လမင်းစာရေးတဲ့ ဘက်မလှည့်ဖြစ်ဘူး.. အရှုပ်လေးတွေလုပ်နေလို့ အမှန်ပြောရရင် လမင်းစာမရေးတတ်သလို ၀ါသနာပါလှတယ်လည်း မဟုတ်.. အပျင်းပြေအနေနဲ့  ရင်ဖွင့်ချင်တာလေးတွေ လျှောက်ရေးနေတာပါ..တကယ်စာရေးတတ်တဲ့ သူတွေလာလာဖတ်တော့ အားနာမိတယ်.. မရေးတော့ဘူးလို့လည်း ဆုံးဖြတ်ဖူးတယ်..လမင်းဘလော့ကို လာလည်ကြတဲ့သူတွေကို တကယ်အားနာမိတာပါ.. ဘာဗဟုသုတမှမရစေတော့ ပိုဆိုးတယ်. လမင်းက အသက်ကသာကြီးလာတာ စိတ်ကခလေးဆန်တုန်းပါ.. ၀န်ခံတာ.. အခုတလောစိတ်ကို ရင့်ကျက်မှုရအောင် လေ့ကျင့်ယူပြန်တော့လည်း ရင့်ကျက်မှုဆိုတာလေ့ကျင့်မှုနဲ့ မဆိုင်ပြန်ဘူးဆိုတာ သိလာပြန်တယ်..တွေ့ ကြုံမှုဖြတ်သန်းကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင်နဲ့ဆိုင်တယ်ဆိုရင်တော့.... လမင်းပတ်ဝန်းကျင်ကလူတွေကို အပြစ်တင်ရတော့မယ်ထင်တယ်.. သတိထားမိလားမသိဘူး လမင်းစာအရေးအသားတွေက အရမ်းကို ကလေးဆန်နေတာလေ.. တစ်ခုတော့ရှိတာပေါ့ လမင်းပွင့်လင်းပျော်ရွှင်စွာ နေတတ်တယ်.. သူငယ်ချင်းတွေကပြောဖူးတယ်..သူမှာစိတ်ညစ်တယ်ဆိုတာ ရှိမှမရှိုတာတဲ့။လူပဲလေရှိတာပေါ့ စိတ်ညစ်နေလို့ မှမပြီးတာ။ ထိုင်ညစ်နေမဲ့အစား အဖြေရှာမယ် ပျော်ပျော်နေမယ်....ဒါလမင်းစတိုင်ပဲ: ထားပါလေ ကိုယ့်အကြောင်းပြောနေရင်ပြီးမှာ မဟုတ်တော့ဘူး..စာလာဖတ်တဲ့သူတွေ ကုသိုလ်ရအောင်မေတ္တာပွားနည်းလေး သိသလောက် တင်ပေးလိုက်ပါတယ်...
မေတ္တာပွားမယ်ဆိုရင် တစ်ဦတစ်ယောက်အပေါ်မှာချစ်ခင်တွယ်တာနေတာ..
ကိုယ်လိုမဖြစ်စေချင်လို့ ၀န်တိုနေတာ ကိုယ်နဲ့တန်းတူဖြစ်လို့ပြိုင်ဆိုင်ရင်း မာန်မာနဲ့တင်းခံနေတာတွေကို...
ကိုယ့်စိတ်ထဲမှာ လက်ခံမထားရဘူးလို့ ဖတ်ဖူးတယ်..
တက်နိုင်သမျှရှင်းထုတ်ပစ်ရပါမယ်...နောက်ပြီးအစဦးဆုံးမပို့ရတဲ့ပုဂ္ဂိုလ်သီသန့်မပို့ရတဲ့ပုဂ္ဂိုလ်တွေကိုလည်း..
မေတ္တာစိတ်မဖြစ်နိုင်လို့ ခဏဖယ်ထုတ်ထားရမယ်...ပြီးရင်ကိုယ့်စိတ်ထဲမှာအေးချမ်းမူဖြစ်လာအောင် အအေးဓာတ်တွေ.. အရင်မွေးယူထားပါ..
