ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Thursday, May 17, 2012

ဥယျာဉ်လေးထဲမှာ..

လမင်းဥယျာဉ်လေးနဲ့ မိတ်ဆက်ပေးမယ်နော်...  လူဆိုတာက၀ါသနာတမျိုးဆီရှိကြတယ်လေ
လမင်းကတော့ ၀ါသနာရယ် ပျင်းနေတာရယ် အဖော်ငတ်နေတာရယ်ပေါင်းပြီ အပင်လေးတွေစိုက်ဖြစ်တယ်။
သူတို့လေးတွေနဲ့ စကားပြောရတာ လမင်းပျော်တယ်။။ လမင်းကိုအချိန်လည်းပေးတယ်.။ပြောတာလည်းနား
ထောင်ပေးတယ်.။ ပြောချင်တဲ့အချိန်လာပြော လမင်းအတွက် အချိန်အမြဲတမ်းရှိတယ်။။
အပင်လေးတွေနဲ့စကားပြောရတာ လမင်းပျော်တယ်။။ သူတို့လေးတွေကို ပြုစုရေလောင်းပေါင်းတင်ပေးရတာ
လည်းကျေနပ်တယ်။။ အခုတော့ အဲအပင်လေးတွေနဲ့ပဲ ပျော်နေရတယ်ဆိုတော့ သူတို့လေးတွေနဲ့ပဲ စကားပြောနေရတယ်လေ သက်မဲ့ဆိုပေမယ့် လမင်းပြောတာနားလည်သလိုပဲ အပင်လေးတွေသန်မာ သန်စွမ်းနေလိုက်တာ လမင်းစကားပြောပေးလို့နေမယ်။။ လူတွေနဲ့စကားပြောလို့အဆင်မပြေဘူးလေ
ကိုယ့်ကို အချိန်ပေးတဲ့သူနဲ့တော့စကားမပြောချင် ပြောချင်တဲ့သူကြတော့လည်း ကိုယ့်အတွက် အချိန်မရှိဆိုတော့ သူတို့နဲ့ပဲပြောတာကောင်းပါတယ်။။ လမင်းအတော်အားနေတယ် ထင်မယ်နော်...
အားတဲ့အချိန်လေးပါ။။။ :OP

