ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
Sunday, November 25, 2012
အမှတ်တရနေ့ 
လမင်းသဏ္ဍာန် ချစ်သူ့ဟန်ကို
စိတ်မှာစွဲထင် အမြဲပင်လို
အသည်းတွင် ပဲ့တင်ထပ်အောင်
ရစ်ပတ်နှောင်ဖွဲ့  ချည်ထုံးမည်။…..
ရင်မှာချစ်ခြင်း ပျိုမြစ်ခြင်းနဲ့
ယိုယွင်းဘယ်ခါ မရှိပါပဲ
ရင်နဲ့ရင်းသူ ချစ်ရသူကို
သက်ထက်ဆုံးတိုင် ချစ်သွားမည်။…..
ချစ်သူရေးတဲ့ကဗျာ :)
ဝေးကွာခြင်းရဲ့ တစ်ဘက်ဆီမှာ
ချစ်ခြင်းမေတ္တာတွေနဲ့ လမ်းခင်းထားတယ်
ချစ်သူ...........
ပြန်ဆုံမဲ့ရက်တွေကို
သစ္စာတရားတွေနဲ့ 
လျှောက်လှမ်းရင်းပေါ့.....
နှလုံးသားတွေ
နီးနေသမျှ
နီးခြင်းဝေးခြင်းဆိုတာ
ငါတို့ နှစ်ယောက်နဲ့ 
လုံးဝမသက်ဆိုင်
ပျော်ရွှင်ကြည်နူးဖို့ 
အချိန်ကိုတမ်းတရင်.းးးး
နေ့ရက်တွေကို..
ခဏမေ့ထားလိုက်ကြမယ်..
 ချစ်သူ..
 ကိုယ်ရေးထားတာ ..:D
ဘာလိုလိုနဲ့ လမင်းတို့ ချစ်သူသက်တမ်း(၁) နှစ်ပြည့်ခဲ့ပြီးး
မဖြစ်နိုင်ဘူးဆိုတဲ့ခေါင်းစဉ်အောက်မှာ ပြဿနာပေါင်းများစွာနဲ့ 
ငိုခဲ့ရတဲ့ရက်တွေရှိခဲ့သလို ပျော်ရွှင်ကြည်နူးခဲ့တဲ့အချိန်လေးတွေလည်းရှိခဲ့ဖူးတယ်။။။
 ဘာပဲဖြစ်ဖြစ်ပေါ့ .ချစ်ခြင်းမေတ္တာကိုအရင်းခံ နားလည်မှုတွေနဲ့ 
ခရီးဆက်ကြရင်းသစ္စာတရားကိုအဖော်ပြု သက်ဆုံးတိုင်ချစ်သွားကြမယ်နော်..
birthday wish လုပ်ပေးကြသော မောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်..
ဘာမှမကျွေးလိုက်ရလို့ စိတ်မကောင်းဖြစ်မိပါတယ်..အပြင်မှာတွေ့ ကြရင်အရမ်းကောင်းမှာပဲဆိုတဲ့စိတ်ကူးနဲ့ 
ဘလော့ဂါများအားလုံးကိုတွေ့ ချင်ပါကြောင်း...:)
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ........။
16 comments:
  1. ချစ်သက်တမ်းလေး ဒီထက်မကခိုင်မြဲပါစေ
    ချစ်ရသူနဲ့ ထာဝရ တူတူလက်တွဲပြီး ပျော်ရွှင်ပါစေ
    နှစ်ယောက်စလုံးရေးထားတဲ့ကဗျာလေးကိုခံစားရင်း
    လမင်းလေးကိုချစ်တဲ့ sis jasmine
    ReplyDelete
  2. ကဗျာလေးက လန်းလိုက်တာ
    တွေ့ချင်တယ်ဆိုတာ လမင်းဂယ်ပြောတာလား။
    ခင်မင်တဲ့
    ReplyDelete
  3. ၁ နှစ် ကနေ ရာသက်ပန် ရိုးမြေကျ ပေါင်းနိုင်ကြပါစေ
    လမင်းလေးရေ
    ပျော်ရွှင်စရာတွေ နဲ့ ပြီးပြည့်စုံးပါစေကွယ်
    ReplyDelete
  4. ကဗျာကောင်းလေးတွေကို ခံစားရင်း ကြည်နူးရပါတယ် မမလမင်းရေ...
    ချစ်သူနှစ်ယောက် ရိုးမြေကျလက်တွဲနိုင်ပါစေနော်....
