ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Wednesday, April 4, 2012

ချစ်သူရှိတဲ့သူတိုင်းဖတ်ပေးပါ...

ငါအရမ်းကြိုက်တဲ့သီချင်းလေးပေါ့
ငါအသံမကောင်းမှန်းတော့သိပါတယ်..  သီချင်းလေးအတိုင်ပဲဆိုတာချစ်သူနားလည်ထားပေးပါ.။။
ချစ်သူ ငါမချောမှန်းတော့သိပါတယ်...
ဒါပေမယ့်အခြားမိန်းကလေးတွေချောကြောင်းမပြောပါနဲ့ လား.။။


ငါ အရမ်းသ၀န်တိုတတ်တဲ့ မိန်းကလေးမဟုတ်ပေမယ့်..
နင့်အရင်ရည်းစားအကြောင်းတွေခဏခဏတော့
မပြောပါနဲ့လား။။။

ချစ်သူ ငါစိတ်ကောက်တယ်ဆိုတာ..
အချော့ခံချင်လို့ ဆိုတာ နားလည်ပေးပါ။

ချစ်သူ သူငယ်ချင်းတွေနဲ့ နေတာ ငါမကြိုက်တာမဟုတ်ပါဘူး..
ငါတို့ နှစ်ယောက်တွေ့ ချိန်တွေနည်းကုန်မှာစိုးတာကြော
င့်ပါ။။။


ငါစကားတိုင်းကိုလေးနက်မှုမထားရင်နေပါ..

ငါချစ်တာကိုတော့ အလေးအနက်ထားပေးပါ။။

ငါ ကိုရစ်တယ်လို့ မထင်ပါနဲ့ လား...
ငါရစ်တယ်ဆိုတာ နင်ကိုချစ်လို့ ဆိုတာ လက်ခံပေးပါ။။။

ငါအလှမကြိုက်တတ်တာ ချစ်သူ သိပါတယ်။။

ဒါပေမယ့် ချစ်သူများစိတ်ကုန်သွားလာဆိုတဲ့
စိတ်ကြောင့် မှန်တော့ခဏခဏကြည့်ဖြစ်တယ်။။

စကားမပြောချင်ဘူးဆို ငါကိုအေးဆေးပြောပါ......
ပြဿနာတော့မရှာပါနဲ့ဟာာာာာာာာာာာ
ာ။

ချစ်သူကို ယုံကြည်မှုထားသလို ငါကိုလည်းယုံကြည်ပေးပါ။။။
သူများတွေနဲ့စကားပြောရင် အမြဲပြုံးတတ်တယ်နော်။။
ငါနဲ့ ပြောရင်လည်းအဲလိုလေးနေပေးပါလား ချစ်သူ။။

ငါမှာလည်း ချစ်သူလိုပဲသူငယ်ချင်းရှိတယ်ဆို
တာ နားလည်ပေးပါ။။။
ငါကို အရမ်း မချုပ်ချယ်ပါနဲ့ ငါစိတ်ရှုပ်တတ်တာ ချစ်သူသိပါတယ်။။။

ငါဟာ ချစ်သူအထင်ကြီးတဲ့မိန်းကလေးမဟုတ်မှ
န်းသိပါတယ်။။။
နင်အထင်ကြီးတတ်တဲ့ သူတွေအကြောင်းတော့မပြောပါနဲ့ 
ငါအရမ်းစိတ်ကောင်းဖြစ်ရလို့ ပါ။။။

ငါကို နားလည်မှုမရှိဘူးလို့ မပြောနဲ့ ..
ချစ်သူစိတ်ထဲမှာအခြားအကြောင်းအရာတွေရောက်ကုန်ရင်
ငါကိုမေ့သွားမှာစိုးတာကြောင့်ပါ။။
ငါကို အချိန်တိုင်းမဟုတ်ရင်တောင် ချစ်သူအားနေတဲ့
အချိန်လေးတော့ သတိရပေးပါလား။။။။

10 comments:

  1. မမရေ ချစ်သူရှိတဲ့သူတိုင်း ဖတ်ပါဆိုလို့ ဖတ်သွားတယ်...အနော့်ကောင်မလေးကလည်း သဝန်နည်းနည်းတိုတယ်..အနော်က သဝန်မတိုတက်ဘူးဖြစ်နေတယ်...သဝန်တိုတာကောင်းလား?မတိုတာကောင်းလား?သိရင်ပြေားပြနော်...

