ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
Tuesday, September 25, 2012
သူနှင့်ကျွန်မ...
အခုအချိန်တွေသူနဲ့ အခုလိုပဲတွေ့ ရပါတယ်...
  မင်္ဂလာပါရှင်.... ဒီတစ်ခါတော့ လမင်းတို့ ချစ်သူနှစ်ယောက်အကြောင်းလေးရေးချင်ပါတယ်.. . ဒီနေ့ လေးက လမင်းတို့ နှစ်ယောက်ရဲ့ အမှတ်တရနေ့ လေးပါ။။ သတိထားမိလားတော့မသိဘူး။။ (၂၅)ရက် ရောက်ရင် လမင်းကဗျာရေးတင်တတ်တယ်။။ သူနဲ့ ပတ်သက်တာလေးပေါ့။။ မတင်ဖြစ်တဲ့ရက်ဆို စိတ်ကောက်ထားလို့ ပါ..:D လမင်းရေးချင်တာက ဘယ်လောက်ချစ်ကြလည်း ဘယ်လို ဂရုစိုက်ကြလည်းဆိုတာထက်.. ချစ်သူတွေကြား ဖြစ်တတ်တာလေး နဲ့ 
ဖြစ်နေတာလေးတွေပဲရေးတော့မယ်။။ သူကို ဘယ်လောက်ချစ်တယ် အသက်လောက်ချစ်တယ်..
 ပြောရမဲ့ရူးမိုက်မိုက်အရွယ်တွေလည်းမဟုတ်တော့ဘူးလေ... ပထမပြောချင်တာက.. လမင်းတို့ နှစ်ယောက်ရဲ့အကျင့်စရိုက်လေးတွေကိုပြောချင်ပါတယ်။။
 ချစ်သူ ....
 စိတ်တိုတတ်တယ် ။။
စကားနည်းတယ်။။
 မချော့တတ်ဘူး။။
 အေးစက်စက်နေတတ်တယ်။။
 စိတ်ဓာတ်မာတယ်။။
မာနကြီးတယ်။။
 လမင်း ..
 စိတ်မရှည်တတ်ဘူး။
 စကားပြောပွင့်လင်းတယ်။။
 စိတ်ကောက်တတ်တယ်။။
တစ်ယောက်တည်းနေရတာကိုကြိုက်တယ်။။
တဇွတ်ထိုးစိတ်ရှိတယ်။။
 မာနကြီးတယ် ။။
  အသွင်တူလားတော့မသိဘူး။။:P လမင်းကစိတ်ခဏခဏကောက်တတ်တယ်. သူလည်းမချော့တတ်ဘူး..အေးရော ..:) သူငယ်ချင်းတွေကပြောကြတယ်.. နင်တို့ အတွဲက သူစိမ်းဆန်တယ်..နွေးထွေးမှုမရှိဘူး။။ ယုံကြည်မှုလည်းမရှိဘူးလို့ ပြောကြတယ်။။ တကယ်ချစ်ကြတာရောဟုတ်ရဲ့ လားလို့ လည်းမေးတတ်ကြတယ်။။ တကယ်တော့လမင်းတို့ နှစ်ယောက်က ပွင့်လင်းကြပါတယ်.. သူဘယ်လောက်ချစ်လည်းလမင်းမသိချင်ဘူး..။ ငါသူကိုဘယ်လောက်ချစ်နိုင်လည်းပဲတွေးတယ်။.. လမင်းကပြောထားပြီးသား လုပ်ချင်တာလုပ်နိုင်တယ်.. လုပ်တော့မယ်ဆို သေချာစဉ်းစား ကိုယ့်အတွက် ကိုယ်နဲ့ ပတ်သက်တဲ့သူအတွက် အကျိုးရှိမရှိအရင်စဉ်းစား ကိုယ်လုပ်တဲ့လုပ်ရပ်အတွက် တာဝန်ယူနိုင်ရမယ်။။ လမင်းသူကိုသ၀န်တိုတာတွေလည်းသိပ်မရှိဘူး.. မချစ်လို့မဟုတ်ဘူး .. လူဆိုတာက ချုပ်ချယ်လေ လွတ်လပ်ချင်တဲ့သဘောရှိတတ်ကြတော့.. လမင်းက အရမ်းသ၀န်တိုနေမယ်. . ဟိုလူနဲ့ မပြောရဘူး ဟိုဟာမလုပ်ရဘူး.. ဆိုသူ စိတ်ကျဉ်းကျပ်မယ်။။ အဲတော့ ခိုးလုပ်လာမယ်.. လမင်းအကြောက်ဆုံးက အလိမ်ခံရမှာကိုပဲ..