ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Wednesday, January 25, 2012

အချစ်မဲ့ နိဂုံး

ကောင်လေးရေ
မင်းမသိလို့ပါ
ငါ့မှာတော့ တစ်ဘ၀စာ

ကူးခတ်လာခဲ့တာ
နွမ်းလျပင်ပန်းလှပြီပေါ့
တကယ်တမ်းတော့
မျှော်လင့်ချက်နဲ့ အသက်
ဆက်ခဲ့ရသူပါ
ရင်ခုန်စွာ မျှော်လင့်မိတာဟာ
ကောင်လေးရဲ့ မေတ္တာစစ်တွေပေါ့
ဒါဟာလည်းငါ့ ရဲ့ ရုးသွပ်ခြင်းပေါ့
ကျိန်စာမိထားတဲ့ငါ့နှလုံးသားဟာ
ဘယ်အချိန်ထိရင်ခုန်နိုင်အုံးမှာလဲ

လိုချင်တဲ့ ဖန်ဆင်းခွင့်များ ရှိခဲ့ရင်တော့
ကောင်လေးရဲ့ နားလည်ပေးနိုင်တဲ့အပြုံးတစ်ချ
က်သာ
ငါလိုချင်နေမိတာပါ
ပြုံးပြပေးပါလား ကောင်လေးရယ်
ဒါဟာ ငါ့အတွက်ကြီးမာတဲ့ဆုလဒ်တစ်ခုပါ
မင်းနှလုံးသားကို လာဖို့ ငါ့မှာ
လမ်းညွန်မြေပုံပါမလာခဲ့တာသိလို့ 
မင်းရဲ့ အနီးဆုံးငါဟာ
အဝေးဆုံးမှာကြောင်တောင်တောင်နဲ့ ပေါ့..
ကံတရားသာ မျက်နှာသာပေးခဲ့ရင်း
ကောင်လေးရဲ့ အနီးဆုံးမှာနေချင်မိသူပါ.
အခုတော့.......................

1 comment:

  1. ညီမရေ... ကောင်လေးဆီက ညီမ လိုချင်တာလေးတွေကို ရသလောက်သာတောင်း သိလား...လိုက်လျောခြင်းကလဲ ချစ်ခြင်းရဲ့ သင်္ကေတ တစ်ခုဘဲကွဲ့ ...

    ReplyDelete