ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
Wednesday, January 16, 2013
ကျွန်မ ချစ်တဲ့မေမေ..
 မင်္ဂလာပါရှင် မတွေ့ တာကြာပြီနော်.. :)
လူရယ်လို့ ဖြစ်လာကြရင် ကိုယ်ချစ်တဲ့သူ လေးစားအထင်ကြီးတဲ့သူ တစ်ယောက်မက ရှိတတ်စမြဲပါ။။
ဒီလိုပဲ ကျွန်မ ဘ၀မှာလည်း အထင်ကြီးလေးစားတဲ့သူတစ်ယောက်ရှိတယ်။
သူကတော့ ကျွန်မ ရဲ့ မွေးကျေးဇူးရှင် အမေပါ။။ အမေဟာ သူများအမေတွေလိုလည်းပညာတွေ အများကြီးမတတ်ထားသလို စီးပွားရှားကောင်းတဲ့ အမေတစ်ယောက်လည်းမဟုတ်ပြန်ဘူး။။
အိမ်မှာပဲ မယားဝတ်တရား နဲ့ အညီနေထိုင်ပြီ ကျွန်မတို့ ညီမ သုံးယောက်ကိုရှောက်စောက်ရင်နဲ့ ပဲ သူမ ရဲ့ အချိန်တွေကို ကုန်စေခဲ့ပါတယ်.။။
ဘယ်လိုပဲဖြစ်နေပါစေ.. လူတိုင်းမှာ အရည်အချင်းတွေကိုယ်စီပါလာစမြဲ မို့ လမင်းချစ်တဲ့ မေမေဟာလည်း သူမ အရည်အချင်းနဲ့ သူ မ အိမ်ထောင်ရေးကို ပဲ့ကိုင်ရင်..
ကျွန်မတို့ တွေကို ထိန်းကျောင်း ဆုံးမ ပြုစု ပျိုးထောင်ပေးခဲ့ပါတယ်။။
အမေဟာ မောင်နှမတွေထဲမှာ အကြီးဆုံးဖြစ်သလို မိဘကိုလည်းကြည့်ရှုစောက်ရှောက်ခဲ့တယ် ။ မိတွေစကားကိုလည်းနားခံခဲ့သူတစ်ယောက်ပါ။။။
ထိုသို့ သောအရည်အချင်းတွေကြောင့် အမေကို ချစ်သည်. လေးစားခဲ့သည်...လူတော်တော်များများက  အဖေကိုပဲ လေးစားအားကျ အထင်ကြီးတာမျိုးတွေပဲဖတ်ဖူးခဲ့တယ်..။
ကျွန်မကပဲ အမေချစ်သမီးဖြစ်လို့ လား မသိ အမေကိုပဲ လေးစားတယ်  အမေ့စကားသာလျှင် အရာရောက်ခဲ့သလို အမေသာလျင်ကျွန်မကိုလွှမ်းမိုးနိုင်ခဲ့ပါတယ်။။
ထို ကြောင့် ကျွန်မ သည် အဖေရဲ့ အပြစ်တင်ခြင်းကို မကြာခဏဆိုသလို ခံစားရတတ်ပါတယ်။။။
ကျွန်မ ကလေး ဘ၀တည်းက အဖေမေးတတ်တဲ့စကား အဖေနဲ့ အမေကို ဘယ်သူပိုချစ်လည်းဆို မစဉ်းစားပဲဖြေတတ်တာက အမေကို ပိုချစ်တယ်ဟူသည်..။။
အဖေ မျက်နာပျက်သွားမှသာ အဖေကိုလည်း ချစ်ပါတယ်ဟု ဖြေသိမ့်ပေးတတ်ခဲ့သည်။။
အမေဟာ ကျွန်မကို ဘယ်လောက်အထိလွှမ်းမိုး နိုင်လည်းဆိုရင် အမေပြောလိုက်တဲ့စကားဟာ ကျွန်မ အတွက် ဘယ်လောက်ပဲခက်ခဲနေပါစေ ဖြစ်အောင်လုပ်ပေးခဲ့ နားခံခဲ့တာကြီးပါပဲ...။
အမေစကားသာလျှင် ကျွန်မ ခေါင်းထဲရောက်သည်.. အမေစကားသာလျှင် အတည်ဖြစ်ခဲ့ပါတယ်။။။
ထို့ ကြောင့် အဖေကတော့ ကျွန်မကို မကြည်လင်ခဲ့ပါဘူး။။။ အငယ်နှစ်ယောက်ကတော့ အဖေမှ အဖေဖြစ်ကြသည်.။။။
