ပြန်ချင်လိုက်တာ.. မိုးတွေအရမ်းများပြီးရေတွေကြီးေ
.အမေကိုလည်းသနားတယ်.. အိမ်မှာ တစ်ယောက်တည်းရယ်....
အမေကတော့သူ့ စိတ်ကူးနဲ့ သူဆိုတော့ ကျွန်မတို့ ကိုသတိရရင်တောင် မျိုသိပ်ထားမှာပါ။။
လမင်းမှတ်မိနေသေးတယ်.. ငယ်ငယ်က လယ်ထဲမှာပဲပျော်နေတတ်တဲ့ ကျွန်မကို မဖြစ်ဘူး.. အကြီးမကို
မြို့ ပို့ ရမယ်.. ဒီလယ်ထဲမှာပဲပျော်နေလို့ မဖြစ်သေးပါဘူး... လို့ အမေညည်းဖူးတယ်..။။
ကျွန်မကလည်း တောသဘာဝ တွေ လယ်ကွင်းစိမ်းစိမ်းတွေဆို အရမ်းပျော်တာ..ကျောင်းပြေးပြီး
လယ်ထဲသွားတတ်တာကိုအမေ မကြိုက်ပါ။။ အမေတို့ က ရွာမှာကြီးပြင်းခဲ့ ရပေမဲ့ အမေ့ သမီးတွေကိုတော့ တောသူ မဖြစ်စေချင်ဘူး။။ အဲတော့သမီး မြို့ ကျောင်းတက်ရမယ်.. အဒေါ်တွေဆီမှာနေရင် ကျောင်းတက်ရမယ်ဆိုတဲ့
အမေရဲ့ အမိန့်  မလွန်ဆန်နိုင်တော့ ကျွန်မ အသက်ငယ်ငယ်လေးနဲ့ အမေနဲ့ ရွာကို ခွဲခွာခဲ့ရတယ်။။။
မြို့ မှာနေတာကြာလာပေမဲ့ ရွာကိုပဲသတိရတတ်နေတဲ့ ကျွန်မ ကျောင်းပိတ်တာနဲ့ ရွာကို အပြေးပြန် ပြန်လာတာနဲ့ အဆူခံရတော့တာပဲ။။ ကျောင်းအပြီးပိတ်မှပြန်လာတဲ့ ကျွန်မကတော့မရပါဘူး။။ အဆူခံပြီးကိုပြန်တယ်။။
နယ်မြို့ လေးကနေ ကျွန်မ အသက် (၁၄) လောက် မှာပဲ ..ရန်ကုန်မြို့ ကို ခြေချခဲ့ရပြန်တယ်.. လသာတဲ့ ညတိုင်း
ငိုနေတတ်တဲ့ ကျွန်မကို အဒေါ်တွေသနားပေမဲ့ စိတ်ဓာတ်မာတဲ့အမေကတော့ လုံးဝပြန်မလာပါနဲ့ တဲ့... ဒီလိုနဲ့  ၁.. နှစ် ၂ နှစ်လောက်တော့ နေသားကျလာပါတယ်....။။ တစ်နှစ်တစ်ခါတော့ ရွာဘုရားပွဲပြန်တတ်တာကလွဲလို့  ကျွန်မ ရွာကို
မရောက်တော့ပါဘူး။။ အခု ကိုယ့်နိုင်ငံမဟုတ်တဲ့ တိုင်းတစ်ပါးကိုရောက်နေပြန်ရောေ
ပါ့... နှစ်တွေ လတွေပြောင်းသွားလို့ အသက်တွေကြီးလာပေမဲ့ ကျွန်မ ရွာကိုတော့သတိရမြဲပါ။။ ကျွန်မရဲ့ ရည်မှန်းချက်ကလည်းကြီးကြီးမား
အမေကတော့ ကျွန်မတို့ ညီမသုံးယောက်လုံးကို မြို့ ပို့ ပြီးတစ်ယောက်တည်း အထီးကျန်ခြင်းကိုခံစားနေမလားပဲ။
။
ဘယ်သူဖြစ်ဖြစ်သားသမီးတွေနဲ့ အတူနေချင်ကြတာပဲ မဟုတ်လား။။ သမီးတွေကိုတိုးတက်စေချင်လို့ မြို့ ပို့ ထားပေမဲ့ အမေ့ရင်ထဲကိုကျွန်မ မြင်ကြည့်လို့ ရပါတယ်။။ အမေ့ကို အရမ်းစိတ်ပူတယ် ။ တစ်ခါတစ်လေ ကျွန်မရဲ့ အချိန်တွေ ပျော်ရွှင်မှုတွေကိုငွေနဲ့ လဲနေရသလိုခံစားမိလာတယ်။။