ပထမ လမင်းဗူးပင်လေးပေါ့ သီးလိုက်တာ စားမကုန်ပေးမကုန်ပါပဲ.. လာသမျှပေးတာ လမင်းပျော်တယ်။။
သန်မာတဲ့အသီးပေါ့။။။ မြန်မာမျိုးတော့မဟုတ်ဘူး ဒါပေမယ့် လမင်းတို့ငယ်ငယ်က ရွာကဗူးသီးတွေလောက်ရှိတယ်။။
ဒီပန်းက လမင်းတို့ငယ်ငယ်ကတော့ အထပ်တစ်ရာလို့ခေါ်တာပဲ ကုလာပန်းထင်တယ်။။
ဒါက ဂျုးမြစ် နည်းတော့နည်းတယ် ရှမ်းထမင်းချဉ်မှာ ထည့်စားလောက်တယ် နှစ်တိုင်မျိုးရတယ်။။ သူစိုက်ရတာနဲနဲတော့ကြာတယ်။။
ခရမ်းချဉ်သီးကတော့ အများကြီးသီးတာပါ သမင်လေးတွေလာစားတော့ လမင်း အသီးလေးတွေနည်းကုန်တာပေါ့ စားပါစေလေ သူတို့လည်းအစားရှာရတာတွေ့ တာစားရတာပေါ့။။ ကုသိုလ်ရပါတယ်။။ :)
ဂန္ဓမာပန်းပါ မွေးနေ့ကလက်ဆောင်ရတာ မပွင့်သေးဘူး နောက်လလောက်မှပွင့်မယ်ထင်တယ်။။နှစ်တိုင်းတော့ပွင့်တယ် အရမ်းလှတယ် ကြက်သွေးရောင် ပွင်တော့ကြွားအုံးမယ်။။
ကုလာပန်းခေါ် အထက်တစ်ရာ ပန်းပါ ဘယ်လိုခေါ်သေးလည်းမသိဘူး။။
ငရုတ်သီးပင် အရမ်းစပ်တာ သူကိုတော့စက်နဲ့ကြိတ်ပြီ ဆီသတ်ထားပြီစားတယ် တစ်နှစ်စားလုံလောက်တယ်။။
နှင်းဆီပါ အများကြီးပွင့်တာ ကင်မရာချိန်တာတော့ အကုန်ပဲ သူတို့သုံးပွင့်ပဲများနေတာနဲ့ ကင်မရာစက်ကွင်ကမထုတ်ချင်တာနဲ့ သူတို့ပဲရိုက်လိုက်တယ်။။
ဒီပန်းတွေလည်းးအများကြီပဲ ပန်းနာမည်မေ့နေတယ် စဉ်းစားလို့ကိုမရဘူး :P
ဗူးပင်သေးသေးလေး အခုလည်း ကြက်ဟင်းခါးပင်ရယ် ပဲပင်ရယ် ဖရုံရယ်စိုက်ထားပါသေးတယ်။။ အရမ်းငယ်သေးတော့ ဓာတ်ပုံရိုက်လို့မကောင်းလို့ နောက်တခါပေါ့နော်။။ ရာသီဥတုက နွေရောက်လာတော့ အပင်လေးတွေလည်းအကုန်ပွင့်ကြ လန်းနေကြလိုက်တာ သူတို့ကြည့်ရင်တောင် ပျော်လာတယ်။။ လမင်းရဲ့ စကားပြောဖော်လေးတွေနဲ့ မိတ်ဆက်လို့ပြီးပါပြီရှင်... အားလုံးကျန်းမာပျော်ရွှင်ပါစေ အသက်ရှည်ချင်ရင် အပင်စိုက်တဲ့ ....:D

16 comments:

  1. စိုက်ထားတာ အများကြီးပဲ။ မြတ်ကြည်တော့ အပင်စိုက်ရင် မဖြစ်ထွန်းဘူး။ :D

    ReplyDelete
  2. မြတ်ကြည်ရေ နယ်မှာနေတုန်းကလည်း အမ အပင်စိုက်ရင် သေတာပဲ အမေအပင်တွေဆိုမထိမခံဘူးလေ
    အမထိလိုက်တာနဲ့သေရော ဟီး အခုတော့လည်း ဟုတ်နေတာပဲ သူတို့လေးတွေကိုဂ၇ုစိုက်တော့လည်း
    ဖြစ်လာတယ်ထင်တယ်..

    ReplyDelete
  3. လမင်းနာမည်မေ့နေတာ စက္ကူပန်းနဲ့တူတယ်နော်
    စက္ကူပန်းလဲမဟုတ်လောက်ဖူး ပွင့်ပုံလေးကများနေလို့
    စိတ်ရွှင်လန်းတာပေါ့ ပန်းစိုက်ရတာ ပျော်စရာပဲနော်

    အမေ့အပင်တွေကိုထိရင် သေတယ် အခုကျတော့သေးဝူးဆိုတော့
    ဒါဆို နှစ်ခါမထိနဲ့ ဟဟ့၂ခါထိရင်သေမှာ :P

