ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Wednesday, September 12, 2012

လုပ်ဖြစ်နေတဲ့အလေ့ကျင့်ကောင်းတချို့ ....

မင်္ဂလာပါရှင်....ဒီတစ်ခါတော့စာဖတ်သူတို့ အတွက်အကျိုးရှိစေမဲ့ပိုစ့်လေးရေးချင်ပါတယ်။။။လူတိုင်းလူတိုင်းမှာ ကိုယ်ကြိုက်နှစ်သက်တာလုပ်တတ်တဲ့အကျင့်လေးတွေရှိပါတယ်..။။
အဲလိုပဲ လမင်းမှာလည်းရှိတာပေါ့.. လူတိုင်းအကောင်းအဆိုးဒွန်တွန်ပါတတ်မြဲပါပဲ... လမင်းမှာလည်းကောင်းတာမကောင်းတာလေတွေပါတတ်ပါတယ်...။။ အခုတော့ကောင်းတဲ့အကျင့်လေးတွေပဲအရင်ပြောတော့မယ်.. ပွဲစက မကောင်းတဲ့အကျင့်ရေးရင် သိပ်မကောင်းလောက်ဘူး။။:)
လမင်းရဲ့ တစ်နေ့ တာ လုပ်ဖြစ်တဲ့ ကောင်းတာလေးတွေကို စာဖတ်သူတို့ အတွက်လည်းအကျိုးရှိမယ်ထင်လို့ ရေးလိုက်တာပါ..။။ လမင်းလျှောက်ရေးသမျှလာလာဖတ်နေကြတဲ့သူငယ်ချင်းတွေကို ကျေးဇူးဆပ်တယ်လို့ သဘောထားပေးပါ။။။
အခုရေးမှာတွေက လမင်းနေ့ တိုင်းလုပ်ဖြစ်တဲ့ ကောင်းတဲ့အလုပ်လေးတွေပါ။။။

(၁) ပထမ ဆုံး လမင်း အိပ်ယာက နိုးပြီလို့ သိလိုက်တာနဲ့ .. အိပ်ယာထဲမှာပဲ.. ဒီနေ့ ဘာနေ့ လဲ အရင်စဉ်းစားပါတယ်။။(ဥပမာ)
သောကြာနေ့ ဆိုပါတော့ သောကြာသားသမီး အပေါင်း ကျန်းမာ ချမ်းသာကြပါစေ....၃ခါ မေတ္တာပို့ ပြီးတာနဲ့  မိဘ ဆရာသမားတွေကို မေတ္တာပို့  ...ခုနှစ်ရက်သားသမီးတွေကို မေတ္တာပို့ ပြီးရင်တော့ လမင်းအိပ်ယာက ထပါတယ်... ရေချိုးခန်းဝင်တယ်...:)
(၂) ရေချိုးခန်းဝင် မျက်နာသစ်ရင် .. လမင်းမျက်နာကို ရေနဲ့ သစ်နေချိန်မှာပဲ ငါမျက်နာအေးချမ်းသလို ခုနှစ်ရက်သားသမီးအပေါင်းစိတ်နှလုံးအေးချမ်းကြပါစေ.. ဆိုပြီး မျက်နာသစ်ပြီတဲ့အထိ မေတ္တာပို့ နေတယ်....

(၃) သွားတိုက်နေရင်လည်း စိတ်ထဲဂုဏ်တော် တစ်ခုမဟုတ်တစ်ခုပွားနေလိုက်တယ်။။။
ရေးချိုးခန်းကိစ္စပြီးရင်တော့...
(၄)
ဘုရားသောက်တော်ရေချမ်းကပ်ဆွမ်းကပ် ဘုရားရှိခိုးပြီး.. သမ္ဗဒ္ဓေဂါထာ.. ၃ခေါက်ဂုဏ်တော်၉ပါး ၃ခေါက် .ချစ်သူ ခင်သူ မိတ်ဆွေပါမကျန်အားလုံးကို မေတ္တာပို့ ပါတယ်..။ပြီးရင်တော့ လမင်း မနက်စာ စားပါတယ်.. :)

(၅) စားနေတုန်းလည်း အစားအသောက်နဲ့ ပတ်သက်သူအားလုံးကို စိတ်ထဲကမေတ္တာပို့ လိုက်ပါတယ်..