အားတဲ့ရက်လေးစာရေး ဘလော့လည်ရင် ပျော်ရွှင်မှု အထီးကျန်ခြင်းကိုဖြတ်ကျော်နေရတဲ
့ ဘ၀ ရောက်နေပါတယ်။
ဘလော့တွေလျှောက်လည်ရင် တွတ်တွတ် ဓာတ်ပုံတင်ထားတာတွေကြည့်မိတော့ ကျွန်မကို အတွေးများစွာ
ပေးပြီး အတိတ်ကိုအမှတ်ရစေပြန်တယ်.. ပုံလေးကတော့ရိုးရိုးရှင်းရှင်းေ
လးပါ.. လယ်ကွင်းစိမ်းနဲ့ တဲပုတ်လေးတစ်လုံးပါ.. အခုအဲပုံလေးကို ကျွန်မ နေ့ တိုင်းကြည့်ဖြစ်နေတယ်.. အတွေးပေါင်းများစွာနဲ့ ပေါ။။။။ ငါအခု အဲနေရာမှာ ပျော်နေပါ့အုံးမလား။။ ရွှံ့ ဗွက်တွေမှာရော ငါပျော်နိုင်ပါ့အုံးမလား။။
ဘာဖြစ်လို့ လည်းဆိုတော့ ကျွန်မ တောရွာလေးကိုစွန့်ခွာခဲ့တာ အချိန်တွေကြာခဲ့ပြီးလေ.. ကျွန်မ ပြန်မှာပါ..
ထိုရွာလေးရှိရာကို ကျွန်မ သွားအုံးမှာပါ.. ကျွန်မခြေထောက်တွေကို ရွှံ့ ဆိုတဲ့ အရာနဲ့ ထိတွေ့ ခွင့်ပေးအုံးမှာပါ။။။
အမေကတော့ ကျွန်မ ဆန္ဒတစ်ချို့ ကို ပိတ်ပင်နိုင်တယ် ဆိုပေမဲ့လည်း အမေ့ကြောင့်သာ ကျွန်မ အခုလိုဘ၀မှာနေ
ခဲ့ရတာပါ။။ အမေသာ မြို့ မပို့ ပဲ တောမှာပဲ ထားခဲ့ရင်.. ကျွန်မ အခုဆို အိမ်ထောင်တွေကျပြီး ကလေးတွေတောင်
ရနေလောက်ရောပေါ့.. :P ဘာပဲဖြစ်နေပါစေ.. ကျွန်မ ထို ရွာလေးကိုတော့ရောက်အောင်သွား အုံးမှာပါ။။
အတွေးပွားစေတဲ့ ဆရာတွတ်တွတ်ရဲ့ ပုံလေးပါ တင်ပေးလိုက်ပါတယ်။။။ ပုံးလေး အတွက်အတွက်ကျေးဇူးတင်ပါတယ် တွတ်တွတ်ရေ...............အားလု
ံးကျန်းမာပျော်ရွှင်ပြီး အေးချမ်းသော ဘ၀ကိုပိုင်ဆိုင်နိုင်ကြပါစေ....
ပုံကိုကြည့်ပြီးတစ်ခုခုကိုလွမ်းသလိုပဲ...အမပို့စ်လေးဖတ်ပြီးပိုတောင်လွမ်းသွားတယ်..ဘာကိုလည်းတော့မသိဘူး...
ReplyDeleteအင်း လမင်းတို့ လွမ်းလိုက်တာ ပို့စ်တစ်ခုရေးဖို့ကုန်ကြမ်းထွက်လာတာပေါ့...
ReplyDeleteအကိုကျတော့ တစ်မျိုးလွမ်းနေရင် ဘာမှမထွက်ဘူးဗျာ...အခုတစ်လောဘာတွေ
စိတ်ဖိစီးနေတယ် မသိဘူး...ဘာမှရေးလို့မရဘူး...ဒါကြောင့်စာတွေလိုက်ပဲ လိုက်
ဖတ်ဖြစ်နေတာ...အင်းအလွမ်းစရာအမေ မရှိတော့ပေမယ့် လွမ်းစရာတွေတော့ရှိ
နေတာပေါ့...