    ReplyDelete
  4. ဆရာလေး ဗူးပင်လေးကသန်တယ်နော် ....
    ကြက်လေးလည်းမွေးဆရာလေးရဲ့ ဧည့်သည်ဆောင်သည်လာတော့
    ကြက်သားနဲ့ ဗူးသီးအဆင်ပြေတာပေါ့... အရီးတော်မယ်နော် :P
    တသက်ပျော်ချင်ရင် သစ်ပင်စိုက်တဲ့ ... ဟုတ်တယ်အကိုလည်းအပင်
    ဆိုက်တာဝါသနာပါတယ်... ၈၈ ခုနှစ်အရေးအခင်းဖြစ်တော့ အကို ၉ နှစ်
    သားလောက်ရှိနေပြီ...ကျောင်းတွေပိတ်ထားလို့ တောကအဖိုးတွေဆီမှာသွား
    နေတဲ့အချိန်ပေါ့.. အဖိုးကဗူးမျိုးစေ့လေးတွေ၊ မုံညင်းမျိုးစေ့၊ နံနံ မျိုးစေ့၊ ခ၀ဲ
    မျိုးစေ့လေးတွေပေးပြီင်္းခြံထဲမှာစိုက်ခိုင်း ရေလောင်းခိုင်း ပေါင်သင်ခိုင်းတယ်..
    ပထမတော့ ကြောက်လို့သာ လုပ်ပေးနေတာစိတ်က မပါဘူး.. ကြည့်လေမနက်
    အစောကြီးထ၊ ရေလောင်း ပေါင်းသင်နဲ့ လူကလည်း ကလေးအရွယ်.. အဖိုးက
    ဟိုလိုလုပ်ဒီလိုလုပ်နဲ့ ဘာမှကူမလုပ်ပေးဘူး... အဲအပင်လေးတွေ ပေါက်လာတော့
    စိတ်ထဲမှာပျော်လာတယ်.. အရင်ကလိုမဟုတ်တော့ဘူး..အလိုလိုလုပ်ချင်ကိုင်ချင်
    လာတယ်...ကြက်တွေဘဲတွေ နွားတွေမ၀င်အောင် ကိုယ့်ဟာကို ခြံလေးခတ်တတ်
    ဖို့သိလာတယ်... လုပ်လည်းလုပ်ပါတယ်.. ကစားရင်တောင် ကိုယ်စိုက်ထားတဲ့
    ခြံလေးနားမှာပဲ ခြံစောင့်ရင်း ကစားခဲ့တာ.. နောက်တော့ မုံညင်းတွေလည်း ဖြစ်လာလိုက်
    တာပြောမနေပါနဲ့ .. ခ၀ဲ၊ နံနံ တွေလည်း အကုန်အောင်တယ်.. ဗူးကောင်းတော့စင်
    ခံတဲ့ ဒါတော့ လူကြီးတွေ လုပ်ပေးတယ် သီးလိုက်တဲ့ဗုးသီး စင်တောင်မနိုင်ဘူး ညီမလေး
    ရေ... အဲဒီမှာအရမ်းပျော်တာပဲ ကလေးပဲရှီသေးတာကိုး တခါမှအဲလိုမလုပ်ဖူးဘူး...နောက်
    ပြီးမျက်နှာလည်းပွင့်သလားမမေးနဲ့ ပတ်ဝန်းကျင်ကစားဖို့လာတောင်းရင် အဖိုးက ကလေးဆီမှာ
    သွားတောင်း ဆိုပြီးအကို့ဆီကိုပဲလွတ်တတ်တာဆိုတော့ လူကဘ၀င်တောင်မြင့်သေး.. လိုချင်
    တဲ့သူတွေလည်း ပေးတာပဲ.. အကိုတို့တောမှာတော့ ရောင်းစားတာရှားပါတယ် လိုချင်တာရှီရင်
    သွားတောင်းလိုက်တာပဲ.. သူကတောင်းရင်လည်းပေးလိုက်တာပဲ အားလုံးကရပ်ဆွေရပ်မျိုး
    တွေဆိုတော့ ငွေပေးလည်းမယူကြပါဘူး... အဲဒီတုန်းက စိတ်ထဲမှာပျော်လိုက်တာပြောမနေ
    ပါနဲ့ .. အဲဒီထဲံကအပင်စိုက်တာကို ၀ါသနာပါသွားတာ... အဖိုးကျေးဇူးကြောင့်ပဲ..ရန်ကုန်
    မှာတော့သိတဲ့ အတိုင်းပဲခြံနဲ့အိမ်ကအပြည့်ဆောက်ထားတာမို့ မြေလွတ်မရှီဘူးလေ..ဒါကြောင့်
    မစိုက်တာ...အဲလိုသီးပင်စားပင်တွေစိုက်ခြင်းဟာ အိမ်နောက်ဖေးဈေးဆိုင်တည်တာပဲ...
    ဆရာလေးပို့်စ်တင်ထားတာတွေ့ တော့ ကိုယ်စိုက်ခဲ့တဲ့ အပင်တွေကိုသွားသတိရတယ်...
    ဆရာလေးရေ.. ပို့စ်လေးအတွက်ကျေးဇူးတင်ပါတယ်... ခြံကျယ်ကျယ်လေးထဲ
    ပျဉ်ထောင်အိမ်လေးဆောက်ပြီး အပင်တွေပဲစိုက်ချင်နေတာ အမှန်ပါ...