မြန်မြန်ဖြစ်လွယ်တဲ့ အေးချမ်းနေတဲ့ရေ စသည်တို့ကိုအာရုံပြုကြည့်ပါ..
အဲလိုအာရုံပြုလို့ မိမိရဲ့စိတ်လေး အေးချမ်းမူရလာတဲ့အခါကိုယ်ချင်းစာစိတ်လေးဖြစ်ပေါ်လာစေဖို့အတွက်...
မိမိကိုယ်မိမိအာရုံပြုပြီး ငါသည်ဘေးရန်ကင်းကွာ ကျန်းမာလို့ ချမ်းသာပါစေ စသည်ဖြင့်ကိုယ်နစ်သက်သလို လေ့လာထားဖူးတဲ့အတိုင်း..
ကိုယ်သန္တာန်၌ ကိုယ်ချင်းစာစိတ်တွေ ငြိမ်းအေးတဲ့စိတ်တွေဖြစ်ပေါ်လာအောင်ပို့သရပါမယ်......
လမင်း သိသလောက်မေတ္တာပို့နည်းလေးရေးကြည့်မယ်မေတ္တာပို့ နည်းတွေက အများကြီးရှိပါတယ်. ကိုယ်ကြိုက်နှစ်သက်ရာပေါ့ဒါကလမင်းပို့သတဲ့နည်းပါ...........(၁)ဘေးရန်ခပ်သိမ်းငြိမ်းရပါစေ...
(၂)ဒေါသခပ်သိမ်းငြိမ်းကြပါစေ (၃)ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ (၄)နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ လို့ပို့ရတဲ့ငါးရာနစ်ဆယ့်ရှစ်.
မေတ္တာပို့နည်းလေးမျိုးတို့တွင် မိမိစိတ်ထဲကကြိုက်နစ်သက်ရာ မေတ္တာပို့နည်းတစ်ခုခုကို ရွေးချယ်ပြီး ပို့နိုင်ပါတယ်....ဥပမာအနေနဲ့
နောက်ဆုံးမေတ္တာပို့နည်းကို ကြိုက်နစ်သက်တယ်ဆိုပါဆို့ ကိုယ့်ကိုယ်ကိုအာရုံပြုပြီး ငါသည် နှလုံးစိတ်ဝမ်းအေးချမ်းပါစေ လို့ပို့နေရမယ်...
မိမိကိုယ်ကို မိမိပို့နေချိန်တွင် ငါဟာဘေး၇န်တွေကင်းပြီး ကျန်းမာချမ်းသာစွာနေချင်တယ် သတ္တ၀ါတွေလည်းငါလိုပဲနေချင်ကြမယ်....
ငါဟာ စိတ်နှလုံးအေးအေးချမ်းချမ်းနေချင်သလို တခြားပုဂ္ဂိုလ်တွေလည်း ငါလိုအေးအေး ချမ်းချမ်းနေလိုကြမယ်.....
သတ္တ၀ါတွေအပေါ်အကျိုးလိုလားစိတ် စာနာစိတ် ငြိမ်းချမ်းစေလိုတဲ့ စိတ်တွေဖြစ်ပေါ်လာအောင် အာရုံပြုနေရမယ် အဲလိုအာရုံပြုနေတာကို မေတ္တာလို့ခေါ်တယ်....
အဲလိုစိတ်မျိုးတွေဖြစ်ပေါ်လာရင် ကိုယ်တိုင်လည်း ကိုယ်ရောစိတ်ပါ တည်ငြိမ်းအေးချမ်းလာပါတယ် ထိရောက်မူလည်းရှိပါတယ် ...
ဒါကြောင့်ကိုယ့်ကိုယ်ကိုစတင်မေတ္တာပို့ရပါတယ်........မေတ္တာပို့နည်းများစွာရှိပါတယ် သိသလောက် မျှဝေခြင်းပါ.........