ညီမလဲ အမေနဲ့ရွာကိုလွမ်းတယ် .. ညီမတို့ရွာက သာအေးတော့ အိမ်ထောင်တွေကျ ကလေးတွေမွေးသွားပြီဆိုတော့ ရွာမှာလွမ်းစရာ သာအေးတော့မရှိတော့ဘူး မမရေ .. (:P ခင်လို့ လျှောက်ရေးလိုက်တာ)
ReplyDeletebanner လေး အရမ်းလှတယ် ဗျာ
ReplyDeleteကွန်နက်ရှင်မကောင်းလို့  အခုမှလာလည်ဖြစ်တယ်ဗျာ
ဓာတ်ပုံလေးရော..စာသားလေးရော..အမေနှင့် ရွာကိုလွမ်းတဲ့ ခံစားချက်အပြည့်အ၀ ဖြစ်ပေါ်စေပါတယ်
ReplyDeleteရွာကိုအမြန်ဆုံးပြန်လည်နိုင်စေဖို့ ဆုတောင်းပေးပါတယ်။ ချစ်စံအိမ် မေမေလဲ မြန်မြန်နေကောင်းပါစေနော်။
ReplyDeleteအော်...ခုတလော လွမ်းနာတွေကျနေကြတာကိုး။
ReplyDeleteမကြီးလွမ်းလည်း လွမ်းနေပါတယ်။
ရွာနဲ့ငယ်ချစ်ဟောင်းကို....အဟီးးးးးးးး
စာတွေဖတ်ပြီး အပြေးတောင် ပြန်(ပျံ)ချင်တယ်..
သီချင်းလာနားထောင်လို့ ကျေးဇူးပါ
ချစ်တဲ့
မကြီးလွမ်း
စာကို ဖတ်ပြီးတော့ အညာကိုတောင်လွမ်းတယ်ဗျာ ။
ReplyDeleteကိုယ့်ပုံလေးကိုအခြားနေရာမှာပြန်မြင်မိတော့..ပီတိလိုလို..ပျော်သလိုလိုတော့ဖြစ်မိသားဗျာ... ကျွန်တော်ကတော့ ၀ါသနာအရသာ..ဓာတ်ပုံတွေလျှောက်ရိုက်နေတာ..အခု မလမင်းငယ်လို..ကျကျနနပုံဖော်ပြီး..အသက်ဝင်အောင် မရေးတတ်တော့....ပုံက..အ...သလိုဖြစ်သွားတယ်ဗျာ..ကျေးဇူးအများကြီးတင်ပါတယ်..(မူရင်းပုံပို့ထားပေး လိုက်မယ်နော်)
ReplyDeleteအားပေးသွားပါတယ်
ReplyDeleteကိုယ့်အရပ်ကိုယ့်အရွာကတော့ဘယ်တော့မှမေ့လို့
ReplyDeleteရမှာမဟုတ်ဘူးနော်အားပေးသွားပါတယ်အမ
အမအမေလဲအမြန်ဆုံးနေကောင်းပါစေ
ချစ်စံအိမ်ရေ.. ရွာအလွမ်းလေးဖတ်ပြီး
ReplyDeleteမြန်မာပြည် ပြန်ချင်စိတ်ပေါက်သွားတယ်..
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
အမေနဲ. ရွာဘဲ လွမ်းတာလား အစ်မ ချစ်သူကော မပါဘူးလား ဟဲ စတာနော်
ReplyDeleteလမင်းရေ..
ReplyDeleteမြတ်မှာ အတည်ပေါက်လေး ဖတ်ပြီး ဆွေးမို့ရှိသေးး
အမေသာ မြို့ မပို့ ပဲ တောမှာပဲ ထားခဲ့ရင်.. ကျွန်မ အခုဆို အိမ်ထောင်တွေကျပြီး ကလေးတွေတောင်
ရနေလောက်ရောပေါ့.. :P
အဲတာလေးဖတ်ပြီး မြတ် ရယ်မိသွားတယ်။ :)
ချစ်တဲ့
မြတ်
မမချစ်စံအိမ်လေးရေ သည်စာလေးတွေကိုဖတ်ပြီးကျွန်တော့် အမေကိုလည်း သတိရမိတယ်
Deleteအားပေးသွားတယ်နော်
ဒီပို့စ်လေး ဖတ်ပြီး ရွာကို လွမ်းသွားပါတယ်...
ReplyDeleteလမင်းလေးကလဲလွမ်းတတ်တယ်နော်
ReplyDeleteပုံလေးနဲ့ စာလေးရေးထားတာ လိုက်ဖက်တယ်
အရောက်နောက်ကျလို့ စိတ်မဆိုးပါနဲ့နော်
ချစ်တဲ့ sis jasmine