ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Tuesday, April 3, 2012

ငါးသလောက်ပေါင်းနဲ့  စိတ်ထွက်ပေါက်..


ဒီတခါတော့ငါးသာလောက်ပေါင်းကြတာပေါ့ လမင်းကငါးသာလောက်ဆို အချဉ်လေးနဲ့ ချက်တာပဲ
ကြိုက်တာပါ။။ တချို့ကတော့အရိုးကြောက်ကြတော့ ပေါင်းစားတတ်ကြပါတယ်။။
စကားရှည်နေတာ ပါဝင်တဲ့ပစ္စည်းတွေပဲ ပြောတော့မယ်။။

စပါးလင်၊ ကြက်သွန်နီ၊ဆား၊အချိုမုန့်၊ ခရမ်းချဉ်သီး၊ ရှလကာရည်၊နနွင်
ငါးကို ဆား အချိုမုန့် ရှလကာရည် နနွင် တို့နဲ့ မိနစ်(၃၀) လောက်နယ်ထားပါ။




ပြီရင်ပြထားတဲ့ပေါင်းအိုးကို အောက်ခံအနေနဲ့ စပါးလင်ခံထည့်ပါ အနံသဘောနဲ့ အိုးမကပ်အောင်ပေါ့ :D


ပြီရင် ပုံအတိုင်း အိုးထဲကိုနယ်ထားတဲ့ငါးထည့်ပြီ ခရမ်းချဉ်သီး ကြက်သွန်နီ ပဲငံပြာရည်အရောင်အနေနဲ့
ထည့်ပါ ငရုပ်သီးသုံးချင်လည်း ပဲငံပြာရည်အစား ငရုပ်သီးထည့်ပါ။။
ရေကို ငါးမြုပ်အောင်ထည့်ပြီ (၄၅) မိနစ် ပေါင်းပါ။ပြည့်လိုရေရှိသေးတယ်ဆို ဆီပြန်အောင်ထားလိုက်ပါ။
 အခုလိုစားချင်စဖွယ်ရသွားပါပြီ
အဆင်ပြေပါစေနော် ၄၅ မိနစ်ပြည့်ရင်ရေကျန်နိုင်ပါတယ်။။ ဆီပြန်အောင်ထားရမယ်နော်။။
အခုဆို လမင်းသီချင်းပဲဆိုနေတယ်လို့ ပြောရဘူးနော်.. ဟင်းလည်းချက်ပါတယ်။။:P
ငါးဟင်းလေးလည်းမြည်းရင် သင်္ကြန်သီချင်းလေးပါတင်ပေးထားတယ်နော်
ငါးဟင်းနဲ့ မြုစွမ်ပြီနားညည်းအောင်လုပ်တယ်လို့ပြောရဘူးနော် စိတ်ထွက်ပေါက်အနေနဲ့ အော်တာပါ:P

15 comments:

  1. ဒန့်ဒန်......ဒီတစ်ခါ အီဖေကို အစောကြီး ငါးသလောက်ပေါင်းတီးရတယ်ဟေ့....မအိပ်ဘဲနေမိတာ....ငါးသောက်လောက်ပေါင်း ချက်ကျွေးတဲ့လူနဲ့တိုးနေတယ်....ပျော်စရာကြီး အရင်ဆုံးစားရတာဆိုတော့ နောက်လူတော့ ဒီတစ်ခါ ချန်ထားလိုက်ပါပြီ.....ငါ့မကြီး မောင်လေးအိပ်မပျော်မှန်းသိလို့ ငါးသလောက်ပေါင်းချက်ကျွေးတယ်ပေါ့.....သီချင်းလည်း အရင်ဆုံးနားညီးခံပြီး နားထောင်ပေးပါတယ်နော်......ဟီးဟီး...ငါ့မကြီးအသံက ငါးသလောက်ပေါင်းလေးလို ချိုနေတာဘဲ......မြောက်ထားဦးမှ...နောက်တစ်ခါချက်မကျွေးဘဲနေဦးမယ်....ငါးသောက်လောက်ပေါင်းရော....သီချင်းရော ကောင်းပါတယ် မကြီးရေ....အနော်က သိပ်ကြိုက်တာဗျ....ငါးသလောက်ကို အရိုးနူးအောင် ပေါင်းလေ ကြိုက်လေဘဲ...အခုလည်း မောင်လေးအကြိုက်အရိုးကို နူးနေတာဘဲ....ရှယ် ရှယ်....မကြီးလမင်းရေ......

