ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Wednesday, January 25, 2012

နေစရာမရှိတဲ့အချစ်

နေစရာမရှိတဲ့ အချစ်♥♥♥♥♥♥

လူတွေပြောတဲ့ အချစ်အကြောင်း
လူတိုင်းဟာ တစ်ကြိမ်ပဲချစ်ရမယ်တဲ့
ဒါဟာ မတရားတာပဲ  တကယ်ချစ်ခဲ့တာ
အကယ်ဒီမီ ရှော့တွေပါ
မရေရာမတိကျတဲ့ အချစ်ဆိုတာ
အစစ်ပါလို့
ဘယ်သူက ဘယ်လို သက်သေပြမှာလဲ
တစ်ယောက်နဲ့ ချစ်ဖူးတာနဲ့ 
နောက်တစ်ယောက်ကို ထပ်မချစ်ရတော့ဘူးဆိုရင်
ဘာတွေဖြစ်ကုန်မလဲ
အချစ်ဆိုတာကို မျက်ခြေမပျက်လေ့လာနေသူမဟုတ်တော့
မသိဘူးလေ ကျွန်မသိတဲ့ အချစ်ဆိုတာက
တစ်ယောက်က ပြုံးရင်တစ်ယောက်ကငိုရတယ်
တစ်ယောက်ကိုရွေးချယ်ရင် တစ်ယောက်က အပယ်ခံရတယ်
တစ်ယောက်က ထားခဲ့တော့ တစ်ယောက်မျှော်လင့်နေတဲ့သူရှိ
တယ်
ပိုင်ဆိုင်ထားတဲ့သူကလည်း ၀န်တိုမှုနဲ့ ရောင့်ရဲမှုမရှိဘူး
ဒါလား အချစ် သိတော့ဘူး
သိချင်ရင် လေ့လာကြည့်ပေါ့
အချစ်ကို အပစ်မြင်သူကမြင် ထင်သူကထင်
တင်းလိုက်ပျော့လိုက် ဒီကြားထဲခုတုံးလုပ်သူကလုပ်
သြော် အချစ်မှာလဲ နေစရာတောင်မရှိတော့ပါလားနော်
အချစ်ဆိုတာ လိုလိုဖြစ်တည်လာတတ်တာဖြစ်လို့ 
အချစ်ကို မကိုးကွယ်ပါနဲ့ 

3 comments:

  1. အချစ်ဆိုတာ ပြောပြရခက်တယ်... နက်နဲတယ်... သံယောဇဉ်ကြိုးနဲ့ အထပ်ထပ် ရစ်ပတ်ပြီးမှ ချစ်တဲ့အချစ်က ပိုခိုင်မြဲမယ်လို့ အစ်ကိုကတော့ ထင်တာပါဘဲ... ကောင်မလေး တစ်ယောက်က ပြောဖူးတယ် အရမ်းမချစ်နဲ့ တဲ့... အရမ်းချစ်ရင် အရမ်းခံစားရလိမ့်မယ်တဲ့... ဒါကြောင့် အရမ်းမချစ်ရဲဘူး ကြောက်လို့ ...

    ReplyDelete
  2. အင်း.. အချစ်ကို ခုတုံးလုပ်ပြီး အတ္တကို ဖုံးကွယ်နေကြတာများလား =.=

    ReplyDelete
  3. အချစ်ဆိုတဲ့ ကျွန်တော်ဘယ်တုန်းကမှ သင်ရိုးမကျေခဲ့တဲ့ ဘာသာတစ်ခုမို့
    ဖြေဆိုဖို့ မရဲပါဘူး အမရေ...။။။

    ReplyDelete