ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Wednesday, February 8, 2012

သူငယ်ချင်းကောင်း သို့ ............

ဖိုးလုံးရေ  ဖိုးလုံး...

ဒီဘက်လာဟ ဒီမှာငါးတွေအများကြီးပဲ. အေပါ.. နေအုံး ဒီဘက်မှာလည်းငါဖမ်းနေတယ်

ဒီဘက်ကပိုများတယ် ဖိုးလုံးရ.. အေးပါ, အေးပါ,  ငါးကျည်းတွေနော် မိဂျက်နင်မဖမ်းနဲ့ ဆူးလိမ့်မယ်။
(မရပါဘူး) ငါဖမ်းချင်တယ် ,မဖမ်းပါနဲ့ ပြောနေတာကို ငါ့စကားကို ဘယ်တော့မှနားမထောင်ဘူး ဆူးမှ အော်မနေနဲ့ နော်။
အာ... ဘာဖြစ်တာလဲ , အာ.... သွေးတွေ ပြစမ်း ဟာ.. အတော်လေးထွက်နေတာပဲ ငါပြောသာပဲမဖမ်းပါနဲ့ လို့ 
မိဂျက် နင်ကတော့လေ အမြဲတမ်းဇွတ်တရွတ်ပဲ  ဘာမပြောညာမပြောနဲ့ ဖိုးလုံး လက်ကိုဆွဲပြီ ပါးစပ်ထဲထည့်လိုက်ပါရော
အဲ့လိုကျတော့လည်း ဖိုးလုံးက ကြင်နာတတ်သားပဲ :)ဟဲ့... မိဂျက်ဘာငေးနေတာလဲ လာပြန်ကြမယ်၊ လက်ကိုပတ်တီးနဲ့ စည်းထားနော် ဒါလေးဖြစ်တာနဲ့ ပတ်တီးစည်းရမယ် ။  ဟီး......ငါအဲလောက်မနွဲ့ ပါဘူးဟာ မိဂျက်, နင်ကလေ ပြောလိုက်ရင် တခါမှ(အေပါ)လို့ မပြောဘူး

ဟုတ်ပါတယ်,  ဖိုးလုံးပြောသလိုပဲ ကျွန်မသူနဲ့ ပတ်သက်ရင် အမြဲအနိုင်ယူနေကြပါ သူကလည်းကျွန်မဆို အမြဲတမ်း
လျှော့ပေးတတ်တဲ့သူငယ်ချင်းကောင်
းပါ။
 မိဂျက် မနက်ဟိုဘက်ရွာမှာအလှူရှိတယ်.. ငါသွားမလို့ နင်လိုက်မလား ဖိုးလုံးနင်ဟာလေအပိုသိပ်ပြောတာ နင်သွားတဲ့နေရာ အကုန်ငါလိုက်တတ်တာပဲဖိုးလုံးနင်ကလေလျှာကို

ရှည်တယ် ဟဲ့မိဂျက် နင့်အိမ်က သွားခိုင်းပါမလား မသွားခိုင်းလည်းလိုက်မယ် ပြောကြည့်မယ်မရရင်ခိုးလိုက်မယ်...
ဘယ်အချိန်သွားမလဲ မနက်စောစော( အေ) ငါလာခဲ့မယ် စောင့်နေနော် မစောင့်ရင် ငါ,နဲ့ တွေ့ မယ် အေးပါ, အေးပါ......
နင်ကလေ ငါ့ကို အရမ်းအနိုင်ယူတာနော် ငါသာရည်းစားရသွားလို့  (ဘာ) ဟဲ့ မိဂျက် လန့်သွားတာပဲ

