ချစ်စံအိမ်ဘလော့သည် သိ၍တတ်လို့ ရေးခြင်းမဟုတ်ပါ ရင်ထဲကစကားလုံးများကိုစာလုံးအဖြစ်ပြောင်းလဲရေးသားခြင်းသားဖြစ်သောကြောင့်လာလည်ကြသောမိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

Thursday, February 2, 2012

ရေးမိရေးရာ

အခုတလောအဆင်မပြေပုံများလေဘာလုပ်
လုပ်တလွဲတွေကြီးဖြစ်နေလို့ အိပ်ယာထဲခွေနေပြီဘာမှလုပ်ချင်စိတ်ကို
မရှိတော့တာ ခေါင်းတွေလည်းမူးလိုက်တာ နာဂစ်ဝင်မွှေနေသလားထင်ရတယ် အဲလိုပြောရင်လည်းအားလုံးကကွန်ပျုတာသုံးတာများလို့ ပါတဲ့ ဟူးးးးးးးး သိတော့ဘူး အိပ်လိုက်စားလိုက်လုပ်နေတာပဲကောင်းမယ်ထင်တယ်ဘာမှလုပ်ချင်စိတ်လည်းမရှိဘူးပိုစ့်အသစ်
မတင်နိုင်တော့
အရင်ဆိုဒ်ဟောင်းကပိုစ့်လေးတြွေ
ပန်တင်လိုက်လုပ်နေတာလူလည်ကြတယ်လို့တော့မထင်ကြပါနဲ့နော်:P
တစ်လတစ်ခါအိမ်ကို ဖုန်းဆက်နေကြ ရှေ့ လကလည်းဆက်မရဘူး ဒီလလည်းလိုင်းတွေပူးနေလို့ မေမေနဲ့ စကား
မပြောရတော့စိတ်ကမကြည် စိတ်မကြည့်တော့ဘေးနားရှိတဲ့ချစ်
သူပဲရစ်နေမိပြန်ရော ကြားထဲဆိုဒ်အဟောင်းက
ဝင်မရနဲ့ ဒီလစိတ်ပိန်လိုက်တာများ လူသာပိန်ရင်ကောင်းမှာပဲ လူတော့ပိန်ဘူး:D
    ဖြစ်ချင်တာဖြစ်မလာတော့ စိတ်ကပိန် လမင်းစိတ်ကလည်းဖြစ်ချင်တာဆြို
ဖစ်ရမှာ လုပ်ချင်တာဆိုလုပ်လိုက်ရမှာ
အဲလိုမှမလုပ်ရရင် ခေါင်းမကြည်တော့ဘူး။မေမေလည်းစိတ်ပူနေလောက်ပြီ
လမင်းလည်းလွမ်းလိုက်တာ မေမေနဲ့ စကားမပြောရရင်စိတ်မကြည်တော့ဘူး
ဒါနဲ့ အလတ်မဆီဖုန်းဆက်ရတော့တယ် အလတ်မကလည်းရန်ကုန်မှာဆိုတော့ မေမေနေကောင်းတယ်ဆိုတာတော့
သိရပေမဲ့ စကားမပြောရတော့ သတိရတာပေါ့ :(
   မေမေလည်းသနားပါတယ် သမီးသုံးယောက်ရှိပါတယ်တယောက်မှ
အနားမှာမနေနိုင်ကြဘူး အခုဆို အိမ်တစ်လုံးထဲမှာအမေအိုတစ်ယောက်ထဲ ဘယ်လောက်များအထီးကျန်နေလိုက်မလဲနော် ရေးရင်နဲ့ တောင်ငိုချင်လာပြီ:(
  လမင်းဖုန်းဆက်တိုင်းအမေ  မေးတတ်တာက သမီးကြီးဘယ်တော့ပြန်လာမလဲ မေမေသမီးကိုအရမ်းသတိရတာပဲ
ဆိုတဲ့စကားလုံးကြားတိုင်းလမင်း
ရင်နင့်ရပါတယ် အကြောင်းပြချက်အမျိုးမျိုးပြပြီနှစ်သိမ့်ထားလိုက်တာ (၅)နှစ်ပြည့်တော့မယ် ပြန်စဉ်းစားမိတော့လည်းစိတ်မကောင်းဖြစ်မိပေမဲ့ ဖြစ်ချင်တာတွေဖြစ်မလာသေးတော့
သူတစ်ပါးတိုင်းပြည်မှာမနေချင်
လည်းနေပြီ ကြိုးစားပိုက်ပိုက်စုနေရပေမဲ့ စိတ်ထဲတော့အမေနားကိုအပြေးပြန်လာချင်မိပါတယ်