    ReplyDelete
  2. ချစ်သူရှိသူတိုင်းဖတ်ပါ ဆိုတာနဲ့ ညီမလေးလည်း လာဖတ်သွားတယ်.. :D
    " သူများတွေနဲ့စကားပြောရင် အမြဲပြုံးတတ်တယ်နော်။။
    ငါနဲ့ ပြောရင်လည်းအဲလိုလေးနေပေးပါလား ချစ်သူ။။" အဲဒီစာသားလေးဖတ်၇တော့ ရုပ်တည်ကြီးနဲ့ နေတတ်တဲ့သူ့ကို သတိရသွားတယ်. :P

    ReplyDelete
  3. အောင်အောင်ရေသ၀န်တိုတယ်ဆိုတာချစ်လိုတိုတာမှန်ပေမယ့်
    အရမ်းတိုလွန်ရင်လည်း မကောင်းဘူးလို့ထင်တာပဲ..
    ဟုတ်ပါစနိုးရေ တကယ်ရုပ်တည်ကြီး တကယ်တော့
    အမတင်နေတာမပြီသေးဘူးကြည့်လိုက်တော့ လာဖတ်သွားကြပြီ
    အားနာလိုက်တာ ဟီး..

    ReplyDelete
  4. ၀လည်း ၇ှိတယ် အဲ့တော့ ဖတ်တယ်..ဘာချစ်လဲ..ခိခိ

    ReplyDelete
  5. ၀တစ်ယောက်လည်းနော်လာလာကြွားနေသေးတယ်..

    ReplyDelete
  6. ချစ်သူကို ပြောချင်တာလေးတွေ ပွင့်ပွင့်လင်းလင်းပြောထားတာ သဘောကျတယ်။ လမင်းရဲ့ ရင်ထဲကို လှမ်းမြင်လိုက်ရသလိုပဲ။ ကိုယ်ချင်းလဲစာမိတယ်။ သိပ်ချစ်တာကို ပြလွန်းရင် မကောင်းဘူးတဲ့ .... ဒါပေမယ့် မပြပြန်ရင်လည်းတစ်မျိုးလာဦးမယ်။ အဆင်ပြေပါစေ လမင်းလေးရေ ....

    ReplyDelete
  7. ဖတ်လို့အရမ်းကောင်းတယ် မချစ်စံရဲ့ ချစ်သူ့ကနားလည်ပါစေ မချစ်စံရဲ့အချစ်ကိုလဲတန်းဖို့ထားတတ်ပါစေနော် ဆုတောင်းပေးပါတယ် ချစ်သူ့နှစ်ဦးနားလည်မှုရှိပြီ ပျော်ရွင်နိုင်ပါစေလို့

    ReplyDelete
  8. အင်း .....အဲ .... အယ် .... ဘာပြောရမှန် တောင်မသိတော့ဘူး ....

    ချစ်သူ ဘဝ မှာ အဲ့လို့  ခဏခဏ ဖြစ် တာပျော်စရာ ကောင်းတယ် လို့  ထင်မိ ပါတယ် ... ။

    ကျနော် တို့  ဆို နေ့ တိုင်းပဲ ..... အဟီး ....
    ဒါပင်မဲ့ နှစ်ယောက်စလုံး နားလည်မှု့  တစ်ခုတော့ တယ် ။
    ချစ်လို့  စိတ်ဆိုး တာ ...... လို့  .....
    မချစ်ရင် အနေသာ ကြီးလေ ...... ။
    ဒါကြောင့် ..... နေ့ တိုင်းပဲ ...... တစ်ယောက်ကို တစ်ယောက် ဘယ်လောက်
    ချစ်တယ် ဆိုတာ သက်သေပြတဲ့ အနေနဲ့  နေ့ တိုင်း စိတ်ဆိုးတမ်း ကစားကြပါတယ် ... ။

    ReplyDelete
  9. အဟဲ . . . ချစ်သူရှိတဲ့သူဆိုတော့ဗျာ ဖတ်သွားတယ်
    ချစ်သူအကြောင်း လာကျောနဲ့
    လွမ်းတယ်

    ReplyDelete
  10. ဟုတ်ကဲ့.. ချစ်မကြီး
    သင်္ကြန်မှာ သုံးလေးရက်လောက်
    လာဆိုပေးဖို့ ငှားပါရစေး)
    စရံကြိုချထားဆိုလည်း ဖြစ်ပါတယ်။ :P

    ချစ်ခြင်းများစွာနဲ့
    ညမတော်

    ReplyDelete