ပိုက်ဆံဖြုန်းတဲ့ပိုစ့်လေးတင်မယ်ပြောထားတော့ စာရေးပျင်းတဲ့ လမင်းတင်လိုက်ပါ၏..:P
တကယ်တော့လမင်းအနေနဲ့ ပိုက်ဆံဖြုန်းတာလို့ပြောရပေမဲ့ အချို့သူတွေအနေနဲ့တော့ သုံးတာပေါ့..လမင်းက မိသားစု အတွက်ထောက်ပံ့နေရသူပါ.. သူများတွေလိုလည်း မသုံးနိုင်ပါဘူး။။ အမှန်အတိုင်ပြောရရင် ဈေးကြီးတာဆို အနားတောင်မကပ်ဖူးတာ အလိုလိုကြောက်နေ တတ်တာလေ....အ၀တ်အစားဆိုလည်း တစ်နှစ်ပြည့်လို့ တစ်ထည်ဝယ်တာရှားတယ်။။။။ အိမ်မှာနေတုန်းကတော့ အမေ၀ယ်ပေးရင် ၀တ်လိုက်တာပဲ ... အခုထိလည်း မ၀ယ်တတ်ပါဘူး...
တစ်ခါတလေဈေးဝယ်ထွက်လို့  သူများအတင်းတိုက်တွန်းရင်တော့ ၀ယ်ဖြစ်တယ်.... $ 30 ထက် မကျော်ဘူးး.. :P ကြွားတာ သုံးတာနဲ့ ဖြုန်းတာကိုလည်းသေချာ လမင်းချိန်းဆရပါတယ်... တစ်ခုခုလုပ်တော့မယ်ဆို ငါသုံးလိုက်တဲ့ငွေက ဘာအကျိုးရှိလည်း ဆိုလည်းတွေးပြီးမှ လုပ်ရတာမျိုးပါ။။။။ သူများတွေကပြောတယ် လမင်းနင်လည်း ပိုက်ဆံပဲရှာနေတယ်..ကိုယ်အတွက်လည်း သုံးပါအုံး သူများအတွက်ပဲ ရှာနေတော့မှာလား။။။ငါအတွက်သုံးပါတယ်.... ငါလှူခဲ့တာတွေက ငါသုံးတာတွေပဲပေါ့လို့ ..
လမင်းတတ်နိုင်သလောက်တော့လှူပါတယ်.. သူများတွေလိုတော့ အများကြီးမလှူနိုင်ပါဘူး။။။ ကိုယ်သုံးမဲ့ အထဲက လှူတတ်ပါတယ်...........အခုက ပြန်ချိန်လည်းနီးလာတော့ မသွားဖူးတဲ့နေရာလေးတွေ သွားမယ်စိတ်ကူးလေးနဲ့ပေါ့.... မပြန်ခင်တော့ သွားနေအုံးမှာပဲ ဘာဖြစ်လည်း ကိုယ်ရှာတာ ကိုယ်သုံးတာဆိုတဲ့ စိတ်နဲ့ ဥပေက္ခာပြုထားပါတယ်။။။ :D......အမေကလည်းမှာပါတယ်.. သမီးရယ် အိမ်အတွက်ပဲကြည့်မနေပါနဲ့။ ကိုယ့်အတွက်လည်းကိုယ်သုံးပါတဲ့ ....အမေစကား နားထောင်တာပါ....:P စကားရှည်နေပါပြီးကြွားတော့မယ်....
ဈေးကြီးတဲ့အထဲမပါပေမဲ့ ကုန်တာတော့ကုန်သွားတာပါပဲ:P..
(၂) ဒုတိယ မျက်မှန် တကယ်ဝယ်ချင်တာက $ 180 တန်ပါ.. ၀ယ်ဖြစ်လိုက်တာကaတာ့ $ 99. စိတ်ကိုဒုန်းဒုန်းချပြီး ၀ယ်လိုက်ပါတယ်... ဒါလည်းမလိုဘူး... တစ်ခုရှိတယ်...$30 တန်လေးပေါ့.. ဒါလည်းဖြုန်းလိုက်တာပဲ....:P
ဒါကအသစ် ဟောင်းလေးတော့မထည့်တော့ပါဘူး....
