ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Monday, January 28, 2013

ပန်းလေးရဲ့ ရာဇ၀င်......

မင်္ဂလာပါရှင်.............. ဒီပိုစ့်လေးစတင်ဖြစ်ပေါ်လာပုံက အိမ်မှာစိုက်ထားတဲ့ပန်း အနံကြောင့်လို့ ပဲပြောရမယ်...ပန်းလေးက အရမ်းလှတယ်.. ဒါပေမဲ့ အနံ့ က မကောင်းဘူး။။
အဲ့လိုနဲ့  ပန်းကိုကြည့်ပြီ စိတ်ကူးရတာနဲ့  ပိုစ့်လေးတစ်ပုဒ်တော့ရေးမယ် အကြံရသွားတယ်..:)

ပန်းလေးကြည့်ပြီ ရေးချင်တာက ကျွန်မ တို့ မိန်းမသားတွေကိုလည်း ပန်းလေးတွေနဲ့ နှိုင်းယှဉ်တတ်ကြတယ်။။ ကျွန်မတို့ မိန်းကလေးတွေရဲ့ ဘ၀ကလည်း ပန်းလေးတွေလိုပါပဲ..။
အရောင်အသွးကျော့ရှင်းနေမယ် အနံ့ လေးလည်းမွေးပျံ့နေမယ်ဆို လူတိုင်းက တန်ဖိုးထားမြတ်နိုးတတ်ကြစမြဲပါ။
ပန်းလေးမှာတောင် အရည်အချင်းပြည့်စုံနေမှာ လူတွေရဲ့ အာရုံစိုက်မှု တန်ဖိုးထားမှုတွေကို ရကြသလိုပဲ....ကျွန်မ တို့ မိန်းမသား ဘ၀ဆိုတာလည်း ထိုးနည်းတူပါပဲ။။။
ရုပ်ရည်ကတော့ ချောမော လှပ နေမယ်..  စိတ်ထားမကောင်း အကျင့်စာရိတ္တမကောင်းရင်လည်း လူတွေရဲ့  ရှုတ်ချမှုတွေ အထင်သေးမှုတွေခံရတတ်ပါတယ်။။။ဘယ်လောက်ပဲ ချမ်းသာတဲ့မိသားစုက
ပေါက်ဖွားလာပါစေ အကျင့်စာရိတ္တပျက်နေတဲ့မိန်းကလေးတစ်ယောက်ကို ဘယ်သူမှ အထင်ကြီးကြမှာ
မဟုတ်ပါဘူး။။  ကျွန်မ စိုက်ထားတဲ့ ပန်းကလည်းဈေးကြီးပါတယ်.. လှလည်းလှပါတယ်။။
သို့ သော် သူအနံ့ ကို မကြိုက်လို့  သူရှိတဲ့နေရာကိုမသွားတော့ဘူး.။။ ကိုယ်နဲ့ ဝေးတဲ့နေရာမှာပဲထားလိုက်တယ်။။။ခရေ ပန်းဆိုပါတော့ တန်ဖိုးလည်းမကြီးလှပါဘူး..ဒါပေမဲ့
မြေခတာတောင်ကောက်ယူမဲ့သူက အစဉ်သင့်ရှိတယ်... သူအနံ့ လေးကိုလူတိုင်းကြိုက်နှစ်သက်ကြတာကို..
ကျွန်မ ပြောချင်တာက လူတိုင်းမှာ တန်ဖိုးကိုယ်စီရှိကြပါတယ်။။.. ကိုယ့်တန်ဖိုးကိုယ်မြင့်တင်ပြီနေနိုင်ကြမယ်ဆိုရင်တော့ မလှပေမဲ့လည်း တန်ဖိုးထားမြတ်နိုးတဲ့သူတွေနဲ့ တွေ့ နိုင်ပါတယ်....။။
စိတ်ထားကောင်းပြီ မြတ်သောအကျင့်နဲ့ နေထိုင်ကြသူတွေဟာ ရုပ်မလှ မချောပေမဲ့ လူတိုင်းရဲ့ ချီးကျုးခြင်းကို ခံရတတ်ပါတယ်။။
ကျွန်မ တို့ လူသားတွေဟာ အထူးသဖြင့် မိန်းကလေးတွေပေါ့  မျက်နာ အလှ ရုပ်အလှကိုပဲ ဦးစားပေးပြင်ဆင်တတ်ကြတယ်။။ စိတ်ကိုပြူပြင်.ပြင်ဆင်ကြဖို့ မေ့နေတတ်ကြတယ်။။

