ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Sunday, September 9, 2012

သူငယ်ချင်းသို့ တမ်းခြင်း..

သူငယ်ချင်းရေ....မတွေ့ ကြတာကြာပြီဆိုပေမဲ့ ငါရင်ထဲနင်ကိုအမြဲတမ်းအမှတ်ရနေတယ်ဟာ လူတိုင်းဟာရေကြည်ရာမြတ်နုရာကိုလျှောက်လှမ်းနေကြတာမို့ ငါတို့ ဝေးခဲ့ကြတာသိပ်တော့မဆန်းပါဘူး.။.

ဘယ်နေရာဘယ်ဒေသကိုပဲရောက်နေပါစေ..
နင်နဲ့ သိကျွမ်းခင်မင်ခဲ့ရတဲ့ရက်တွေကို ငါဘယ်တော့မှမေ့လို့ ရမယ်မထင်ဘူးဟာ...........
ငါမျှော်လင့်ချက်တွေ အရောင်မှေးမှိန်နေခဲ့ချိန်တွေ ငါ့အနာဂတ်တွေပျောက်ဆုံးနေချိန်တွေဆို ငါနင်ကိုပိုသတိရမိတယ် ငါဘေးနင်လို့ အားပေးဖော်သူငယ်ချင်းတစ်ယောက်လိုအပ်နေတယ်ဟာ...
ငါရွေးချယ်ခဲ့တဲ့လမ်းဟာ ငါရင်ကိုပူလောင်စေမှန်းသိလျက်နဲ့ ငါရှေ့ ဆက်လျှောက်လှမ်းနေမိတယ်.. သူငယ်ချင်း.....
ငါအခုတလော အားငယ်စိတ်တွေနဲ့ အတူဝမ်းနည်းမှုတွေပါ ခံစားနေရတယ်။။.
နင်ငါကိုလှောင်ရယ်ဟားတိုက်နေမလားပဲ ငါစိတ်ဓာတ်တွေအရင်လိုမဟုတ်တော့လို့ လေ...
ဒီလိုပါပဲ သူငယ်ချင်းရေ ဘ၀မှာ ဖြစ်ချင်တာတွေ ကို မေ့ထားခဲ့ရသလို ဖြစ်သင့်တာတွေကိုပဲရွေးချယ်နေရတာကိုက
လောကထင်ပါတယ်။။ လူတချို့ က ငါကိုအားကျနေကြပေမဲ့ ငါက လူအများကိုအားကျနေရတာသူတို့ မသိလို့ နေမယ်။။ တစ်ချို့ လူတွေက ငါအချစ်ကိုလိုလိုလာလာတောင်းတနေကြပေမဲ့ ငါကတစ်ယောက်တည်းသောသူဆီက အချစ်ကိုတောင်အပြည့်အ၀မရခဲ့တာသူတို့ သိမယ်မထင်ကြဘူးဟာ...
လူတွေဟာမျှော်လင့်ချက်နဲ့ အသက်ဆက်နေကြတာဆိုရင် ငါဟာသေဆုံးခဲ့တာကြာပြီးပေါ့ သူငယ်ချင်း.....
နင်ကတော့နင်ရွေးချယ်ခဲ့တဲ့လမ်းကို ပျော်ရွှင်စွာလျှောက်လှမ်းနေတော့ ငါကိုမေ့နေမှာပေါ့နော်... ငါကတော့ဟာ
နင်ကို အဝေးတစ်နေရာကနေ ရှုံးဆုံးမှုတွေဝမ်းနည်းမှုတွေကြုံတိုင်း နင်ပြောခဲ့တဲ့စကားကို ငါအမှတ်ရနေမိတယ်။..
(ဘာတဲ့လဲ) နင်ဘ၀ကတော့ ပျော်ရွှင်မှုတွေ အောင်မြင်မှုတွေပဲခံစားနေရတော့ ရှုံးဆုံးမှုတွေဝမ်းနည်းမှုတွေကိုနင်ခံစားတတ်မှာမဟုတ်ပါဘူးတဲ့လားဟာ ... ငါအခု အဲ့အရာနှစ်ခုလုံးကိုတစ်ပြိုင်တည်းခံစားနေရတာ နင်တော့သိမယ်မထင်ဘူး ...ဒီလိုပါပဲ လူတိုင်းဟာတွေ့ ကြဆုံကြ
ခွဲခွာကြ၀မ်းနည်းကြပျော်ရွှင်ရယ်မောကြဒါဟာ လူဘ၀ထင်ပါတယ်ဟာ.. ဘ၀တစ်ကွေ့ ဆုံတွေ့ ကြတယ်ဆိုပေမဲ့ ငါရင်ထဲမှာနင်ဟာ အကောင်းဆုံးသူငယ်ချင်းတစ်ယောက် အနေနဲ့ အမြဲတမ်းရှင်သန်နေအုံးမှာပါ.....

ဒီစာလေးကို ရေးနေချိန်မှာ ငါရင်တွေပူလောင်မွန်ကျပ်နေခဲ့တယ် သူငယ်ချင်းရာ.. နင်ဘ၀သာယာပျော်ရွှင်အောင်မြင်သောလမ်းကိုလျှောက်လှမ်းနိုင်ပါစေ...

နင်ရဲ့ တစ်ချိန်က သူငယ်ချင်းးးးး..................

အခုရက်တွေလမင်း ဘေးနား အားပေးဖော်သူငယ်ချင်းတစ်ယောက်လိုအပ်နေတာနဲ့  တစ်ချိန်ကသူငယ်ချင်းတစ်ယောက်ကို
သတိရမိတာနဲ့ ရေးလိုက်တာပါ ..စာဖတ်သူတို့ အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်။။။

လမင်ြးံခံနောက်ဘက်အကောင်လေးတွေလာတတ်ပါတယ်.. ယုန် ဒရယ်.. သမင်. မြေခွေး တောကြောင်တော်တော်များများစုံပါတယ်... လမင်းရိုက်ထားတာလေးတွေတင်ပေးလိုက်ပါတယ်။။
နည်းနည်းမှောင်မှထွက်လာတတ်တယ် နေ့ လည်ဘက်ကရှားတယ်.. အခုပုံလေးကမှောင်စပြုနေပြီး..
လမင်းရိုက်နေတာသိတာတောင်လုံးဝမကြောက်ဘူး.. ရှေ့တိုးတိုးလာတယ်.. သူလည်းဓာတ်ပုံအရိုက်ခံချင်ပုံပဲ..
ကင်မရာကို သေချာကြည့်ပြီးပဲများနေတယ်..
ဒီလိုပုံရိုက်တဲ့..:P


မနေ့ ကလေနဲနဲကြမ်းသွားလို့ လမင်းအပင်လေးတွေလေဒဏ်ကိုအံတုနေရပါတယ်..
ဒီပုံလေးကတော့နဲနဲကြာသွားပြီး နေ့ဘက်ပျော်ပွဲစားထွက်လာကြပုံပဲ..:)
အခြားကောင်လေးတွေသိမ်းထားတာတွေ့ ရင်တင်ပေးပါအုံးမယ်.. အခုတော့ ပြန်ရှာရမှာစိုးတော့..:P

အားလုံးကျန်းမာပျော်ရွှင်သောဘ၀ကိုပိုင်ဆိုင်နိုင်ကြပါစေ..





15 comments:

  1. မမလမင်းလေးရေ အရေးအသားလေးတွေကကောင်းလှချည်လား
    မမလမင်းရဲ့ သူငယ်ချင်းလေးဖတ်လိုက်ရရင်တောင် သူတော်တော်ခံစားသွားရမှာ
    အားပေးသွားတယ်နော် မမလမင်းလေးရေ ^_^

    ReplyDelete
  2. မပူလောင်ပါနဲ့မမရယ်။ မြေခွေးလာတယ်။ကြောက်စရာကြီးလားဟင်

    ReplyDelete
  3. သူငယ်ချင်းသို့ လွမ်းချင်းလေး အားပေးသွားတယ် သီလရှင်ရေ။
    မကြီးလည်း ခုတလော မအားရှာဘူးကွယ်။

    ReplyDelete
  4. သတိ အားမငယ်ရ အသဲမကွဲရ မလွမ်းမဆွေးရ
    အခွန်ဆောင်ရမည် အဲ့လိုသာ ဒဏ်ရိုက်လိုက်ချင်တယ်
    ပျော်ပျော်နေ ပါလမင်းလေးရယ် လမင်းငိုသံ မကြားချင်ဘူး