တစ်ခါတလေ မိန်းကလေးတွေက ကိုယ့်ကိုယ်ကို အထင်ကြီးတတ်ကြတယ်.. ငါချစ်သူက ဘယ်လို ငါပြောတာဆို အကုန်လုပ်တယ်။။ငါစကားနားထောင်တယ်..ဆိုတာမျိုးတွေပဲ... လမင်းအဲလိုအကြောက်ဆုံးပဲ.. မကြိုက်တာတွေကိုပြောထားတယ်။။ လုပ်သင့်မလုပ်သင့် ကိုယ်တိုင်းစဉ်းစား သူလမင်းကို ချစ်ရင် ဘာမှမပြောလည်း သူလုပ်မှာပဲလေ.. ဥပမာ မိန်းကလေးတွေက ကိုယ့် ချစ်သူကို အရက်သောက်တာ ဆေးလိပ်. တွေသောက်တာ မကြိုက်ကြဘူး။။ ယောင်္ကျားလေးတွေမလုပ်နိုင်တော့ စကားများ စိတ်ကောက်.. လမင်းလည်းအရင်ကတော့အဲလိုရှိတယ်။။ အခုတော့မပြောတော့ဘူး.. သူလုပ်လည်းလမင်းမသိဘူး။။ ဒါပေမဲ့ လမင်းမကြိုက်ဘူးပြောထားတယ်။။ လုပ်သင့်မသင့် သူပဲစဉ်းစားပါစေ.. အရက်သောက်တာမကောင်းဘူး ဆေးလိပ်သောက်တာ မကောင်းဘူး သူလည်းသိတယ်..အဲတော့လမင်းမပြောတော့ဘူး။။ သူလည်းကလေးမှ မဟုတ်တော့တာ ရည်းစားတောင်ထားတတ်နေပြီးပဲလေ:P နောက်တစ်ခုက နင်ကောင်လေး အကောင့် password သိလား .ယူထားပေါ့။။ လမင်းမယူထားပါဘူး.. လမင်းလည်းမပေးထားဘူး။။ ဒါဟာ သူစိမ်းဆန်တယ်လို့ ပြောကြတယ်.. တစ်ချို့ ကတော့နှစ်ယောက်အတူတူ သုံးကြတယ်..လမင်းကအဲလိုမကြိုက်ဘူး.. ချစ်သူပဲဖြစ်ဖြစ် ဇနီးမောင်နှံတွေပဲ ဖြစ်ဖြစ် သူ့ စည်းကမ်း ကိုယ့်စည်းကမ်း ဆိုတာတော့ရှိသင့်တယ်ထင်တာပဲ.. ပြီးတော့လမင်းတို့ ကချစ်သူတွေ ဘ၀တစ်ခုကို နှစ်ယောက်အတူဖြတ်သန်းကြသေးတာမဟုတ်တော့ အကုန်မပါချင်ဘူးလေ သူမှာလည်းသူအကြောင်းနဲ့ သူရှိမယ်.. အဓိက က သူလမင်းကို ချစ်နေမယ် သူကို လမင်းချစ်နေမယ်.. သစ္စာရှိကြမယ်ဆို ပြီးတာပဲလို့ ထင်တာပဲ။။ password ပေးထားပြီး ချက်( chat) ထားတာတွေဖျက်ထားလည်းလမင်းဘာမှမသိဘူး..အဲ့လောက်တော့ မအချင်ဘူးလေ.. ဥပမာ လမင်းဆို ချက်လင့်မယူထားတတ်ဘူး ဒါကလည်းလမင်းချက်မေးလ်တွေမရှင်းချင်တာနဲ့  အရေးကြီးတာလည်းမရှိတော့ အမြဲအဲလိုပဲထားတယ်.. သူလည်းအဲလိုထားရင် လမင်းမသိဘူးလေ.. အခုတော့ ဘာစိတ်ကူးပေါက်လည်းမသိဘူး.. လမင်းအကောင့်password တောင်းနေပါတယ်.. လမင်းပေးလိုက်တယ်..သူလည်းပေးတယ်...လမင်းဘာလုပ်နေလည်းဘယ်သူတွေနဲ့ ချက်လည်းသိချင်မှာပဲလေ.