ခန္ဓာကိုယ် အတွက်လည်း အားအင်ပြည့်အောင် အစား အသောက်ကောင်းတွေစားကြတယ်။။ အားဆေးတွေမှီဝဲသုံးဆောင်ကြတယ်။။ စိတ်အတွက်တော့ မေ့နေတတ်ကြတယ်။။
ကျွန်မ ကိုယ်တိုင်ပါပဲ..။ အခု မြန်မာပြည်မှာ ညီမငယ်လေးတွေအတွက်လည်း တကယ်ကို စိတ်မကောင်းဖြစ်မိရတယ်။။ ခေတ်မီဖို့  နိုင်ငံတကာနဲ့ ယှဉ်ပြီဝတ်နေလိုက်ကြတာ..
တကယ်ကို မျက်စေ့ထဲ အဆင်မပြေလှဘူး။..  တိုင်းတစ်ပါးမှာ ပေါင်းပေါ် ဒူးပေါ်ဝတ်တာ ကြည့်ရတာ မဆန်းပေမဲ့ မြန်မာလူမျိုး မြန်မာမိန်းကလေးတွေအနေနဲ့ တော့..
ဘယ်လိုမှ အဆင်မပြေလှဘူး။။ ကျွန် မလည်း ညီမလေး နှစ်ယောက်ရှိတယ် အမြဲပြောနေရတယ်.. အ၀တ် အစားဝတ်တာ နေရာဒေသ ကြည့်ဝတ်ပါလို့ ...
ကျွန်မ အခုနေ တဲ့နိုင်ငံမှာ နေကြတဲ့မြန်မာလူမျိုးတွေက ပြောကြတယ် မြန်မာပြည်လည်း ဘာဖြစ်ကုန်တာလည်း မသိဘူးတဲ့ မိန်းကလေးတွေဝတ်တာစားတာ တော်တော်လေးကိုကြည့်ရဆိုးတာတဲ့..
ကျွန်မ ကြည့်မိတယ် တွေ့ ပါတယ်.. ဒီက၀တ်သလောက်ကိုဖြစ်နေတာ.. ဒီက တောင်တစ်ချို့တွေပဲဝတ်ကြတာပါ... တစ်ချို့ဆိုတာ ဖြည့်တွေးပေးပါ။။။။သူတို့ ဝတ်တာက မျက်စေ့ထဲမှာရိုးနေပေမဲ့ ကျွန်မ တို့ မြန်မာ မိန်းကလေးတွေ မြန်မာလူမျိုးတွေအနေနဲ့ တော့ကြည့်ရတာအတော်လေးကိုဆိုးတာ..ကျွန်မ ပြောချင်တာက မိန်းကလေးဆိုတာ ကိုယ့်တန်ဖိုး ကို ကိုယ်တိုင်မြင့်တင်မှ အများကလည်း ကိုယ့်ကိုတန်ဖိုးထားတော့မှာပေါ့ကွယ်... အခု ကျွန်မ စိုက်ထားတဲ့ ပန်းပင်လေးကို အကြောင်းပြုပြီ စဉ်းစားမိတာလေးပါ။။။

ပန်းလေးကလှတယ် အနံ့ ကမကောင်းတော့ အဝေးကနေပဲ ကြည့်နေရတော့တယ်.. အစက ကျွန်မ အိပ်ခန်းထဲ ထားမယ်ပေါ့...
သူအနံ့ ကြောင့် သူ့ အလှကို အနီးကပ်  ခံစားခွင့်မရခဲ့တော့ဘူးပေါ့...
 ပန်းလေးလည်းကြည့်ချင်ကြမယ်ထင်တယ်... တင်ပေးလိုက်ပါတယ်.. ကျွန်မပြုစုပျိုးထောင်လာတာ
အချိန်အတော်လေးကြာမှပွင့်လာတာပါ.. ပွင့်လာတော့ ပန်းလေးက အရမ်းလှတယ်.. ဒါပေမဲ့..............:(
 ပန်းလေးနာမည်က ကပ်တလီယားတဲ့ မင်္ဂလာဆောင်တွေမှာသုံးတတ်ကြပါတယ်။။
လှပါတယ် အနံ့ လေးပဲ မကောင်းတာ............... အနံ့ လေးသာမွေးနေမယ်ဆို အဖိုးမဖြတ်နိုင်တဲ့ပန်းလေး
ဖြစ်မှာသေချာပါတယ်ရှင်.......
ပ.......