အားလုံးပြီးပြီဆိုရင်တော့ လမင်း လုပ်စရာရှိတာလုပ်ပါတယ်... အလုပ်သွားရင်သွားမသွားရင် အိမ်မှာလုပ်စရာရှိတာလုပ်ပါတယ်... မှတ်ချက် အခုတော့ ပင်စင်စားနေပါတယ်..:)

(၆)
ညနေဘက်လောက်ဆို ဆီမီး ရေချမ်းကပ်ပြီး အမျှဝေ ပုတီစိပ်...ပြီး အရပ်ဆယ်မျက်နာမေတ္တာပို့ ပါတယ်..
ညဘက်ဆိုရင်တော့ သမ္ဗဒ္ဓေဂါထာ.ကို ၁၁ ခေါက်ရွတ်ပါတယ်.. ဂုဏ်တော်.၉ပါး ၉ခေါက်ရွတ်ပါတယ်..
အားလုံးပြီးသွားပြီးဆို မျက်နာသစ် သွားတိုက် မနက်ကအတိုင်းပဲလုပ်ပြီး.. အိပ်ယာဝင် ဗုဒ္ဓကိုအာရုံပြုပြီး တစ်နေ့တာလမင်းလုပ်ခဲ့သမျှကို ပြန်စဉ်းစားပြီး မိဘကို အရင်စိတ်မှန်းနဲ့ ကန်တော့တယ်.. အဘိုး အဖွား..
အတိတ်ဘ၀က မိဟောင်းဖဟောင်း ဆရာသမား ကျေးဇူးရှင်တွေကို ကန်တော့ပြီးရင်တော့ လမင်းစိတ်ချမ်းသာစွာအိပ်ပျော်သွားပါပြီး...:)
(မှတ်ချက်) လမင်းရေကိုင်နေရင်ဖြစ်ဖြစ်ရေချိုးနေရင်ပဲဖြစ်ဖြစ် မေတ္တာပို့ တတ်ပါတယ်။။ ရေလို အေးချမ်းကြပါစေပေါ့..ကိုယ်ပို့ သချင်သလိုပို့ လို့ရပါတယ်။ ဒါက ယခု လက်ရှိလုပ်နေတဲ့ အလေ့အကျင့်ကောင်းလေးတွေပါ.. အရင်က မလုပ်ဖူးလားလို့ မေးစရာရှိမယ်နော်... အရင်က အခုထက်ပိုလုပ်ပါတယ်... ဘာတွေပိုလုပ်လဲ.. အလုပ်လုပ်ရင် Mp3 နဲ့ တရားနားတယ်... လပြည့် လကွယ် ဥပုသ်စောင့်ဖြစ်တယ်.. တရားထိုင်တယ်.. တရားစာအုပ်တွေဖတ်တယ်..။။
ဥပုသ်စောင့်နဲ့ တရားထိုင်ပျက်တာ ၁နှစ်ကျော်ပါပြီး.. အင်တာနက်စွဲလို့ ထင်တယ်.. အခုအရင်လို သတိထားပြီးပြန်လုပ်နိုင်အောင်ကြိုစားပါမယ်.. လမင်းဘာစာအုပ်တွေဖတ်လဲ ဘယ်တရားတွေနားလည်းဆိုတာ
နောက်တစ်ခေါက် ပို့ စ်မှာတင်ပါမယ်။ လမင်းရဲ့ ကောင်းတဲ့အကျင့်လေးတွေပါ.. ဘာထူးခြားလည်း ဆိုတာ
လမင်းမတွေးပါဘူး။။ လုပ်ချင်လို့ ကို လုပ်ပါတယ်။။။ လုပ်သင့်တာကိုလုပ်ပါတယ်။။မလုပ်ချင်လည်းလုပ်ရပါမယ်။။စာဖတ်သူတို့ လည်း တစ်ခုမဟုတ်တစ်ခုတော့ လုပ်ဖြစ်မယ်ထင်ပါတယ်။။။ တကယ်လို့ မေ့နေတယ်ဆိုလည်း အလေ့အကျင့်လေးရအောင်လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။။။ လူဘ၀ကိုရထားပြီ သာသနာနဲ့လည်းကြုံရပြီမှ
ကောင်းမှုကုသိုလ်လေးတွေ မယူသွားနိုင်ဘူးဆို လူဖြစ်ရှုံးပါလိမ့်မယ်.။။ တစ်ချို့ ကလမင်းကို ဘာသာရေးသမားလို့ ပြောကြပါတယ်။။ လုံးဝ လုံးဝ မဟုတ်ပါဘူး.တတ်နိုင်သလောက်လေးကိုလုပ်တာလောက်ပဲရှိပါတယ်။။ ဗုဒ္ဓတရားတော်တွေလေ့လာလို့ မကုန်နိုင်သလို ဗုဒ္ဓအလိုကျလိုက်မလုပ်နိုင်သေးပါဘူး။။ လုပ်သင့်တာကို လမင်းတတ်နိုင်သလောက်လုပ်တာပါ။။
တရားစာ ဂါထာတွေ အများကြီးလည်းမရပါဘူး။။။ ဒါပေမဲ့ လမင်း ၅ ပါးသီလကို နေ့ တိုင်းလုံအောင်ထိန်းပါတယ်။။။
ဗုဒ္ဓဟောခဲ့တာတွေကို လမင်းတတ်နိုင်သလောက်လုပ်ပါတယ်။။။ တရားစာတွေကို အလွတ်ရအောင်မကျက်ပါဘူး။။
လုပ်နိုင်တာကိုပဲ လုပ်ပါတယ်။။။ .. နောက်ပိုစ့်မှာ ဘယ်ဆရာတော်တွေရဲ့ စာအုပ်ဖတ်လဲ ဘယ်တရားတွေနာဖြစ်လည်းဆိုတာ လမင်းသိသလောက်ရေးပါအုံးမယ်..... အားလုံးကျန်းမာပျော်ရွှင်နိုင်ကြပါစေ..

(သတိပေးချက်) ဖေ့ဘုတ် အပိတ်ခံထားရလို့ စာပိုရေးပါမယ်။။။။:)

11 comments:

  1. လမင်းရဲ့ ကောင်းတဲ့အကျင့်လေးတွေမှတ်သွားတယ်
    ဖဘ ဘာလို့ပိတ်တာလဲ
    ချစ်တဲ့
    မဂျီးဂျက်

    ReplyDelete
  2. ကောင်းတဲ့ အကျင့်လေးမို့ မှတ်သားသွားပါတယ် ဆရာလေးရေ

    ReplyDelete
  3. တရားထိုင်တာနဲ့ ဥပုသ်စောင့်တာ ပြန်အကျင့်လုပ်စေချင်တယ်။ ကျွန်တော်လဲ အကျင့်လုပ်နေလို့ပါ။ သိပ်တော့ မလွယ်သေးဘူး။ ဥပုသ်ဆို လောလောဆယ် ၀ိကာလဘောဇနာ တစ်ပုဒ် ချန်ထားရတယ်။

    ReplyDelete
  4. တစ်ကယ်ကောင်းတဲ့ အလေ့အကျင့်တွေပါ အစ်မ .. တရားထိုင်တာကို ညီမလဲ တစ်နေ့ အချိန်အများကြီးမပေးနိုင်ရင်တောင် ရသလောက်အချိန်လေးမှာ နေ့စဉ်မပြတ်ထိုင်ဖို့ စိတ်ကူးပေမယ့် ပုံမှန်မလုပ်ဖြစ်ဘူး

    ReplyDelete
  5. မှတ်သားသွားပါတယ် ကျေးဇူးလဲတင်ပါတယ်.....။

    ReplyDelete
  6. တနေ့တာရဲ့ ကောင်းတာလေးတွေမှတ်သွားပါတယ် ။

    ReplyDelete
  7. ကောင်းတဲ့အလေ့အကျင့်လေး အမြဲတမ်း လုပ်ဖြစ်ပါစေ

    ReplyDelete
  8. အဲလို အကျင့်ကောင်းလေးတွေ တပါးသူတွေပါ အသုံးချမိပါစေ

    ခင်တဲ့
    မိုးသူ(တောင်ကြီး)

    ReplyDelete
  9. အလေ့အကျင့်ကောင်းလေးတွေ မှတ်သားသွားပါတယ်ဗျာ
    မရှက်တမ်းပြောရရင် လူလဲ ဘာသာမဲ့လိုကို ဖြစ်လို့
    ပြင်ရမယ် ပြင်ရမယ် ဟီးးး

    ReplyDelete
  10. တရားနဲ့ဆပ်စပ်ပြီး တနေ့တာ ကုန်ဆုံးတာကို အားကျမိပါတယ် လမင်းရေ။

    ReplyDelete
  11. တားကတော့ ညအိပ်ခါနီးတိုင်း တစ်နေကုန်လုပ်ခဲ့သမျှတွေကို ဒိုင်ယာရီ ရေးတဲ့အကျင့်ရှိတယ်.။

    ReplyDelete