(၃) တတိယ ... နာရီပါ... ဒါလည်းဖြုန်းတာပဲ ဘာလို့လည်းဆိုတော့ လမင်းမှာတစ်ခုရှိတယ် အဲတစ်ခုတောင်
တစ်ခါမှမပတ်ဘူး... လက်ရှုပ်လို့ ဒီမှာကအချိန်ကို ဘယ်ကကြည့်ကြည့်ရတော့ နာရီလိုဘူးလေ..ဒါပေမဲ့ လျှော့ဈေးချနေတာနဲ့ လက်ဆောင်ပေးချင်ပေးလို့ ရအောင်ဝယ်ထားလိုက်တာ...:P
အဲလိုလည်းတွက်တတ်ပါသေးတယ်....:)
(၄) စတုတ္မ္မ္ထကတော့အဆိုးဆုံးပဲ Show ပွဲသွားကြည့်တာ တစ်ခါမှမကြည့်ဖူးဘူး..မြန်မာပြည်မှာလည်းမကြည့်ဖူးပါ... မြန်မာပြည်မှာတော့ ၂သောင်း ၃သောင်းဆိုတော်တော်ကောင်းတဲ့နေရာမှာရတာပေါ့လေ... အဲလိုကုန်မဲ့ပိုက်ဆံ လိုတာသုံးမယ်ဆိုပြီး လုံးဝမကြည့်တတ်ဘူး။။ အခုလည်းဖြစ်ချင်တာဖြစ် ကြုံခဲတယ်လေ အဆိုတော်နှစ်ယောက်လုံးကို လမင်းကြိုက်တာနဲ့ ကဲမထူးဘူးဆိုပြီးသွားကြည့်လိုက်တယ်....EnRque Iglesias & Jennfer lopez အဲနှစ်ယောက်လုံးက အရမ်းတော်တယ်.. အရမ်းလည်းကြိုက်တယ်.. သူတို့မှာလည်း ဇာတ်လမ်းလေးတွေရှိတယ်..
မပြောတော့ပါဘူး.သူတို့ နှစ်ယောက်အကြောင်းကို...စိတ်ရရင်ရေးမယ် . :P $100 တန်ကကြည့်လိုက်တာ နတ်ပြည်ရောက်နေသလား ထင်ရတယ်... အမြင့်ကြီး သူတို့နဲ့ နီးတဲ့နေကလည်း ၅၀၀.. ၆၀၀ ..၇၀၀ ၈၀၀တဲ့ ဘယ်ပေးမလည်း ကြည့်ဖူးတယ်ဆိုရင် ပြီးတာပဲလေ ၁၀၀ ဆိုတော်ရောပေါ့.. ဒါတောင် အပြောခံရသေးတယ်... ဘယ်သူလို့ထင်လည်း လမင်းချစ်သူပါ.. ပိုက်ဆံဖြုန်းတာတဲ့ အတင်းပြောရအုံးမယ်... သူကလမင်းထက်ကပ်စေးနှဲတယ် :P အခုလိုတွေ ရေးတာလည်းပြောအုံးမယ် ပွစိပွစိနဲ့ လူများသိအောင်လျှောက်ပြောနေတယ်ပေါ့... ပြောဆိုရှာကြံရေးရတာကို သူများတွေလိုလည်း ၀ထ္ထုတွေကဗျာတွေမရေးတတ်တော့ စိတ်ကူးပေါက်တာရေးတာပါ ...အားလုံး နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။။။။။ :P ဗီဒီယိုလေးရိုက်ခဲ့တာခဲ့တာလေးပါ တင်လိုက်ပါတယ်.. ဓာတ်ပုံတွေတော့ အများကြီးပဲ ဟဲဟဲ ကိုယ့်ပုံပါနေတော့ မတင်တော့ပါဘူး...:P
သုံးသုံး ဖြုန်းဖြုန်းပေါ့အမလမင်းရာ...လိုချင်တာတွေဝယ်ရတာပဲ
ReplyDeleteပျော်စရာကြီးပေါ့...