    ReplyDelete
  2. ငါးသလောက်ပေါင်းစားသွားပါ၏ ။နည်းနည်းဆားပေါ့တယ်နော..ဟီး

    ReplyDelete
  3. မမရေ အလွမ်းပြေ ငါးသလောက်ပေါင်းပြီးချက်ကြွေးတားလား ဟား..ဟား မမကြီးမနေ နိုင်တော့ဘူး သီချင်းစာသေးတွေ မရောက်သေးဘူး လိုက်ပြီးညီးနေတာ ကြားရတယ် သြော် အလွမ်းသမားတွေ...

    ReplyDelete
  4. မမသီချင်းလေးအတိုင်း စည်းချက်ကိုက်ပြီး လက်ခုတ်တီးသွားတယ် :D :D

    ReplyDelete
  5. လာရောက်အားပေးသွားပါကြောင်း

    ReplyDelete
  6. သီချင်းလေးနားထောင်ရင်း ငါးသလောက်ပေါင်းလည်း စားသွားပါကြောင်း.. အဲဒီသီချင်းအရမ်းကြိုက်သလို ငါးသလောက်လည်း အရမ်းကြိုက်တာ :)

    ReplyDelete
  7. လာရောက်ဖတ်ရူ့သွားပါတယ်

    ReplyDelete
  8. အဟဲ...ညလေး... သီချင်းရဲ့ အမြည်းကို တစ်ချို့ကလွမ်းတော့ ဂီတာနဲ့မြည်းတယ်။ တစ်ချို့က ဘီယာနဲ့ မြည်းတယ်။ တစ်ချို့ ဝီစကီနဲ့ မြည်းတယ်။ ငါ့ညီမကျမှ ငါးသလောက်ပေါင်းနဲ့ သီချင်းလေးကို မြည်းတယ်ဆိုတော့ အထူးအဆန်းဘဲ။ သီချင်းလေး နားဆင်သွားတယ်။ လက်ခုပ်ရော လက်ဝါရောတီး အားပေးသွားတယ်။


    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  9. နှိုက်မြည်းတယ်ဆိုရင် ညာသလိုဖြစ်နေမယ်
    အဝ တွယ်သွားတာဗျို့

    ReplyDelete
  10. အစ်မ အသံလေးက ချစ်စရာလေး။ ငါးသလောက်ပေါင်းလေးက ခရမ်းချဉ်သီး လေးနဲ့မှ မအီတာ။ :)

    ReplyDelete
  11. ကြယ်ပြာApril 4, 2012 at 4:56 AM

    လမင်းရေ .... ငါးသလောက်ပေါင်းက မြင်တာနဲ့ကို စားချင်စဖွယ်။ မကြိုက်တဲ့သူတောင် သွားရည်ကျလာတယ်။ လမင်းက တော်လိုက်တာ ဟင်းတွေစုံနေအောင် ချက်တတ်တယ်နော် ... အသံလေးကလဲ ကလေးလေးအသံလိုပဲ ချစ်စရာလေး .... သင်္ကြန်သီချင်းခံစားရင်း မုန့်လုံးရေပေါ်လဲတီးသွားတယ်နော် ....း)

    ReplyDelete
  12. ငါးသလောက်ပေါင်းလေးနဲ့ဗိုက်တင်းအောင်စားသွားပြီးဗျို့...ကျေးဇူးဘဲနော်..

    ReplyDelete
  13. ကြယ်ပြာရေ ကလေးအသံမဟုတ်ပါဘူးကြောင်သံလေဟီးဆိုချင်လိုက်တဲ့
    သီချင်းအသံကမထွက်နဲ့  အားလုံးကိုကျေးဇူးတင်ပါတယ်..

    ReplyDelete
  14. အောင်မငီး ငါးသလောက်ပေါင်းစားပြီး
    ဇက်ကြောတက်အောင်လုပ်ဒယ်ဟိဟိ
    ဒါပေမယ့်....အရမ်းကြိုက်တာ ဗျ ခိခိ

    ခင်တဲ့ 

    မိုးသူ(တောင်ကြီး)

    ReplyDelete
  15. ကြိုက်မှကြိုက်ပဲဗျို့..ခက်တာက...အပေါ်သွေး 163 နဲ့ အောက်သွေး 124 ဖြစ်နေဒယ်..စားမရဖူး..ဟင့်ဟင့်

    ReplyDelete