ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Wednesday, November 21, 2012

ဒီနေ့ ...

 ဘုရား တရား သံဃာနှင့်

မိဘဆရာသမားအားရိုသေစွာ
ရှိခိုးလျှက်...



 ကိတ်ကအသေဆုံး ရှာဝယ် ဘယ်သူမှမစားကြဘူး
ဝိတ်တက်မှာကြောက်ကြလို့ တဲ့..
စားပွဲကတော့ညနေမှာပါ..:)


ကုန်ခဲ့ပြန်ပြီသက္ကရာဇ်တွေ
ခေါက်ရိုးကျိုးနေတဲ့ငါ့ဘဝ
ဘာတွေများထူးလာခဲ့လဲ.
မရေရာတဲ့လမ်းတွေမှာ
သေချာတဲ့လမ်းကစောင့်မျှော်နေ
သက်တမ်းရင့်လာတဲ့နဲ့ အမျှ
နေရမဲ့ရက်က နုလာခဲ့ပါလား..
လောကမှာသက်မှတ်ချက်
မွေးနေ့ တဲ့ မွေးတဲ့နေ့ ပေါ့
တရွေ့ ရွေ့ နဲ့ ကုန်လာလိုက်တာ
ကုသိုလ်အထုပ်သေးသေးရယ်...
သံသရာလည်အုံးမည်..
မွေးနေ့ ရောက်တိုင်း
မိဘကိုတမ်းတ

ဒီတစ်သက်ခန္ဓာမြဲသမျှ
မိဘကျေးဇူးဆပ်ခွင့်ရပါစေသာ.....


အသက်ပေးကာမွေးဖွားပေးခဲ့သော
မွေးမိခင်နှင့်ကျွေးဖခင်အား ရှိခိုးကန်တော့ပါတယ်..
ကျေးဇူးရှိခဲ့ဖူးသောသင်ဆရာ မြင်ဆရာများအားလည်း
ရှိခိုးကန်တော့ပါတယ်..


အာလုံးကျန်းမာပျော်ရွှင်ကြပါစေ
.........

20 comments:

  1. လိမ္မာလိုက်တဲ့ သမီးလေးပါလား...ချစ်စံအိမ်ရဲ့ မိဘတွေတော့ ကံကောင်းကြသူပေါ့ကွယ်...
    ချမ်းမြေ့ပါစေ
    ခင်မင်တဲ့

    ReplyDelete
  2. မွေးနေ့လေးမှာ ကိုယ်စိတ်နှစ်ဖြား ကျန်းမာရွှင်လန်းပါစေ ညီမလေးရေ။
    ပျော်ရွှင်သော မွေးနေ့လေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။



    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  3. ကိုယ်တွေ မွေးနေ့နဲ့များကွာပ... ဝမ်းရည်စပ်တယ်ဟဲ့လို့များ မေမေတော့ အော်ငိုနေမလားမသိ... :D :D
    မွေးနေ့ဆို ကိုယ့်ကုတင်ပေါ်တောင် ကိုယ်မရောက်ဘူး... ဘယ်နားမှောက်နေမှန်းမသိလို့.. :D :D

    ReplyDelete

  4. ပာက်ပီးဘက်ဒေးပါမမရေ…မွေးနေ့ကစလို့ကိုယ်စိတ်နှလုံးချမ်းမြေ့ပျော်ရွှင်နိုင်ပါစေ…ဗျာ

    ReplyDelete
  5. ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့လေးဖြစ်ပါစေ...

    ReplyDelete
  6. ကဗျာလေးကို တော်တော်လေး သဘောကျမိတယ် အစ်မရေ
    အသိတရာလေး ရတယ် မမရေ
    ဒီကဗျာလေးနဲ့တင် မကြီးက ကုသိုလ်တွေ အများကြီး ရနေပြီ
    မွေးနေ့မှာ ပျော်ရွှင်ပါစေ မကြီးရေ

    နွေလ

    ReplyDelete
  7. Happy Birthday ပါ ညီမရေ...
    ပျော်ရွှင်ဖွယ်မွေးနေ့ တွေကို နှစ်စဉ်နှစ်တိုင်း ပိုင်ဆိုင်နိုင်ပါစေကွယ်...

