ကျွန်မလေ အရင်က လူတစ်ယောက်ဆီက ယုယမှု နွေးထွေးကြင်နာမှုတွေတောင်းတဖူးတယ်။။
သူရှိရင် ပျော်တယ်.. သူသာ ကျွန်မကို ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့သူ သူသာ ကျွန်မ ဘ၀လို့ 
သူရှိရင် ပျော်တယ်.. သူသာ ကျွန်မကို ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့သူ သူသာ ကျွန်မ ဘ၀လို့ 
ထင်မိခဲ့သေးတာ..ကျွန်မ
တကယ် ရူးခဲ့တာပဲနော်...
တကယ်တော့ ကိုယ့်ရဲ့ ဝမ်းနည်း ၀မ်းသာ ကို အခြားသူတစ်ယောက်က လုပ်ပေးနိုင်တယ်လို့ ထင်လိုက်တည်းက ကျွန်မ အတော်လေးအသိဥာဏ် မဲ့ခဲ့တာပဲ။။
တကယ်ပါ အရင်အချိန်ကဆို ကျွန်မလေ သူကို ကောင်းစေချင်တဲ့ စိတ် သူဘ၀ကို တိုးတက်စေချင်တဲ့စိတ် သူအနာဂတ်တွေကို လှပစေချင်ခဲ့တာပါ။။
ထိုအရာတွေကို ကျွန်မပဲဖြည့်ဆည်း ပေးချင်ခဲ့တာပါ။။ အဲ့လို စိတ်မျိုးနဲ့ အတူ သူနဲ့ ဘ၀တစ်ခုကို ပျော်ရွှင်စွာ လျှောက်လှမ်းချင်မိသေးတယ်။။။
ကျွန်မ တကယ်ရူးခဲ့တာပဲ။။ တကယ်တော့ မဖြစ်နိုင်တာတွေကို တွေးပြီရူးနေခဲ့တာကိုးးးးးး ကိုယ့်စိတ်တောင် ကိုယ်မပိုင်တာ အခြားသူ တစ်ယောက်ရဲ့ စိတ်ကို ပိုင်ဆိုင်ချင်သေးတယ်။။
သူ အနာဂတ် သူ့ အတွေး သူ့ ဘ၀ ဖြစ်ချင်နေမိသေးတယ်။။။ စိတ်တူ ကိုယ်တူဆိုတဲ့ ဘ၀လေးကိုလည်း ပိုင်ဆိုင်ချင်သေးတာ အများတွေပြောနေကြတဲ့ နားလည်းမှုတွေဆိုတာတွေနဲ့ ပေါ့..။
ထို စိတ်တွေနဲ့ အတူ ကျွန်မ အရမ်းကို ပူလောင်ခဲ့ဖူးတယ်။ သူလည်းပူလောင်ခဲ့မှာပါပဲလေ...

သြော် ငါ အတော်လေး ရူးခဲ့တာပါလားလို့ နော်။။
ထို အရာတွေကို ကျွန်မ စွန့် လွှတ်လိုက်တော့ မှ ကျွန်မလိုချင်တဲ့ ပျော်ရွှင်မှု သာယာမှု ငြိမ်းချမ်းမှု ကို ရလိုက်တော့တယ်။။။
တကယ်တော့ ဘယ်သူကမှ ကိုယ့် ဘ၀ကို ပျော်ရွှင်အောင် ငြိမ်းချမ်းအောင်မလုပ်နိုင်ပါလားလို့ သိလိုက်တဲ့ အချိန်ကစ ကျွန်မ ဘ၀ အရမ်းကို အေးချမ်းသွားခဲ့တယ်။။
တကယ်တော့ ကိုယ့်ရဲ့ စိတ်သာလျှင် ကိုယ့်ကို အကောင်း အဆိုးကို ခံစားစေခဲ့တာပါ။။။။။။။။။။။။။။
ထို အရာတွေကို ကျွန်မ စွန့် လွှတ်လိုက်တော့ မှ ကျွန်မလိုချင်တဲ့ ပျော်ရွှင်မှု သာယာမှု ငြိမ်းချမ်းမှု ကို ရလိုက်တော့တယ်။။။
တကယ်တော့ ဘယ်သူကမှ ကိုယ့် ဘ၀ကို ပျော်ရွှင်အောင် ငြိမ်းချမ်းအောင်မလုပ်နိုင်ပါလာ
တကယ်တော့ ကိုယ့်ရဲ့ စိတ်သာလျှင် ကိုယ့်ကို အကောင်း အဆိုးကို ခံစားစေခဲ့တာပါ။။။။။။။။။။။။။။
ချစ်စံအိမ်
၂၄ ၂ ၂၀၁၃..
