ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Wednesday, January 25, 2012

လောကဓံနဲ့ ကျွန်မ

လောကဓံနှင့်ကျွန်မ >>>

မွေးစထဲက လောကဓံဆိုတာ
ခံလာလိုက်တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပါလေရော
တွေ့ ကြုံလာတဲ့ ခက်ခဲမှု
ဝမ်းနည်း ၀မ်းသာ
အနိမ့် အမြင့် ပြုံးလိုက် မဲ့လိုက်
အနိုင် အရှုံး အချစ် အမုန်း
ကျော်စောခြင်း ကျရှုံးခြင်း
ခြွေရံများခြင်း ဘယ်သူမှမရှိခြင်း
နဲ့ လည်းတွေ့ ခဲ့ ဆုံခဲ့ ဖူးတယ်

ချစ်တဲ့ သူနဲ့ လည်းကွေကွင်း ခဲ့ဖူးတယ်
ချစ်တဲ့ သူနဲ့ လဲ ဆုံတွေ့ ဖူးတယ်
ငိုခဲ့ ဖူးတယ် လွတ်လပ်စွာလဲ ရယ်ခဲ့ဖူးတယ်
သြော် လောကဓံ ငါခံလာလိုက်တာ
နစ်တွေတောင် ကြာသွားခဲ့တာပဲ
မှန်ရှေ့ ကြည့်မိတယ်  ဟို................
လွန်ခဲ့တဲ့ ၁၀ စု နစ်လောက် လန်းဆန်းခြင်း

တက်ကြွခြင်းတွေ မတွေ့ တော့ပါလား
မျက်လုံး ရဲ့ စွမ်းအားတွေ လည်း
အရောင်မှေးမှိန်နေရော့ သလား
အသားအရေးတွေ ရော
နုပျိုခြင်း မဲ့ လေရော့ သလား
သြော် လောကဓံ  ကျွန်မကို နှိပ်စက်လာလိုက်တာ
ခန္ဓာ ကိုယ်တောင် စကားတွေ ပြောလာပါရော

ကျွန်မ ရဲ့ အပြုံးတွေ မျက်လုံးတွေ
ကိုယ်ခန္ဓာ ရဲ့ လှုပ်ရှာ မှုတွေ နှေးကွေးကုန်ပါရော့လား
လောကဓံ ရဲ့ အပူမီးကြောင့်ထင်ပ
လောက သြော် လောက သင် ကျွန်မကို
သင်ပေးခဲ့တာတွေ အရမ်းများနေခဲ့တာပဲ
ဒါပေမဲ့  ကျွန်မ လောကဆိုတာထဲကနေ

ရုန်းမထွက်နိုင်သေးပါလား
သင်ပြနေသော အိုခြင်း နာခြင် သေခြင်း
ဆိုတာတွေကို ကျွန်မ ဘာလို့ 
အမှန်မမြင်ခဲ့ရတာလဲ
လောက ကြီးကသင်ပေးတဲ့ ပညာတွေတော့
ကျွန်မ အသက်အရွယ်နဲ့ သိသင့်သလောက်
ကြုံခဲ့သလောက် သိနေပေမဲ့ 

လောကုတ္တရာ တရားကို ဘာလို့ မမြင်သေးရတာလဲ
သြော် ကျွန်မသိပြီ

ဘာမှာ မလုပ်ရသေးတာကို
ခံလိုက်အုံးပေါ့ ကျင်လည်သမျှ
ဘ၀တွေမှာ လောကဓံ ရဲ့ အပူဒဏ်တွေကို
ခံလိုက်အုံးပေါ့ သစ္စာ တရားကို မတွေ့ သ၍
ခံလိုက်အုံးပေါ့

သြော် လောကဓံ နှင့် ကျွန်မ...........

No comments:

Post a Comment