အမေကို ချစ်တယ် ကြောက်တယ် လေးစားတယ် .. ကျွန်မ သည် အမေကို ဘာကြောင့်ချစ်တာလည်းဆိုတာ အကြောင်းပြချက်တော့ ခိုင်ခိုင်မာမာ မရှိခဲ့ပေမဲ့ အမေနဲ့ နေတာများတာပါသလို
အမေဟာ တည်ကြည်ပြီ  အားလုံးက လည်း ချီးကျူးတတ်ကြပါသည်.။။ အမေရဲ့ ကောင်းတဲ့ အကျင့်က သူများ အတင်း မပြောတတ်သလို သူများလာပြောလည်းနားမထောင်တတ်ဘူး။။ ငယ်ငယ်က ကျွန်မတို့ ကရွာမှာနေကြတာ ရွာဆိုတာက တစ်ယောက်အကြောင်းတစ်ယောက်ပြောပြီ အပြစ်တင်နေကြတတ်တာမျိုးလေ.. အမေရဲ့ ထူးခြားချက်က တစ်ယောက်တည်းသီသန့် နေတတ်တာ
အားနေရင် ပုတီစိပ်နေတတ်တယ်.. အဲ့လိုမှမဟုတ်ရင်ကျွန်မတို့  တို့ ညီမတွေနဲ့ စကားပြောတယ် ။။ ဘယ်တော့မှဆုံးမတဲ့လေသံမျိုးမသုံးဘူး။။
အမေနေသလိုနေ ဆိုတဲ့အမူအရာနဲ့ ပဲပြတတ်တယ်။။။ ရှေ့တမျိုး ကွယ်ရာတစ်မျိုး အမေ မပြောတတ်သလို သူမ မုန်းသော အရာသည်လည်း ထိုအရာဖြစ်သည်...။။
အမေဟာ ကရင်လူမျိုး ပီပီ ရိုးသားသည် ပွင့်လင်းသည် ဖြောင့်မတ်တည်ကြည်သည်.. အမေနှုတ်ကနေဆဲတာမျိုးကို ကျွန်မ တစ်သက်မကြားခဲ့ဖူးသလို ကျွန်မတို့ ဆဲမိရင်လည်းထိုက်သင့်တဲ့အပြစ်ကို
ပေးတတ်ပါတယ်.. ကျွန်မ ငယ်ငယ် က တစ်ခါ ဆဲဖူးတယ်.. သူငယ်ချင်းတစ်ယောက်နဲ့ ရန်ဖြစ်ရင် အမေကြားသွားလို့ အပြစ်ပေးခံရတာကို ကျွန်မ မေ့လို ရမယ် မထင်တော့ဘူး။။
ထို အချိန်က စ ကျွန်မ ဘယ်တော့မှမဆဲတော့ပါ။။။ :)  အမေပေးခဲ့တဲ့ အလေ့ အကျင့်ကောင်းတွေက  မနက်နိုးတာနဲ့ ရေ တစ်ခွက်သောက် မျက်နာသစ်ပြီတာနဲ့ ဘုရားခန်းထဲရောက်တတ်တာရယ်။။
 သူငယ်ချင်းများများ မထားတတ်ခဲ့ . တရားစာ အုပ်များသာ ဖတ်တတ်ခဲ့..အိမ်သန့် ရှင်းရေးကို ပိုင်နိုင်ခဲ့    သနပ်းခါးကိုသာ စွဲမြဲစွာလိမ်းတတ်ခဲ့ ပြီ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဘ၀ကို လျှောက်လှမ်းခဲ့သူဖြစ်လာခဲ့တယ်။
ရှက်ရှက်နဲ့ ဝန်ခံရရင်  အမေ ကျွန်မကို အားမရခဲ့တာ ငရုပ်သီးထောင်တာပါ.. ကျွန်မရဲ့ လက်နှစ်ဘက်စလုံးက ညောင်းတတ်တယ် ဟင်းတွေပါတွေဆိုလည်း ကြာကြာမမွှေနိုင်ဘူး..:D
ထိုကြောင့် ထမင်နဲလည်းမထိုးနိုင်ပါ..:D  အမေပြောတတ်တဲ့စကားက မိန်းမလေးဆိုတာ အိမ်မှုကိစ္စနိုင်ရမယ် ။ မလုပ်ချင်နေလို့ ရတယ်။။ မတတ်တာမျိုးမဖြစ်စေနဲ့ တဲ့...