15 comments:

  1. ဟုတ်တာပေါ့ ချစ်မရေ..
    သူ့ရဲ့ အလှကို သူ့ရဲ့ ရနံ့ က ဖျက်ဆီးပစ်လိုက်တာပါ..မိန်းကလေးတိုင်း သတိထားသင့်တဲ့ အကြောင်းတရားလေးကို ဒီပန်းလေးနဲ့ ယှဉ်ပြထား သိပ်မှန်တာပဲ..အိမ်မက်လဲ ခုပဲ မြန်မာ မိန်းကလေးတွေရဲ့ ဓါတ်ပုံလေးတွေကြည့်နေတာ.အားလုံးအလှကိုယ်စီရှိကြသူတွေပါ..ဒါပေမယ့် ဘာကြောင့်များ ဒါကို တန်ဖိုး မထားချင်ကြတာလဲ..ဖော်ပြ ချွတ်ပြမှ လှတယ်ထင်နေကြလဲ မသိတော့ပါဘူး ..

    ReplyDelete
  2. စာလာဖတ်သွားတယ်နော်။ ခင်မင်လျှက် (လွမ်း)

    ReplyDelete
  3. ချစ်ညီမ.

    ပန်းလေးရဲ့ ရာဇဝင် ဆိုတော့ ရာဇဝင် ပန်းလေးပေါ့။ မကြီးအားပေးသွားတယ်။ နေကောင်းတယ်မို့လား ညီမလေး။
    ကျန်းမာပျော်ရွှင်ပါစေ။


    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  4. ပြောချင်နေတဲ့စကားတွေကို အမပြောပေးလိုက်တော့..တမျိုးကျေနပ်သွားတယ်။
    မြန်မာပြည်မှာနေပြိး၊ မြန်မာမဆန်ချင်ကြတော့ဘူးအမရယ် :(

    ReplyDelete
  5. အစ်မလမင်းရေ ဒီမိုကရေစီနိုင်ငံစဖြစ်ကတည်းက မဂ္ဂဇင်းတွေမှာ မော်ဒယ်တွေမင်းသမီးတွေ ရင်ပေါ် ဒူးပေါ်တွေပါ။ အဲလိုတွေ ဖြစ်ကုန်ကြတယ်။ အစ်မပြောသလိုနည်းနည်းဆင်ခြင်နိုင်ရင် အရမ်းကောင်းမှာပဲ။ ခရေပန်းကတော့ ရနံ့လေးသင်းနေတော့ မြေမှာကြွေတာတောင် တယုတယ မြတ်မြတ်နိုးနိုးကောက်ယူခံရတယ်ဆိုတာ အရမ်းမှန်တာပဲ။

    ReplyDelete
  6. ပန်းလေးရဲ့ရာဇ၀င်လေးကို အဓိပ္ပာယ်နက်နက်လေးနဲ့တွေးသွားတယ် လမင်းလေးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. လမင်းလေးရေ
    မွှေးသောပန်းကလေးတွေဖြစ်စေချင်တာ မလား
    စေတနာ စိတ်ကလေး ကိုလေးစားသွားပါတယ်

    ReplyDelete
  8. မရေ....အသူပြောသလိုပါပဲ ...
    မိုးနတ်သိပ်ပြောချင်နေတဲ့ စကားတွေကို
    မက ပြောပေးလိုက်တာပါပဲ ....
    ပန်းကလေးနဲ့ ယှဉ်ပြီးပြောပြသွားတာ
    ဥပမာပေးလေးကောင်းတယ်...:)
    ဟုတ်တယ်မ...မြန်မာနိုင်ငံကြီးလဲ
    ဘာဖြစ်နေမှန်းကို မသိတော့ပါဘူးး
    မိုးနတ်လဲ ခေတ်လူငယ်မို့ ခေတ်ဆန်တာ
    ခေတ်မှီတာကို အရမ်းနှစ်သက်ပါတယ်
    ကိုယ့်ကိုယ်လဲ အမြဲဂရုတစိုက်ပြင်ဆင်လေ့ရှိတယ်
    ဒါပေမဲ့ ခုမြင်နေတွေ့နေရတာတွေကကျ
    ခေတ်ဆန်ခေတ်မှီတာကို ကျော်ပြီး ခေတ်လွန်တွေ
    ဖြစ်နေတော့ မြန်မာမိန်းကလေးတွေ အနေနဲ့
    မသင့်တော်ဘူးပေါ့...ဒါတောင်တော်သေးတယ်
    အမေစုက အမြဲမြန်မာလိုလေးဝတ်ပြီး ကတ္တီပါဖိနပ်လေး
    စီးတာကို ခုလိုက်ပြီးဝတ်နေတဲ့သူတွေရှိသေးတယ်ဆိုလို့လေ..
    ဒါတောင် မယုံရပါဘူး ...ကိုယ့်မြန်မာဝတ်စုံကို
    နှစ်သက်သဘောကျလို့ထက် ပေါ်ပင်ကိုများလိုက်နေကြသလားလို့
    မိုးနတ်စိတ်ထဲ တွေးမိတယ်...မြန်မာပြည်ကလူတွေ
    ကောင်းတာကိုသာ အတုမခိုးတတ်ရင်နေမယ်
    မကောင်းတာကိုဆိုရင်တော့ အတုခိုးသိပ်မြန်ကြသလို
    ပေါ်ပင်လဲ သိပ်လိုက်ကြသကိုးးးးးးးးးးးးး :(((

