ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Wednesday, October 10, 2012

Ocean city .သို့ အလည်တစ်ခေါက်..

မင်္ဂလာပါရှင်...... လမင်းအခုတလောဘာစာမှရေးလို့ မရဘူးဖြစ်နေတယ်.. ဘာကြောင့် ဘာကြောင့် ?
ဘာကြောင့်မှန်းကို မသိတော့တာပါ..:P
ပို့ စ် မရေးနိုင်တော့ မနှစ်ကသွားခဲ့တဲ့ Ocean city က ဓာတ်ပုံလေးတွေပဲတင်ပေးလိုက်ပါတယ်...
လမင်းတို့ နေတဲ့နေရာနဲ့  Ocean city ကို ကားနဲ့ (၄) နာရီမောင်းရပါတယ်..
လမ်းတစ်လျှောက် သာယာသလို ကြည့်လို့ ကောင်း ဓာတ်ပုံရိုက်လို့ လည်း ကောင်းပါ၏။။။။
လမ်းဘေးတလျှောက်စိုက်ခင်းတွေဆိုတော့ လမင်းအကြိုက်ပေါ့:)
လမ်းမှာ ခဏနားသည်..
နားတုန်း လမ်းဘေးမှာ အများကြီးပဲ.. ဘူသူမှလည်းရှိဘူး.. ခူးချင်တာ..ဟီး..
ရောက်ပါပြီး...
ကလေးဆိုတော့ကစားကွင်းပဲ အရင်မျက်လုံးထဲတွေ့ တယ်..:)
သဲပုံလေးကိုသေချာကြည့်နော်..မနေ့ ကမုန်တိုင်းလာထားတော့ရေက မပြာဘူးကွယ်..:(
စီးမလား လမင်းတော့ကြောက်တယ်..
ဟိုတယ်တွေဘက်ပေါ့ အဝေးကရိုက်လိုက်တာ..
အရုပ်ကြီးနော်..
ဝါးဟားဟား..............ဟီးဟီးးးးးးးးးး
အဲမှာ စီးကြတဲ့ကားလေး အပျော်ပေါ့ ပိုက်ပိုက်ကုန်တယ်. မစီးပါဘူး..:D
ဈေးကြီးတယ်..

တံတားကအရှည်ကြီးပဲ.. လေအရမ်းတိုက်တယ်.. ဒါပေမဲ့လေသန့် တယ် အသက်ရှူရတာအရမ်းကောင်းတယ်...
သူတို့ တွေလည်းမပါမဖြစ်ပေါ့..
ရေးကအေးတယ် လေတိုက်တယ် လှိုင်းကြောက်လို့ ရေထဲတောင်မဆင်ခဲ့ပါဘူး..တိန်..
စာသောက်ပြီး ဓာတ်ပုံရိုက်ပြီးတော့ပြန်လာကြပါတယ်..
ကစားခဲ့တယ်.. $ 120 နိုင်ခဲ့တယ်.. အထဲမှာဓာတ်ပုံရိုက်ခွင့်မပေးလို့ မရိုက်ရပါဘူး..:(
အဲနေ့ ကပေါ့..
သဲနဲ့ လုပ်တာနော်..တော်လိုက်တာ လမင်းအတိုင်းပဲ..:D
မင်္ဂလာပါ ပင်လယ်ကြီးရေ.. နင်ငိုနေတာလားဟယ်...ငိုပါနဲ့ နော်..
မျက်လှည့် ကြည့်ခဲ့တယ်..
သရဲရထားစီးခဲ့တယ်..$3 မဆိုးဘူးဟီး
လေဟုန်ကိုဆန်အဝေးဆုံးကိုပျံ...:)
စားတော့မယ်.. ကစားတုန်းကနိုင်ထားတော့ လမင်းပဲရှင်းလိုက်တယ်.. ကုန်ရော...:(
ပြန်လာပြီး ဖရဲသီးဝယ်လာခဲ့တယ်..:P
နောက်ဆုံးပုံ ကိုယ့်ပုံမပါအောင်ရွေးရတာ မူးနေတာပဲ.. အားလုံးလန့် ကုန်မှာစိုးလို့ ပါ..
$5 တဲ့ လမ်းလျှောက်တာကျန်းမာရေးနဲ့ ညီတယ်.. ထောက်ခံလား ပရိတ်သတ်ကြီး..:)
အလံစုံနဲ့ နာရီကြီး..
ပြန်တော့မယ် တာ့တာ
ညမအိပ်ဘူး..  ည11 လောက်ပြန်ရောက်တယ်.... ပိုက်ဆံကုန်သက်သာတာပေါ့..:)
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ......

16 comments:

  1. ပင်လယ်ကမ်းခြေဆိုလို့ကတော့ အသားကုန်ကြိုက်ပဲ..
    ရူခင်းလှလှပုံလေးတွေကြည့်ရတာ ပျော်စရာကြီးနော်..
    လမင်းနဲ့အတူအစုံလျှောက်လည်သွားပါတယ်...

