ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်
Sunday, February 5, 2012
ဘ၀ရဲ့ အမှတ်တရတဂ် Tag
အမှတ်တရတဂ်ဆိုလို့ ဘာတွေကိုမှတ်ထားမိလည်းတောင်မသိ
တော့ပါဘူး
နွေလတဂ်ပေးတော့လည်း ပြန်စဉ်းစားမိပြန်တယ် ဘ၀မှာကြုံခဲ့ရတာတွေက
အသက်နဲ့ မမျှအောင်ကို ၀မ်းနည်းဝမ်းသာများခဲ့ပါတယ်
ဖြစ်ပြီသာကိုပြန်မတွေးတတ်သလိုမှ
တ်ဥာဏ်လည်းမကောင်းတော့သိပ်
မမှတ်မိတော့ပေမဲ့ မှတ်မိသလောက်လေးရေးကြည့်မယ်နော
်
တဂ်ပေးတဲ့မောင်လေးနွေလကိုလည်းေ
ကျးဇူးတင်ပါတယ်ကွယ်
ဘ၀အတွက်အမှတ်ရစရာလေးတွေပြန်စဉ်း
စားရလို့ပါ
၈တန်းလောက်ကတော့ ကျောင်းအားကစားပြိုင်ပွဲမှာဆုရဖူးတယ်
ကြက်တောင်ရိုက်ပွဲလေးပါ နယ်နီးနားက ကျောင်းတွေအကုန်ပါတယ်
အဲထဲကမှဆုရတာဆိုတော့ဘယ်မေ့မလဲနော်။ ရတဲ့ဆုကြေးငွေကို အမေနဲ့အဖေကိုမုန်းဝယ်ကျွေးပြီ
သူငယ်ချင်းတွေနဲ့ သုံးလိုက်တာကုန်သွားပါတယ် တန်းပိုင်ဆရာမကတောင်နောက်ပါသေးတယ်
ငါတို့ လည်းဘာမှမစားရပါလားတဲ့ သွားဖြဲပြီပြောလိုက်ပါတယ် နောက်တခါပေါ့ဆရာမရယ်လို့ 
လက်ရေးလှတာလည်းဆုရဖူးတယ် ခဲတံနဲ့ စာအုပ် သုံးတောင်မသုံးရက်ဘူး အခုတော့လက်ရေးကတော့ကုလာစာတောင်အဖေခေါ်ရလောက်အောင်ကိုရှုပ်နေတတ်ပါတယ်
စာတော့ညံ့ပါတယ် :Dစာနဲ့ ပတ်သက်ပြီဆုမရဘူးပါ ဒါလည်းအမှတ်တရပဲနော် :P
နောက်ထက် အမှတ်ရစရာလေးက (၁၉၉၂) ကမေမေကသမီးကို
ကလေးတစ်ယောက်လက်ဆောင်ပေးမယ်ယူ
မလားလို့ မေးလာပါတယ်
ဘာရယ်မဟုတ်ပေမဲ့အရမ်းပျော်သွား
တယ်.မိန်းကလေးပဲယူမယ်လို့ လည်း
ကိုယ်ဖြစ်ချင်တာလေးပြောလိုက်မိ
တယ် ဖြစ်ချင်တာလည်းဖြစ်လာခဲ့တယ်
(၁၉၉၃) ဒုတိယမြောက်ညီမလေးရပြန်တယ် အဲနေ့ ကအရမ်းပျော်ခဲ့တယ်
လမင်းညီမတွေကိုအရမ်းချစ်တယ် သူတို့လေးတွေလည်းလမင်းကို
ချစ်ကြတယ် ။
နှောက်အမှတ်ရစရာလေးက ညီမငယ်လေးစကားစပြောတတ်တော့
လမင်းကိုအရင်စကားပြောပါတယ် မမမေ့တဲ့သူ့ မွေးထဲကလမင်းထိန်းလာ
လို့ လာမသိဘူး အရမ်းကိုကြည်နူးပီတိဖြစ်ရတယ် တကယ်တော့ကလေး
ခေါ်ချင်တာက မမမေမေပေါ့ :)
ဝမ်းနည်းစရာအမှတ်တရကတော့.(၁၉၉၉) လောက်က
မေမေနဲ့ ဖေဖေပြဿနာအကြီးအကျယ်တက်ပြီကွာ
ရှင်းလိုက်ကြတယ်
လမင်းလည်းငယ်သေးသလိုညီမနှစ်ယော
က်လည်းအရမ်းကိုငယ်ကြသေးတယ်
လမင်းရင်ထဲစို့နင့်စွာခံစားခဲ့
ရတယ် တခါမှအဲလိုမျိုးမခံစားဖူးတော့အရမ်း
ဝမ်းနည်းတယ်စိတ်မကောင်းဖြစ်မိ
တယ် အားငယ်ခဲ့ရတယ် ဘာလုပ်လို့ 