    ReplyDelete
  5. သူငယ်ချင်းကို လွမ်းတဲ့အကြောင်းလေးတွေဖတ်ကောင်းခဲ့တယ်လမင်းရေ
    ပုံတွေကြည့်ပြီးတောပစ်ထွက်ချင်တယ်ပြီးရင် အသားကင်စားချင်တယ်

    ReplyDelete
  6. အရင်တုန်းက ခင်ခဲ့ဖူးတဲ့သူငယ်ချင်းတစ်ယောက်ကို အရမ်းသတိရသွားတယ်။
    ငိုချင်လာပြီ။ သူက အိမ်ထောင်ပြုသွားပြီလေ။
    ခု ပြန်လို့ရှိရင်လဲ သူက မအားတော့ဘူး။ သူ့ကလေးနဲ့ဘဲ အလုပ်ရှုပ်နေတာ။

    ReplyDelete
  7. သူငယ်ချင်းအတွက် အလွမ်းတွေခံစားသွားပါတယ် ။

    ReplyDelete
  8. လမင်းရေ ဘ၀ဆိုတာဒီလိုပါပဲ

    တွေ့ ကြုံဆုံကွဲဖြစ်မြဲဓမ္မတာပေါ့နော်

    လောကကြီးကနေတတ်ရင်တော့ ကျေနပ်ဖို့ ကောင်းပါတယ်

    ခင်တဲ့
    မိုးသူ(တောင်ကြီး)

    ReplyDelete
  9. မတွေ့ ကြတာ
    ကြာပြီဆိုပေမဲ့ ငါရင်ထဲနင်ကိုအမြဲတမ်းအမှတ်ရနေတယ်ဟာ
    စာလေးအရမ်းကောင်းတယ်အမဖတ်နေရင်းနဲ့အဝေးရောက်နေတဲ့
    သူငယ်ချင်းကိုတောင်အောက်မေ့မိပါတယ်
    အားပေးသွားပါတယ်အမ

    ReplyDelete
  10. စာရေးကောင်းတဲ့ မမရေ...ညလေးခံစားသွားတယ်နော်
    မမကစာတော်တော်အရေးကောင်းတာပဲ....မိုးနတ်ဖြင့်တကယ်ကိုခံစားသွားရတယ်...
    စာပိုဒ်လေးဆုံးတော့ ရင်ထဲမှာ သယ်ရင်းတယောက်ကိုတောင်လွမ်းမိသလိုလိုပဲ...
    ခင်မင်နေတဲ့..မိုးနတ်

    ReplyDelete
  11. အဲလိုနေရာမျိုးလေးမှာနေချင်လိုက်တာ။
    အကောင်လေးတွေနဲ့ အပင်တွေနဲ့ အရမ်းသာယာတာဘဲ။
    ပုံလေးတွေတွေ့ ရင်တင်ပေးပါဦးနော်။ ကျေးဇူးပါ။
    အိုင်အိုရာ

    ReplyDelete
  12. သမင်လေးတွေ အမြဲမြင်နေရတာဆိုတော့ နေချင်စရာလေး.. စာရေးထားတာလေးက ဒီတစ်ခါ စတိုင်တစ်မျိုးဆိုတော့ ဖတ်ရတာတစ်မျိုးထူးခြားခံစားရတယ်အစ်မ

    ReplyDelete
  13. ဒို့လမင်းလဲ လက်စွမ်းထက်သားပဲ ပုံလေးတွေအယူအဆကောင်းတယ်

    ReplyDelete
  14. ကူးကူးလှိုင်September 13, 2012 at 9:16 PM

    နေရာလေးက တော်တော်သာယာတာပဲနော် သဘောကျလိုက်တာ အဲလိုနေရာလေး နေချင်တယ်...

    ReplyDelete
  15. ကောက်တေးNovember 23, 2012 at 6:51 PM

    တချိန်တုန်း က သူငယ်ချင်းးးးးးးးးး

    who is she?? let me know.........

    remember youuuuuuuuu!!!!!!

    ReplyDelete