ဖြည်းဖြည်းအော်ပါ(ဟဲ) ငါ့စကားတောင်မဆုံးသေးဘူး ဆက်မပြောတော့နဲ့ ဖိုးလုံး ငါဒေါသထွက်လာပြီးနော်
အေပါ ,အေပါ .မပြောနဲ့ ဆိုမပြောတော့ဘူး မနက်စောစောငါရွာထိပ်ကစောင့်နေမယ်။ အိပ်ယာထနောက်ကျတတ်တဲ့ ကျွန်မ မနက်စောစောထလို့ အမေက သမီး စောလှကြီးလား ဘာအကြံတွေရှိနေလဲ  အမေ သမီးဟို ဘက်ရွာ အလှူသွားချင်တယ် ဖိုးလုံးနဲ့ ... သွားလို့ မဖြစ်ဘူးထင်တယ် သမီးအဖေဒီနေ့ ပြန်လာမယ်ပြောတယ် ဖိုးလုံးနဲ့ ပေါင်းတာကြိုက်တာမဟုတ်ဘူး မသွားနဲ့ နော် အမေ့ သမီးကလိမ္မာပါတယ် ဘာမှပြန်မပြောတော့ပဲ ခိုးထွက်လာလိုက်ပါတယ်  ဖိုးလုံး ငါခိုးထွက်လာတာ ဒီနေ့အဖေပြန်လာမယ်ပြောတယ် လာ.. မြန်မြန်သွားကြမယ်  ပြောပြောဆိုဆိုနဲ့  အလှူရှိတဲ့ရွာဘက်ရောက်လာကြတယ်။

 အလှူဆိုတော့ နယ်,ဘက်ရော မြို့ ,ဘက်ပါ အများကြီးလာကြတော့လူစည်ကားလိုက်
တာနော် ဖိုးလုံး လူများတော့
ငါကြောက်တယ်(ဟ) နင့်က လူကြောက်တယ်ဟုတ်လား ဟဟဟဟဟ..... ဖိုးလုံးနော် အေးပါ,အေးပါ..
နင်,ကငါ့ပဲ အနိုင်ယူတတ်တာ လူကြောက်တတ်တာငါသိပါတယ် လာခဲ့..ဟိုဘက်သွားစားကြမယ် ဖိုးလုံး ,နေအုံး.....
ဘာလဲဟာ... ဟိုမှာယောင်္ကျားလေးတွေနဲ့ သွားမစားရဲဘူး၊ ဟား ဟား  မိဂျက်, နင်ကရှက်နေသေးတယ်။
 ဟား ဟား ဟား  
မိဂျက်.ရှက်နေတဲ့ပုံက ငါ့အိမ်က နွားမလေးနဲ့တူတယ် (ဘာ )လန့်သွားတာပဲ မိဂျက်ရာ စတာပါ,ဟာ..... အခုမှမြင်ဖူးတော့မယ် ဟီဟီ  မိဂျက်ရှက်တာတယ်ဟေ့ ရုပ်ကိုက စပ်ဖြဲဖြဲနဲ့ လှတာလည်းမဟုတ်ပဲနဲ့ , လာပါ ... ရှက်မနေနဲ့ အလှူပဲ လူတွေများမှာပေါ့ ကျွန်မလက်ကိုဆွဲပြီစားဝိုင်းထဲရောက်သွား

