ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Tuesday, June 5, 2012

စိတ်ထဲရှိရာကဗျာတိုလေးများ....

ဆုံစည်းမှု ပန်းခင်တိုင်းရဲ့ အောက်မှာ....
ကွဲကွာမှုချောက်တစ်ခုရှိမှန်းသိလျက်နဲ့ ...
ငါခြေလှမ်းတွေကို အဲဒီဆီကို.....
တည့်တည့်မက်မက် ပြတ်ပြတ်သားသားဆွဲလှည့်ခဲ့ဖူးတယ်။။


ခဏဆုံဆည်းခွင့်ဆိုတာ
နေသားကျပြီးထုံနေတဲ့
အထီးကျန်ခြင်း အနာပေါ်ကို
တုတ်လေးတစ်ချောင်းပြုတ်ကျလာခြင်းပါပဲ။။


ကြွေရှာတဲ့သစ်ရွက်တွေမှာတောင်
ခိုစရာမြေပြင်ရှိသေးတယ်..
ဝေဒနာနဲ့ နှစ်ရက်တွေမှာ
ငါငိုစရာရင်ခွင်မရှိဘူး။။

အားလုံး အမြင်မှာတော့
ငါဟာအကောင်းပကတိ
မျှော်လင့်ခြင်းထဲ မင်းမရှိတဲ့
ချိန်ကစ ငါဟာ ဒုက္ခိတ.။။။

အစဉ်ထာဝရ သတိရ..
မတွေ့ ဖြစ်ပေမဲ့လည်း
ရွေ့ လျှားနေတဲ့ အချိန်တိုင်းမှာ..
ချစ်သူ အသံ ချစ်သူ အပြုံး
မှန်ဆလွမ်းခဲ့ရပေမဲ့
ချစ်သူရော လွမ်းနေမှာလား..
သက်ပြင်းကို ခါခါချ..
မှန်းဆမိတယ် ချစ်သူရယ်..





ဥတုရာသီပူလောင်ခြင်းက
ငါ့ရင်ထဲကအပူများကိုနိုင်ပါ့မလား
ရင်နဲ့ မမျှ ပူလောင်ခြင်းက
ဘယ်သူကြောင့်ရယ်
ယိုးမယ်မဖွဲ့ တော့ပါ..
ဘယ်သူမပြုမိမိမှုရယ်..
ပိုးဖလံမျိုးမီးကိုတိုးလို့
ကိုယ်မွှေးတဲ့မီးကိုယ်မှ မငြိမ်း
မည်သူငြိမ်းမည်နည်း..
သဗ္ဗေသတ္တာ ကမ္မသကာ
ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ
ပူလောင်အောင်ဖန်ဆင်းနေမှာတော့
ပူပြီပေါ့..



ဒီကဗျာတွေ တစ်ချို့ က လမင်းရေးတာ ကျန် ကဗျာလေးတွေက
မည်သူရေးသလဲဆိုတာ လမင်းရှာမတွေ့ ပါဘူး။ ကဗျာလေးတွေကတော့ကြာပါပြီ..
မှတ်မိတာလေးတွေနဲ့ စိတ်ထဲရှိတာချရေးလိုက်တာပါ. တကယ်လို့ များကဗျာပိုင်ရှင်များသိပါက
ရေးသွားပေးကြပါလို့ .. တစ်ချို့ ကဗျာကတော့ ရှာတွေ့ မယ် မထင်ဘူးနော်.. :P
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ...

10 comments:

  1. ကဗျာလေးတွေ လာရောက်အားပေးသွားတယ် လမင်းလေးရေ။
    ကံရဲ့စေစားရာကို ငြင်းဆန်လို့မရတဲ့ လူသားတွေပေါ့နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. အားလုံး အမြင်မှာတော့
    ငါဟာအကောင်းပကတိ
    မျှော်လင့်ခြင်းထဲ မင်းမရှိတဲ့
    ချိန်ကစ ငါဟာ ဒုက္ခိတ-----
    ကဗျာတွေအားလုံးကောင်းတယ်လမင်းရေ

    ReplyDelete
  3. ကဗျာလေးတွေဖတ်သွားပါတယ်ခင်ဗျာ

    ReplyDelete
  4. အမှားပြင်ဆင်ချက်.....
    - သဗ္ဗေသတ္တာ ကမ္မတ္တကာ (သဗ္ဗေသတ္တာ ကမ္မဿကာ)
    ဘုရားဟောမို့..ပြင်ဆင်ပေးတာပါ...ဆရာဝင်လုပ်တာမဟုတ်ပါဘူးဗျာ...

    ReplyDelete
  5. တွတ်တွတ်ကိုတော့သတိထားရတော့မယ်.. နာခဏခဏမှားပုံနဲ့တော့ တွေ့ ကြပြီ..
    လူပျိုကြီးတွေကစေ့စပ်သေချာတယ် ကြားဖူးတယ်..
    ခဏခဏလာပြီ စာလုံးပေါင်းပြင်ပေးတော့ တွတ်တွတ်ရေ :P

    ReplyDelete
  6. ညီမလေး။။။ ကဗျာလေးတွေ လာရောက်ခံစားသွားတယ်။

    မကြီးလွမ်းကလည်း (စံပယ်နဲ့တူတယ်။) အကြိုက်
    အားလုံး အမြင်မှာတော့
    ငါဟာအကောင်းပကတိ
    မျှော်လင့်ခြင်းထဲ မင်းမရှိတဲ့
    ချိန်ကစ ငါဟာ ဒုက္ခိတ-----


    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  7. ကြွေရှာတဲ့သစ်ရွက်တွေမှာတောင်
    ခိုစရာမြေပြင်ရှိသေးတယ် . . .
    ဝေဒနာနဲ့ နှစ်ရက်တွေမှာ
    ငါငိုစရာရင်ခွင်မရှိဘူး

    ဒီစာသားလေး အရမ်းမိုက်တယ်

    ReplyDelete
  8. ကဗျာလေးတွေကို လာဖတ်သွားတယ် ညီမရေ...

    ReplyDelete
  9. စိတ်ထဲရှိတဲ့ ကဗျာတိုတွေကို ရင်ဘတ်နဲ့ အသေအချာခံစားသွားပါတယ်ရှင်.. ကဗျာလေးတွေက ကောင်းလှပါတယ်။

    ReplyDelete
  10. ကြွေရှာတဲ့သစ်ရွက်တွေမှာတောင်
    ခိုစရာမြေပြင်ရှိသေးတယ်..
    ဝေဒနာနဲ့ နှစ်ရက်တွေမှာ
    ငါငိုစရာရင်ခွင်မရှိဘူး။။

    အဲ့ဒီစာသားလေးသဘောကျတယ် မကြီးလမင်းရေ.....

    ReplyDelete