.....လူသာအားလုံးမေတ္တာ စိတ်များပွားများနိုင်ကြပါစေ.........ခုနစ်ရက်သားသမီးအားလုံး ကျန်းမာပျော်ရွင်
ဒေါသကင်းစေ နိင်ကြပါစေလို့...........
လမင်းကပေးတဲ့လက်ဆောင်နော်...:P
ဒီပို့စ်လေးပြီးရင်တော့ပိုက်ဆံဖြုန်းထားတာလေးတွေရေးတင်ပါအုံးမယ်..:P
လက်ဆောင်လာယူသွားတယ် အစ်မ :)
ReplyDeleteလမင်းလေးကအချိန်ပေးပြီးရေးတင်ထားတာလေးတွေကို
ReplyDeleteအားပေးသမှုပြုတဲ့သဘောပေါ့နော်
တစ်ယောက်နဲ့တစ်ယောက်ခင်မင်မှုတွေအဓိကပါပဲလမင်းရေ
ခုလဲလမင်းပေးတဲ့လက်ဆောင်လေးယူထားပါတယ်ရှင်
ပိုက်ဆံဖြုန်းထားတာလေးတွေလဲစိတ်ဝင်စားစွာနဲ့စောင့်နေပါတယ်လို့
ချစ်တဲ့ မကြီးစံပယ်
အမလမင်းကျေးဇူးပါ...
ReplyDeleteညီမလေးရေ။
ReplyDeleteမကြီးလည်း လာရောက်အားပေး မှတ်သားသွားတယ်။
လက်ဆောင်လေးလည်း ယူတွားတယ်နော်.
ပိုက်ဆံဖြုန်းတဲ့ ပိုစ့်လေးစောင့်နေမယ်။
ရှိတဲ့သူတွေက ဖြုန်းနိုင်တာပေါ့. သများကတော့
ဒီနေ့လစာဝင် နောက်နေ့ ကုန်ဘဲ။ ဖြုန်းချင်တာတောင်
ဖြုန်းဖို့ သတိမရအားဘူး..
ချစ်တဲ့
မကြီးလွမ်း
လက်ဆောင်လေးလာမသွားတယ်
ReplyDeleteမိုးသူ(တောင်ကြီး)
လက်ဆောင်လေးယူသွားပါတယ်
ReplyDeleteဤဘလော့ကို စာလာဖတ်ကြတဲ့လူတွေနဲ့ တကွ ဘလော့ပိုင်ရှင်လည်း ကိုယ်ရောစိတ်ပါ
ReplyDeleteကျန်းမာချမ်းသာကြပါစေ။
မေတ္တာထားခြင်းက အရာရာကို အောင်နိုင်စေပါတယ်..
ReplyDeleteဒေါ်လမင်း
ReplyDeleteနင်ပေးတဲ့လက်ဆောင်ထဲငါရောပါရဲ့လားဟင်..
တစ်ကယ်အဖိုးတန်သော လက်ဆောင်လေးပါပဲမမရေ..
ReplyDeleteကြိုက်တာရေးကြိုက်တာတင်လို့ရပါတယ်လမင်းရေး))
ReplyDeleteမေတ္တာပို့နည်းလေးတွေ လာဖတ်သွားပါတယ်ဗျာ...:-)
ReplyDeleteလမင်းရေ
ReplyDeleteအရုပ်လုပ်နေတာလား ၊ အရှုပ်လုပ်နေတာလား ဟီးဟီး ဆောရီးနော် မသဲကွဲလို့
ခုနစ်ရက်သာသမီးအားလုံး ကျန်းမာပျော်ရွင် ဒေါသကင်းစေ နိင်ကြပါစေလို့...........
ReplyDeleteလမင်းကပေးတဲ့လက်ဆောင်နော်...:P
ပေးတဲ့ဆုနဲ့ပြည့်ပါစေ လမင်းရေ..း)
လက်ဆောင်လေးကို အရမ်းကြိုက်တယ်
ReplyDeleteကျေးးဇူးပါလမင်းရေ
အဲ ............
ReplyDelete