    ReplyDelete
  8. ယခု မွေးနေ့ မှသည်
    နောင်နှစ်ပေါင်း များစွာထိ
    မိဘ ဆွေမျိုး တို့ ကိုစောင့်ရှောက်နိုင်သော
    အဓိပ္ပါယ်ရှိသောသူဖြစ်ပါစေ လမင်းလေး

    ReplyDelete
  9. မွေးနေ့လေးမသိလိုကလို့လမင်းရေ ကဗျာလေးတောင်မရေးရဘူးနော်
    မိဘတွေကိုသတိတရရှိတတ်တာလဲကောင်းခြင်းမင်္ဂလာပါလမင်းရေမွေးနေ့မှနောင်နှစ်ပေါင်းများစွာ
    စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ချစ်လှစွာသောမိသားစုနဲ့ တူတူနေရပါစေလို့

    ReplyDelete
  10. ပျော်ရွှင်နေတာကိုပဲ အမြဲမြင်ချင်နေပါတယ်...........

    ReplyDelete
  11. မွေးနေ့မှာ ပျော်ရွှင်ပါစေ...
    အစစအရာရာ အဆင်ပြေပါစေ...
    ရှေ့လျှောက်ပြီး ဆန္ဒနဲ့ ဘ၀ တထပ်တည်းကျပါစေလို့..
    ညလေးဆုတောင်းပေးလိုက်ပါတယ် မမလမင်းရေ...
    ကဗျာလေး ဖတ်ရတာ ကြည်နူးလိုက်သဗျာ....
    မောင်လေး နွေလပြောသလို ဒီကဗျာလေးနဲ့တင်
    မမကုသိုလ်တွေ အများကြီးရနေပြီ....
    နောက်နေ့မှ မမအတွက် ကဗျာလက်ဆောင်ပို့ပေးမယ်နော်..မမ
    ချစ်တဲ့...ညလေးမိုးနတ်

    ReplyDelete
  12. အယ် ... မမရေ .. မွေးနေ့လေးကို အသိနောက်ကျသွားတာ စိတ်မကောင်းဘူး ... တော်သေးတယ် ... တိုက်တိုက်ဆိုင်ဆိုင် နေ့လည်ကမှ မွေးနေ့ဆိုတဲ့ ကဗျာလေး ရေးနေတာ ... နောက်နေ့မှာ လက်ဆောင်လာပေးအုံးမယ် ... :)

    ReplyDelete
  13. မင်္ဂလာရှိသော မွေးနေ့ ဖြစ်ပါစေ ညီမရေ...၊
    ပျော်ရွှင်ကျန်းမာစွာနဲ့ ရည်မှန်းချက်တွေလည်း ပြီးမြောက်၊ အောင်မြင်နိုင်ပါစေလို့ ဆုမွန်ခြွေပါတယ်...။

    ReplyDelete
  14. Happy Birthday!!!
    ဆန္ဒနဲ့ ဘဝ တစ်ထပ်တည်း ကျပါစေ...

    ReplyDelete
  15. Happy Birthday ပါအမလမင်း
    ပျော်ရွင်သောမွေးနေ့လေးကိုပိုင်ဆိုင်ပြီး
    ပျော်ရွှင်မှုတွေများနဲ့ပြည့်နှက်နေတဲ့အနာဂါတ်ကိုပိုင်ဆိုင်နိုင်ပါစေ။
    ရောက်တာနောက်ကျသွားတယ်နော်အမ။

    ReplyDelete
  16. မွေးနေ့ ရောက်တိုင်း
    မိဘကိုတမ်းတ

    ဒီတစ်သက်ခန္ဓာမြဲသမျှ
    မိဘကျေးဇူးဆပ်ခွင့်ရပါစေသာ.....
    မိဘကိုအလုပ်ကျွေးပြုစုချင်သောလမင်းလေးဆန္ဒနှင်.ဘဝ
    တထပ်တည်းကျလို.မွေးနေ.မှသည်ပျော်ရွှင်မှု.အပေါင်းနှင်ပြည်.စုံပါစေလို.
    ဆုတောင်းလိုက်ပါတယ်ကွယ်။
    ခင်တဲ့အန်တီလေးမေခင်

    ReplyDelete
  17. မွေးနေ့လေးမှာပျော်ရွှင်ပါစေသော်..............................

    ReplyDelete