ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Friday, May 18, 2012

မလွန်ဆန်နိုင်တဲ့တနေ့..

အူဝဲ အူဝဲ......
အူဝဲနဲ့ ဘ၀စခဲ့
လောဘ ဒေါသ မောဟ များနဲ့ 
စုန်လိုက် ဆန်လိုက်..
လောက အလည် အမှားရယ်မကင်း..
ကြုံလာသမျှ အန်တုကာရယ်...
လည်လာလိုက်တာ ငါမျက်လုံးတွေ
အကူလိုနေပါရော့လား...
တွန့်တွဲအသားရေး အိုခြင်းဘက်သို့ 
ဦးတည်နေ...
ဒါကိုလည်း မသိချင်ယောင်ဆောင်ကာ
ဖုံးဖိ နေရင်......
 ငါဦးခေါင်းနာကျင်ခြင်းကို .....
ခံစားနေရသည်။။
ဆင်ဆယ်ကောင်းကြိတ်သွားသလား
ခံစားရတော့..ကြောက်အားလန့်အား
သံသရာလည်ကြောင်း
အားကိုးရှာတော့ ကုသိုလ်အထုပ်
ခက်သေးသေးရယ်..
ဇောချွေးများပင်ပြန်လာပြီ..
ငါအတွေးရယ် မဆုံးခင်မယ်။။
ငါကမ္ဘာ ငါလောက ငါဘဝ
မှောင်မည်းသွားသည်။။။


အခုရက် နေမကောင်းဖြစ်နေလို့ ရလာတဲ့အတွေးလေးပါ။။
အူဝဲဆိုလို့ မင်းသမီးလို့မထင်ကြနဲ့အုံးနော် :P
မှောင်မည်းသွားတာ နောက်ဆုံးဘ၀နော်.. မီးပျက်သွားတာမဟုတ်ဘူး :D\

အားလုံးကျန်းမာချမ်းသာလိုရာပြည့်ပြီ သောကကင်းဝေးကြပါစေ..
ကုသိုလ် အထုပ်များများထုပ်နိုင်ပြီသံသရာကို မကြောက် မရွံ့ ပဲအေးဆေးစွာ
လည်နိုင်ကြပါစေ...

မှတ်ချက် ဆရာလေးလို့ မခေါ်ရ ..:P


12 comments:

  1. ဆင်ဆယ်ကောင်းကြိတ်သွားသလား တဲ့လား
    အားပေးသွားပါတယ် ဆရာလေး အဲ
    မှားလို့
    လမင်း

    ReplyDelete
  2. လောက ဓမ္မသတ်တွေရေးလှချေလား
    ဧကန်ဒ တရားထူးများရေနေပြီလားမတိပူး
    သံသရာကြွေးကျန်တတ်တယ်နော်
    next generation of LaMin ဆိုတာလေးတော့
    သတိပြုပါအုံး .... လောကကို အလှမဆင်နိုင်ခဲ့တဲ့ အမျိုးသမီးဟာ
    လူ့ ဘ၀ကိုရတာအကျိုးမဲ့ဖြစ်စေတယ် ဟီးဟီး (မြှောက်ပေးနေတာ မြှောက်ပေးနေတာ)
    ခင်တဲ့
    မိုးသူ(တောင်ကြီး)

    ReplyDelete
  3. ဟုတ်တယ် ဟုတ်တယ်
    ကိုမိုးသူ ပြောသလိုပဲ
    လောကကို အလှမဆင်နိုင်ခဲ့တဲ့ အမျိုးသမီးဟာ
    လူဘဝကိုရတာ အကျိုးမဲ့ဖြစ်စေတယ်
    ကဗျာလေး အားပေးသွားတယ်

    ReplyDelete
  4. မမအပျိုကြီးတော့ တရာတွေရနေပါ့လား (:D ဆရာလေးလို့ မခေါ်ရဘူးဆိုလို့ အပျိုကြီးလို့ ပြောင်းခေါ်တယ် )

    ReplyDelete
  5. အင်း ... မရောက်ဖြစ်တလဲ ကြာပြီ ... ကဗျာလေးလည်း ဖတ်သွားပါတယ် ...။

    ReplyDelete
  6. အဟမ်း အဟမ်း ဝင်လာဟဲသွားတယ်။
    မိုးသူ ပြောသလိုဘဲ။

    တရားဓမ္မပြောဖြန်များတော့
    တရားများတော့
    ပေါက်ပြီးလားလို့ မေးချင်မိ၏။

    သို့သော် သို့သော် အတွင်းလူတွေ
    သိနေသူမို့ ကိုယ့်ချင်းကိုယ်ချင်း
    မညာကြး။

    မှန်လှစကား ပြောချင်သော်ငြား
    မကြာခဏ ရန်ထောင်ခံရ
    ကြောက်လှပါ၏။

    ညီမလေးရေ ဝေးမြေနေကြရတာမို့ ကျန်းမာရေးတော့
    ဂရုစိုက်ပါ။


    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  7. ဟုတ်ကဲ့ပါ ဆရာလေးလို့မခေါ်ပါဘူးနော်
    အော် လမင်းတောင် တရားတွေရနေပါပေါ့လား

    ReplyDelete
  8. ကဗျာလေးဖတ်သွားပါတယ်ဗျာာာာာာာာာာာာာာာ

    ReplyDelete
  9. သံဝေဂရစရာ ကဗျာလေး ဖတ်သွားတယ် ဆရာလေးရယ်.. အဲ မမရယ် အဟိ

    ReplyDelete
  10. တိန်..ဆ၇ာလေးမခေါ်ရ ဆရာကြီးခေါ်တယ်ကွာ

    ReplyDelete
  11. တရားတွေပေါက်ကုန်ပီ

    ပေါက်ရင်ကြည့်ထုတ်နော်

    ဘောက်ချာပျောက်ရင်အလျှော်မပေးဝူးဂျ :P

    ReplyDelete
  12. မရောက်တာကြာသွားတာ မမကိုခွင့်လွှတ်ပေးပါညီမလေးရေ.။
    အမြဲသတိတရရှိတဲ့ ညီမလေးကို မမကလည်း သတိရနေပါတယ်။
    ကုသိုလ်ထုတ်ကြီးကြီးနဲ့ မလွန်ဆန်နိုင်တဲ့နေ့တနေ့ကို မမတို့ကျော်ဖြတ်ကြရအောင်နော်။

    ချစ်တဲ့
    မမသဒ္ဓါ

    ReplyDelete