    ReplyDelete
  9. ကူးကူးလှိုင်January 29, 2013 at 8:29 PM

    ပွင့်သောပန်းတိုင်းမွှေးစေချင်တဲ့ စေတနာလေးကို ခံစားမိသွားပါတယ်ရှင်...

    ReplyDelete
  10. အတွေးထဲမှာတော့အမြဲရှိတယ် အဲလိုလေးမရေးတတ်ခဲ့ဘူး

    ကိုယ်မရေးတတ်ခဲ့တာလေးကိုသေချာ ရေးပြနိုင်တဲ့ လမင်းကို လေးစားမိပြန်တယ်
    မဂျီးဂျက်

    ReplyDelete
  11. ဟန်ကြည်January 30, 2013 at 3:09 AM

    ပန်းကလေးတွေချစ်စရာကွယ်...ဦးဟန်ကြည်တို့ဆီက မချောများကတော့ ပန်းနဲ့တူအောင် ပြင်ရင်းပြင်ရင်း အတွင်းသောက်ကျင့်လေးတွေကို ပေယျာလကန် ပြုထားလေတော့ တဖြည်းဖြည်းနဲ့ ခွေးသေးပန်းနဲ့တူကုန်ရော...အခုနောက်ပိုင်းတော့ တီဗီလည်း မကြည့်ဝံ့...သီချင်းနားထောင်ရင်လည်း အရုပ်မဖွင့်ရဲ...ဘာဖြစ်လို့လဲဆိုတော့ မခင်ဟောင်းလောင်းချည့် မြင်နေရတော့ တစ်ယောက်ယောက်များလာရင် ဆရာအတော်ဏှာဗူးကျပါလားလို့ အထင်လွဲကုန်မှာ ကြောက်လို့...

    စကားမစပ် ပန်းနံ့ ( အောက်မြစ်ကလေးထည့်ပါလား ) ပန်းနံ ( နံသောပန်း ) ဖြစ်နေသလားလို့း)

    ReplyDelete
  12. ကျေးဇူးတင်ပါတယ် ဆရာ လမင်းပြင်လိုက်ပါပြီးး

    ReplyDelete
  13. ဟုတ်တယ် မမရေ ... အပြင်ပန်းအလှသာပြည့်စုံနေပြီး အတွင်းကသာ လိုအပ်ချက်တွေနဲ့ မဲညစ်နေမယ်ဆိုရင် အဆင်းသာရှိပြီး အချင်းမရှိတဲ့သူမျိုး အဆင်းသာလှပြီး အနံ့ဆိုးတဲ့ပန်းလေးလိုမျိုးဖြစ်နေတော့မှာပေါ့ ... မမရဲ့ပိုစ့်ကောင်းလေးကို ဖတ်ရှုမှတ်သားပြီး ညလေးလည်း အဆင်းအလှပဲရှိပြီး အနံ့ဆိုးနေတဲ့ ပန်းလေးလိုမျိုး မဖြစ်အောင် နေထိုင်ရမယ် ...

    ReplyDelete
  14. ပန်းသာလှပါစေ အနံဆိုတာနောက်မှပါ ပန်းလေးသာသိပ်လှရင် ဘုရားစင်ပေါ်ပါအမြတ်နိုးတင်တတ်ကြပါတယ်

    ReplyDelete
  15.်facebook မှာတွေ့နေကြဆိုတော့ facebook စတိုင်နဲ့
    (y)...

    ReplyDelete