သမီးပြန်လာမှာပါမေမေရယ်လို့ ပြောရတာလည်းများနေတော့ အမေကို အားနာပေမဲ့ ငယ်ရွယ်တုန်းလေပိုက်ဆံရှာရတာမိ
ု့
သည်းခံပေးပါမေမေရယ် မေမေကိုပြည့်စုံအောင်ထားချင်တဲ့
စိတ်တခုကြောင့်ပဲ သမီးကြိုးစားနေတာပါ သမီးတို့မိသားစု
ဘ၀လေးပြည့်စုံဖို့ အရေးမို့ မေမေနားလည်ပေးပါ .
တနေ့ အမေနေတဲ့ အိမ်လေးကို သမီးတို့ ညီမတွေအမေဘေးနားမှာ ပျော်ရွှင်စွာနေနိုင်မှာပါ အခုတော့သမီးကိုနားလည်ပေးပါမေေ
မရယ်  လို့ အကြိမ်ကြိမ်ပြောနေတတ်ပေမဲ့ အမေပြောတတ်တာလေးက
အမေပိုက်ဆံမလိုဘူး အမေသမီးတို့ ပဲလိုတယ်လို့ ပြောလာတတ်ပါတယ် တကယ်ဆို အမေပဲလမင်းတို့ ညီမတွေကို
သံယောဇဉ်မထားတတ်အောင် တိုးတက်ရာတိုးတက်ကြောင်းရှာပါ  လိုပြောတတ်ပေမဲ့ အခုတလောအသက်လေး
ရလာလို့ လာမသိ သမီးတွေကို တွယ်ကပ်နေသလိုပဲ ညီမအလတ်ကပြောတယ် အခုတလောမေမေက ညီမကိုအိမ်ပြန်လာ
နေခိုင်းနေတယ် မမတဲ့ သူလည်းရန်ကုန်မှာသူ့ အလုပ်နဲ့ ဆိုတော့ နယ်ကိုမပြန်ချင် အမေကလည်းရန်ကုန်လို မြို့ ပြမှာ
မနေနိုင် အေးချမ်းတဲ့ နယ်မြို့ လေးနဲ့ ပတ်ဝန်းကျင်ကို မစွန့် လွှတ်နိုင်ဘူးထင်ပါတယ် လူတိုင်းကလည်းကိုယ်ကြီးပြင်ရာ
နေရာဒေသပဲပျော်တတ်ကြတာကို အမေအသက်ကြီးပြီ အေးအေးချမ်းချမ်းလေးနေချင်တယ်ဆိ
ုတဲ့အမေစကား
မြို့ ပြလိုနေရာမှာပျော်နိုင်မယ်မထင် လမင်းတို့ကိုတော့ငယ်ငယ်ထဲကလူရာဝင်အာင်ဆိုပြီမြို့ ပို့ထားတော့
ဘယ်သူမှာနယ်မှမနေချင်ကြတော့ ပြန်ဖြစ်လည်းအလည်သဘောလောက် အလတ်မကတော့  အင်တာနက်သုံးတော့
တွေ့ ရပေမဲ့ မေမေကိုတော့ဖုန်းဆက်မှအသံလေြး
ကားရတာမျိုး အငယ်လေးကလည်းကျောင်းမပြီသေးတော့ အမေဘေးမနေနိုင်
အလတ်မကတော့အမေနားပြန်နေပေးရင်ေ
ကာင်းမယ်လို့ ပြောလာပေမဲ့ တကယ်ပြန်နေနိုင်မလားမသေချာသေးဘူး
သူပြန်နေဖြစ်ရင်တော့ကျေးဇူးတင်
ရတော့မယ် အမေလည်းဘာပဲဖြစ်ဖြစ်ကျေနပ်ကောင်းပါရဲ့  ဘာပဲဖြစ်ဖြစ်ပါလေ
လမင်းနောက်ထက်  ၂ နှစ် ၃နှစ်လောက်ပဲ ဒီမှာနေတော့မှာပါ ပြန်တွေးကြည့်တော့လည်း အမေလိုတာပို့ပေးရင်
ပြည့်စုံပြီလိုထင်ထားပေမဲ့ အမေနားနေပြီလိုတာလေလုပ်ပေးတဲ့ကု
သိုလ်ကလည်းနည်းမယ်မထင်  အမေဘေးဝေယျဝစ္စလေးလုပ်ရင်း အမေ့ကျေးဇူးဆပ်ခြင်းကပိုပြီကုသိုလ်လည်းရ အမေလည်းစိတ်ချမ်းသာ ဖြစ်ရမယ်  တနေ့တော့အမေရည်မှန်းချက်နဲ့ လမင်းဖြစ်ချင်သလိုလေး
ဖြစ်လာရတော့မှာပါ မေမေရယ် သမီးပြန်လာခဲ့ပါမယ် အခုတော့ခေါင်းတွေအရမ်းကိုက်နေလို့  နားလိုက်ပါအုံးမယ် :).....................

