သူ့ တို့ ထက်ဆိုင်ရင် များကြီးကံကောင်း တယ် လို့  မှတ်ယူရင် အများကြီး စိတ်သက်သာရာ ရစေပါတယ် ။
    ဘာသာရေးအရပဲကြည့်ကြည့် နည်းပညာ အရပဲ ကြည့်ကြည့်
    တန်ပြန်မှု့  ရှိတယ်ဆိုတာ ငြင်းမရပါဘူး ... ။
    တစ်နေ့ တော့ တန်မှု့  တစ်ခု ရလိမ့်မယ်လို့ ထင်မိပါတယ် ။ ကိုယ့်ဘက်က သေချာတဲ့ သက်ရောက်မှု့  တစ်ခုတော့ ရှိရမယ် လေ ...
    နောက်တစ်ခုက ကိုယ်ချစ်ခွင့်ရတဲ့ ကို ချစ်ခွင့်ရတဲ့ အချိန်လေးမှာ အပြစ်မဆိုပဲ
    ချစ်ခဲ့ တယ်ဆိုရင် ... အကြောင်းတစ်စုံ တစ်ခုကြောင့် လွဲခဲ့ရင်တောင် ...

    ငါ့ချစ်သူ ကို ငါ့ အများကြီး ......... ချစ်ခွင့် ရခဲ့တယ် လို့  ဖြေသာလို့ ရမယ်လို့ ထင်မိပါတယ် ... ။။

    ဘာရယ်တော့မဟုတ်ဘူး .... အများကြီးရေမိပြီ .. တိုက်ဆိုင်တဲ့ ခံစာမှု့ တစ်ပေါ့ ..... ဗျာ .... ။

    ReplyDelete
  2. မောင်ဘုန်းက တိုက်ဆိုင်တဲ့ ခံစားမှုတစ်ခုဆိုပါလား၊ မောင်ဘုန်းပြောသလို တစ်ချိန်ချိန်မှာ
    မေတ္တာရောင်ပြန်ဟပ်မှုလေး ခံစားခွင့်ရှိနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
    လမင်းလေးရေ ရူးနေသူဆိုတာ တစ်ဖက်သတ်အချစ်လို့ပဲ ဆိုရလေမလားနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ညီမလေးရေ...
    သူငယ်ချင်းတယောက် အတွက်ဆို တာ ဟုတ်ရို့ရားဂျာ :P

    ReplyDelete
  4. သားအတွက်လည်းခံစာပေး..ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ..ဘုပြောတာလဲသိလား..ခိခိ

    ReplyDelete
  5. အော်..တယ်လည်းရူးသကိုး...

    ReplyDelete
  6. အဲလိုမျိုးချစ်နိုင်တဲ့သူတွေ့ဖူးတယ်အစ်မ.. တကယ်တကယ်.. ကိုယ်တွေ့တော့ မဟုတ်ဘူး.

    ReplyDelete
  7. ကိုယ်ချစ်ကိုမရှာနဲ့၊ သူချစ်ကိုရှာလို့ ပြောလိုက်ပါအစ်မ။ :)

    ReplyDelete
  8. မကြီးလမင်းကဗျာလေးကိုခံစားသွားရင်း ရူးသလိုလိုဖြစ်သွားတယ်......

    ReplyDelete
  9. ခံစားသွားပါတယ်ဗျာ...:)

    ReplyDelete
  10. ငါ့ချစ်သူ ကို ငါ့ အများကြီး ......... ချစ်ခွင့် ရခဲ့တယ် လို့  ဖြေသာလို့ ရမယ်လို့ ထင်မိပါတယ် ... ။။
    မောင်ဘုန်းရဲ့ စာလေးကိုသဘောကျတယ်ကွယ်။။
    တီတီရေတစ်ဖက်သတ်အချစ်နေရာက၀င်ခံစားကြည့်တာပါ :P
    ကိုချမ်းရေ လူတိုင်းကအရူးတွေလို့ပြောကြတယ်မလား:D
    စနိုးရေကိုယ်တွေ့များလားလို့ :P
    မြတ်ကြည်ပြောတာ သဘာဝကျတယ် လိုက်နာကျင့်သုံးကြပါနော်:)
    ရင်ဆူးရေ ကဗျာဖတ်ပြီတော့ မရူးလိုက်ပါနဲ့ 
    ခံစားပေးသွားတဲ့နေမင်းနဲ့အားလုံးကျေးဇင်းတင်ပါတယ်ရှင်

    ReplyDelete
  11. ကိုရာဇာကျန်ခဲ့တယ် :P
    ဘယ်သူအတွက်လို့ထင်လို့လည်း မှန်အောင်ပြောနိုင်ရင်အလှူထပ်ဖြည့်မယ်:P

    ReplyDelete
  12. ကိုဘုန်းပြောတာလေးကို အကြွင်းမဲ့ ထောက်ခံပါတယ်
    ကျွန်တော်လဲ ရူးခဲ့ ဖူးပါတယ်
    အခုထိအောင်လဲ ရူးနေတုန်းပါပဲ
    နောင်ကိုလဲ ဆက်လက်ရူးနေမယ်လို့ လဲ ထင်မိပါတယ်ဗျာ
    အချစ်ဆိုတာ ကြည်နူးရတာနဲနဲပါ
    ပူလောင်လွမ်းစွတ်နေရတာခပ်များများပဲ
    ကဗျာလေးက ဘယ်သူ့ ကိုရည်ရွယ်ပြီးရေးထားလဲတော့မသိဘူး
    အားလုံးနဲ့ သက်ဆိုင်နေသလိုပါပဲ
    ဒီကဗျာလေးဖတ်ရလို့ ကျေးဇူးတင်ပါတယ်
    ခင်တဲ့ 
    မိုးသူ

    ReplyDelete
  13. ကဗျာလေး ကောင်း၏
    ခံစားသွား၏ :D

    ReplyDelete
  14. ကဗျာလေးအားပေးသွားပါတယ်

    ReplyDelete
  15. ဟွင်း။...ဟွင်းး....ဟွင်း....

    လမင်းလေးရေ ... ကိုရာဇာ ကိုယ်စား မမဖြေမယ်။ မှန်ရင် ကိုယ့်ဂတိနဲ့ကိုယ်နော်။
    ဒီကဗျာလေးက ... ကဗျာမဟုတ်ပါ။ တကယ့်ခံစားချက်ဖြစ်ပါတယ်။ သူငယ်ချင်းအတွက်လည်း မဟုတ်ပါ။
    ရေးသူကိုယ်တိုင်၏ ခံစားချက်သာဖြစ်သည်။
    အဲလောက်ဆို တိပြီပေါ့။ နာမည်တပ်ပြောတော့ဝူးနော်။ တူများတွေတိကုန်မှာ ချိုးလို့။

    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  16. အစကတော့ကောင်းတယ်ထင်နေတာ ကိုယ့်ကိုကိုယ်လေ
    ခုတော့ ရူးသွပ်စွာနဲ့ပဲ လာရောက်ဖတ်ခဲ့တယ်
    ကိုယ်တွေ့ဖြစ်မယ်ထင်တာပဲ ----- ညာနဲ့နော် ငရဲကြီးတတ်တယ်

    ReplyDelete
  17. လာရောက်ခံစားသွားတယ်..း)

    ReplyDelete
  18. အချစ်အတွက်ရူးရတာတန်ပါတယ်..:)

    ReplyDelete
  19. ကောင်းပါတယ် ရူးကြပါ ....:P

    ReplyDelete