ကြလေရဲ့ ရှေ့ ဝိုင်းက လူတစ်စု ကျွန်မကို ဆိုက်ကြည့်နေလို့ ဖိုးလုံးဒေါသ ထွက်နေတာကို ကျွန်မ မသိချင်ယောင်
ဆောင်နေလိုက်ပြီ ..(ဟဲ့ ..ဖိုးလုံး ,စားလေ ဘာဖြစ်နေတာလဲ တော်ပြီ မိဂျက် မစားတော့ဘူး ပြန်ကြမယ် အရူးကောင်......
စားဖို့ အဝေးကြီးကလာရတာ မစားပဲတော့မပြန်နိုင်ပါဘူး ခဏစောင့် ငါတော့ပြီအောင်စားမယ် ဒါဆိုအမြန်စား
ငါပြောစရာရှိတယ် ၊ သူပြောမဲ့စကားကိုကျွန်မသိပါတယ်၊  ကျွန်မနဲ့ ပတ်သက်ရင် ဖိုးလုံး ,အခုလိုဖြစ်နေကြ ကျွန်မလည်း
သူနဲ့ပတ်သက်ရင် အခုလိုတွေဖြစ်နေကြပါ, ဒါဟာသံယောဇဉ်ကြောင့်လား ကျွန်မ မသိပါ သိလည်းမသိချင်ခဲ့ဘူး.....
သိအောင်လည်းမကြိုးစားခဲ့ပါဘူး ဖိုးလုံးက စာတော်တယ် လက်ရေးလှတယ် ရုပ်ရည်ကလည်းသန့်ပြန့်တယ်
ယောင်္ကျားပီသတဲ့ရုပ်ရည်ကိုပိုင်
ဆိုင်ထားတဲ့သူပါ ..ဖိုးလုံးတို့အိမ်ကတော့နဲနဲချို့ တဲ့တယ် ဆိုပေမဲ့ သူကစာတော်တယ်
ရုပ်ကလည်းချောဆိုတော့ ကျောင်းမှတော့မျက်နှာမငယ်ရပါဘူး.. မိန်းကလေးတိုင်းစိတ်ဝင်စားခံရတဲ

ယောင်္ကျားမျိုးပါ ..ဟဲ့, မိဂျက် ဘာတွေတွေးနေတာလည်းငါတို့ တွေကျောင်းဖွင့်တော့မယ်နော် ......အင်း .ဟုတ်တယ်.....
ဖိုးလုံး ငါကျောင်းမတက်ချင်ဘူး/၊ သိလား ...နင်နဲ့ပဲ ဆော့ချင်တယ် .ဘယ်ဖြစ်မလဲ မိဂျက်, ကျောင်းတော့တက်ရမှာပေါ့...
ငါဆို အိမ်က သိပ့်အဆင်မပြေလို့ နောက်နှစ်တောင်ကျောင်းဆက်တက်ရပါမလားမသိဘူးဟာ  ကဲပါ....ဖိုးလုံးရယ်....စိတ်မကောင်းစရာတွေ

ပြောမနေပါနဲ့ဟာ,  နင်ကျောင်းထွက်ရင် ငါလည်းကျောင်းထွက်မယ် ဒါပဲ, အပိုတွေပြောမနေနဲ့  လာသွားကစားကြမယ်။
              ကျွန်မ ငယ်ငယ်လေးထဲက ဖိုးလုံးနဲ့ပဲသူငယ်ချင်းလုပ်လာ
တာဆိုတော့ ယောင်္ကျားလေးတွေဆော့နည်းပေါင်းစုံကို
ကျွန်မ ကစားတတ်ခဲ့တယ် ။  လူကြီးတွေကတောင် ကျွန်မကို မျောက်လောင်းကျော်တဲ့ ပြောလည်းပြောချင်စရာပါ၊။
ဖိုးလုံး, ဘာဆော့လည်းယောင်္ကျားလေးကစားနည်းအကုန်ကျွန်မဆော့တတ်တယ် သူဘာကြိုက်တတ်လဲ ဆိုတာက အစ,  ကျွန်မစိတ်ဝင်စားတတ်ခဲ့တယ် သူလည်းထိုနည်းတူပါပဲ....
မျောက်လောင်းနှစ်ကောင်းကျောင်း
ဖွင့်တော့မယ်နော် အဆော့ပဲစိတ်မ၀င်စားကြနဲ့  ဒီနေ့ မကစားရတော့ဘူး .......ဖိုးလုံး ,နင်,လည်းမိဂျက်ကို

