အချစ်နဲ့  အလွမ်းကြား
ငါ ဗျာများခဲ့တယ်။။
အချစ်ရဲ့ ချိုမြိန်မူထက်...
ရှတတ အလွမ်းတွေကို
မြိန်ရှက်စွာ စားသုံးဖူးတယ်။။။
အချစ်နဲ့ အလွမ်းကြား
မျှတအောင် ခံစားရင်းးးးးး
ငါတို့ နှစ်ယောက်ရဲ့ 
အဆုံးသတ်လှဖို့ ...
မာယာတွေ မသုံးပဲ
ဟန်ဆောင်မှုကင်းစွာ
နေလိုက်ကြမယ်.။။
(ချစ်စံအိမ်) ၂၁. ၂ .၂၀၁၃
ငါ ဗျာများခဲ့တယ်။။
အချစ်ရဲ့ ချိုမြိန်မူထက်...
ရှတတ အလွမ်းတွေကို
မြိန်ရှက်စွာ စားသုံးဖူးတယ်။။။
အချစ်နဲ့ အလွမ်းကြား
မျှတအောင် ခံစားရင်းးးးးး
ငါတို့ နှစ်ယောက်ရဲ့ 
အဆုံးသတ်လှဖို့ ...
မာယာတွေ မသုံးပဲ
ဟန်ဆောင်မှုကင်းစွာ
နေလိုက်ကြမယ်.။။
(ချစ်စံအိမ်) ၂၁. ၂ .၂၀၁၃
အချစ်နဲ့ အလွမ်းကြား မျှတအောင် ခံစားဖူးပေမဲ့
ReplyDeleteလမင်းနဲ့ မကြီးလွမ်းကြားတော့ ချစ်ခြင်းတွေ ခိုင်မြဲနေမယ်။
လာအားပေးပြီး ဒီအောက်ကနေဒီလိုလေးပြန်ရေးခဲ့တယ်။
အဆုံးသတ်လှစေဖို့ အစကောင်းခဲ့ပြီးမှ
အကြောင်းမဲ့လွမ်းစေမဲ့ ဝေဒနာတွေ
ဖြောင့်ချက်မပေးနိုင်ခဲ့လည်း နင်အပိုင်သိမ်းသွားပါ။
ချစ်ခြင်းအားဖြင့်
မကြီးလွမ်း
♫♫လွန်ပါစေ အလွမ်းညတွေ လွန်ပါစေ လွန်ပါစေ..♫♫
ReplyDeleteငါတို့ နှစ်ယောက်ရဲ့ 
ReplyDeleteအဆုံးသတ်လှဖို့ ...
မာယာတွေ မသုံးပဲ
ဟန်ဆောင်မှုကင်းစွာ
နေလိုက်ကြမယ်.။။
နှစ်သက်သွားတယ်ဗျို့ ... :)
မှန်တာပေါ့ မ ရယ်....
ReplyDeleteဘယ်တော့ပဲဖြစ်ဖြစ်
ရိုးသားဖို့သာ အဓိကမို့...
ရိုးသားမှသာ မ ပြောသလို
အဆုံးသတ်လဲ လှမှာမို့...
မ ရေ...မရဲ့ အပိုင်းအစလေးတွေကို
မျှဝေခံစားခဲ့ပါတယ်နော် :)))
ချစ်တဲ့....မိုးနတ်
အလွမ်းတွေကုန်ပြီး အချစ်တွေနဲ့အတူ ဆုံတွေ့ခွင့်အမြန်ဆုံးရောက်လာပါစေ မမရေ :)
ReplyDeleteကဗျာလေးအတိုင်း ...ဖြစ်ပါစေလို့ ..ဆန္ဒပြုလျှက်ပါမမရေ..
ReplyDeleteဟန်ဆောင်မှု တွေကင်းတဲ့ ရိုးရှင်းတဲ့ ဘဝ ဟာ အအေးချမ်းဆုံး ပဲလို့  ထင်မိပါတယ် .... ။
ReplyDeleteဟုတ်တယ် တစ်ယောက်နဲ့ တစ်ယောက်သက်ဆုံးတိုင် ခိုင်မြဲစွာ လက်တွဲဖို့ဆိုရင် မာယာတွေကင်းနေဖို့လိုတယ်..
ReplyDeleteအလွမ်းတွေရှောင်ကာပုန်းရင်း အချစ်တွေသာထင်ပေါလို့ ဟန်ဆောင်မှုကင်းတဲ့အချစ်နဲ့ ချစ်နိုင်ကြပါစေ....ဗျာ...။။။
ReplyDelete