ဘာကိုင်ရမလဲမသိဖြစ်ခဲ့ရတယ် စိတ်ဓာတ်တွေအရမ်းကိုကျခဲ့ရတဲ့ နှစ်ပေါ့
(၂၀၀၁) လောက်က မေမေ ဆေးရုံတက်ရတယ် အရမ်းကိုထိတ်လန့်ပြီကြောက်သွား
ရပြန်တယ်
အဖေမရှိတော့တဲ့နောက် အမေနဲ့ ပဲနေခဲ့တော့ အမေများတခုခုဖြစ်သွားမလားဆိုတဲ့
စိတ်က
ချောက်ချားစေခဲ့တယ် အမေကိုကြည့်ရတာလည်းပိန်လိုက်တာ အဆုတ်ထဲရေ၀င်ပြီ အဆုတ်အအေးမိတာပေါ့
တကယ်ဆိုအိမ်ထောင်ရေးကြောင့်စိတ်
ဆင်းရဲပင်ပန်းခဲ့တာနေမှာပါ  သမီးသုံးယောက်အားမငယ်ရလေအောင်
မိန်းမသားစိတ်ဓာတ်နဲ့ အစွမ်းကုန်တင်းထားခြင်းပါ လမင်းတို့ကိုဖွင့်မပြောပေမဲ့ မေမေရင်ထဲကဝေဒနာကို
လမင်းခံစားကြည့်လို့ ရတယ် လမင်းတို့ တောင်အရမ်းခံစားရတာလေ အားကိုးရမဲ့သလိုမျိုး တွယ်တာမဲ့သလို နဲ့ 
ကိုယ်ကအကြီးဆိုတော့အငယ်တွေ အားမငယ်ရအောင် စိတ်ဓာတ်ကိုတင်းနိုင်သမျှ မြင့်နိုင်သမျှကြိုးစားလို့ နေရပေမဲ့
လူမသိအောင် ငိုခဲ့ရတဲ့ရက်တွေလတွေဘယ်သူသိနို
င်မလဲ ....
ပျော်စရာအမှတ်တရပဲရေးတော့မယ်ကွ
ယ် စိတ်မကောင်းစရာတွေမေ့ထားခဲ့တာကြာပြီ ဘ၀တိုတိုလေးမှာပျော်ပျော်နေ
ရအောင်ဆိုတဲ့စိတ်နဲ့ ပဲကြိုးစားလာလိုက်တာ အသက်တောင်ဒုတိယရွယ်ရောက်စပြုနြေ
ပီ
ဒီလိုနဲ့ (၂၀၀၇) ရောက်တော့ နိုင်ငံခြားထွက်ဖို့ အခွင့်အရေးကောင်းကြားရတယ် အရမ်းပျော်တယ်
ဘာလို့လဲဆိုတော့ မေမေလည်းအသက်ကြီးပြီလေ အလုပ်မလုပ်စေချင်တော့ဘူး ကိုယ်တတ်နိုင်တဲ့ဘက်က
ပြန်ပြီကျေးဇူးဆပ်ခွင့်ရချင်တယ် မြန်မာပြည်မှာရတဲ့လစာက ညီမနှစ်ယောက်ကျောင်းစရိတ်အိမ်
စရိတ်က
ဘယ်လိုမှအလျင်မမှီနိုင်တာအားလုံ
းအသိပါ နိုင်ငံခြားထွက်ရတော့မယ်ဆိုပေမဲ့ ပျော်ပေမဲ့အမေနဲ့ ညီမနှစ်ယောက်ကို
စိတ်မချနဲ့ ဒွိဟ စိတ်နဲ့ ထွက်လာခဲ့ပေမဲ့ လမင်းရွေးချယ်မှုမှန်သွားပါတယ်
မိသားစုအမြဲတမ်းပျော်ရွှင်ဖို့ 
ခဏတော့ဝေးနေရတာပေါ့  ဘာပဲဖြစ်ဖြစ် (၂၀၀၇) က လမင်းအရမ်းပျော်ရွှင်ခဲ့ပြီမျှော
်လင့်ချက်ရောင်ခြည်သန်ခဲ့ပါတယ်
(၂၀၁၀) ချစ်သူလေးနဲ့ စသိတာ သူကိုစသိသိခြင်းကိုပျော်ရွှင်တဲ့
စိတ်လေး
ဖြစ်လာပါတယ် ဂျစ်ကန်ကန်သူအကျင့်လေးတွေ စကားကိုအပိုအလို
မရှိပြောတတ်တာတွေကလမင်းစိတ်ကို
စွဲဆောင်နိုင်ဆုံးပါ။
ဟုတ်တယ်သူ့ ကြောင့်လမင်းပျော်ရွှင်ခဲ့ရတယ် အရမ်းကိုလိမ္မာတဲ့
ချစ်သူလေးပါ အမြဲတမ်းစိတ်တွေရှုပ်ထွေးနေတတ်
တဲ့လမင်းက
သူနဲ့ စကားပြောတိုင်းပြုံးတတ်လာခဲ့
တယ် ကျေးဇူးတင်ပါတယ် ချစ်သူ..