လာမခေါ်နဲ့ ကြားလား ။

ဖိုးလုံးက အစထဲက ကျွန်မမိသားစုနဲ့ပတ်သက်ရင်အားငယ်နေကြဆိုတော့ ဟုတ်ကဲ့ဆိုသော
စကားမှလွဲ သူမှာပြောစရာစကားမရှိပါ ....
မိဂျက်,အိမ်မှာမုန့်လုပ်စားလို့ ငါလာပို့တာ နင်ကြိုက်တဲ့ ငှက်ပျောသီးမုန့် လေ ငါတောင်မစားရက်ဘူး နင့်ကိုသတိရလို့ 
ပြေးလာတာ အဒေါ်သိရင် ငါကိုပြောနေအုံးမယ် ပြန်တော့မယ်နော် အဲလိုပါပဲ ကျွန်မလည်းဘာပဲစားရပါစေ သူဆီတော့
အမြဲရောက်တတ်ပါတယ် .ကျွန်မအဖေက၀န်တမ်းဆိုတော့တာဝန်
ကျရာ သွားနေတတ်ရတော့ အိမ်မှာအမြဲမရှိပါ
အဖေပြန်လာရင်တော့ ရွာကသူတွေနဲ့ ပေါင်းသင်တာမကြိုက်တဲ့အကြောင်း ဖိုးလုံးဆိုတဲ့ကောင်လေးနဲ့ မပေါင်းခိုင်း
တော့နဲ့ ဆိုတာ ခဏခဏဆိုသလို အမေကိုပြောတတ်ပေမဲ့ ကျွန်မတို့ ရဲ့ သံယောဇဉ်ကိုသိတော့ အမေလည်း
မပြောရက် သတိပေးစကားတော့ မကြာခဏဆိုသလိုပြောတတ်ပါတယ် ကျွန်မတော့ဂရုမစိုက်ပါဘူး ဖိုးလုံး, ကတော့
အားငယ်သူမို့ သတိထားနေတတ်ပါတယ် အဖေမြို့ ကပြန်လာလို့ မုန့် တွေပါလာရင်ဖိုးလုံးအိမ်အပြေးသွားပို့ တတ်တာလည်း ကျွန်မ အကျင့်ပါ တနေ့ ,မျှော်လင့်မထားသော စကားကို အမေဆီကကြားလိုက်ရတော့ ကျွန်မကမ္ဘာ ပြိုလဲသွားသလိုခံစားလိုက်ရပါတယ်... သမီးအဖေက ဒီနှစ်ကျောင်းပြောင်းရမယ်
မြို့ မှာသွားတက်ရမယ်,  အမေတို့ လည်းပြောင်းကြမယ် ,...သမီးအဖေက ရွာမှာနေတာမကြိုက်ဘူး ဖိုးလုံး,နဲ့ ပေါင်းနေတာ
လည်းကြိုက်ပုံမရဘူး ဆင်ခြင်နေပါ သမီးရယ် ။    ဖိုးလုံးနဲ့ သွားမဆော့တော့နဲ့ အရင်က သမီးတို့ ငယ်ကြတုန်းမို့ အမေဘာမှ
မပြောချင်ပေမဲ့ အခုသမီး (၉) တန်းရောက်နေပြီ အရင်လို နေလို့ မရတော့ဘူး အမေပြောတာနားလည်လားသမီး
အမေ ပြောချင်တာတွေပြောနေပေမဲ့ ကျွန်မ ရင်ထဲဆို့ နင့်နေတာမို့ အမေကို အဖြေပြန်မပေးမိပါ
မကြာပါဘူး... ကျွန်မ အရမ်းကိုကြောက်လန့်နေတဲ့ အချိန်ရောက်လာပါတော့တယ် ။ကြိုတွေးထားပေမဲ့အချိန်ကစောနေသလိုခံစားရတယ် သတိရလို့ ဖိုးလုံးကို ကျွန်မရှာနေမိခဲ့တယ် ကျွန်မ ပတ်ဝန်းကျင်မှာ

  ဖိုးလုံး, ..ကိုမတွေ့ မိပါ... အဖေကဘေးနားမှာကျွန်မဘယ်လိုရှာ
ရမလဲ ဖိုးလုံးရယ် လာပါ ။.ငါနင့်ကိုစောင့်နေတယ် အမြန်လာပါတော့ လို့ စိတ်ထဲ အချိန်ချိန် ဆုတောင်းနေမိပေမဲ့ အရိပ်အရောင်တောင် မမြင်မိပါ  ကျွန်မမျက်ရည်များ
တားမရဆီးမရနဲ့ မိဘတွေကတော့ ပစ္စည်းတွေသိမ်းကြဆိုတော့ကျွန်
မကိုသတိထားဟန်မရှိ ခဏနေ မိစုရောက်လာတယ်။.....
စာလေးလက်ကကိုင်လို့ ဖိုးလုံး,ပေးခိုင်းလို့ သူရော.. သူဘယ်, မှာလဲ မိစု ,ငါတွေ့ ချင်တယ် သူမရှိလောက်ဘူး ...မိဂျက်
ဟိုဘက်ရွာ သူ့ အဖေနဲ့ လွှသွားဆွဲတယ်......မသွားခင်ပေးသွားတာ
ပါ နင်ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ ငါသွားတော့မယ်.....
ငါ့တို့ ကို မေ့မသွားပါနဲ့ နော် မိဂျက်, ရွာဘုရားပွဲနှစ်တိုင်းပြန်လာပါေ
နာ် ပြန်လာမှာပေါ့ မိစုရယ် ..ငါရောက်အောင်ပြန်လာခဲ့မယ်စိတ်ချပါ ။

မျက်ရည်သုတ်ရင် သင်္ဘောပေါ်ရောက်ရောက်ချင် စာဖွင့်ဖတ်လိုက်မိတော့

မိဂျက် ....ငါ့ကိုနားလည်ပေးပါ,   ငါနင့်ကိုနှုတ်ဆက်ဖို့ အင်အားမရှိဘူး,ဟာ ရွာကလူတွေပြောနေကြတဲ့စကားမျိုးေ
တွလည်း
ငါမဖြစ်စေချင်ဘူး.... တနေ့ငါတို့ ချစ်သူဖြစ်ရမယ်ဆိုတဲ့လူတွေရဲ့ ထင်မြင်ချက်မျိုးငါနင့်ကို မဖြစ်စေချင်ဘူး.....နင့်အဖေပြောတဲ့
အိုးချင်းထားအိုးချင်းထိဆိုတာမျိုးမဖြစ်စေရဘူး..... ငါနင့်အပေါ်ထားတဲ့သံယောဇဉ်ကို အဲလိုစကားလုံးတွေနဲ့ အဆုံးမသတ်ချင်ဘူး ။..
.... မိဂျက်, နင့်ဘ၀တက်လမ်းအများကြီးရှိ တယ် နင်ကြိုးစားပါ နင်သိထားဖို့က ငါဟာနင့်ရဲ့ ထာဝရ သူငယ်ချင်းဆိုတာမှတ်ထားပါ ....ငါတော့ဒီနှစ်ကျောင်းဆက်မတက်ဖြစ်တော့ဘူးထင်တယ်...