    ReplyDelete
  2. လမင်းနဲ့အတူ Ocean City ကိုအလည်တစ်ခေါက်ရောက်သွားတယ် ကျေးဇူးပါနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ဓာတ်ပုံတွေကြည့်ပီး ကိုယ်တိုင်ရောက်နေသလိုခံစားရတယ်။ သဲနဲ့လုပ်ထားတာတွေလက်ရာတကယ်ကောင်းတယ်။

    ReplyDelete
  4. Ocean Cityကို လာလည်သွားပါတယ်...အရမ်းပျော်စရာကောင်းမှာဘဲနော်

    ReplyDelete
  5. လမင်းရေ တော်တော် ပျော်ဖို့ တော့ကောင်းမယ်ထင်တယ်နော်

    ဓါတ်ပုံတွေကြည့်ရတာနဲ့ တင်ပျော်ဖို့ ကောင်းတယ်ဗျာ

    အမြဲပျော်ရွှင်ပါစေ ဆုတောင်းပေးပါတယ်ခင်ဗျ

    ခင်တဲ့
    မိုးသူ(တောင်ကြီး)

    ReplyDelete
  6. ငါးပုံတွေအရမ်းလှတယ်အမလမင်း
    ကစားကွင်းကစီးစရာတွေလည်းအကုန်စီးချင်တယ်
    အမလမင်းနဲ့အတူအလည်ရောက်ခဲ့ပါတယ်ပျော်ဖို့ကောင်းမှာပဲနော်

    ReplyDelete
  7. လမင်းလေးရဲ့ကျေးဇူးနဲ့ ကမ်းခြေတခေါက်ရောက်ဖြစ်တယ်
    ခလေးတွေနဲ့အတူ ပျော်ပျော်ပါးပါးကစားရင်းပေါ့
    ချစ်တဲ့ sis jasmine

    ReplyDelete
  8. တော်တော်ပျော်ဖို့ကောင်းမယ်နော်..
    မိုးနတ်လဲသွားချင်လိုက်တာကွယ်...

    ReplyDelete
  9. သဲတွေနဲ့ ကမ်းခြေဆိုရင် အရမ်းသဘောကျတယ်

    ReplyDelete
  10. ဝေး..လှလိုက်တာ အစ်မ.။ $120 ဆိုတော့ အရင်းတောင်မကျေဘူးထင်တယ်ဟုတ်လားအစ်မ.။

    ReplyDelete
  11. နွေမိုးကြည့်စမ်းကိုယ့်အမကို အဲလောက်အထင်ကြီးတာ.. အရင်းက $20 ထဲပါဟယ်.. စားတာမှာပိုကုန်သွားတာ..ရှင်းလိုက်ရတာက $150 ကွယ်.:(

    ReplyDelete
  12. နင်ကတော့နော် ဝင်တာက က$ 120 ထွက်တာက 150 ဆိုပါတော့ ဟီးး

    ReplyDelete
  13. ကြည့်ရင်း လမင်းပုံကိုရှာရင်း ပုံတာ ကုန်သွားတယ် မတွေ့ ။ ဧကန္တတော့ မပါအောင်ကို ရွေးတင်ထားတာကိုး။ ပုံအားလုံးသဘောကျတယ်။ သဲပုံကို အရုပ်လုပ်ထားတာလည်း ကြိုက်တယ်။ ချမ်းမြေ့ပါစေ
    ခင်မင်တဲ့

    ReplyDelete
  14. မရောက်ဖူးတဲ့အရပ်ဒေသကအကြောင်းအရာ၊ဓာတ်ပုံလေးတွေကိုမြင်တွေ့ရတာ.ကျေးဇူးတင်ပါတယ်ဗျာ...
    ကျွန်တော်သာဆို...အဲမှာဓာတ်ပုံရိုက်တာနဲ့တင်..နှစ်ရက်လောက်နေဖြစ်မယ်ထင်တာပါပဲ....
    (ဓာတ်ပုံရိုက်ကူးမှုအယူအဆနဲ့ပတ်သက်လို့..အနည်းငယ်ဝေဖန်အကြံပြုချင်ပေမယ့်..ကိုယ့်ထက်တတ်ကျွမ်းတဲ့သူတွေ လည်းအများကြီးရှိမှာမို့... နှုတ်ဆိတ်နေလိုက်ပါတယ်ဗျားးးးး)

    ReplyDelete
  15. casino in the casino
    1st bet, 2nd bet, 3rd bet, 4th bet, 5th bet. 부산광역 출장마사지 I love this. I love 세종특별자치 출장샵 this. 하남 출장안마 I love it. i want 충주 출장마사지 to see this. 나주 출장샵

    ReplyDelete