(၂၀၁၁) လမင်းအခုနေတဲ့ နိုင်ငံမှာတရားဝင်နေခွင့်ရတဲ့အေ
ကြာင်းကြားစာ
ရောက်လာတဲ့နေ့ အဲနေ့ ကပျော်သလိုနဲ့ ဝမ်းနည်းမှုလည်းဖြစ်မိတယ်
လမင်းဒီမှာအခြေမချပါ ဒါပေမဲ့ လုပ်သင့်တယ်ထင်လို့ လုပ်လိုက်တယ်
အချိန်တွေ ငွေတွေကုန်ရကျိုးနပ်ခဲ့ပါတယ်။
ခ်စ္သူကေတာ့ၿမန္မာၿပည္ပဲၿပန္လာေ
နပါတဲ့ ဒါလည်းလမင်းရဲ့ မူအတိုင်းပါပဲ အမြဲတမ်း ရွေးချယ်မှုနှစ်ခုဖြစ်တတ်ပါတယ်
အခု တဂ်လေးရေးနေတော့လည်း ၀မ်းနည်းဝမ်းသာဖြစ်ရပြန်ပါတယ် :D
မောင်လေးနွေလရေ ရေးတတ်သလို ရေးလိုက်ပါပြီနော်
10 comments:
  1. ၀မ်းနည်းစရာတွေရယ်လို့လည်းမဟုတ်ပါဘူးအမတော်ရဲ့
    အဆိုးထဲက အကောင်းပေါ့း)
    အစ်မကြီးအမိရာပီသပါပေတယ်ရှင်။
    သူတို့နိုင်ငံမှာနေခွင့်ရတော့
    ညီမလေးတွေပညာရေးအတွက်လည်း
    ခြေဆန့်လို့ရတာပေါ့နော် ဟုတ်ဝူးလားး))
    ချစ်ခင်လျှက်
    ReplyDelete
  2. ညီမရဲ့ အမှတ်တရလေးတွေကို လာဖတ်သွားပါတယ် ညီမရေ...
    ReplyDelete
  3. ဘ၀ရဲ့အမှတ်တရတိုင်းကပျော်စရာပဲရှိမနေတက်ဘူးအမရေ
    ReplyDelete
  4. စိတ်မကောင်းစရာတွေ ကြုံခဲ့ပြီး နောက်ပိုင်းမှာအဆင်ပြေနေပြီဆိုတာတွေ သိရတော့ ဝမ်းသာမိတယ်။ လမင်းရဲ့ဘဝရဲ့ တကယ်ကို ဆေးရောင်စုံလင်တဲ့ ပန်းချီကားတစ်ချပ် ဖြစ်ပါလိမ့်မယ်။
    ခင်တဲ့
    မြတ်
    ReplyDelete
  5. အရာရာအဆင်ပြေခြင်းတွေနှင့်ပြည့်စုံပြီး ပျော်ရွှင်ခြင်းများကို ထာဝရပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်ပေးပါတယ်...(မှတ်ချက်။ ။ဘုန်းကြီးလေသံဖြင့်)...ဟဲ..ဟဲ
    ReplyDelete
  6. အမှတ်တရတွေ ပြန်လည်တုးဆွခွင့်ပြုတဲ့ အတွက် ကျေးဇူးပါနော်။
    လေးစားခင်မင်လျှက် (လွမ်း)
    ReplyDelete
  7. တင်္ဂပို့စ်လေးကနေ ဘဝ တစ်စိတ်တစ်ပိုင်းလေးတွေ သိရတာ စိတ်မကောင်းစရာပါ မမ
    ခုတော့လည်း အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီမို့
    ပျော်ရွင်ခြင်းများနဲ့ အတိပြိးသော မနက်ဖြန်တွေ ပိုင်ဆိုင်ပါစေလို့ ..
    ReplyDelete
  8. အစမ်းရေးတာနော်
    ReplyDelete
  9. ငယ်ဘ၀အကြောင်းလေးတွေ ဖတ်သွားပါတယ်လမင်းရေ..။
    ပျော်ရွင် အောင်မြင်သော အနာဂတ်ခရီးကို လျောက်လှမ်းနိုင်ပါစေလမင်း...။
    ချမ်းမြေ့ပါစေကြောင်း
    ချယ်ရီမြေ
    ReplyDelete