       နင်ငါ့ကိုခင်ရင် စာကြိုးစားပါ ရွာဘုရားပွဲတော့ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ပြန်လာဖြစ်အောင်ပြန်လာပါနော်....
နင့်ကို ခင်တဲ့ ဖိုးလုံး ...............
                  သမီး ဘာစာလဲ ဖိုးလုံး, စာလား.... အဖေမသိစေနဲ့ ရွာကလူတွေအကြောင်းကို မေ့လိုက်တော့သမီး
အဖေမကြိုက်ဘူး.....
(၉)တန်းဖြေပြီ ..ရွာဘုရားပွဲအိမ်ကိုဂျစ်တိုက်ပြီ ကျွန်မ အရောက်သွားခဲ့တယ် ဖိုးလုံး,ပင်ပန်းဆင်းရဲပုံရတယ် မျက်နှာငယ်စွာနဲ့ 
မိဂျက် နင်စာမေးပွဲဖြေနိုင်လား ငါတို့ ကိုရောသတိရရဲ့ လား တကယ်တော့ဒီခရီးကို ကျွန်မ အဖေနဲ့ အပေးအယူလုပ်ပြီ....
လာရတာပါ ( ၉)တန်းမှာ အနည်းဆုံး သုံးဘာသာဂုဏ်ထူး ပါရမယ်ဆိုတဲ့အပေးအယူပါ မပါခဲ့ရင် ရွာနဲ့ ဖိုးလုံးကိုမေ့ပစ်ရမယ် .ဆိုတဲ့ကြီးမာတဲ့ အပေးအယူကို လုပ်ခဲ့ပြီ အမေနဲ့ ပြန်လာခြင်းပါ အမေလည်း
အဖွားတို့ ရှိတော့ပြန်လာချင်ပုံရပါတယ်။    မိဂျက်, ဘာတွေးနေတာလဲ ငါမေးနေတာကြားလား အော်, အေး ကြားပါတယ် ငါဖြေနိုင်ပါတယ်။ နင်ကျောင်းဆက်မတတ်ဖြစ်တာတွေးမိလို့ ဝမ်းနည်းနေတာ နောက်ဆုံးဒီလိုပဲဖြစ်မယ်
ဆိုတာငါသိပြီသားပါ..... မိဂျက်,ရာ ဘာမှဝမ်းနည်းမနေနဲ့ နင်ဖြေနိင်တယ်ဆို ငါဝမ်းသာတယ် သိလား  အေပါ... ဖိုးလုံးရယ် ငါဖြေနိုင်ပါတယ် ဒါပေမဲ့  .. ဒါပေမဲ့
ဘာဖြစ်လဲ မိဂျက်, ဘာမှမဟုတ်ပါဘူး ငါဖြေနိုင်မှာပါ ..... ငါယုံပါတယ် မိဂျက်, မနက်စာ
ငါအိမ်မှာ လာစားလေ အဖေလည်းနင့်ကို မေးနေတယ် မရှိရှိတာတော့ ငါကျွေးနိုင်ပါတယ်နင်တို့  မြို့ လိုတော့ ဟင်းကောင်းမဟုတ်ပေမဲ့ ငါကြက်လေးချက်ကျွေးမယ်လာစားနော
် ငါစောင့်နေမယ်..............
     အေးလာ လာရမှာပေါ့ အဓိက နင့်ဆီလာဖို့ ပဲလေ ........

                အဒေါ်ပါခေါ်ခဲ့ပါလား၊  အမေ အဖွားတို့ ရွာသွားတယ်  ဖိုးလုံး ,ငါပဲလာစားမယ်( အေး)                  ငါစောင့်နေမယ်နော်...........
ထမင်းစားရင်  မိဂျက်,  ငါပြောစရာရှိတယ်... ကျွန်မ ထင်မထားတဲ့စကားပြောလာပါတယ် မိဂျက်နောက်ကို ရွာပြန်မလာတော့နဲ့ ငါနဲ့ မိစုလည်း
ချစ်နေကြပြီ(ဘာ ) မဖြစ်နိုင်တာ ဖိုးလုံး နင်မိစုကို ဘယ်တုန်းကချစ်ခဲ့လို့ လဲ ငါမယုံဘူး ငါကို မညာပါနဲ့ ဖိုးလုံး,ငါကိုညာနေတာမလား...............


   မယုံရင်မိစုကို မေးကြည့်ပါ,,,,  မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး ငါမယုံဘူး ...ဘာရယ်မဟုတ်
မျက်ရည်များဒုတိယအကြိမ် ဖိုးလုံးနဲ့ ပတ်သက်ပြီကျခဲ့ရပြန်ပြီ။....
ကျွန်မ( ၁၀) တန်းနှစ် ရွာမပြန်ခဲ့ဘူး အဖေနဲ့ အပေးအယူကိစ္စ ကျွန်မရှုံးခဲ့လို့ ပါ။
တက္ကသိုလ်ဆိုတဲ့နေရာကိုခြေချမိတဲ့ ဒုတိယနှစ်မှာပဲ .....
ဖိုးလုံးသတင်း ကျွန်မ ကြားလိုက်ပါတယ် မွန်ပြည်နယ်က
အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ကျသွားတယ်ဆိုတဲ့သတင်း အမျိုးသမီးနောက်လိုက်နေခဲ့ကြော
င်း ထို သတင်းကြားတော့

