ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Wednesday, April 25, 2012

လျစ်လျူရှုခံရသူတစ်ယောက်ရဲ့ ခံစားချက်...

အေးစက်စက်ငါဘ၀ထဲကိုနွေးထွေးမှုတွေနဲ့ 
 နင်ရောက်လာခဲ့တယ်...
ပျော်ရွှင်မှုနဲ့ထပ်တူကြည်နူးခဲ့ရတယ်..
 အချစ် အချစ် အချစ် ဆိုပြီ ....
ချိုမြိုန်စွာသောက်သုံးခဲ့တယ်...
အဲအချစ်ဆိုတဲ့အရာကို ငါခံစားတတ်လာခဲ့ချိန်မှာ
နင်ငါကိုအေးစက်မှုအရသာကိုတစ်ဖန်
ခံစားစေခဲ့တယ်။။။။

နင်ငါကိုဥပေက္ခာပြုလျစ်လျူရှုခဲ့တဲ့နောက်...
နင်ရဲ့ ဥပေက္ခာပြုမှုတွေနဲ့ အတူ
အလွမ်းတွေကိုပွေ့ ပိုက်ရင်းးးး..
ရင်ခွင်တစ်ခုလုံးရစရာမရှိအောင်ဒဏ်ရာတွေ
ဒု နဲ့ ဒေး....ပေါ့  ဒါလား အချစ်...ဟူးးးးးးးးးးးးးး
 ခါးသက်မှုတွေများနေတဲ့...
နင့်အချစ်တွေကို ချိုမြိန်ပေးပါလို့ 
မတောင်းဆိုတော့ပါဘူး။။။

အေးစက်နေတဲ့နင့် မျက်ဝန်တွေဆီက
နွေးထွေမှုတွေကိုလည်း မတောင်းတတော့ပါဘူး။။
 ငါကိုယ်တိုင်းရွေးလျှောက်ခဲ့တဲ့လမ်း..
ငါကိုယ်တိုင်ဆုံးအောင်ဆက်လျှောက်မယ်။။။
အချစ်ဆိုတဲ့ဝေါဟာရ  ငါတို့နှစ်ယောက်ကြားမှာ
ပျောက်ဆုံးခဲ့တာကြာသွားပြီပဲ...

အလွမ်းတွေကိုအဖော်ပြုရင်းးးးးးးးးးးးးးးး
နေ့ညတွေကိုဖြတ်သန်းလာလိုက်တာ
ငါ့ကိုယ်ငါတောင် ဘာမှန်းမသိတော့ဘူး...။။။။။။

9 comments:

  1. ခံစားချက်တွေ ပေါက်ကွဲလားပြီနော်

    ReplyDelete
  2. အေးစက်နေတဲ့နင့် မျက်ဝန်တွေဆီက
    နွေးထွေမှုတွေကိုလည်း မတောင်းတတော့ပါဘူး။။

    ဒီဟာလေးကြိုက်တယ်။ ခံစားချက် ခြင်း တူညီနေပြီ။။

    ReplyDelete
  3. ကဗျာလေးက အရမ်းကောင်းတာပဲ ခံစားချက်အစစ်အမှန်တော့ မဟုတ်လောက်ပါဘူးနော် အစ်မ

    ReplyDelete
  4. တင်းလာပြီဆိုတဲ့သဘောပါလား

    ReplyDelete
  5. ခံစားသွားပါတယ်ဗျာ...:)

    ReplyDelete
  6. အင်း..ကိုယ့်ကိုယ်ကိုယ် ဘာမှန်းမသိတာတော့ ဆိုးတယ် :D

    ReplyDelete
  7. ရင်ခွင်တစ်ခုလုံးရစရာမရှိအောင်ဒဏ်ရာတွေ
    ဒု နဲ့ ဒေး....ပေါ့ ဒါလား အချစ်...ဟူးးးးးးးးးးးးးး

    စာသားလေးတွေခံစားရတယ်နော်

    ကိုယ့်ကိုကိုယ် ဘာမှန်းမသိတော့ပါဘူးဗျာ

    ခင်တဲ့
    မိုးသူ(တောင်ကြီး)

    ReplyDelete
  8. ငါ့မကြီးပေါက်ကွဲနေပါလား....တစ်ခါတစ်လေတော့လည်း သူချစ်ချစ်မချစ်ချစ် ကိုချစ်နေရတာကိုက ၀ဋ်ကြွေးဘဲခေါ်မလား....ခံစားမှု့တစ်မျိုးလားမသိပါဘူး မကြီးရယ်.....ဒါပေမဲ့.....အချစ်ဆိုတာလည်း ၂ ဖက်လုံးတီးမှမြည်တဲ့လက်ခုပ်သံလိုဘဲ နားထောင်လို့ပိုကောင်းတယ်လေ....

    ReplyDelete