ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Friday, December 7, 2012

တို.ဟူးသုပ်စားကြမယ်...

မင်္ဂလာပါရှင်... လမင်းပိုစ့်သစ်မတင်တာနည်းနည်းကြာသွားတယ်...အခုတလောစိတ်လေနေတာနဲ့ 
စာရေးဖို့ လည်းအာရုံမရဖြစ်နေတယ်... ဘလာ့လေးသရဲခြောက်မှစိုးတာကြောင့် အိမ်မှာ လုပ်စားဖြစ်တဲ့
တို.ဟူးလုပ်နည်းပဲတင်ပေးလိုက်ပါတယ်... :)ကိုယ်နည်းနဲ့ ကိုယ်ပေါ့....

ပဲမှုန့်ကိုတော့ကြိုက်နှစ်သက်ရာသုံးနိုင်ပါတယ်..မနက်တို.ဟူးလုပ်မယ်ဆို...  ပဲ မှုန့် တစ်ခွက်ကို ရေ တစ်ခွက်နဲ့ ဖျော်ပြီ ညအိပ်ထားပါတယ်... ပဲနဲ့ မတည့်တဲ့သူများအတွက်အလွန်အဆင်ပြေပါတယ်..ဗိုက်မပွတော့ပါဘူး။။
မနက်ကျိုတော့မယ်ဆို ကျိုမဲ့အိုးထဲကို မနက်ကချိန်တဲ့ခွက်နဲ့ ပဲ ရေ ၂ ခွက်ထည့်ပါ
ရေဆူလာပါက ညက ဖျော်ထားတဲ့ပဲမှုန့် ရေထည့်ကျိုပါ ၁၅ မိနစ်ဆိုရပါပြီ။။
အလုပ်မရှုပ်ချင်ရင်တော့  ပဲ ၁-ဆ၊ ရေ  ၃-ဆ ဖျော်ပြီးကျိုလည်းရပါတယ်.. ဆားနည်းနည်း နနွင်းထည့်ချင်လည်း နည်းနည်းထည့်နိုင်ပါတယ်.. လမင်းတော့မထည့်ဘူး..။။

ဖျော်ထားသောပဲရည်
၁၅ မိနစ် လောက်ကျိုပြီး အအေးခံပြီးသုပ်စားလို့ရပါပြီ
တို့ဟူးးသုပ်က ရှောက်ရွက်နဲ့ ပိုလိုက်ပါတယ် လမင်းတို့ ဆီမှာတော့မရှိလို့ နံနံပင်ပဲပေါ့ ကြက်သွန်ဖြူပါထည့်သုပ်ပါတယ် ဆီချက် ပဲမှုန့်  ငံပြာရည် မန်ကျည်းရည် ရသာမှုန့်  ငရုပ်သီးမှုန့် ရှိတာနဲ့  သုပ်စားလို့ ရပါပြီ ဟင်းအဖြစ်ထမင်းနဲ့ စားရတာ အဆင်ပြေသလို အဆာပြေလည်းစားလို့ ကောင်းတဲ့တို့ဟူးသုပ်ပါ အမိမြေ အလွမ်းပြေပေါ့..ကျန်တို့ဟူးများကို ကြော်စားလို့ လည်းကောင်းပါတယ်.. နောက်တစ်ခုပြောချင်တာ အရင်ပိုစ့်မှာ လမင်းဘလော့ဂါတွေနဲ့ အပြင်မှာတွေ့ ချင်တယ်ဆိုတာ တကယ်ပြောတာပါရှင်... အားလုံးနဲ့ လည်းခင်မင်ချင်ပါတယ်.. တစ်ခုပဲ လမင်းကအပြင်မှာ စကားနည်းသလို ဘလော့ဂါထဲမှာ ဆက်ဆံရေး အညံ့ ဆုံးထင်တာပဲ စိတ်ရင်းအမှန်ကတော့ အရမ်းကိုခင်တတ်ပေမဲ့ စကားပြောမကောင်းသလို ဘလော့ဂါတွေနဲ့ လည်း လမင်းသိပ်မသိဘူး သီးသန့် နေတတ်တဲ့အကျင့်ဖြစ်နေတာကြောင့်ထင်ပါတယ်... အခုအခြေအနေနဲ့ တော့ ဘယ်လိုမှတွေ့ ဖို့ မဖြစ်နိင်တာရယ်ကြောင့်ပါ။။။အားလုံးကိုခင်ပါတယ်ရှင်... ကျေးဇူးတင်ပါတယ်။။
ခုနှစ်ရက်သားသမီးအပေါင်းကျန်းမာပျော်ရွှင်ကြပါစေ...