ကျွန်မဘ၀ ဒုတိယ ကမ္ဘာ ပျက်ခဲ့ရပါတယ်... ဖိုးလုံး, မိစု နဲ့ အိမ်ထောင်မကျပဲ ဘာလို့ အခြားသူနဲ့ ..
အိမ်ထောင်ကျသွားလည်းဆိုတာ ကျွန်မအတွက် တွေးစရာများဖြစ်ခဲ့ရပြီ....
ဖိုးလုံး, အိမ်ထောင်ကျသွားတယ်ဆိုတဲ့သတင်းဟာ ကျွန်မ အတွက်တော့ ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ခဲ့ရပါတယ်.

         မျက်ရည်များသုတ်နေတုန်း မမရေ ထမင်းစားလို့ ရပါပြီဆိုသော် ကျွန်မကို အဖော်လုပ်ပေးနေသောမိန်းခလေခေါ်သံကြောင့်................
 ကျွန်မ အတွေးများနယ်ချဲ့ နေခြင်းရပ်ပြီ  အေ , ညီမ လာခဲ့မယ်........ သြော် ဖိုးလုံးရယ် နင်ဟာငါ့ရဲ့ 
ထာဝရ သူငယ်ချင်းကောင်းဆိုတဲ့ စကားကို အမှတ်ရရင် နင့် ကို ကျေးဇူးတင်နေမိပါတယ်...........
အခုတော့ဖိုးလုံးတယောက် သားလေးတောင်နှစ်ယောက်ရနေပြီ....သူ့ မိသားစုအဆင်ပြေပုံမရဘူးလို့ သတင်းကြားပေးမဲ့
ကျွန်မ ဘာမှမတတ်နိုင်ခဲ့ပါ.....  ကျွန်မလည်းအခုထိ တစ်ကိုယ်တည်း အပျိုကြီး

ဖြစ်လို့ စီးပွားရေးလောကထဲ ကျင်လည်ရင် အချစ်ရေးကို ခေါင်းထဲမထားမိတာကြာနေပါပြီ။
ဟုတ်ပါတယ်... ဖိုးလုံးရယ် နင်,ဟာငါ့ရဲ့ ထာဝရ သူငယ်ချင်းကောင်းပါ...........

ဒီပိုစ့်လေးကို ပထမဆုံး ၀တ္တုတိုအနေနဲ့ စရေး စမ်းရေးခြင်းပါ လိုအပ်တာများဝေဖန်ပေးကြပါ
မကောင်းရင်လည်းသည်းခံဖတ်ပေးကြပါလို့ ............ဘော်ဘော်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်

17 comments:

  1. ဖက်လို့ကောင်းတယ်လမင်းရေ..ဆက်ရေးပါ...

    ReplyDelete
  2. ထာဝရ သူငယ်ချင်းကောင်းဆိုတဲ့ စကားကို အမှတ်ရရင် နင့် ကို ကျေးဇူးတင်နေမိပါတယ်...........
    အရမ်းဖတ်လို့ကောင်းတယ်မမရေ
    ဆက်ပြီးအားပေးသွားမှာပါ
    ဒီထက်မကရေးနိုင်ပါစေမလမင်းငယ်

    ReplyDelete
  3. ကောက်တေးFebruary 8, 2012 at 6:24 PM

    အားပေးသွားပါတယ်

    ReplyDelete
  4. ပထမဆုံး ၀တ္တုတိုလေးကိုအားပေးသွားတယ်အမရေ

    ReplyDelete
  5. အပျိုကြီးကျမ.တစ်ကိုယ်တည်းပေမယ့်
    ငိုညည်းမနေပါဘူးး)
    မိဂျက်ဆိုတော့.မာမီဂျက်ကြားရင်ပြေးလာအုံးမယ်နော် :P