ကွန်ပြူတာပဲကြိုက်တယ်...ရှိုးပွဲလဲစိတ်ဝင်စားတယ်..အမ
ReplyDeleteကိုယ်နှစ်သက်လို့ ဝယ်လိုက်တဲ့ပစ္စည်းတွေကို တန်ဘိုးထားနေသမျှ
ReplyDeleteအသုံးပြုတယ်လို့သာ ယူဆလိုက်ပါ လမင်းလေးရေ။ တူတူပါပဲ
တီတင့်လည်း ကဗျာတွေ ဝတ္ထုတွေမရေးတတ်လို့ ကိုယ်တွေ့ချည်း လှိမ့်ရေးတာ :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မိုက်တယ်ဗျာ
ReplyDeleteဘယ်လောက်ပဲပိုက်ဆံတွေရှာဖွေနေပါစေ ကိုယ်နဲ့ထိုက်မှခံစားရတာပါ
ReplyDeleteမစုနဲ့လို့မပြောပါဘူး စုလဲစု သုံးလဲသုံးပေါ့ ပစ္စည်းတွေက မလိုအပ်ရင်မ၀ယ်နဲ့လမင်းရေ
နိုင်ငံခြားမှာက အမြဲဈေးချတတ်ပါတယ် လိုအပ်တဲ့ပစ္စည်းလေးတွေကိုတော့ ၀ယ်သင့်တယ်
သုံးတာခေါ်မလား..ဖြုန်းတာခေါ်မလား..;D လာအားကျသွားတယ်
ReplyDeleteလွင်ပြင်လဲ အခုတလော ပိုက်ဆံဖြန်းနေသလိုပဲ ....
ReplyDeleteညလေးရေ...မကြီးလွမ်း သားရေကျသွားတယ်။
ReplyDeleteကြည့်ယုံလေးနဲ့တင် တံတွေးမျိုချ ပြန်တွားပါတယ်။
သများတို့ကတော့ ဝယ်နိုင်ပါဘူးတော်။
ရှိမှမရှိတာကိုး...အဟီး
ခုလိုလေး စိတ်ထဲကဖြစ်တာလေး လုပ်ရတော့
ကျေနပ်တယ်ဟုတ်။ အဲတာက ချမ်းသာခြင်းဘဲ။
ချစ်တဲ့
မကြီးလွမ်း
ကွန်ပျုတာလေးကိုတော့ကြိုက်သွားပြီ အဟိ
ReplyDeleteSHOW ပွဲကိုလည်း ပိုက်ဆံတစ်ပြားမှ မကုန်ပဲ ကြည့်သွားတယ် :D
ကွန်ပြူတာဘဲကြိုက်တယ်။ ယူသွားပြီ။
ReplyDeleteကိုယ့်အတွက်သုံးတာပဲ အစ်မရယ်။ ကိုယ်စိတ်ချမ်းသာဖို့ အရေးကြီးတယ် မဟုတ်လား။
ReplyDeletewow !!!1 လိုချင်စရာတွေ
ReplyDeleteသူများတွေလို ၀ယ်နိုင်တဲ့ ဘ၀မဟုတ်လေတော့
သရေကျပြီးအားကျသွားပါတယ်ဗျာ
သုံးမယ့်သုံးတော့လည်း မနည်းမနောပါလား.. ဟိဟိဟိဟိ
ReplyDeleteဝယ်ထားတာလေးတွေအားလုံး သဘောကျတယ်
ReplyDeleteမျက်မှန်လေးလည်း ကြိုက်တယ်း)
အဟီး...၀ယ်ထားတဲ့ ပစ္စည်းတွေထဲမှာ တကယ်အသုံးလိုတဲ့ပစ္စည်းမတွေ့
ReplyDeleteဘူးရယ်... သီလရှင်သင်္ကန်း၊ စိတ်ပုတီး၊ ရောဂီသဘတ်၊ မောင်းတော်ချိုင့်
ဘာမှမပါဘူးရယ်... သီလရှင်နဲ့လက်တော့၊ သီလရှင်နဲ့မျက်မှန် နည်းနည်း
လွဲနေသလားလို့ ဟိဟိ... အင်း ၀ယ်လိုက်တော့လည်းအဖတ်တင်သွားတာ
ပေါ့ ညီမလေးရာ... ငွေဆိုတာဝင်လာပြီးရင် ထွက်ပေါက်ပေးထားရတယ်..