13 comments:

  1. နေမကောင်းနေဘူးဆိုပေမယ့်တိုဟူးသုပ်လေးမြင်တော့လဲစားချင်တယ် လမင်းကဒါလဲဖြစ်တာပဲနော်.ငါ့ညီမလေးတော်တယ် တိုဟူးလုပ်ထားတာလေးကတကယ့်စားချင်စရာပါ...

    ReplyDelete
  2. အမယ် လမင်းလေးရဲ့ တို့ဟူးသုပ်လေးက စားချင်စရာပါလား။
    ဖွယ်ဖွယ်ရာရာလေးတွေလည်း လုပ်တတ်သားပဲ တော်တယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. မမ လမင်းဆီလာလည်သွားတယ်နော်
    ဗိုက်ဆာနေပါတယ်ဆို တိုဖူးလေးတွေတွေ့ပိုတောင်ဆာသွားတယ်
    မမ လမင်းက မုန့်တွေဟင်းတွေ ချက်တာတော်တော်စုံတယ်နော်
    နောက်ဆိုဧည့်သည့်လာလုပ်မှထင်တယ်
    ပျော်ရွှင်နိုင်ပါစေ
    ခင်တဲ့(အိပ်မက်ကောင်းကင်)

    ReplyDelete
  4. ဟုတ်စာပြီးသွားပါပြီ ပန်းကန်တွေဆေးပေးနော...ဝ

    ReplyDelete
  5. အကြံတူတယ်ဟေး။....
    မကြီးလွမ်းလည်း တို့ဟူးသုပ်စားတယ်။
    ချားချင်စိတ်တွေပေါက်ပေါက်လာလို့။အဟဲ
    ကောင်းမှကောင်းစ်...............

    ReplyDelete
  6. တို့ဖူးသုပ်ကြိုက်တယ် :D :D

    ReplyDelete
  7. အိမ်ရောက်မှ
    အမေ့ကိုသုတ်ကျွေးခိုင်းရမယ်.....။

    ReplyDelete
  8. ၁၅ မိနစ်နဲ့တို့ဟူးဖြစ်လို့လားးး
    မုန်ပဲကျိုဘဲဖြစ်တော့မယ်ပေါ့
    ကျနော်ငယ်ငယ်ကတို့ဟူးကျိုရင် နေ့တစ်ဝက်လောက်ကြာတယ်မှတ်တာ
    လက်တောင်ညောင်းတယ်...

    ReplyDelete
  9. ပင်ပန်းတာတွေမလုပ်ပါနဲ့ဆို လုပ်ပြန်ပြီ။
    စားချင်လိုက်တာ။ ဒီတစ်လော ဒီတိုဖူးနဲ့ပတ်သက်တာတွေကြီးဘဲ တင်နေကြတယ်။ သူများစားချင်တယ်။

    ReplyDelete
  10. လာတာနောက်ကျသွားတယ် ကျန်ရောကျန်သေးရဲ့လား ။

    ReplyDelete
  11. စားလို့ကောင်းမဲ့ပုံ.. စားချင်လိုက်တာ.... လုပ်တော့မလုပ်ချင်ဘူးးး အဟဲ...

    ReplyDelete
  12. တိုဟူးသုပ်စားမယ် ချန်မထားနဲ့။ တိုဟူးကြော်လဲကြိုက်တယ်။ အကြော်ကို ပိုကြိုက်တယ်။

    ReplyDelete
  13. အမလုပ်ထားတာလေးတွေကိုမှတ်ထားပြီး
    သူ့ကိုလုပ်ကျွေးခိုင်းမယ်
    ဟီးး
    နောက်ကျမှေ၇ာက်လို့ပုဂံလာဆေးတယ်ဗျို့.........

    ReplyDelete