ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Monday, April 2, 2012

လွမ်းမိလို့ ပါ...

သင်္ကြန်ရောက်တော့မယ်ဆိုတော့ ဘာရယ်မသိ တစ်ခုခုကိုလွမ်းနေမိတယ်။။
တကယ်တော့ သင်္ကြန်နဲ့ ပတ်သက်တဲ့အမှတ်တရရယ်လို့ မရှိပါဘူး။။ သူများတွေ ပိတ်ရက် ကိုယ်အလုပ်လုပ်နေ
ရတဲ့ရက်တွေရှိတာကြောင့် သင်္ကြန်ဆိုမလည်ရပဲပြီသွားတတ်တာပါ။။ဟို ... ကလေးဘ၀တုန်းကတော့
သင်္ကြန်ဆိုရေပက်ရမယ်။။ မုန့်စားရမယ်ဆို ပျော်နေတတ်တာမျိုးပါ။။ လမင်းတို့ နယ်ဘက်မှာ သင်္ကြန်ဆို
အလှူလုပ်ကြတယ်။။ အိမ်မှာဆို အမေက သင်္ကြန်ရက် မုန့်လုံးရေပေါ် ၊ရွှေရင်အေး၊ သာဂူ တို့   အလှူအမြဲလုပ်တတ်ပါတယ်။ ဘယ်မှမသွားရဘူးနော် အမေကူရမယ်ဆိုတာနဲ့ ရွာရှိသက်ကြီးရွယ်အိုနဲ့ ဘုန်းကြီးကျောင်းပဲပြီခဲ့တဲ့သင်္ကြန်ကို ဘာရယ်မသိနီးလာလေ လွမ်းလေ
အလိုလိုလည်းပျော်နေတတ်သေးတာ သင်္ကြန်သီချင်းကြားရင်ပိုလွမ်းတာပေါ့ ။ သင်္ကြန်သီချင်းထဲမှာ
အမြဲနားထောင်လို့ ကောင်းပြီ မရိုးနိုင်တဲ့  သီချင်းတွေကို လွမ်းလွမ်းနဲ့ အော်ထားတာပါ။။ အသံကတော့
အဲလောက်ပဲထွက်တယ်.. သည်းခံကြပါလွမ်းမိလို့  အော်မိတာပါ အမိုက်လေးပို့ခွင့်လွတ်ကြပါ။။
တစ်ပုဒ်ပဲတင်လို့ ရတယ်။ စိတ်တိုလိုက်တာ စက်ဟမ်းနေသေးတာ မကျေနပ်သေးဘူးထပ်တင်အုံးမယ်..
နေထားပေါ့ ။  တခုတော့ရှိတာပေါ့  လမင်းဘလော့ထဲလာတဲ့မောင်နှမတွေ နားချမ်းသာတာပေါ့လေ:P

လမင်းအခုနေတဲ့နေရာကတော့ ဘုန်းကြီးကျောင်းမှာ သင်္ကြန်ရှိပါတယ်။။ ကလေးတွေပဲဆော့ကြတော့ကိုယ်
ဝင်ဆော့လို့ မကောင်းဘူးလေ အလွမ်းပြေအနေနဲ့ ယောင်လည်လည်တော့သွားကြည့်အုံးမယ်။။သွားဖြစ်ရင်တော့ ဓာတ်ပုံရိုက်ဖြစ်မယ်ထင်တယ်။။။




13 comments:

  1. သီချင်းလေးနားထောင်ရင်း စာတွေလည်းဖက်သွားပါ၏..busy နေလို့အခုတလော အလာကြဲနေတာ စိတ်မရှိပါနဲ့နော....thank.