.လမင်းကတော့သူအကောင့်ထဲသိပ်တော့မ၀င်ဖြစ်ပါဘူး.. သူပြောထားတာတွေ တွေ့ လို့ မကြိုက် ရင်ကိုယ်ပဲစိတ်မကောင်းဖြစ်ရမယ်.. စိတ်ပင်ပန်းမခံချင်တော့ဘူးလေ...လမင်းက ဇီဇာကကြောင်တတ်တယ်.. ပြဿနာသေးသေးကိုလည်းကြီးအောင်လုပ်တတ်တော့.. သူကိုလည်း စိတ်ရှုပ်ခံစေချင်ပါဘူး။။အဲတော့လမင်းတို့ နှစ်ယောက်က အရမ်းရင်းနှီးကြသူနှစ်ယောက်က သူစိမ်းတွေလိုဖြစ်နေကြပြန်တယ်။။။ သူဘက်ကလည်းလမင်းကိုမကြိုက်တာလည်းရှိနိုင်သလို ကိုယ်လည်းရှိတာပဲ.. နားလည်မှု ထိုစကားကပြောလို့ သာလွယ်တာ. တကယ်လုပ်ဖို့ ကြတော့ အတော်လေးကို ခက်ပါတယ်။။။ နားလည်မှုကို လမင်းအဓိပ္ပာယ် ဖွင့်ရရင်တော့.. ချစ်နေသ၍အချစ်တွေသူအပေါ်ရှိနေသမျှ နားလည်ပေးနေအုံးမှာပဲလေ.. အတိုင်းအတာတစ်ခုအထိပေါ့...သစ္စာဆိုတာလည်း မေတ္တာရှိနေသ၍ သစ္စာဆိုတာလည်းရှိနေအုံးမှာပါပဲ..လမင်းတို့ နှစ်ယောက်ကို စောင့်ကြည့်နေကြတဲ့သူတွေလည်းရှိကြပါတယ်။။ ဘယ်လောက်အထိချစ်ကြမလည်း ဘယ် လ၊ နှစ် ခံမလည်းပေါ့.. တစ်ချို့ဆို လမင်းနင့်ကောင်လေးနဲ့ ပြတ်သွားပြီးလာလို့တောင်ပေါ်တင်မေးတတ်ကြတယ်။။ ဒါကလည်း မေးတဲ့သူတွေအပြစ်လို့တော့ပြောလို့ မရဘူး.. လမင်းတို့ နှစ်ယောက်ကြားမှာ မဖြစ်နိုင်တာတွေ အရမ်းကိုများနေတာ့ အမေးခံရတာလည်းမဆန်းပါဘူး။။။ ဒါပေမဲ့ အချစ်ဆိုတာကလည်း ခက်သားလား.. လမင်းခံယူထားတဲ့ အချစ်ကတော့..ချစ်နေဖို့ ပဲလိုတာပါ။ တိုင်ပင်တာမျိုးတွေတော့ရှိပါတယ်..လမင်းဘာလုပ်လုပ်သူကိုပြောတယ် ..တိုင်ပင်တယ်.. ခွင့်ပြုရင်ပြုမပြုလည်းလုပ်တယ်။။ လမင်းစိတ်ကိုကလုပ်ချင်တာဆိုလုပ်လိုက်ရမှာဆိုတော့ အသိပေးတဲ့သဘောပေါ့..သူကသဘောကောင်းတော့လုပ်ပဲပြောပါတယ်။။:D တော်လောက်ပြီးထင်တယ်နော်..:D လမင်းရေးတာတွေကချစ်သူတွေကြားဖြစ်တတ်တာလေးအနည်းအငယ်ပေါ့.. ရန်ဖြစ်ကြတာ စိတ်ကောက်ကြတာမပါသေးဘူး.. မရေးတော့ဘူး လမင်းပဲကောက်တာဆိုတော့ရှက်တယ်။။ :)
လမင်းပုံသိပ်မတင်ဘူးနော်.. အခုလည်းသူခွင့်တောင်းပြီးတင်ပေးလိုက်ပါတယ်.... လမင်းတို့အတွဲလိုက်လာဟင်...:P အားလုံးကျန်းမာပျော်ရွှင်ကြပါစေ..
17 comments:
  1. အမယ်..အမယ်..ခုမှ
    ဟဲ့ အပျိုကြီး ငါလေ မပြောလိုက်ချင်ဘူးနော်
    ဟွင်းးဟွင်းး
    ReplyDelete
  2. အစ်မက ချစ်စရာလေး..ကရင်ပုံစံနဲ့တူတယ်.. အစ်မချစ်သူလည်း ကြည့်ကောင်းတယ်.. လိုက်ဖက်ပါတယ် :)
    ReplyDelete
  3. 'တိုင်ပင်တယ်.. ခွင့်ပြုရင်ပြုမပြုလည်းလုပ်တယ်။။...'
    အဲဒီစာကြောင်းရောက်တော့ ထိုင်ရယ်နေမိတယ်ဗျ...၊း)
    တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ စည်းကမ်းထားပြီး နားလည်မှု တည်ဆောက်ယူတာ ကျနော့်တစ်ဦးတည်း သဘောအရတော့ ကောင်းပါတယ်၊ တစ်ဖက်နဲ့တစ်ဖက် သိပ်ကျွံဝင်သွားတဲ့အခါ ဘာတွေဖြစ်သလဲဆိုတာ လမင်းရဲ့ စာထဲမှာလည်း ပါခဲ့တယ် မဟုတ်လား၊ ဘယ်လိုပဲဖြစ်ဖြစ် လိုက်ဖက်တဲ့စုံတွဲ ပါပဲဗျာ...။း)
    ReplyDelete
  4. သူဘယ်လောက်ချစ်လည်းလမင်းမသိချင်ဘူး..။ ငါသူကိုဘယ်လောက်ချစ်နိုင်လည်းပဲတွေးတယ်
    မိုးသူနဲ့ အရမ်းတူတယ်
    ပြီးတော့မိုးသူလဲ ချစ်သူ pw မသိချင်ဘူး မိုးသူ Pw လဲမပေးချင်ဘူး
    မဟုတ်တာလုပ်ဖို့ pw မပေးတာတောမဟုတ်ဘူးလေ
    လူတယောက်ကိုယ်ရေးကိုယ်တာ ဟာ လင်မယားတွေမှာတောင်
    သီးသန့် ရှိသင့်တယ်မလား
    ဘယ်လိုဖြစ်ဖြစ် သူလဲကိုယ့်ကိုသစ္စာရှိမယ် ကိုယ်လဲသူ့ ကိုသစ္စာရှိမယ်
    နားလည်မှုတွေယုံကြည်မှုတွေပေးနိုင်မယ်ဆိုရင်
    တဘ၀စာလက်တွဲလို့ ရမှာပဲမဟုတ်လား :)
    ReplyDelete
  5. အရင်တစ်ပုဒ်မှာတော့
    အပျိုကြီးလုပ်မယ်ဆို
    သမီးတော်များမျက်စိလည်နေတာလား
    အသက်ကြီးလာလို့ 
    မှတ်ညာဏ်မကောင်းတော့တာလား
    ဘုရားဘုရား
    ReplyDelete
  6. အန်တီလေးမေခင်September 25, 2012 at 11:24 PM
    လမင်းလေး
    လိုက်ဖက်တဲ.စုံတွဲလေးပါ။
    ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပေါ.ကွယ်။
    ခင်တဲ.အန်တီမေခင်။
    ReplyDelete
  7. မြတ်နိုးသူ(MUFL)September 25, 2012 at 11:29 PM
    အမလမင်းတို့အတွဲအရမ်းလိုက်ဖက်ညီပါတယ်
    အမကပိုချောတယ်နော်ဟိုအကိုကရုပ်တည်ကြီးနဲ့
    သဘောတော့ကောင်းမယ့်ရုပ်ပါဟိ
    သူနဲ့ကျွန်မအကြောင်းလေးအားပေးသွားပါတယ်
    ReplyDelete