12 comments:

  1. ကျန်းမာရေး ဂရုစိုက် လမင်းရေ

    ReplyDelete
  2. ကျန်းမာရေး ဂရုစိုက် လမင်းရေ

    ReplyDelete
  3. သမီးကလည်း..အလည်လေးတစ်ခေါက်တောင်
    မြန်မာပြည်မပြန်ဖြစ်ဘူးလားကွယ်း)
    နှစ်တွေ.ဒီလောက်ကြာမှတော့
    မျှော်ပြီပေါ့အမတော်ရယ်...
    မိသားစုစုံစုံလင်လင်နဲ့.အမြန်ပြန်ဆုံနိုင်ပါစေနော်..

    ချစ်ခင်လျှက်

    ReplyDelete
  4. ကျန်းမာရေးဂရုစိုက်ပါဗျာာာာာာာာာာာာ
    ခင်မင်စွာဖြင့် (လွမ်း)

    ReplyDelete
  5. အမေ စိတ်ချမ်းသာအောင် ကျန်းမာအောင်နေ ညီမရေ... ကိုယ်ကျန်းမာတော့ မိခင် စိတ်မပူရတော့ဘူးပေါ့... ရည်မှန်းချက်တွေ ပြည့်တဲ့တစ်နေ့ အိမ်ကို ပြန်ကြရမှာပါလေ... ခုတော့ ကြိုးစားထားဦးပေါ့...

    ReplyDelete
  6. အမေ့အနားအမြန်ပြန်ရောက်နိုင်ပါစေလို့ဆုတောင်းပေးပါတယ် ..း)

    မဒိုးကန်

    ReplyDelete
  7. နိုင်ငံခြားမှာ စားသတိသွားသတိ နေသတိတဲ့ လမင်းရေ
    မေမေဆီ အမြန်ပြန်နိုင်ပါစေလို့

    ReplyDelete
  8. အမေ့ဆီကို မြန်မြန် ပြန်နိုင်ပါစေ .. အမေနေရာကနေ ကိုယ်ချင်းစာမိပါတယ်.. အမေအရမ်းလွမ်းနေမှာပါ ...

    ReplyDelete
  9. အမေ့ဆီ အမြန်ပြန်နိုင်ဖို့အတွက် ရည်မှန်းချက်တွေ မြန်မြန်ပြည့်ပါစေလမင်းရေ....။

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  10. မမစံပယ်မမဒိုးကန်သမီးစံကို2 ဘုန်းဘုန်းမောင်လွမ်း
    လွင်ပြင်ကိုရဲ အားလုံးအာလုံးကျေးဇူးအထူးတင်ပါတယ်ရှင်
    ခေါင်းကိုက်ပျောက်သွားသလိုပါပဲဆေးမလိုဘူးဘော်ဘော်တွေရှိတယ်:)

    ReplyDelete
  11. ဆန္ဒတွေပြည့်ဝမဲ့ တစ်နေ့ဆိုတာ လမင်းလေးရဲ့လက်တစ်ကမ်းမှာ
    ရှိနေပါတယ်ကွယ်။ စိတ်ဓာတ်ကိုခိုင်ခိုင်ထားလို့ မှန်မှန်လေး
    လျှောက်သွားဘို့ပဲလိုတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  12. အိမ်လွမ်းသူလေးပေါ့ မမချစ်စံအိမ်က
    ဟုတ်တယ်ဗျ . . .
    ဘယ်မြို့ ဘယ်ဒေသမှာပဲရောက်ရောက်
    ကိုယ့်အိမ်ကိုပြန်ချင်ကြချည်း
    အထူးသဖြင့် အိမ်မှာ ကိုယ့်ကို မျှော်နေတဲ့သူရှိရင် ပိုဆိုးတယ်
    ပျော်ရွှင်ပါစေ မမ
    အားမငယ်ပါနဲ့ အမြန်ဆုံးပြန်လာနိုင်အောင် ကြိုးစားပေါ့

    ReplyDelete