    စကားပြောတဲ့အခန်းမှာ
    မျက်တောင်လေးတွေသုံးပေးလိုက်ရင်
    ဂွတ်ပြီအစ်မး)
    ပြီးရင်ပုဒ်မလေးတွေချပေးပါ။
    (မတတ်တဲ့သူက.မသိတဲ့သူကိုဆရာလုပ်တာ ဟဲဟဲ)

    ReplyDelete
  6. ဖိုးလုံးနဲ့မိဂျက်တို့အကြောင်းလေးဖတ်ခဲ့ပါတယ်
    ချစ်တဲ့ မဂျက်

    ReplyDelete
  7. ကျွန်တော်ကတော့ ဘယ်လိုရေးရတယ်၊ဘယ်လိုလုပ်ရတယ်ဆိုတာတော့ နားမလည်းဘူး ဒါပေမဲ့ ပိုစ့်လေးကိုဖတ်လိုက်ရတော့ စိတ်ထဲမှာ ဝမ်းနည်းမှု့လေးတော့ ဖြစ်သွားတယ်...။ကြိုးစားပါ အောင်မြင်မှာပါ...!

    ReplyDelete
  8. ဖတ်ခဲ့တယ်နော် လမင်းရေ

    ကန့်သတ်ချက်ထဲက (လွမ်း)

    ReplyDelete
  9. ကောင်းတယ် အစ်မ ။ဆက်ကြိုးစားနော်။ အားပေးနေမယ် ။

    ReplyDelete
  10. အချစ် ကြီးတဲ့ သူတစ်ယောက် ဟာ အလွမ်းတွေ နဲ့ 
    ပြည့်နေတက်တယ် .... တဲ့ ... သူငယ်ချင်း တစ်ယောက်
    ပြောခဲ့ စကားပါ .... ။
    အားပေး သွားပါတယ် .... ။ ဖတ်ပြီး တစ်ခုခု လည်း လွမ်း ခဲ့ ပြန်တယ် ။

    ReplyDelete
  11. သူငယ်ချင်းဆိုတဲ့ စကားလုံးကို မြင်ရ၊ ဖတ်ရ၊ ကြားရတိုင်း အလွန်ခိုင်ခံတဲ့ ကြိုးတစ်ချောင်းကို မြင်လိုက် ကြားလိုက်ရသလို ခံစားရတယ်။ သူငယ်ချင်းကောင်းဆိုတာ ဘာနဲ့ မှ မလဲနိုင်လောက်အောင် အဖိုးတန်တဲ့ အရာပါ။ ဒီပိုစ့်လေး ဖတ်ပြီး သူငယ်ချင်းတွေကိုတောင် ပြန်လွမ်းမိသွားတယ်...

    ReplyDelete
  12. ပထမဆုံးဆိုပေလို့ပဲ အမရေ.. အားပေးသွားပါတယ်ဗျာ....

    ReplyDelete
  13. အဲဒီလိုရေးတတ်တာ မဆိုးဘူး ကောင်းတယ် ကျွန်တော်အဲလိုမရေးတတ်ဘူး

    ReplyDelete
  14. ပထမဆုံးဆိုပေမယ့် အရမ်းကောင်းနေပါတယ်မမရေ..
    အားပေးနေပါတယ် မမရေ..

    ReplyDelete
  15. စိတ်ထဲမှာ တစ်ညိုးကြီးပဲ အစ်မ.. မိုးရွာခါနီးလိုမျိုးဖြစ်တွားတယ်.။

    ReplyDelete
  16. စာဖတ်ရမှာပြင်းတဲ့ကေပီ ခုဝတီစာကိုဆုံးထိဖတ်မိတယ် ကောင်းလို့ :)

    ReplyDelete