  8. အစကတော့အပျိုကြီးပဲ လုပ်တော့မယ်ဆို
    -------ဟီး.....ခုတော့လဲကွယ်
    လမင်းကချစ်ဖို့ကောင်းလိုက်တာ ခုမှသေချာမြင်ရတယ်
    ညလေးတော်မယ်နော်မွေးစားညလေးပေါ့
    ReplyDelete
  9. စိတ်ကောက်တော့ အပျိုကြီးလုပ်မယ်
    တည့်နေတော့လဲ ...........ဟဲ ဟဲ ဟဲ
    ReplyDelete
  10. အမလည်းပဲစိတ်ကောက်တတ်တာပဲနော်
    ကျွန်တော့်ချစ်သူနဲ့အ၇မ်းကိုတူတယ်
    ဒါပေမယ့် ဖူးကအပျိုကြီးမလုပ်ဖူးတဲ့
    အမလမင်းကတော့အ၇င်ကပြောတယ်အပျိုကြီးလုပ်မယ်ဆိုတော့
    အခုတော့ဟုပ်တော့ဘူးပေါ့..........ဟီးဟီး
    ReplyDelete
  11. မမလမင်းက ချောလိုက်တာ... ချစ်သူနဲ့လည်း လိုက်တယ်...
    ReplyDelete
  12. ဘူများလဲလို့ မြင်ဖူးပါတယ်လို့ ကြည့်နေတာ... ဟဲ... ဟဲ... အော်...
    ReplyDelete
  13. လမင်းလေးက ချစ်စရာလေးပါလား တီတင့်ပုံဖော်ထားတာနဲ့လည်း ခပ်ဆင်ဆင်ပဲး)
    စိတ်ကောက်တယ်ဆိုတာ မိန်းကလေးအတော်များများရဲ့ သဘာဝပေမယ့် တီတင့်တော့ ကောက်တတ်ဘူးကွယ်။
    တိုင်ပင်ပြီး ကိုယ်စိတ်တိုင်းကျ လုပ်တာ မဆိုးဘူး ဟိဟိ။ ကောက်တတ်သူနဲ့ မချော့တတ်သူ လိုက်လဲလိုက်ပါ့း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  14. ချစ်စရာညီမလေး ချစ်ကံကောင်းပါစေ။
    လိုက်ဖက်ပါတယ်။
    အသွင်မတူ အကြိုက်မတူဆိုတာကလည်း
    တမိတည်းမွေးတဲ့မောင်နှမတွေတောင်
    စိတ်ထားမှ မတူတတ်ကြတာ။
    ဒီလိုဘဲ အရာရာတိုင်းကို ညှိယူကြရတာပေါ့။
    ခင်တဲ့
    မကြီးလွမ်း
    ReplyDelete
  15. ဟမ်..အာပျိုဂျီးဒွေ ခြေလှမ်းသွက်ကုန်ကြပီ. မဖစ်တေးဝူး . စပိတင်ပီးလိုက်ရမယ်.။
    ReplyDelete
  16. ဟိုက် မမပျိုပျိုကြီးပျော်ရွှင်တဲ့ဘ၀ကို ချစ်သူနဲ့အတူ ဖြတ်သန်းနိုင်ပါစေဗျာ....
    ReplyDelete
  17. ဂီတာကြိုးလေးတွေလိုပေါ့.....
    တစ်ကြိုးနဲ့တစ်ကြိုး အသံထွက်ချင်းမတူပေမယ့်....
    သက်ဆိုင်ရာကြိုးလေးတွေကို အသံမှန်ညှိနိုင်ရင်..
    သာယာနာပျော်ဖွယ်...ဂီတသံကို ခံစားနိုင်မှာပါ.....
    ဒီလိုပါပဲ...
    (အချစ်ကို မသိနားမလည်...မခံစားတတ်တာမို့..ဆက်လက်ပြီး.မမန့်နိုင်တာလေးကိုတော့.ခွင့်လွှတ်ပါကွယ်)..:P
    ReplyDelete