အမေဟာ ကျွန်မ မျက်လုံးထဲက အလှဆုံးသော အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့တယ်။။ အမေ မိတ်ကပ်လိမ်းတာ ကျွန်မ တစ်သက် မမြင်ဖူးသလို ကျွန်မတို့ ကိုလည်း ကိုယ်တိုင်သနပ်ခါးသွေးလိမ်းပေးတတ်တာမျိုးပါ။။
 သနပ်ခါးလိမ်းပေးတိုင်တဲ့ အမေပြောတတ်တဲ့ စကား  သမီး အသက်( ၂၅)နှစ် ကျော်မှ မိတ်ကပ် စမ်းလိမ်းချင်လိမ်းကြည့်ပါတဲ့ ဒါဟာ မိတ်ကပ်ရဲ့ အကောင်းအဆိုးကို နားလည်းအောင်ပါတဲ့။။
အမေ ချစ်သမီးပီပီ  မိတ်ကပ်ကို မလိမ်းခဲ့ပါဘူး။။ အခု ကျွန်မ အသက် (၂၉) ဖြစ်ပြီ  မိတ်ကပ်လိမ်းသင့်တဲ့အရွယ်ရောက်နေပါပြီ .. အကျင့်မရသေးလို့ မလိမ်းတတ်ခဲ့ပြန်ဘူး။။
မျက်နာပေါ်မိတ်ကပ်တင်လိုက်တာနဲ့ ပူလာတယ်.. ဘာဖြစ်တာလည်းမသိဘူး။။ :(
အမေကို ဖုန်းဆက်တုန်းက မေးဖူးတယ်.။ အမေ သမီး မိတ်ကပ် စမ်းလိမ်းကြည့်ရမလား  ။ လိမ်းသင့်တယ်ထင်ရင်လိမ်းပေါ့ သမီး ..ဒါမှ မိတ်ကပ်လိမ်းတာ ဘာထူးခြားလည်း ဘာမကောင်းလည်းဆိုတာသိရမှာပေါ့တဲ့..
အမေ တစ်သက်တော့ တစ်ခါမှ မလိမ်းဖူးတဲ့ အမေ မလိမ်းလို့ သမီးတို့ မလိမ်းရဘူးဆိုတာမျိုးမဖြစ်စေချင်ဘူးတဲ့ သမီးစမ်းကြည့်ပါဆိုလို့  ဈေးကြီးပေးဝယ်ပြီ မလိမ်းတတ်လို့ လက်ဆောင်ထုတ်ထဲ ပါသွားလေရဲ့ :D
အမေစကားနားထောင်ခဲ့တဲ့ ကျေးဇူးကတော့ ကျွန်မ ဘယ်တုန်းကမှ ဒုက္ခ မရောက်ခဲ့ဖူးတာပါပဲ။။အလုပ်တစ်ခုခုလုပ်တော့မယ်ဆိုလည်း အမေကို တလိုက် ကန်တော့လိုက်တာနဲ့ အားလုံး အဆင်ပြေသွားတတ်တာလည်း ကျွန်မ ရဲ့ ယုံကြည်မှုတစ်ခုလိုဖြစ်လာခဲ့တယ်။။။ ဘာကြောင့် အမေ အကြောင်းတွေရေးနေမိပါလည်း အမေကို အရမ်းလွမ်းနေတယ် အမေလည်း ကျွန်မကိုလွမ်းနေတာသေချာနေပါတယ်။။  သတင်းတစ်ခု အနေနဲ့  အမေရှိတဲ့ မြန်မာပြည်ကို  ၃ လပိုင်း ပြန်မယ်လို့ ဆုံးဖြတ်ထားပါတယ်။။။ဘလော့ဂါများနဲ့ လည်းအားရင်အားသလိုတွေ့ ဖို့ စိတ်ကူးထားပါကြောင်း
ခြင်းဖြစ်ပါကြောင်း.. စာဖတ်သူတို့ သည် စာရေးသူတို့ ရဲ့ အားဆေးမဟုတ်ပါလားရှင်.. မန်ဘာတောင်တိုးလာလို့ အားနာစိတ်နဲ့ စိတ်ထဲရှိတာလေရေးချလိုက်မိပါသည်။။။
အားလုံး ကျန်းမာပျော်ရွှင်ကြပါစေ... ကျေးဇူးတင်ပါသည်..
