ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
Thursday, January 26, 2012
ငါနားနေပေးပါ
တည်ငြိမ်အောင်ကြိုးစားနေတဲ့
ငါ့ ဘ၀ထဲကို မလာပါနဲ့ 
ငါ နောက်ထပ်အချစ်ဆိုတာကို ကြောက်ရွံ့ နေလို့ ပါ..
မခံစားချင်တော့တဲ့ ငါ့ကို ခံစားမှုတွေ ထပ်မပေးချင်းပါနဲ့တော့
ငါဘ၀လေမှာ နင်ကိုလိုအပ်နေတာတော့
ငါဝန်ခံပါတယ်
ငါနင်နဲ့ ဝေးရမှာလဲ ကြောက်နေပြန်တယ်
မဖြစ်နိုင်ဘူးဆိုတဲ့ အသိစိတ်ကလဲ ဒွန်တွဲနေပြန်တယ်
ကောင်လေးရေ ငါစိတ်တွေအရမ်းပင်ပန်းနေတယ်
ရှေ့တိုးရခက်နောက်ဆုတ်ဖို့ လည်း မ၀ံ့ရဲဖြစ်နေပြန်တယ်
ငါဘာဆက်လုပ်ရ
ငါစိတ်တွေ လွတ်လပ်စွာပျံသန်းချင်ပြီ
ထိန်းချုပ်နေရတဲ့ ငါ့စိတ်တွေကို
ငါမုန်းတယ်
အရာရာကို ဆင်ခြင်နေရတဲ့ 
ငါကို နားလည်ပေးပါ ကောင်လေးရယ်.......
ငါတို့ နစ်ယောက် ဒီလိုလေပဲနေသွားကြမယ်
ငါဘ၀ထဲကို မလာပါနဲဆိုပေမဲ့ 
ငါ့ဘေးကနေ ထွက်မသွားပါနဲ့ 
ငါနင်နဲ့ တွေ့ နေရရင် ပျော်ရွှင်ကြည်နူးနေပြန်တယ်
တစ်ခါတလေလည်း အရမ်းကိုသတိရမိတယ်
ကောင်လေးရယ်
မလာပါနဲ့ လို့ ပြောပေမဲ့ 
ထွက်သွားပါဆိုတော့လဲ
3 comments:
  1. ကဗျာလေးကို ဖတ်သွားပါတယ် ညီမရေ...
    ReplyDelete
  2. ကဗျာကောင်းလေးဖတ်သွားတယ်
    လမင်း
    လင့်လေးပြန်ချိတ်ပေးပါ့လား လင့်အဟောင်းကပျက်သွားလို့
    http://lwinpyinhlaingngenge.blogspot.com/
    ReplyDelete
  3. နေမကောင်းဖြစ်နေလို့စာအကြွေးတွေတင်နေမိတယ်
    စိတ်မဆိုးပါနဲ့လမင်းရေ
    ReplyDelete