    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete
  5. ခရမ်းချဉ်သီးပင်နဲ့ ငရုတ်ပင်လေးတွေ စိုက်ချင်လိုက်တာ.. ပန်းပင်လေးတွေလည်း လှတယ်.. :O အပင်ဆိုရင် အကုန်စိုက်ချင်တာပါပဲ..ဘာမှသာမစိုက်ဖြစ်သေးတာ.. :D

    ReplyDelete
  6. မကြီးလမင်းရဲ့ အပင်လေးတွေကြည့်ပြီး စိုက်ချင်စိတ်တောင် ပေါက်လာတယ်....ပြန်မှဘဲစိုက်တော့မယ်ဗျာ....မကြီးလမင်း
    ခြံထဲ သမင်ဝင်တယ်ပေါ့....မိုက်တယ်နော်......

    ReplyDelete
  7. အပင်စိုက်တာ ၀ါသနာပါတာ ကောင်းတယ်..
    သူတို့တွေ ကြီးထွားလာတာ ဖူးပွင့်လာတာကို ကြည့်ပြီး စိတ်ချမ်းသာရတယ် ။

    ReplyDelete
  8. လှချင်ရင်ပြင်၊ စားချင်ရင်စိုက်၊...တစ်ခဏပျော်ချင်ရင် ချစ်သူယူ..၊တစ်ဘဝပျော်ချင်ရင် သစ်ပင်စိုက်တဲ့...၊ ဘုန်းကြီးတွေပြေားဖူးတာပဲ...ဟုတ်လားတော့သိဝူး...မမလမင်းရေ နေကောင်းသွားပြီလား...ဗူးသီးနုနု ခူးသွားပြီနော်..

    ReplyDelete
  9. ရင်ဆူးရေ အမဥယျာဉ်လေးကခြံမရှိဘူးကွယ် တခုက အိမ်နောက်ဘက်ကတောဆိုတော့ အကောင်တွေလာကြတယ်
    အောင်အောင်တစ်ယောက်လည်းပါးစပ်ထဲရှိတာအော်နေတော့တာပဲ.. အကို ကိုရင်ရေ အပင်စိုက်ရတာ
    ပျော်တယ် ဒကာကြီးရာဇာလည်း အမှတ်လေးနဲ့ရေးပါလို့ ..
    ဇာနည်ရေ အရင်ကတော့ ကလေးဆိုတော့ မလုပ်ချင်တာနဲ့စိတ်မပါတာပေါင်းလိုက်လို့ထင်တယ်
    လူမှမဟုတ်ဘူးလေ သက်မဲ့လေးတွေတောင်စေတနာထားတော့ ရောင်ပြန်တဲ့သဘောပေါ့.. အခုတော့လည်းဟုတ်လို့ပဲ
    စနိုးရေ စိုက်ကြည့်နော် အဖော်ရတယ် ပျော်ဖို့ကောင်းတယ်။။ :P