16 comments:
  1. မေမေ ချစ်တဲ့သမီးလေး ပျော်ရွှင်ပါစေကွယ်
    ReplyDelete
  2. အမေချစ်သောချစ်သ္မီး လေး
    သ္မီးချစ်သောအမေနဲ့အတူတူသက်ထက်ဆုံးတိုင်
    ပျော်ရွင်ချမ်းမြေ့ပါစေနော်
    ReplyDelete
  3. ချစ်တဲ့မေမေနဲ့အမြန်ဆုံးပျော်ရွှင်စွာဆုံတွေ့နိုင်ကြပါစေ လမင်းရေ .
    တို့နဲ့တော့မတွေ့တော့ဘူးကွယ် ကိုယ်က နှစ်လပိုင်းပြန်မှာမို့ပါး)
    ချစ်တဲ့
    ဂျာရစ်
    ReplyDelete
  4. ကျွန်မ ချစ်တဲ့မေမေ.. ရသလေးအရမ်းကောင်းတယ်အမရေ
    အားပေးသွားပါတယ်
    ReplyDelete
  5. အမေကိုရင်ထဲအမြဲ ခံစားတတ်တဲ့သူလေး
    ဘုရားသခင်စောင့်လျှောက်ပါစေလို့
    ReplyDelete
  6. ကျွန်မချစ်တဲ.မေမေ
    မေမေချစ်တဲ.ကျွန်မ(ခ)လမင်းလေးတို.ကျန်းမာပျော်ရွှင်စွာ
    ဖြင်.အမြန်ဆုံးတွေ.ဆုံနိုင်ကြပါစေကွယ်။
    ခင်တဲ.အန်တီလေးမေခင်
    ReplyDelete
  7. လမင်းရေ အမေကိုချစ်တဲ့စိတ်ကိုလေးစားပါတယ်
    အစစအရာရာအဆင်ပြေပါစေ .....
    ReplyDelete
  8. လမင်းချစ်တဲ့ အမေနဲ့ အမြန်ဆုံး ဆုံတွေ့နိုင်ပါစေ ။
    ReplyDelete
  9. အားပေးသွားပါတယ်ဒကာမရေ။ သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။
    ReplyDelete
  10. ငရုပ်သီးမထောင်းတတ်တာ ရှက်စရာမှမဟုတ်တာ လမင်းလေးရယ်။
    လမင်းချစ်တဲ့မိခင်အကြောင်းသီကုံးထားတာလေးတွေ ဖတ်သွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  11. မြန်မာပြည်ပြန်လာရင်တွေ့ချင်ပါသေးတယ်မမရေ။
    မန်းလေးILBCကိုလာရင်အသူရှိတာပေါ့။။:)
    ReplyDelete
  12. မမလမင်းရေ...မိုးနတ်လဲ မမနဲ့တွေ့ချင်တယ်..ဒါပေသိ တွေ့ဖို့က
    မလွယ်ဘူးထင်ပါ့....:(
    မမလမင်းလဲ မေချစ်ပဲလား...မမနဲ့ မိုးနတ်နဲ့တူတူပဲသိလား....:)
    အမေချစ်တဲ့မမလမင်းရော မမလမင်းကိုချစ်တဲ့မေမေရော
    ကျန်းမာချမ်းသာ ဘေးကင်းပျော်ရွှင်ကြပါစေ....:)
    ချစ်တဲ့....ညီမလေးမိုးနတ်
    ReplyDelete
  13. ဆန္ဒတွေပြည့်ပါစေဟာ...
    ReplyDelete
  14. အမြဲတမ်းပျော်ရွှင်ပါစေလို့ ...
    အိုင်အိုရာ
    ReplyDelete
  15. အစ်မလမင်းရေ အနော်လဲ မေမေ့ကို အရမ်းချစ်တာပဲ။ အစ်မလမင်း စာတော့ရေးပါနော်။ ဒီကိုပြန်လာရင် အစစအရာရာအဆင်ပြေမှာပါ။ မိဘစကားနားထောင်တဲ့သားသမီးဟာ ဘယ်တော့မှ ဒုက္ခမရောက်ဘူးအစ်မရဲ့။
    ReplyDelete
  16. အမြဲအားပေးနေပါတယ်ရှင့်
    ReplyDelete