ကိုယ့်အေးချမ်းမှု့ကိုကိုယ်ဘဲရှာနိုင်တာပါလမင်းရေ
ReplyDeleteတကယ်တော့ ဆုပ်ကိုင်ထားသေးသရွေ့ ပူလောင်နေရတာပါမမ။ လွှတ်ချလိုက်တဲ့ နေ့မှာတော့ အရာရာ အေးချမ်းသွားပါတယ်။ မမတစ်ယောက် အေးငြိမ်းပါစေ။
ReplyDeleteအမြဲအေးချမ်းပါစေလမင်းလေးရေ
ReplyDeleteအမှန်ပါပဲ မ ရေ...
ReplyDeleteမ စာလေးကိုဖတ်ပြီး မိုးနတ်ဖေကြီးပြောတဲ့
တရားနဲ့ တထပ်တည်းပဲလို့ တွေးနေမိတယ် :)
ညီမလေးရေ
ReplyDeleteတကယ်တော့ ကိုယ့်ရဲ့ စိတ်သာလျှင် ကိုယ့်ကို အကောင်း အဆိုးကို ခံစားစေခဲ့တာပါ။
ဒါကအမှန်ဆုံးပါ။ ခုလို ညီမလေး အေးချမ်းနေပြီမို့ ဖြစ်လာမဲ့အနာဂါတ်မှာလည်း
ဆက်လက်အေးချမ်းနေဦးမှာပါ။
ချစ်ခြင်းအားဖြင့်
မကြီးလွမ်း
လာလည်ပါတယ်...မမလမင်းရေ..ညီမလေးကလူသစ်လေးပါ...မလမင်းတယောက်ထာဝရအေးချမ်းမှုကိုပိုင်ဆိုင်နိုင်ပါစေနော်.............
ReplyDeleteမ ရေ အေးချမ်းမှု့ လေးတွေ နဲ့  ပျော်ရွှင်ပါစေနော်
ReplyDeleteလရိပ်လဲ တခုပြီးတခု လွှတ်ချနေတယ်။
ReplyDeleteအရမ်းမှန်တာပဲ မမရယ် :D
ReplyDeleteပျော်ရွှင်ပါစေ မမရေ :)
ReplyDeleteအချိန်အတိုင်းအတာ တစ်ခုခုကို ရောက်သွားရင် ဒီထက်အေးချမ်းမှု ရလာမှာပါ ညီမရေ..
ReplyDeleteပျော်ရွင်အေးချမ်းမူလေးတွေနဲ့ပြီးပြည့်စုံပါစေနော်
ReplyDeleteငါ့အမကြီး
မှန်တာပေါ့ကွယ်..သိပ်မှန်တယ်..။
ReplyDeleteအိမ်မက်လဲ အေးချမ်းဖို့ ကြိုးစားနေသူပေါ့ လမင်းရေ..
ReplyDeleteကိုယ့်စိတ်တောင် ကိုယ်မပိုင်တာ အခြားသူ တစ်ယောက်ရဲ့ စိတ်ကို ပိုင်ဆိုင်ချင်သေးတယ်။။ တဲ့ အဲ့ဒီနေရာလေး အိမ်မက်ကို ပြောနေသလိုပဲ ;)
ဟုတ်ပါတယ် မမရေ...
ReplyDeleteလူတွေက ကိုယ့်စိတ်တောင် ကိုယ် မပိုင်ပါဘူး....
အားပေးနေပါတယ်ရှင်...
ကိုယ့်စိတ်ကို ကိုယ်ဆုံးမနိုင်ရင် အေးချမ်းပြီးပေါ့ အမရေ....
ReplyDeleteဟုတ်တယ်မမရေ.. ကိုယ်ကိုကိုယ်ထက်ပဲ ဘယ်သူက စိတ်ချမ်းသာအောင် ထားနိုင်မှာလဲ..
ReplyDeleteခုတော့လည်း အေးအေးဆေးဆေးပဲလို့ မဆိုနိုင်ပေမယ့် ..
အဆင်ပြေသွားတာ ကြာပါပြီ ..:)
မှန်ပါတယ် မမလမင်း ကိုယ့်ရဲ့ စိတ်သာလျှင် ကိုယ့်ကို အကောင်း အဆိုးကို ခံစားစေခဲ့တာပါ
ReplyDeleteလူဘ၀မှာလည်း ပြီးပြည့်စုံတယ်ဆိုတာမရှိပါဘူး ရှိတာလေးနဲ့နေတတ်ရင်တော့ လောကကြီးဟာ ပျော်စရာကောင်းပါတယ်
မမလမင်းလည်း အစစအရာရာအဆင်ပြေပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)