    ReplyDelete
  10. စိတ်ကူးကောင်းတဲ့ လမင်းလေးရဲ့ အိမ်ကို တစ်ခေါက်လောက် အလည်လာချင်တယ် :P
    ကိုယ်ပြုစုပျိုးထောင်ထားတဲ့ အပင်လေးတွေ ဖူး ပွင့် သီးလာရင် စိတ်ကြည်နူးဘို့ကောင်းတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  11. အပင်စိုက်တာ အရမ်းဝါသနာပါတယ် ဒီမှာစိုက်စရာ မြေကြီးမရှိဘူး
    မြေကြီးရှိတဲ့နေရာရောက်မှ စိုက်တော့မယ်

    ReplyDelete
  12. မမလမင်း.. အသီးတွေရော ပန်းတွေရော စုံလိုက်တာ..
    ဈေးဝယ်စရာတောင် မလိုဘူး ထင်တယ်နော်.. ကိုယ်စိုက်ထားတာတွေ ကိုယ်စားလို့ရတယ်လေ.
    ငရုတ်သီးက ကုလားအော်သီးထင်တယ်.. ရေလည်စပ်တာလေ..
    နှင်းဆီပန်းလေးအရမ်းလှတယ်.. မမ ဥယျာဉ်လေးဆီ လာလည်ချင်လိုက်တာ..

    ReplyDelete
  13. ကျွန်တော်လည်း သစ်ပင်စိုက်တာ
    ဝါသနာပါတယ်ဗျ
    ဒါပေမယ့် နှစ်ရှည်ပင်တွေ စိုက်ရတာတော့
    စိတ်မရှည်ဘူး
    မြန်မြန်မသီးလွယ်ဘူးလေ
    ကျွန်တော် ခုသီးခုပွင့်မှကို ကြိုက်တာ
    မစိုက်ဖြစ်သေးပါဘူး
    အသက်လေးနည်းနည်းရလာတော့မှပဲ စိုက်တော့မယ်
    အခုတော့ ကိုယ် ဝါသနာပါတဲ့ စာရေးတဲ့အလုပ်ကိုပဲ
    လုပ်နေတယ်
    ပျော်ရွှင်ပါစေ အစ်မရေ . . .

    ReplyDelete
  14. တီတီနဲ့ ကန်ဒီလာလည်လေ ဥယျာဉ်လေးထဲကနေစောင့်နေမယ်..:P
    မှတ်ချက် ၄ လပိုင်အထိပဲနော် ဟီ..
    လွင်ပြင်ရေ အသက်ရှည်ချင်ရင် အပင်စိုက်ဆိုပဲ
    ဆရာလေးနွေလရေ စိုက်ဖြစ်အောင်စိုက်နော်..

    ReplyDelete
  15. အသက်ရှည်လားမရှည်လားတော့မသိဘူး၊ အစ်မအပင်လေးတွေကမြင်ရတာနဲ့ကိုစိတ်ချမ်းသာတယ်
    အပင်စိုက်တာဝါသနာပါပါတယ်၊ များများတော့မစိုက်ဖူးဘူး၊ မှတ်မှတ်ရရ ငယ်ငယ်တုန်းကကြက်ဟင်းခါးပင်လေးစိုက်ဖူးတယ်၊ အမေစိုက်ပေးတာလေ
    ပန်းအိုးနဲ့စိုက်ရတာဆိုတော့ သီးလည်းသီးလာရော လက်မလောက်လေးတွေ...ဟက်ဟက်..

    ReplyDelete
  16. အပင်စိုက်တာ မောင်မောင်လည်း ၀ါသနာပါတယ် အစ်မရေ။ အာပေးပါတယ်။

    ReplyDelete