ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Wednesday, April 11, 2012

အထီးကျန်ခြင်းကင်းပါစေ..


ပြင်းရှရှ ကော်ဖီသောက်ရင်...
ညဥ့်နက်နက်ညတွေကို
တိတ်ဆိတ်စွာ ဖြတ်ကျော်
နေအ၀င် လအထွက်
ငါတစ်ယောက်ထဲ
pop  သီချင်းကို အဖော်လုပ်
ခြောက်သွေ့ သွေ့ ညတို့ကို
အဖော်မဲ့စွာ ဖြတ်သန်း
ငါ့နားပူစီလေးတစ်ကောင်
သူလည်းအဖော်မဲ့လို့ထင်တယ်..
လမင်းကြီးကို ငေးလို့ ပေါ့
ဒီလိုနဲ့ အထီးကျန်ညတို့နဲ့ 
အိပ်တန်းတက်ခဲ့တဲ့ရက်တွေ
များခဲ့ပြီ ......

နှစ်သစ်မှာ စိတ်ချမ်းသာကိုယ်ကျန်းမာလိုအင်ဆန္ဒတွေပြည့်ပြီ

ဟဲဟဲ ရေပက်တာစိတ်ဆိုးရဘူးနော်.. အိမ်တိုင်းလိုက်မပက်ဖြစ်လို့ လာတဲ့
လူတိုင်းကိုပက်ပါတယ်..:P

14 comments:

  1. ညလေးရေ ဦးဆုံးလာဖတ်တယ်။ လမင်းက လမင်းကိုငေးတယ်ဆိုတော့ တစ်ခုခုတော့ မွှားတယ်ထင်တယ်နော်... ဖတ်ပြီး ခံစားသွားတယ်။ မကြီးလွမ်းကတော့ အထီးမဟုတ်တော့ အမကျန်ခြင်းကင်းပါစေလို့ ပြန်လည်ပြောခဲ့တယ်။
    နှစ်သစ်မှာ ပျော်ရင်ပါစေ ညလေး

    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  2. ပာုတ်တယ်
    အားလုံးပဲ ဒီနှစ်သစ်မှာ အထီးကျန်ခြင်းကနေ ကင်းဝေးကြပါစေ

    ReplyDelete
  3. အားလုံး ကအတူတူဘဲမို့ ဆုတွေကူတောင်းပေးလိုက်ပါတယ် ညီမလေးရေ

    ReplyDelete
  4. ပေးတဲ့ ဆုနဲ့ ပြည့်ချင်လိုက် တာဗျာ .... ။ ဘယ်တက်နိုင်မလဲ ....
    တူတူပါပဲ ဗျာ .... ။ တစ်ရက်ကုန် သွားရင် နောက်နေ့ အတွက်
    အထီးကျန်း လွမ်ဆွတ်မှု့  အစ ဖြစ်တော့တာပဲ ... ။

    ReplyDelete
  5. မမလည်း နှစ်သစ်မှာ အထီးကျန်ခြင်းကင်းပြီး ပျော်ရွင်မှုအပြည့်နဲ့ ဖြတ်သန်းနိုင်ပါစေလို့ ပြန်ဆုတောင်းပေးပါတယ်. ရေပက်သွားတယ်နော် :)

    ReplyDelete
  6. မကြီးချစ်စံအိမ်ကလည်း ရေထုပ်နဲ့ပေါက်ရဘူးလေ
    သိကြားမင်းက မှတ်သွားလိမ့်မယ်
    ကဗျာလေး အားပေးသွားတယ် အစ်မရေ

    ReplyDelete
  7. နှစ်သစ်ကို စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဖြတ်သန်းနိုင်ကြပါစေ....

    ReplyDelete
  8. ကဗျာလေးခဲစားဖတ်ခဲ့တယ်
    အမလေး ချမ်းလိုက်တာ
    ရေတွေပက်နေတယ်

    ReplyDelete
  9. ကဗျာလာရောက် ခံစားသွားပါတယ် လမင်းရေ

    ReplyDelete
  10. ကဗျာလေး ကိုလာရောက် ခံစားသွားပါတယ် ညီမလေးရေ...

    ReplyDelete
  11. ကဗျာလေး ကောင်း၏
    ရေလည်း စိုသွား၏ :P

    ReplyDelete
  12. နေအဝင် လအထွက်ကို pop သီချင်းတွေနဲ့ ဖြတ်သန်းသတဲ့-လား၊ တစုံတယောက် အကြောင်းကို တွေးနေရင်း နားထောင်လို့ အကောင်းဆုံးဟာ pop သီချင်းတွေက လွဲပြီး ဘာရှိဦးမှာလဲ၊ ဟုတ်..?
    ပျော်ရွှင်စရာ မြန်မာနှစ်သစ်ကူး ဖြစ်ပါစေဗျာ..။

    ReplyDelete
  13. ကဗျာလေးခံစားရင်း လမင်းလေးကို ရေပြန်ပက်သွားတယ်နော်။
    {{{{{{ ဗွမ်း }}}}}} :P တောင်းဆုလေးများနဲ့ပြည့်ပါစေကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  14. အားပေးသွားသည် ရေပြန်ပက်သည် ဗွမ်းးးးးးး :P

    ReplyDelete