ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Friday, February 17, 2012

ကြက်သားအုန်းနို့ ဆီပြန်ချက်နည်း

ဆား၊ နနွင်း၊ဂျင်း၊မဆာလာ၊အချိုမှုန့်၊ငံပြာရည်တို့ ကို ရောနယ်ထားလိုက်ပါ။(၅)ပေါင်ပဲချက်ပါတယ်။။။အသားလှီးထားတာပါ။
လမင်းတို့ ဆီမှာ လူသုံးယောက်အပြင်ထွက်စားရင် အနည်းဆုံး $ (50) ကုန်ပါတယ်။
အခုလမင်းပြထားတဲ့ ထမင်းဝိုင်းက $(10) တောင်မကုန်ပါဘူး။
မြန်မာဟင်းကြိုက်တဲ့သူငယ်ချင်းများနဲ့ မချက်တတ်သေးတဲ့သူတွေအတွက်ပဲရည်ရွယ်ပါတယ်။
ပျင်းနေတာနဲ့ ငါတနေ့ ချက်တဲ့ဟင်းလေတွေ ဘလော့ပေါ်တင်ရင်ကောင်းမယ်။ စိတ်ကူးရတာနဲ့ တင်ဖြစ်တာပါ။
အခုတလော ကဗျာလည်းမရေးချင်တာနဲ့ အပြောင်းအလဲလေးဖြစ်သွားအောင်ရယ် :)
ဝထ္ထုရေးချင်တာရူးနေတာပဲ...ဘယ်ကစရေးရမလဲ မသိတာနဲ့  ဟင်းချက်တဲ့ဘက်ရောက်သွားပါတယ်။
ဒီရည်ရွယ်ချက်လေးကလည်း လမင်းလို ဘ၀တူသူငယ်ချင်းတွေ အမိမြေနဲ့ ဝေးနေကြတဲ့သူတွေ
အမေ့လက်ရာနဲ့ ကင်းကွာနေတဲ့ သူငယ်ချင်းတို့ အတွက်မျှဝေပေးခြင်းပါ။
လမင်းတောင်ဒီရောက်မှာ အတော်လေးချက်တတ်လာတာ မြန်မာစားပဲကြိုက်တော့
ရအောင်ချက်တာပေါ့။
မြန်မာပြည်မှာမတတ်တဲ့ဟင်းချက်နည်းတွေတောင်ဒီရောက်မှာတတ်တာတွေရှိတယ်။
လမင်းချက်စားဖြစ်ရင်တင်ပေးမယ်နော်။။။
အားလုံးသောသူငယ်ချင်းများ ထမင်းမြိန်သောဟင်းတစ်ခွက်ဖြစ်ပါစေ...:)
နှောက်ဘယ်လိုဟင်းမျိုးတင်ဆက်မလဲဆိုတာစောင့်မျှော်ပေးပါအုံးလို့ :D

18 comments:

  1. သရေယိုစရာပဲ
    နောက်နေ့ အမေ့ကို ပြပြီး ချက်ကျွေးခိုင်းဦးမယ်

    ReplyDelete
  2. ဝတ္ထုရေးရင်း ဟင်းချက်တာလေးတွေပါ တင်ပေါ့ ညီမရဲ့ ... ဘာဖြစ်ဖြစ် စာရေးတာကိုတော့ အစ်ကို အားပေးပါတယ်...

    ReplyDelete
  3. ဟုတ်ကဲ့ပါ ကိုရဲရေ လမင်းစာရေးတာလည်းဝါသနာပါပါတယ်။
    ကျေးဇူးတင်ပါတယ်...

    ReplyDelete
  4. အတော် ပဲ .... အခု ပဲ ထမင်းစားနေတာ .....
    နတ်တွေလို အငွေ့  စားသွားပါတယ် ....

    ဆီများ တယ် ရော .... အယ် အလကား စားရတာ ပဲ ....
    ကောင်းပ .... ကောင်းပ .....

    ခင်မင်စွာ

    မောင်ဘုန်း

    ReplyDelete
  5. ဟုတ်တာပေါ့လမင်းရေ
    မြန်မာပြည်မှာဘာမှမတတ်ခဲ့ပေမယ့်လဲ ဒီမှာအနေကြာတော့တတ်သွားကြတယ်နော်
    အမလဲဒီလိုပဲ တခါတလေချက်နေရင်း မေမေကိုဖုန်ဆက်မေးတယ်
    ဘာဆက်လုပ်ရမလဲပေါ့ နောက်တော့လဲအဆင်ပြေသွားတာပဲ
    ချစ်တဲ့ sis jasmine

    ReplyDelete
  6. အမ.......ကျွန်တော်နှင့်တည့်ရင်တပွဲလောက်စားချင်တယ်....ချက်ပေး......များများချက်နော်...ကျွန်တော်သိပ်ကြိုက်တာ......ပြောရင်းသားရေကျလာပီ......း)

    ReplyDelete
  7. လမင်းရေ...

    တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှာ ဘလော့တွေလိုက်လည်ရင်း.. ကြက်သားအုန်းနို့ဆီပြန် ဆိုတော့ မနေ့ညအိပ်ယာမဝင်ခင် (အိမ်သူကြီးတိုတို)ကို မနက်က အုန်းနို့ခေါက်ဆွဲ စားချင်တယ် ချက်စားကြရအောင်လို့ ပူဆာနေတာ။ (အိမ်သူကြီးတိုတို) ကလည်း မဒိုးကန်ရဲ့ ချစ်ချစ် (ကိုရင်) လိုဘဲ ချက်ကျွေးချင်တာမှ လွန်ရော။ ဒီလိုနဲ့ဘဲ ဒီနက်တော့ အုန်းနို့ခေါက်ဆွဲ စားဖြစ်သွားတယ်။ လာစားပါဦးလား...အဟီး

    ခင်မင်လျှက်
    အလွမ်း

    ReplyDelete
  8. စားပီးရင် သားသားလေး ပန်ကန်ဆေးပေးမယ့်လူ ရှိတယ် တိလား

    ReplyDelete
  9. ငါ့ရဲ့ ကုလားပဲနှပ်လောက် မကြိုက်ပါဘူး.... :P

    ReplyDelete
  10. ရှလွတ် သရေကျသွားဘီ :P

    ReplyDelete
  11. သရေတောင် ကျနေပြီ...

    ReplyDelete
  12. ထမင်းစားလေး ဘာလေးဖိတ်ပါဦးဂျာ ... :D

    ReplyDelete
  13. သရေယိုအောင်လုပ်နေတယ်နာ့အမကတော့
    ရှလွှတ်...(ငတ်ထှာ)

    ReplyDelete
  14. အန်ဟမ်..ဒါလေးနဲ့ အရက်လေးနဲ့သာ တွဲသောက်လိုက်လို့ကတော့ မာလကီးယားပီးသားပဲ.. ဟီးးးးးးး။။။

    ReplyDelete
  15. ကေပီ ကူးသွားပီ ကျေးဇူး sis :)

    ReplyDelete
  16. ဗိုက်ကိုပြည့်သွားတာပဲ လမင်းရေ..ကျေးကျေးပါ

    ReplyDelete