    မိုးနတ်တို့ကိုတွေ့ချင်တယ်ဆိုတာ တကယ်လားဟင်...မိုးနတ်ကလဲ
    မမလမင်းတို့ကို တွေ့ချင်နေတာပါ..အပြင်မှာသိပ်ကိုမြင်ဖူးချင်မိတယ်လေ
    ချစ်တဲ့......မိုးနတ်
    ReplyDelete
  5. ကဗျာလေး ကောင်းပ... ချစ်သူနဲ့ ထာဝရ လက်တွဲနိုင်ပါစေမမရေ....
    ReplyDelete
  6. အမနဲ့အကို(ချစ်သက်တမ်း)
    ယနေ့(၁)နှစ်ပြည့်သောနေ့လေးမှစပြီး
    နောင်နှစ်ပေါင်းများစွာတိုင်အောင်ပျော်ရွင်စွာနဲ့
    ဘဝခရီးကိုအတူတူကျော်ဖြတ်နိုင်ပါစေ....
    ခင်တဲ့........................ဥာဏ်ဇော်+ခိုင်ဖူးရှိန်
    ReplyDelete
  7. ဟိုနေကလေ မမလူကြီးနနဲ့ တွေ့ တယ် ၀လည်း ဘာကြောရမန်မတိဘူးလေ
    ReplyDelete
  8. လေးလုံးစပ် ကဗျာလေး အရမ်းကောင်းတယ်..အောက်က ကဗျာလေးက ခံစားချက် အပြည့်ပဲ.သိပ်ချစ်ကြလို့ ထင်ပါရဲ့နော်..း))
    လာမယ့်နေ့ရက်တိုင်းကိုလဲ အချစ်တွေနဲ့ ကျော်ဖြတ်နိုင်ကြပါစေလို့..
    ReplyDelete
  9. အပြန်လှန်ကဗျာလေးနဲ့ ကြည်နူးစရာလေး မမရေ..
    အားကျတာနော် ...:P
    ReplyDelete
  10. ဘာ အပြင်မှတွေ့ကြရင် သိပ်ကောင်းမယ် ဟုတ်စ
    ပြေးပေါက်ရှာထားမှ .... ဝှစ် ............း))))
    ReplyDelete
  11. တစ်နှစ်တာ ကာလကို အောင်မြင်စွာနဲ့ ဖြတ်သန်းနိုင်ခဲ့ကြပြီပေါ့...၊း)
    လာမယ့်နှစ်များစွာကိုလည်း နားလည်မှုတွေနဲ့အတူ ဆက်ပြီး ကျော်ဖြတ်နိုင်ပါစေဗျာ...။
    ReplyDelete
  12. တနှစ်ပြည့်ကနေ နှစ်ပေါင်းများစွာတိုင်
    ပျော်ရွှင်ပါစေ...
    နင်ရဲ့သူငယ်ချင်း
    ပစ်ပစ်
    ReplyDelete
  13. လေးလုံးစပ်ကဗျာလေးက ကောင်းလိုက်တာ
    အစ်မနဲ့ အစ်ကို တို့နှစ်ယောက်လုံး နောင်နှစ်ပေါင်းများစွာအထိ
    ပျော်ရွှင်စွာ ဘ၀ကိုဖြတ်သန်းသွားနိုင်ပါစေနော်
    ဘလော့ဂါတွေအားလုံးအပြင်တစ်နေရာရာမှာဆုံတွေ့ရင်ကောင်းမှာပဲနော် မမလမင်း
    ပျော်ရွှင်စရာ ဒီဇင်ဘာဖြစ်ပါစေနော်
    ခင်တဲ့(အိမ်မက်ကောင်းကင်)
    ReplyDelete
    Replies
    1. ရင်ခုန်သံတွေ နီးနေသမျှက
      ဘယ်တော့မှမဝေးနိုင်ပါဘူးဗျာ
      ပျော်ရွှင်စရာဘ၀လေး ထူထောင်နိုင်ပါစေဗျာ.....။
      Delete
  14. နာတို့လမင်းတောင် တစ်နှစ်သက်တမ်းရှိပါပေါ့လားးးးးးးးးးးးး
    နာပဲကျန်ခဲ့ပီ အားးးးးးးးးးးးးး ကူပါအုံကယ်ပါအုံး အားကျတယ်ဟာာာာာာ
    ReplyDelete
  15. ဟုတ်လို့လားးး....ဟုတ်ရဲ့လားးးးးး
    ReplyDelete