စီးပွားရေးအမြင်နဲ့ကြည့်ရင် ငွေကြေးလည်ပတ်နေတဲ့သဘောပေါ့...၀င်လာ
သမျှကိုပြန်ပေးမထွက်ရင် တိုင်းပြည်နစ်နာတယ် :D.. အဲစကားပုံတစ်ခုရှိ
သေးတယ်ဘာတဲ့...စီးပွားတက်ရင်လူခိုက်တယ် ဆိုလားပဲ..အဲဒီတော့သုံး
ပေးညီမလေး...လူတော့အခိုက်မခံနဲ့...တော်ကြာ ဌက်ပြောတုံး၊ ဌက်ပြောတုံး
နော်... သုံးစရာနေရာမရှိရင်ပြော အကိုသုံးပေးမယ်..ကူညီချင်လို့ပါးP.....
ခင်မင်စွာဖြင့်
ရာဇာထွေး
လိုချင်တာဝယ်ရတာဟာ စိတ်ချမ်းသာခြင်းပဲလေ
ReplyDeleteလိုချင်တာကို မပိုင်ရတာကမှ ကိုယ့်ပျော်ရွှင်မူကျေနပ်မူ
တွေကိုဖြုန်းလိုက်တာပါ အခုက ပျော်ရွှင်မူတွေကို သုံးလိုက်တာပါ
အင်္ဂလာစာမှာတော့
ReplyDeletestudy မှ မဟုတ်ရင် use မဟုတ်ဘူး
ပိုက်ဆံကို ဖတ်ဖို့ စာအုပ်ကောင်းကောင်းလေး
ဝယ်တာတောင် Spend ပဲ
ကောင်းတယ် မကြီးရေ
စိတ်ထဲမှာ ဘယ်လိုခံစားရလဲ
နော်ကတော့ ကိုယ်လိုချင်တာ တစ်ခုခုဝယ်ပြီးရင်
စိတ်ထဲမှာ လန်းဆန်းနေတာပဲ
နွေလ
ကိုယ်ရှာတာ ကိုယ်သုံးတာ ဖြုန်းတယ်လို့ မခေါ်ဘူး... သုံးသာသုံး ညီမ... မြှောက်ပေးခဲ့ပြီ...:))
ReplyDeleteကျွန်တော်လဲ..DSLR ကင်မရာတစ်လုံးလိုချင်နေတာ..ကြာပေါ့ဗျာ။ မှန်ဘီလူးတွေကလဲ.မေးလိုက်ရင်..ဒေါ်လာ..1200 ဆိုတော့..ချွန်းလဲမ၀ယ်နိုင်..ဆင်လဲမပိုင်တဲ့ဘ၀မို့...ရှိတဲ့ ခင်မာလေးကို..တယုတယနဲ့ညင်သာစွာသုံးစွဲနေတဲ့ဘွ။
ReplyDeleteလက်တော့လေးကလဲ..လိုချင်ပြန်၊ (တစ်လုံးတည်းသောပိုင်ဆိုင်ထားတဲ့ လက်တော့လေးကလဲ..ဟာ့ဒစ်စ်ဂိသွားလို့.ပြန်မလဲနိုင်သေး)
မျောက်မှန်းတော့..သိပ်မကြိုက်ပါဘူး။(လက်ဆောင်ရရင်တော့...တပ်ပါတယ်)
စတိတ်ရှိုးမြင်တော့.တချိန်က.စင်ပေါ်မှာတီးခတ်ဖျော်ဖြေခဲ့ဖူးတာလေး..ပြန်သတိရမိတယ်.... :(