    ReplyDelete
  2. Brainless ရေ လမင်းတင်လို့တောင်မပြီသေးဘူးဟီး
    အားနာလိုက်တာဘယ်လိုနားထောင်သွားလည်းသိဘူး
    တင်မရလို့တင်းနေတာ ကြည့်လိုက်တော့ လာနားထောင်သွားပြီ
    နာကွ :D

    ReplyDelete
  3. ငါ့မကြီးအသံက တယ်ကောင်းပါလား...သီချင်းလေးနားထောင်ရင်းနဲ့ သင်္ကြန်ကို ပိုလွမ်းမိလာပြီ......

    ReplyDelete
  4. ဦးသူရိုက် ... ကြယ်ပြာလဲ သင်္ကြန်ကိုလွမ်းနေတယ် ....

    ReplyDelete
  5. မမဆိုဟန်လေးက သီချင်းလေးနဲ့အတူ မြူးမြူးလေး.. သင်္ကြန်ရောဂါပိုထသွားပြီ :P

    ReplyDelete
  6. မမ သီချင်းဆိုတာ နားထောင်ပြီး သင်္ကြန်ကို ပိုလွမ်းသွားပြီ.. :)

    ReplyDelete
  7. သီချင်းလေးနားထောင်သွားပြီ လမင်းလေးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. အဆိုတော်လုပ်ပါလားဟင်

    ReplyDelete
  9. အဟား..... လမင်းရေ... ဒီလောက်ဆို တွဲလို့ရပြီ။ အဟဲ... ကမ္ဘာလှည့် ဘလော့ဂ်ဂါ အဆိုတော်တွေ လုပ်ကြမယ်လေ။ ကောင်းဝူးလား။ အလွမ်းမျောက်လည်း လမင်းလိုဘဲ။။ သီချင်းဆိုတာကို ပြောတာနော်။
    အားပေးသွားတယ်။။ ကောင်းစ်



    ခင်တဲ့
    မကြီးလွမ်း

    ReplyDelete
  10. လွမ်းမိပါတယ် သင်္ကြနါရယ်ပေါ့ ဟုတ်ရား
    သီချင်းက ကွန်ကြောင့် နားထောင့်လို့ ရဝူး
    လေဒယ်ဗျာ

    ReplyDelete
  11. ဝင်သာကဲလိုက်ပါ အစ်မလမင်း ရာ
    ကင်မရာတော့မယူသွားနဲ့ ကလေးတွေက
    ရေလှမ်းပက်မှ ဖွတ်မရဓါးမဆုံးနေအုံးမယ်နော် :P

    ReplyDelete
  12. ၀ကလည်း ကလေးမဟုတ်လား ဆော့ဆော့ ဟိဟိ

    ReplyDelete
  13. အင်း...ဘလော့ လည်ရင်း အိမ်မှား ပြီးဝင်လာမိတယ်ထင်လို့ :P
    ရွက်ပုန်း သီး အဆိုတော်ကို အခုမှ မိတယ် ဇီးသီး(စီးရီး)ထုတ်လိုက်
    ရရင်တော့ လား ၀က်ဝက်ကွဲပဲ (အောင်မြင်မှာပါ :P)... စက်
    ဟမ်းနေတာလောက်တော့ အလွယ် လေးရယ်... နည်းပညာသ
    မားတော့ ဟုတ်ပါ ဘူး... တတ်ထားတဲ့ ပညာလေးချပြလိုက်မယ်..
    ၅ ပေါင်တူလေးဆောင်ထားညီမလေး... စက်ဟမ်းလာပြီဆိုရင် အဲဒီ
    တူလေးနဲ့ ၄၊ ၅ ချက်လောက်ခက်ပြင်းပြင်းလေးထုလိုက် ... အိုကေ
    သွားလိမ့်မယ့် ... မယုံရင် နည်းပညာလေးတွေတင်နေတဲ့ ညီလေး
    အောင်အောင်တို့ ညီလေး မောင်(စွယ်စုံကျမ်း)တို့ကို မေးကြည့် :P
    စိတ်မဆိုးကြေးနော် ရယ်စရာလေးတွေရေးခဲ့တာပါ...

    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete