ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Thursday, February 21, 2013

အပိုင်အစများ (၁)

အချစ်နဲ့  အလွမ်းကြား
ငါ ဗျာများခဲ့တယ်။။
အချစ်ရဲ့ ချိုမြိန်မူထက်...
ရှတတ အလွမ်းတွေကို
မြိန်ရှက်စွာ စားသုံးဖူးတယ်။။။
အချစ်နဲ့ အလွမ်းကြား
မျှတအောင် ခံစားရင်းးးးးး
ငါတို့ နှစ်ယောက်ရဲ့ 
အဆုံးသတ်လှဖို့ ...
မာယာတွေ မသုံးပဲ
ဟန်ဆောင်မှုကင်းစွာ
နေလိုက်ကြမယ်.။။


(ချစ်စံအိမ်) ၂၁. ၂ .၂၀၁၃

9 comments:

  1. အချစ်နဲ့ အလွမ်းကြား မျှတအောင် ခံစားဖူးပေမဲ့
    လမင်းနဲ့ မကြီးလွမ်းကြားတော့ ချစ်ခြင်းတွေ ခိုင်မြဲနေမယ်။

    လာအားပေးပြီး ဒီအောက်ကနေဒီလိုလေးပြန်ရေးခဲ့တယ်။

    အဆုံးသတ်လှစေဖို့ အစကောင်းခဲ့ပြီးမှ
    အကြောင်းမဲ့လွမ်းစေမဲ့ ဝေဒနာတွေ
    ဖြောင့်ချက်မပေးနိုင်ခဲ့လည်း နင်အပိုင်သိမ်းသွားပါ။

    ချစ်ခြင်းအားဖြင့်
    မကြီးလွမ်း

    ReplyDelete
  2. ♫♫လွန်ပါစေ အလွမ်းညတွေ လွန်ပါစေ လွန်ပါစေ..♫♫

    ReplyDelete
  3. ငါတို့ နှစ်ယောက်ရဲ့ 
    အဆုံးသတ်လှဖို့ ...
    မာယာတွေ မသုံးပဲ
    ဟန်ဆောင်မှုကင်းစွာ
    နေလိုက်ကြမယ်.။။

    နှစ်သက်သွားတယ်ဗျို့ ... :)

    ReplyDelete
  4. မှန်တာပေါ့ မ ရယ်....
    ဘယ်တော့ပဲဖြစ်ဖြစ်
    ရိုးသားဖို့သာ အဓိကမို့...
    ရိုးသားမှသာ မ ပြောသလို
    အဆုံးသတ်လဲ လှမှာမို့...

    မ ရေ...မရဲ့ အပိုင်းအစလေးတွေကို
    မျှဝေခံစားခဲ့ပါတယ်နော် :)))
    ချစ်တဲ့....မိုးနတ်

    ReplyDelete
  5. အလွမ်းတွေကုန်ပြီး အချစ်တွေနဲ့အတူ ဆုံတွေ့ခွင့်အမြန်ဆုံးရောက်လာပါစေ မမရေ :)

    ReplyDelete
  6. ကဗျာလေးအတိုင်း ...ဖြစ်ပါစေလို့ ..ဆန္ဒပြုလျှက်ပါမမရေ..

    ReplyDelete
  7. ဟန်ဆောင်မှု တွေကင်းတဲ့ ရိုးရှင်းတဲ့ ဘဝ ဟာ အအေးချမ်းဆုံး ပဲလို့  ထင်မိပါတယ် .... ။

    ReplyDelete
  8. ဟုတ်တယ် တစ်ယောက်နဲ့ တစ်ယောက်သက်ဆုံးတိုင် ခိုင်မြဲစွာ လက်တွဲဖို့ဆိုရင် မာယာတွေကင်းနေဖို့လိုတယ်..

    ReplyDelete
  9. အလွမ်းတွေရှောင်ကာပုန်းရင်း အချစ်တွေသာထင်ပေါလို့ ဟန်ဆောင်မှုကင်းတဲ့အချစ်နဲ့ ချစ်နိုင်ကြပါစေ....ဗျာ...။။။

    ReplyDelete